All in One ZTE Root
Created By : Zaw Linn
ZTE ဖုန်းတွေကို လွယ်လွယ်လေး Root လုပ်လို့ရဖို့ရည်ရွယ်ပြီး ဖန်တီးထားတာပါ။သင်ကြားပေးသော ဆရာများ နှင့် ကူညီပေးသောညီငယ်လေးကိုလည်း အထူးပင်ကျေးဇူးတင်ပါတယ်။
စမ်းသပ်ပြီး၍ % ပြည့်အာမခံပါသည်။
မိမိဖုန်းကို Computer မှာ ကြိုးထိုးပြီး ဖုန်းအမျိုးအစားကိုရွေးပြီး Enter နှိပ်ပေးလိုက်ရင်အစဉ်ပြေပါပြီ။
အားလုံးပဲ ZTE ဖုန်းတွေကို လွယ်လွယ်လေး Root နိုင်ကြပါစေ....
မင်္ဂလာပါ သူငယ်ချင်းတစ်ယောက် အကူအညီလှမ်းတောင်းထားတဲ့ Galaxy Tab3 10.1 P5220 ကို Root လုပ်နည်းလေးရေးပေးမှာဖြစ်ပါတယ်.. သူလှမ်းမေးတုန်းကတော့ Vroot နဲ့ Root လိုက်ပါလို့ အလွယ်ပြောလိုက်တာ .. မရဘူးပြောလို့ မယုံတာနဲ့ သူငယ်ချင်းတရုတ်တစ်ယောက်ရဲ့ ဆိုင်ကနေယူပြီးတော့ လုပ်ကြည့်ပါတယ် သူပြောတဲ့အတိုင်းပါပဲ ဆရာကြီး Vroot လည်းမရပါဘူး။ နည်းလမ်းတော်တောများများ စမ်းပြီးပါပြီ လုံးဝမရပါဘူး။ နောက်ဆုံး အခုရေးပေးမယ့်နည်းလမ်းနဲ့မှ လုံးဝအဆင်ပြေသွားပါတယ်.. 100% အဆင်ပြေပါတယ်။ ပထမဆုံးလိုအပ်တာလေးတွေကို တစ်ခါတည်းတင်ပေးထားပါတယ်.. အောက်ကလင့်မှာ အရင်ဒေါင်းလိုက်ပါ
လိုအပ်သည်များ ဒီမှာဒေါင်းပါ
ဒေါင်းပြီးသွားပြီဆိုရင် ဖိုင်ဖြေပြီးတော့ root ဆိုတဲ့ ဇစ်ဖိုင်လေးကို မန်မိုရီကဒ်ထဲ ကူးထည့်ထားပါ
ပြီးနောက် Recovery ဆိုတဲ့ဖိုင်ကိုဖြေပြီးတော့ အထဲမှ recovery ဖိုင်ကို Desktop ပေါ်သို့ ဆွဲတင်ထားပါ
ပြီးသွားပြီဆိုရင် Odin ကိုဖွင့်ပါ Odin က PDA ကိုနှိပ်ပြီးတော့ စောစောက Desktop ပေါ်ဆွဲတင်ထားတဲ့ recovery.tar.md5 ဆိုတဲ့ဖိုင်ကိုရွေးပေးလိုက်ပါ..
အရေးကြီးတဲ့အချက်ကတော့ Odin မှာ F.Reset Time မှလွဲ၍ ကျန်တာအားလုံးကို အမှန်ဖြစ် ဖြုတ်ထားပေးပါ။ အရေးကြီးဆုံးကတော့ Auto Reboot မှာလုံးဝ အမှန်မခြစ်ပါနဲ့ ။။ အမှန်ခြစ်မဖြုတ်မိပါက CWM ဝင်မည်မဟုတ်သဖြင့် အဆင်မပြေပါဘူး။ သတိရှိပါစေ
Tab3 ကိုပိတ်ပါ.. ပြီးရင် Power + Volume Down ကိုနှိပ်ပြီးတော့ Download mode ဝင်လိုက်ပါ။ ပြီးရင် ကွန်ပျူတာနဲ့ချိတ်လိုက်ပါ Odin မှ Device ကိုသိပြီဆိုရင် အဝါရောင် အကွက်ပေါ်လာမှာဖြစ်ပါတယ်။ အဝါရောင် အကွက်ကလေးပေါ်လာတာနဲ့ Start ကိုနှိပ်ပြီးတော့ Flash လုပ်ပါ။ အစိမ်းရောင်လေးနဲ့ Pass လို့ပြသွားပြီဆိုရင် Tab3 ကိုကွန်ပျူတာနဲ့ ချိတ်ဆက်ထားရာမှ ဖြုတ်လိုက်ပါ.tab ဟာ restart ကျသွားမှာမဟုတ်ပါဘူး ဒီအတိုင်းပဲ ရှိနေမှာပါ .. USB ဖြုတ်ပြီးပြီဆိုရင် Tab ကို Power မပိတ်ပဲနဲ့
Power + Volume Up ကိုနှိပ်ပြီးတော့ Recovery တန်းဝင်လိုက်ပါ CWM Recovery ထဲကိုရောက်သွာားမှာဖြစ်ပါတယ် ရောက်သွားပြီဆိုရင် install ကိုနှိပ်ပါ .. Sd card မှ စောစောက ထည့်ခဲ့ Root zip ကို ရွေးပြီးတော့ install လုပ်ပေးလိုက်ပါ ပြီးသွားရင် Reboot Syatem ကိုနှိပ်ပြီးတော့ Reboot လုပ်ပေးလိုက်ပါ.. ပြန်တက်လာပြီဆိုရင်တော့ ကြည့်လိုက်ပါ.. ကြက်ခြေခတ် ပုံစံ SuperUser လေးနဲ့ လန်းနေပြီဖြစ်ပါတယ် ..
အဆင်ပြေကြပါစေဗျာ.. အဆင်မပြေတာရှိရင်လည်း Comment ပေးခဲ့လိုက်ပါဗျာ
..
Root လုပ်တဲ့ဆော့ဝဲထဲမှာ ဆရာကြီးလို့
အမည်တပ်ရအောင် နာမည်ကြီးပြီး တကယ်ကောင်းတဲ့
Vroot လေး 1.7.4 လေး ထွက်ရှိလို့ လာခဲ့ပါပြီ
File Size:6.5MB
ဆော့ဝဲလ်မြို့တော်မှ ကူးယူမျှဝေပါသည်
t
..
Vroot 1.7.4 ထွက်ပြီ
==============
Root လုပ်တဲ့ဆော့ဝဲထဲမှာ ဆရာကြီးလို့
အမည်တပ်ရအောင် နာမည်ကြီးပြီး တကယ်ကောင်းတဲ့
ထွက်ပြီ
Android Root
- မြန်မာတွင် အသုံးအများဆုံးဖုန်းများနှင့် အခြား ဖုန်းအမျိုးပေါင်း များစွာ ကို One click root လို့ ရတဲ့ Pc Software လေးဖြစ်ပါတယ်။ ဖုန်းပြင်တဲ့ ဆားဗစ် သမားများနှင့် မိမိကိုယ်တိုင် ကလိချင်သူများ ဆောင်ထားသင့်တဲ့ ဆော့ဝဲလေး ဖြစ်တာကြောင့် ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။
- Software လေးကို အရင်ဒေါင်းလိုက်ပါ ။ ဖိုင်ဆိုဒ်ကတော့ 22.60 MB ပဲ ရှိပါတယ်။ Software ကို ကွန်ပူတာမှာ Install လုပ်ပါ။
- ဖုန်းမှာ usb debugging ဖွင့်ထားပါ။ ဖုန်းနှင့် ကွန်ပူတာကို USB ကြိုးဖြင့် ချိတ်ဆက်ပါ။
- အားလုံးပြင်ဆင်ပြီးရင်တော့ မိမိ၏ စက်ရုပ်ဖုန်းလေးကို Root လို ရပါပြီ။
- Root လို့ ရတဲ့ ဖုန်းအမျိုးအစားများကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ..။
ဒေါင်းလော့လင့်
ANDRIOD
- Android ဖုန်းတော်တော် များများကို အလွယ်ကူဆုံး Root လုပ်နိုင်မယ် Apk လေးဖြစ်ပါတယ်။ ကျနော် စမ်းကြည့်ရတဲ့ ဖုန်းအမျိုးပေါင်းတော်တော် များများ ကို အောင်မြင်စွာ root နိုင်ပါတယ်။ ကျနော် စမ်းဖူးတဲ့ Android Devices တွေကတော့ Samsung အမျိုးအစားထဲမှ
- Tab p-1000
- Note 2
- Y GT-S5360
- S3610 နှင့် ယိုးဒယားဖုန်း
- K-Touch W616 3G WCDMA
- K-Touch W619 3G WCDMA
- ယိုးဒယာဖုန်း I-mobile i-style 6,7 နှင့် IQ1,IQ3,IQ6 အားလုံးကို အဆင်ပြေပြေ root နိုင်ပါတယ်။
- Root နိုင်တဲ့ Devices တွေ ကတော့ တော်တော် များများ ဖော်ပြထားပါတယ်ခင်ဗျာ XDA မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ ဒီမှာတော့ မဖော်ပြလိုက်တော့ပါဘူး။ ဒီ Apps လေးကို သုံးပြီး root တဲ့ အားသာချက်လေးကို နည်းနည်းလောက် ပြောချင်ပါတယ်။ ကွန်ပူတာမှာ သက်ဆိုင်ရာ Android Devices တွေ အတွက် Driver မလိုပဲ အလွယ်တစ်ကူ Root နိုင်တာလေးဖြစ်ပါတယ်။ Root ပြီး မြန်မာဖောင့် ထည့်ချင်တယ်ဆိုရင်တော့ App လေး 2 ခုတည်းနဲ့ အဆင်ပြေနိုင်ပါတယ်။
- အရင်ဆုံး အောက်မှာ ပေးထားတဲ့ Root App လေးကို ဒေါင်းလိုက်ပါ။ ပြီးရင်တော့ မိမိ ဖုန်း၏ SD ကဒ်မှာ ကူးထည့်လိုက်ပါ...။ ပြီးရင် မိမိဖုန်းမှာ App လေးကို Install လုပ်ပါ။
- ပြီးရင်တော့ Apps လေးကို Run လိုက်ပါ။ သူက Supersu ကို Install လုပ်လိုက်ပါ။
- ပြီးရင် Android Devices ကို Reboot အော်တို ကျသွားပါလိမ်မယ်။ ပြန်တက်ရင်တော့ မိမိ Android လေးဟာ Root လုပ်ခြင်းအောင်မြင်စွာပြီးစီးသွားပါပြီ။
Note ဒီနေရာမယ် မိမိ Android Devices ဟာ အော်တို Reboot မဖြစ်ပါကို
manually အနေဖြင့် Reboot လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေလောက်ပါပြီ။
Apps လေးကို အောက်မှာ ဒေါင်းလော့ယူလိုက်ပါ။ Zippyshare မှာ တင်ပေးထားပါတယ်ခင်ဗျာ
Download Here