ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Friday, October 25, 2013

Linux တင်သုံးဖို့ လက်တော့ တစ်လုံးဝယ်မယ်


                                              


ဘယ် laptop(notebook) ဖြစ်ဖြစ် များသောအားဖြင့် linux တင်လို့ပါတယ်။ အဲဒီတော့ ကွန်ပြူတာကို ဘယ်လိုသုံးမှာလည်း ဆိုတာ အရင် သိဖို့လိုပီးတော့ ဘယ်လိုဟာမျိုးဝယ်ရင် သင့်တော်မလည်း ဆုံးဖြတ်ရမှာပါ။

ဘာသုံးမှာလည်း

ပထမဦးဆုံး ကိုယ်က ဘယ်ရည်ရွယ်ချက် အတွက် စက်ကို သုံးမှာလည်း စဉ်းစားရပါမယ်။ များသောအားဖြင့် တစ်ယောက်တည်းသုံးမယ်ပေါ့။ စာတွေဘာတွေ ရေးဖို့ ဇယားတွေတွက်ဖို့ ချက်ဖို့ office suite လိုမယ်။ အင်တာနက် လျှောက်မွှေဖို့ browser လိုမယ်။ အီးမေးလ် တွေ ဘာတွေ သုံးမယ်။ ချက်တင် တွေ သုံးမယ်။ အဲဒီလောက်ဆိုရင် အလယ်အလတ် လောက်ရှိတဲ့ ကွန်ပြူတာဆို လုံလောက်ပါပြီ။ core i3, RAM 4GB လောက်ပေါ့။ သေသေချာချာ တစ်ခုချင်း စစ်စစ်ပေါက်ပေါက် သိအောင် လုပ်ပြီးမှ ဝယ်မယ်ဆိုရင်တော့ အောက်ပါအချက်တွေကို
သိသင့်ပါတယ်။
ငွေဘယ်လောက်သုံးမလည်း၊
screen size က ကော ဘယ်လောက်လိုချင်လည်း။ (13″ or 15″ or 17″)
ကိုယ်က စက်ကို ဘယ်လိုသုံးချင်လည်း၊ ဥပမာ။ အင်တာနက် ပဲ သုံးမှာလား၊ System Admin လုပ်ဖို့လား၊ software ရေးဖို့လား၊ windows နဲ့ dual boot သုံးအုံးမလား စသည်ဖြင့်ပေါ့။
Battery ကကော ဘယ်လောက်ကြာကြာ သုံးချင်တာလည်း။
ရုပ်ရှင်တွေ ဘာတွေ ကြည့်ဖို့ DVD drive လိုသေးလား ။ ဒါမှ မဟုတ် Blue ray မှာ ဖြစ်မှာလား။
ဂိမ်းစော့ဖို့ ဆိုရင်တော့ အကောင်းစား လိုမှာပါ။ ပြီးတော့ windows နဲ့ dual တင်သင့်ရင် တင်ရပါ့မယ်။ တစ်ချို့ ဂိမ်းတွေက Linux မှာ စော့လို့မရပါဘူး။
နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ဘာတွေသုံးနေတာလည်း သိတဲ့ ကွန်ပြူတာ အကြောင်း နားလည်တဲ့သူတစ်ယောက်ကို desktop ကနေ laptop ပြောင်းသုံးရင် အဆင်ပြေမလား မေးသင့်ပါတယ်။

အကြမ်းမျဉ်းအားဖြင့် ကိုယ့်ဘာသာကို ဆုံးဖြတ်ချက် ချမယ်ဆိုရင်တော့ လို့မယ့်အချက်လေးတွေဖော်ပြထားပါတယ်။
Central Processing Unit (CPU)

CPU ဆိုတာကတော့ ကွန်ပြူတာရဲ့ ဦးနှောက်လို့ တင်စားကြပါတယ်။ Linux ကတော့ mobile cpus တော်တော်များများမှာ တင်သုံးလို့ရပါတယ်။ အောက်ဖော်ပြပါ များ ကတော့ mobile cpus များပဲ ဖြစ်ပါတယ်။
Intel Atom
Intel Core 2 Duo
Intel Core i5 Duo
Intel Core i7 Duo or Quad
AMD Athlon 64 Mobile
AMD Turion 64 X2

cpu ရဲ့ အမြန်နှုန်းကတော့ 1.3GHz ကနေ 2.2GHz အတွင်းဆိုရင် အဆင်ပြေလောက်ပါတယ်။ ပြီးတော့ cpu မှာ Cores ဘယ်နှစ်လုံးပါလည်း ဆိုတာလည်း အရေးကြီးပါသေးတယ်။ Cores များလေး အလုပ်များများ လုပ်နိုင်လေပေါ့။ ဥပမာ။ Intel Core 2 Duo ဒါမှ မဟုတ် AMD Turion 64 II (Dual Core) တွေကတော့ နာမည်ကြီး CPU တွေပါ။ ကျွန်တော့် အမြင်ကတော့ အဲဒါတွေဟာ 64 bit Linux distro တွေနဲ့ သင့်တော့မယ့် ဟာတွေပါ။
Video Card and X Server

လက်တော့မှာ အမြင်လှလှလေး နဲ့ အလုပ်လုပ်စေချင်တယ်ဆိုရင် ( not command line only) X windows system ကို သုံးရပါတယ်။ အဲဒီတော့ ဘယ်လို graphic card ကို ရွေးချယ်ရမလည်းဆိုတာလည်း အေ၇းကြီး ပါတယ်။ Graphic card မှာတော့ 3D သုံးလို့ ရတာတွေ 2D ပဲ ရတာတွေ ဒါမှ မဟုတ် ရိုးရိုး distplay ပဲ ပါတာတွေ ရှိပါတယ်။ Nvidia Graphic ကတော့ 3D တွေသုံးနိုင်ပါတယ်။ ATI Graphic ကတော့ Open source driver တွေ ရှိပြီး 3D လည်း ရပါတယ်။ အကောင်းဆုံးကတော့ သူတို့ရဲ့ webiste တွေ သွားပြီး ကိုယ်နဲ့ ဘာဟာဆိုသင့်တော်မလည်း သွားကြည့်ပြီး ဆုံးဖြတ်တာ ကောင်းပါတယ်။
ATI/AMD Linux drivers
Nvidia Linux drivers
Linux Graphics drivers from Intel
Look here at X.org to check

Low End Video Cards
Intel GMA 4500MHD
Intel 945GM
Intel 950 GMA
Intel X3100 GMA
NVIDIA Quadro NVS 160M (256MB)
Mid to High-End Video Cards

ဈေးနှုန်းရော အသုံးပြုလို့ရတဲ့ဟာပါ အလယ်အလတ်တန်းစားတွေပါ။ အဲဒီလောက်ဆို တော်တန်ယုံ 3D video games တွေ သုံးနိုင်ပါတယ်။ Video/Photo editing တွေ လုပ်နိုင်ပါတယ်။
NVIDIA Quadro FX 880M (1024 MB)
NVIDIA Quadro FX 2800M (1024 MB)
NVIDIA Quadro NVS 3100M (256 or 512 MB)
NVIDIA GeForce 9300M GS
NVIDIA GeForce 9300M
Intel GMA X4500 HD
ATI FirePro M7740 (1024 MB)
ATI Radeon HD 3650 (512 MB)
ATI Mobility Radeon HD4650 (1024 MB)

နောက်ဆုံးတစ်ချက်ကတော့ အဲဒီ Graphic card တွေနဲ့ Linux မှာပါတဲ့ X Display နဲ့ ကိုယ်သုံးမယ့် Software တွေ (ရုပ်ရှင်ကြည့်တာတို့၊ တစ်ချို့ opensoure ဂိမ်း တွေ ဆော့ဖို့တို့၊ presentation ဖိုင်တွေဘာတွေ လုပ်ဖို့တို့။ စသည်ဖြင့် ) နဲ့ အိုကေ ရဲ့လား သေချာ ဆန်းစစ် ကြည့်သင့်ပါသေးတယ်။ ကျွန်တော့် အမြင်ကတော့ ရုံးသုံး၊ ကိုယ်ပိုင်သုံး software developer သုံးဆိုရင်တော့ Intel Graphic card နဲ့ တင် အဆင်ပြေပါတယ်။ dota တော့ ခုတ်လို့ရဘူးပေါ့ဗျာ။ ခုတ်ချင်ရင်တော့ အနည်းဆုံး 1GB Graphic လောက်သုံး၊ steam နဲ့ Dota2 ခုတ်လို့ရမယ်။
RAM

RAM (Random Access Memory) က တော့ အလုပ်စားပွဲနဲ့တူပါတယ်။ စားပွဲကြီးရင် stationary တွေ များများ တင်ထားပြီး အလုပ် ခပ်မြန်မြန် လုပ်လို့ရသလိုပဲ။ ကွန်ပြူတာမှာ RAM များတော့ အလုပ်များများ တစ်ပြိုင်နက် လုပ်လို့ရတာပေါ့။ VirtualBox တို့ Photo editing တွေ လုပ်မယ်ဆိုရင် RAM များများ လိုပါတယ်။ 2GB ကနေ 4GB ကတော့ အသင့်တော်ဆုံးပါပဲ။ အခုနောက်ဆုံးပေါ် စက်တွေကတော့ 16GB ထိပါပါတယ်။ Linux မှာ 4GB အထက် RAM ထည့်ထားတယ်ဆိုရင်တော့ PAE ဒါမှမဟုတ် 64Bit kernel ကို အသုံးပြုရပါမယ်။
Hard Disk

Data တွေသိမ်းဖို့ အတွက် ကွန်ပြူတာမှ HDD လိုပါတယ်။ HDD တွေကတော့ များသောအားဖြင့် ဈေးပေါလာပါပြီ။ HDD က rotating platters တွေပေါ်မှာ data တွေကိုသိမ်းတာပါ။ အဲဒီတော့ speed များတဲ့ဟာ ကို ထည့်သင့်ပါတယ်။ 7200rpm ရှိတဲ့ HDD ကတော့ အမြန်ဆုံးပါပဲ။ ဒါမှမဟုတ် SSD(Solid state Drives) လည်း သုံးနိုင်ပါတယ်။ SSD တွေရဲ့ အားသာချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရိုးရိုး HDD ထက် speed နှစ်ဆ အနည်းဆုံးမြန်ပါတယ်။
ထက်ပိုမို ပေါ့ပါးပါတယ်။
ပါဝါစား သက်သာပါတယ်။
စက် အဖွင့်အပိတ် မြန်ပါတယ်။

Windows မှာ သုံးသလိုပဲ usb strick တို extra HDD တို့လည်း တပ်သုံးလို့ရပါတယ်။
Optical Disk

Linux မှာလည်း DVDs,Blu ray drive တွေ တပ်လို့ရပါတယ်။ များသောအားဖြင့် DVDs တွေကို data backup လုပ်ဖို့ တို့။ ရုပ်ရှင် သီချင်း DVD တွေ လုပ်ဖို့တို့ သုံးကြပါတယ်။ Linux မှာလည်း DVD burner software ကောင်းကောင်း တွေ ရှိပါတယ်။ bule ray နဲ့မှာ ရုပ်ရှင်ကြည့်ချင်ပါတယ် ဆိုရင်လည်း တပ်ထားလို့ရပါတယ်။ mplayer နောက်ဆုံး version ကတော့ blu ray ရုပ်ရှင်တွေအတွက် သင့်တော်ပါတယ်။ အခြား opensource software တွေလည်း ရှိပါသေးတယ်။
Power Management: Suspend and Hibernate

Linux မှာ AMP ( Advanced Power Management ) and ACPI (Advanced Configuration and Power Interface ) နှစ်မျိုးလုံး သုံးလို့ရပါတယ်။ hibernate ကတော့ လက်ရှိအခြေအနေအတိုင်း disk မှာ သိမ်းထားတာ ဖြစ်ပြီး suspend ကတော့ RAM ပေါ်မှာ သိမ်းထားတာ ဖြစ်ပါတယ်။ hibernat ကတော့ dual boot တင်ထားရင် တစ်ခြား OS တစ်ခုကို ပြောင်းဖွင့်လို့ရပါတယ်။ suspend ကတော့ မရပါဘူး၊ စက်ဖွင့်လိုက်တာနဲ့ ကိုယ် နောက်ဆုံးဖွင့်ထားတဲ့ OS တစ်ခါတည်း တန်းပွင့်လာမှ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ လက်တော့ တွေမှာ အလုပ်မလုပ်တာတွေ ရှိပါတယ်။

Wireless 802.11

လက်တော့ အများစုကတော့ on-board 802.11 (a/b/g/N) wireless cards ပါပါတယ်။ ဘယ်ကဒ် တွေက Linux မှာ အလုပ်လုပ် သလဲ google မှာ ရှာသင့်ပါတယ်။ ဒါမှမဟုတ်လည်း ဒီနေရာ မှာ သွားကြည့်နိုင်ပါတယ်။

Biometric Fingerprint Scanner

လုံခြုံရေးအတွက် အရေးကြီးတယ်ဆိုရင်တော့ ”Biometric Fingerprint Scanner” လိုဟာမျိုးလိုလာပါပြီ။ Linux မှာ တော့ KDM,GDM တို့က fingerprint reader တွေ အတွက် အလုပ်လုပ်ပါတယ်။ အောက်ဖော်ပြပါတို့ကတော့ fingerprint ပါတဲ့ လူသိများတဲ့ လက်တော့ အမျိုးအစား ဖြစ်ပါတယ်။
IBM ThinkPad T and X series selected models (see list of supported devices)
Dell Latitude selected models
HP Pavilion (selected model)

အောက်ပါလင့် များကတော့ linux fingerprint နဲ့ ပက်သက်လို့ သိသင့်တဲ့ အချက်တွေပါ။
The fprint project aims to plug a gap in the Linux desktop: support for consumer fingerprint reader devices.
Fedora project wiki page describing supported devices and software for fingerprint devices.
Fn key (BlueKey) Support

Function key ကတော့ လက်တော့ တွေအတွက် အထူး ထည့်ပေးထားတဲ့ keyboard ခလုပ်တွေပါ။ များသောအားဖြင့် အပြာရောင် ဖြစ်တတ်ပါတယ်။ Fn နဲ့ အပြာရောင် စာပါတဲ့ ခလုပ်နဲ့ တွဲနိုပ်ရင် အထူး လုပ်ဆောင်ချက် တွေ လုပ်ပါတယ်။ ဥပမာ၊ Fn + F11 အသံတိုးတာ Fn + F12 အသံကျယ်တာ စသည်ဖြင့်ပေါ့။ Dell နဲ့ IBM လက်တော့ တွေကတော့ များသောအားဖြင့် Fn key တွေ ပါပါတယ်။

Ports

အော်ဖော်ပြပါတို့ကတော့ များသောအားဖြင့် လက်တော့တွေဘေးမှာ ပါတဲ့အပေါက်တွေပါ။
USB - external hard disk, pen, mouse, keyboard and တစ်ခြား လိုအပ်တာတွေ ထိုးဖို့ အပေါက်။
FireWire - လူသုံးနည်းပါတယ်။ Linux မှာ သုံးလို့ ရဖို့ အတွက် software တွေ ထပ်တင်ဖို့ လိုပါမယ်။ Zip drives, hard drives, and CDRW/DVD drives တွေသုံးလို့ရပါ့မယ်။ ရှိသမျတွေ အကုန်သုံးလို့ရဖို့အတွက်တော့ မဖြစ်နိုင်သေးပါဘူး။ Firwire အကြောင်း ထပ်သိချင်သေးတယ်ဆိုရင် wiki မှာ ကြည့်နိုင်ပါတယ်။
eSATA - နဲ့ external hard disks တပ်သုံးမယ်ဆိုရင် usb တို FireWire တို့နဲ့ တပ်သုံးတာထက် မြန်ပါတယ်။ တစ်ချို့ စက်တွေမှာ အလုပ်လုပ်ပြီး တစ်ချို့ စက်တွေ မှာ အလုပ်မလုပ်ပါဘူး။ Dell နောက်ဆုံးထွက် တွေမှာတော့ ပါတတ်ပါတယ်။
Sound

On board sound card အများစုကတော့ Linux နဲ့ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ .mp3, .wav, .ogg နဲ့ အခြား တော်တော် များများ သီချင်းဖိုင်တွေကို Linux နဲ့ ဖွင့်ဖို့အတွက် အဆင်ပြေပါတယ်။

Docking Station (Port Replicator)

A Docking station and port replicator ကတော့ ကွန်ပြူတာနဲ့ ဆက်စပ် နေတဲ့ စက်တွေ ထပ်တပ်နိုင်ဖို့ပါ။ ဥပမာ desktop monitor, keyboard, printer, mouse, Palm Pilot စသည်တို့ ထပ်တပ်တာမျုးကို ဆိုလိုတာပါ။ docking station တော်တော်များများကတော့ Linux မှာ အလုပ်လုပ်လို့ ရပါတယ်။
Ethernet (NIC)

နက်ဝက်ကြိုး ထိုးတဲ့ အပေါက်ပါ။ တော်တော်များများ လက်တော့တွေက Intel and Broadcom (tg3) Ethernet cards ကို သုံးကြပါတယ်။ Linux ကလည်း ကောင်းကောင်းသိပါတယ်။ ဘာလိုဟာတွေကို Linux ကသိသလဲ လို့ဒီမှာ ကြည့်နိုင်ပါတယ်။

ို
Tip: Test Your Laptop With Linux (Try Before You Buy)

Show room ကိုသွား Linux Live CD (such asKnoppix or Ubuntu or Fedora ) တစ်ခုခုယူသွား၊ ပြီးတော့ ကိုယ်ဝယ်မယ့်စက်မှာ ထည့်စမ်းကြည့်။ boot တက်ကြည့်မယ်။ X windows တက်လားကြည့်မယ်။ wilreless ဒါမှ မဟုတ် နက်ဝက်ကြိုးနဲ့ Internet ချိတ်ကြည့်မယ်။ အကုန်အလုပ်လုပ်တယ်ဆို ဝယ်လာလိုက်ယုံပဲပေါ့။


Recommend Linux Distribution

Ubuntu, Linux Mint အိမ်သုံး တစ်ကိုယ်ရည်သုံး၊

Debian Web Developer, Opensource Software Developer (Qt C++, Qt Python. etc) သုံးဖို့ သင့်တော်ပါတယ်။

Linux အကြောင်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာချင်ရင် Arch, Gentoo သင့်တော်ပါတယ်။
Linux Laptop Vendors

ကဲ. အခု ဘယ်လို ရွေးမလည်း သိပြီ။ အဓိက အကျဆုံးကတော့ wireless,video card, Ethernet card ပါပဲ။ အောက်ဖော်ပြပါတို့ကတော့ Linux အသင့်ပါပြီးသား လက်တော့ ရောင်းတဲ့ brand တွေပါပဲ။
Dell sales Ubuntu Laptop in USA, Canada, UK, France, Germany, Spain and Latin America. (See official Ubuntu page). Dell India also sales high end Redhat Linux based laptop for business use.
HCL provides Ubuntu / Redhat / Fedora Linux based laptop in India.
Acer India provide Aspire series Linux based laptop in India.
HP Novell / Suse Linux certification and support matrix for HP laptops.
Asus Linux based eeepc netbooks in USA, India, UK, and various other places across the globe.
EmperorLinux provides Linux laptops with full hardware support under Linux in USA.
LinuxCertified provide Linux laptop and support in USA.
Linuxemporium provide Linux laptop and support in UK.
System76 provides Ubuntu Linux laptop and support in USA and Canada.
Zareason provides Ubuntu Linux laptop in USA, but claims to ship to many other places across the globe.

By ဆြာပလိတ်

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ