ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။
Showing posts with label browser နဲ.ပက်သက်သမျှ. Show all posts
Showing posts with label browser နဲ.ပက်သက်သမျှ. Show all posts
Thursday, January 23, 2014
Google Chrome 28.0.1500.72 Full
မင်္ဂလာပါဗျာ ဒီနေ.ကျွန်တော်တင်ပေးမှာကတော့ အမြန်ဆုံးနဲ.အကောင်းဆုံးလို.ပြောလို.ရတဲ့ chrome browser လေးပဲဖြစ်ပါတယ် အခုတင်ပေးလိုက်တဲ့ version လေးက အဟောင်းလေးဖြစ်ပေမဲ့ အသုံးပြုလို.အဆင်ပြေပါတယ် တကယ်လိုများလိုအပ်တယ်ဆိုရင်တော့ အောက်မှာပေးထားတဲ့လင့်တွေထဲက အဆင်ပြေမဲ့လင့်တစ်ခုမှာသာဒေါင်းယူနိုင်ပါပြီ .......... အားလုံးပဲအဆင်ပြေပါစေဗျာ                                                      (မြန်မာပြည်လူငယ်)
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ ..
Thursday, October 31, 2013
Google Earth Pro 7.1.2.2041 +Portable (25+28 MB)
Google Earth အသုံးပြုတဲ့သူငယ်ချင်းတွေအတွက် Update လေးတင်ပေးလိုက်ပါတယ်
ဗားရှင်း အသစ်မျာ ဓာတ်ပုံတွေလည်းအရင်ကထက် တော်တော်စုံလာပါတယ်...See Morအပြည့်အစုံသိချင်တယ်ဆိုရင်
Friday, October 11, 2013
ဖြစ်လေ့ဖြစ်ထရှိတဲ့ Browser Error များအကြောင်း
မင်္ဂလာပါဗျာ..အခုပြောပြမှာကတော့ Browser Error တွေနဲ့ပက်သတ်လို့ပါဒါက ကျွန်တော်လေ့လာမိသလောက် မှတ်စုများထဲက ပြန်လည်ကူးယူဝေမျှတာပါ  Browser ဆိုတာကတော့
Websiteတွေကိုအသုံးပြုတဲ့အခါမှာ အသုံးပြုတဲ့ Web Browser ကိုပြောတာပါ။ဥပမာ ... Internet
Explorer , Mozilla Firefox , Flock တို့စသဖြင့်ပေါ့။ ၎င်း Browser တွေအသုံးပြုတဲ့အခါမှာ
ဖြစ်တက်တဲ့ Error လေးတွေ အကြောင်းကိုပြောပြချင်ပါတယ်။Browser Error တွေကတော့
Browser တိုင်းမှာဖြစ်တက်ပါတယ်။ Browser Error Message ကို တကယ်တော့ HTTP Status
Codes လို့ခေါ်ပြီး Web Page တွေကို Loadingလုပ်တဲ့အခါမှာ တွေ့ရတဲ့ Error အမျိုးအစားတွေပါ။
အတွေ့များတဲ့ Browser Error တွေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
400: Bad Request Error
400 Bad Request browser error ကတော့ Website Server ဆီကို web page တွေ Load လုပ်ဖို့
Request တွေပေးပို့တဲ့အခါမှာ ၎င်း Server ကနေ request ကိုprocess မလုပ်တဲ့အခါ ၊ Request
ကိုနားမလည်တဲ့အခါတွေမှာ တွေ့ရလေ့ရှိတဲ့ Error ပါ။ ဒီ Error ဖြစ်ပြီဆိုရင်တော့
" 400: Bad Request " (or)
" HTTP Error 400 - Bad Request "
ဆိုပြီးခေါ်လေ့ရှိပါတယ်။ 400 Bad request Error က URL ကို မှားရိုက်လို့သော်လည်းကောင်း ၊ URL
ကို Point လုပ်ထားတဲ့ Link က မှားနေ၍သော်လည်းကောင်းဖြစ်တက်ပါတယ်။ ဆိုလိုတာက Web
Site မှားရိုက်လို့ (or) Web Site Link ကို Point လုပ်ထားတာ မှားနေလို့ ဖြစ်တက်ပါတယ်။ ဒါကြောင့်
မိမိကြည့်လိုတဲ့ Web Site ကိုသေချာမှန်ကန်စွာ ရိုက်ထည့်ပါ။
401: Unauthorized Error
401 Unauthorized Error ကတော့ Website တွေကို ၀င်ရောက်သုံးစွဲတဲ့အခါတွေမှာ ပထမဦးဆုံး
Log on ၀င်တဲ့အခါတွေမှာ ဖြစ်တက်တဲ့ Error မျိုးပါ။ အကယ်လို့ Log on၀င်ဝင်ချင်း 401 Error
ကိုရရှိတာဆိုရင်တော့ မိမိဝင်လိုက်တဲ့ Credential (မည်သူမည်ဝါဖြစ်ကြောင်း)
ကအကြောင်းတစ်ခုခုကြောင့် လွဲမှားနေလို့ပါ။ ဒါကြောင့် User name နဲ့Password ကို
သေချာစွာရိုက်ထည့်ပါ။ URL က Valid ဖြစ်တာသေချာတယ်ဆိုရင်တော့ Website ရဲ့ Main page
ကိုသွားပြီး Login (or) Secure Accessအကြောင်းကိုပေးထားတဲ့ Link ကိုရှာဖွေပါက ၎င်းနောက်
မိမိရဲ့ Credential နဲ့ တဖန်ပြန် try ကြည့်ပါ။
403: Forbidden Error
403: Forbidden Browser Error ကတော့ URL က Web page အစား directory ကို Point
လုပ်ထားတဲ့အခါမှာ ဖြစ်တက်ပါတယ်။ အကယ်၍ မိမိရောက်ရှိဖို့ ကြိုးစားနေတဲ့page က
မှန်ကန်တယ်ဆိုရင်တော့ ဒီ Error က အခြား mistake ဖြစ်ပါလိမ့်မယ်။
404: Not Found Error
ဒီ Error က တော်တော်များများမှာတွေ့ရလေ့ရှိတဲ့ Error မျိုးပါ။ 404 Error တွေ့ပြီဆိုရင်တော့
အောက်ပါအတိုင်း Error တွေပေါ်တက်ပါတယ်။
404 Error ကတော့ မိမိဝင်ရောက်အသုံးပြုဖို့ ကြိုးစားတဲ့ Web page က Website ရဲ့ Server
မှာမတွေ့လို့ပါ။ 404 Error တွေ့လို့ရှိရင်တော့ Refresh / Reload buttonကိုနှိပ်ပြီး web page ကို
Retry လုပ်ပါ။ ၎င်းနောက် address bar မှာ URL ကို ထပ်ရိုက်ပြီး ပြန်ဝင်ကြည့်ပါ။ ဥပမာ “
www.w.com/a/b/c.htm ဆိုပြီးဝင်လိုက်လို့ 404 Errornot found လို့ပြနေတယ်ဆိုရင်
www.w.com/a/b လို့ရိုက်ထည့်ပါ။ အဲဒါမှမရသေးရင် တစ်ဆင့်ပြန်လျော့ပြီး www.w.com/a
လို့ရိုက်ထည့်ပြီးပြန်ဝင်ကြည့်ပါ။
408: Request Timeout Error
408 Error ကတော့ web page တွေကို Loading လုပ်တဲ့အခါမှာ website ရဲ့ Server က
ပြင်ဖို့စောင့်ရတဲ့အချိန်ထက် အချိန်ကြာမြင့်စွာပိုယူလို့ဖြစ်ပေါ်တက်တဲ့ Error ပါ။ဆိုလိုတာက မိမိ
Website ရဲ့ Connection က timeout ဖြစ်သွားတာပါ။ Error ဖြေရှင်းဖို့ဆိုရင်တော့ Refresh ပြီးပြန်
try ပါ။ Address bar မှာ address ကို ပြန်ရိုက်ပြီးပြန်စစ်ကြည့်ပါ။ Slow connection
ခဏခဏဖြစ်ရင်လည်းပဲ တစ်ရံတစ်ခါမှာ ဒီလို Error မျိုးဖြစ်တက်ပါတယ်။ ဒါကြောင့် connection
ကိုလည်းစစ်ဆေးသင့်ပါတယ်။
500: Internal Server Error
500 Bad Server Error ကတော့ ယေဘုယျအားဖြင့် အတွေ့ရများပါတယ်။ ဒီ Error မျိုးကတော့
Website ရဲ့ Server က ချွတ်ယွင်းသွားတဲ့အခါတွေမှာ တွေရှိရပါတယ်။
Server ဘက်က Error ပါ။ မိမိရဲ့ PC (or) Internet Connection နဲ့မဆိုင်ပါဘူး။ ဒါကြောင့်
မကြာခဏ Refresh လုပ်ကြည့်ပြီးသုံးပါ။
502: Bad Gateway Error
502 Bad Gateway Error ကတော့ Server တစ်ခုကနေ web page တွေကို accessing
လုပ်ဖို့ကြိုးစားတဲ့အခါ အခြား Server ကနေ invalid response ကိုလက်ခံရရှိချိန်(or) Browser
ကအခြား request တွေကို ဖြည့်တဲ့အခါတွေမှာ ဖြစ်ပေါ်လေ့ရှိတာပါ။ 502 Error က Internet
ပေါ်မှာရှိတဲ့ Server တွေကြားက network ဖြစ်တာကြောင့် မိမိ PCတွေ ၊ Internet connection
တွေနဲ့မဆိုင်ပါဘူး။ ဒါက Server ဘက်ကဖြေရှင်းရမယ့် ကိစ္စပါ။ ဒါကြောင့်ခဏလောက်စောင့်ပြီး
မိမိလုပ်လို့ရတာကတော့ Refresh button ကိုခဏခဏနှိပ်ပြီး web page ကို ပြန် try ဖို့ပါ။
503: Service Unavailable Error
503 Error ကတော့ ခဏလောက်ပဲ Web Site Server ကိုမတွေ့ရှိခြင်းပါ။ ဒီ Error မျိုးဖြစ်ပါက
Server ကို Maintenance လုပ်နေချိန် (or) temporary overloading တွေကြောင့်ဖြစ်တာပါ။ ကဲ
အခုတော့ ဒီလောက်နှင့်ပဲကျေနပ်ပါဦးနော်။
Comment
linkwithin
Related Posts Plugin for WordPress, Blogger...
Copyright @ 2013 MAUNG RUPER.
Designed by M@UNG RUP3R , င/ရမ