ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။
Saturday, August 31, 2013
မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခု
မိုဘိုင်းဖုန်းတစ်လုံး၏ လျှို့ဝှက်ချက် ငါးခုမြန်မာနိုင်ငံမှာရှိတဲ့ လူအများ စု...ဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်ချက်တွေကို သိရှိသူတွေ အလွန် နည်းပါး နေပါတယ်။ ကိုင်နေတဲ့ လူအများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Blue-tooth, FM, Radio. Alarm နဲ့ Game အစရှိတာတွေ လောက်သာ အသုံးပြု နေကြတာများပါတယ်။ ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ဝှက်ချက် အနည်းငယ်ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ရတာ တွေ့ရပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံး ဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။ မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ်ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာ အနီးဆုံး ဆက်သွယ်မှု ကွန်ရက်ကို အလိုလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာ မိုဘိုင်းဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင်တောင် နှိပ်လို့ ရနေမှာဖြစ်ပါတယ်။
(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်း ဘက်ထရီ အားနည်းလာပြီဆို ရင် *3370# ကိုနှိပ်လိုက်တာနဲ့ ဖုန်း တွေမှာ အရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာ ဘက်ထရီ ထက်ဝက်အားပြန် ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်း ဘက်ထရီ အားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေးပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။
(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထားတဲ့ကား အသုံးပြုသူ တွေအတွက် ကားထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့ တစ်ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေ တာကို တွေ့ရမှာပါ။ အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့အဆက်အ သွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါး ပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်းကိုတော့ ကားနားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်း ဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင် ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ်ပါတယ်။
(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့ အကြောင်း တစ်ခုခုကြောင့် ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း (၁၅) လုံးပေါ်လာမှာဖြစ်ပါတယ်။ အဲဒီဂဏန်းတွေ ဟာ မိမိဖုန်းရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ် မှာပါ။ ကိုယ့်ဖုန်း ပျောက်ဆုံး သွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ်ခိုင်းနိုင်ပါတယ်။ တကယ်လို့် ခိုးသူဟာ Sim-card ကို မထုတ်ရသေးခင် တိုင်တန်းမယ်ဆိုရင် Sim-card ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာဖြစ်လို့ မိမိဖုန်းထဲက ဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခု တူညီမှုမရှိကြပါဘူး။ ဒါပေမဲ့ Nokia ဖုန်းအသုံးပြုမယ့် သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့ IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကိုပိုပြီး ရှင်းလင်းပြတ် သားစွာမြင်ချင်တတယ်ဆိုရင် *#67705646# ကိုနှိပ်ပြီး ကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကို ကြည့်ချင် တယ်ဆိုရင် *#2820# ကိုနှိပ်ပြီး ကြည့်နိုင်ပါတယ်။ ဖုန်းရဲ့ထုတ်လုပ်တဲ့ အချိန်၊ ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကို နောက်ဆုံး ဘယ်အချိန်မှာ ပြုပြင်ခဲ့တယ်ဆိုတဲ့ အကြောင်းအရာနဲ့ ဖုန်း lifetime ကို သိရှိလိုရင်တော့ *#92702689# ကိုရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များကို ချေဖျက်ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့ *# 737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lock လုပ်နိုင်ပါတယ်။ ဒါပေမဲ့ ဖုန်းပြန်တက်လာတဲ့ အချိန်မှာ default code 12345 ကို ရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာဖြစ်ပါတယ်။
မိုး
Ref By - http://www.maukkha.org/
iTunes 11.0.5.5 Final - Apple ဖရီးအကောင့်ဖွင့်နည်း
iTunes 11.0.5.5 Final နောက်ဆုံးထွက် ဗါးရှင်းလေးပါ..။ ဒီ iTunes ဆော့ဝဲလ်ကတော့ Apple ရဲ့ ထုတ်ကုန်တွေဖြစ်တဲ့ iPhone , iPad နဲ့တခြား Apple ပစ္စည်းတွေကို ကွန်ပျူတာနဲ့ ချိတ်ဆက်အသုံးပြုတဲ့ အခါမှာ မရှိမဖြစ်လိုအပ်ပါတယ်..။ အခုနောက်ပိုင်းမှာ မြန်မာပြည်သားများလည်း iPhone / iPad တွေကို အသုံးပြုလာကြတာ တွေ့နေရပါတယ်..။ ဒီနေရာမှာ ဘာတွေလိုအပ်လာသလဲဆိုတော့ အဓိကကတော့ Apple store ထဲကို ဝင်ဖို့.. Android ဖုန်းတွေမှာလို Gmail အကောင့်နဲ့ ဝင်လို့မရတာပါပဲ..။ Apple store ထဲကို ဝင်ပြီး ဖရီးဂိမ်းတွေနဲ့ တခြား ဖရီး App တွေ ဒါင်းယူဖို့ ဆိုရင် Apple အကောင့်နဲ့ ဝင်မှ ယူလို့ရမှာ ဖြစ်ပါတယ်..။ Apple ဖရီးအကောင့်ဖွင့်တာလည်း မဖွင့်တတ်ရင်၊ စည်းကမ်းတွေ နားမလည်၊ သိမထားရင် လုံးဝ အကောင့်ဖွင့်လို့ မရပါဘူး..။ ကျနော့် သူငယ်ချင်းရဲ့ သူငယ်ချင်းကတော့ iPad ဝယ်လာပြီး ဖရီးအကောင့်ကို ဆိုင်မှာ ဖွင့်ခိုင်းတာ မလေးငွေ-၈၀ ပေးလိုက်ရပါတယ်..။ ငွေဈေး-၃၀၀ နဲ့ဆို မနည်းဘူးနော့်..။ ၂-သောင်းကျော် ပေးလိုက်ရတယ်..။ ဖရီးအကောင့်ဖွင့်တာတောင် ပိုက်ဆံပေးရတယ်ဆိုတော့ မဟုတ်သေးဘူး..။
အရင်တုန်းက ကျနော့် Blog မှာ ကျနော့် ဆရာဘုန်းကြီးဦးတေဇ ပိုစ့်တခု တင်ပေးခဲ့ဖူးပါတယ်..။ Apple အကောင့်ဖရီးရအောင်ဖွင့်နည်းပါ..။
ဒီလင့်မှာပါ အဲ့ဒီပိုစ့်ကို ကျန်ခဲ့တဲ့ တပါတ်က သူငယ်ချင်းတစ်ယောက်လည်း iPhone 5 ဝယ်လာလို့ အဲ့ဒီပိုစ့်အတိုင်း လုပ်တာ သိပ်နားမလည်ဘူးဆိုပြီး ကျနော့်ဆီရောက်လာ ပြန်ပါတယ်..။ သူအကောင့်ဖွင့်တာ မရလို့ ကျနော့်ကို ဖွင့်ခိုင်းပါတယ်..။ သူကတော့ စည်းကမ်းတွေ မသိလို့ ဖွင့်မရတာပါ..။ ဒါနဲ့ ကျနော်လည်း အဲ့ဒီပိုစ့်အတိုင်း ဖွင့်ပေးလိုက်တာ ရသွားပါတယ်..။ ဆရာတော် ဦးတေဇရဲ့ ပိုစ့်မှာက စာတွေနဲ့ ရှင်းပြထားတာ မဟုတ်တော့ ဒီဆော့ဝဲလ်လိုအပ်တယ်ဆိုတာ မပါဘူးလေ..၊ နောက်ပြီး စည်းကမ်းတွေလည်း ထည့်မရေးပေးထားတော့ လူသစ်တွေအနေနဲ့ အဆင်မပြေပြန်ဘူး..။ ဒါကြောင့်မို့ ကျနော် ဒီနေ့တော့ ဒီ iTunes 11.0.5.5 နောက်ဆုံးထွက် ကိုပါ ဒေါင်းယူလို့ ရအောင် မူရင်းလင့်နဲ့ ချိတ်ပေးထားပြီး Apple ဖရီးအကောင့်ကိုပါ အလွယ်တကူ ဖွင့်တတ်သွားအောင် ပုံလေးတွေနဲ့ အပြင် စည်းကမ်းချက်တွေကိုပါ စာတွေနဲ့ တဆင့်စီ ရေးပြပေးထားပါတယ်..။ နည်းပညာလေ့လာလိုက်စားနေတဲ့ သူများအတွက် မသိမဖြစ် သိထားသင့်တဲ့ ၊ တတ်ထားသင့်တဲ့ ပိုစ့်တခုပါပဲ..။ ဒီ iTunes ဆော့ဝဲလ်ကို လိုအပ်တဲ့ သူများကတော့ အောက်ကလင့်တွေကနေ မိမိတို့ရဲ့ ဝင်းဒိုးဗါးရှင်းအလိုက် 32-bit (or) 64-bit တွေကို ရွေးယူလိုက်ပါဗျာ..။ Apple ဖရီးအကောင့်ဖွင့်တတ်အောင်ပါ ပုံလေးတွေနဲ့ စည်းကမ်းချက်တွေကိုပါ ဆက်ကြည့်နိုင်ပါတယ်..။
iTunes 32-bit - 84 MB
iTunes 64-bit - 86 MB
အရင်ဆုံး iTunes ဆော့ဝဲလ်ကို မိမိတို့ ကွန်ပျူတာထဲ install ထည့်ပြီးသွားရင်တော့ အောက်ကပုံလေးတွေအတိုင်း နှိပ်ပြီး ဝင်သွားလိုက်ပါ..။
ကျနော်တို့ ဒီနေရာမှာ ဖရီးအကောင့်ဖွင့်မှာ ဖြစ်တဲ့အတွက် ဖရီးဂိမ်းတွေကို ရှာပြီး ကလစ်ရမှာ ဖြစ်ပါတယ်..။ ဒါကြောင့် အောက်ကပုံလေးအတိုင်း Free လို့ ရေးပြထားတဲ့ ဂိမ်းတခုကို ကလစ်လိုက်ပါတယ်..။
အပေါ်ပုံအတိုင်း Free ကနေ Create Apple ID ကို နှိပ်ပါ..။
အပေါ်မှာ အမှန်ခြစ်ပေးပြီးမှ Agree ကို နှိပ်ပါ..။ အပေါ်ပုံမှာ မြင်နေရတဲ့ စာသားကတော့ အောက်ဆုံးကို ဆွဲချမှ မြင်ရမှာ ဖြစ်ပါတယ်..။
အောက်ကပုံအတိုင်း ဆက်ပေါ်လာရင်တော့
၁)- မိမိတို့ရဲ့ gmail လိပ်စာကို မှန်အောင်ထည့်ပါ..။ အားလုံးပြီးသွားရင် မိမိတို့ရဲ့ gmail ကနေ ပြန်ဝင်ပြီး verify လုပ်ပေးရမှာ ဖြစ်ပါတယ်..။
၂)- ပါတ်စ်ဝါ့ဒ်မှာ.. Password နဲ့ Verify Password နေရာ၂-ခုမှာ ၂-ခါ မှန်အောင် ရိုက်ထည့်ပေးပါ..။ စည်းကမ်းချက်တော့ ပါတ်စ်ဝါဒ့်ရဲ့ ရှေ့ဆုံးစာလုံးဟာ အက္ခရာ အကြီး ဖြစ်ရပါမယ်..။ ဥပမာ- A နဲ့ နောက်က ဂဏန်းနဲ့ အက္ခရာတွေ ရောထည့်ပေးရမှာ ဖြစ်ပါတယ်..။ နောက်တခုက အက္ခရာနဲ့ ဂဏန်း ၃-လုံးတူ ပါလို့ မရပါ..။ အများဆုံး ၂-လုံးတူသာ ပါခွင့်ရှိပါတယ်..။ ဥပမာ-ပါတ်စ်ဝါ့ဒ်က ဒီလိုမျိုး ဖြစ်ရပါမယ်..။ ( A007lmbit456 )
၃)- မေးခွန်းတခုကို မိမိတို့ ကိုယ်တိုင်ရေးထည့်ရမှာ ဖြစ်ပြီး ၊ အောက်ကအဖြေကိုလည်း မိမိတို့ကိုယ်တိုင် မှတ်မိတဲ့ အဖြေပဲ ရေးထည့်ပေးပါ..။ အကောင့်ဖန်တီးဖို့ အခက်အခဲရှိတဲ့ သူများကတော့ အောက်ကပုံတွေမှာ ကျနော်ဖြည့်ထားတဲ့အတိုင်း အတူတူလိုက်ဖြည့်လိုက်ပါ..။ gmail ကိုတော့ မိမိတို့ gmail နဲ့ ပြောင်းထည့်ရင် ရပါပြီ..။
၎)- မွေးသက္ကရာဇ်မှာတော့ မိမိတို့ အဆင်ပြေသလို ထည့်ပေးပါ..။
Continue ကို နှိပ်ပြီးသွားရင်တော့ အောက်ကပုံအတိုင်း ပေါ်လာရင် None စာသားကို တချက်ကလစ်ပေးလိုက်ပါ..။ ကျနော်တို့မှာ ဘာကတ်မှ မရှိတဲ့အတွက် None ကိုနှိပ်ပြီး ဆက်လုပ်ရမှာ ဖြစ်ပါတယ်..။
အောက်ကအကွက်တွေမှာ ဖြည့်ရင်တော့ နာမည်၊ လိပ်စာ၊ မြို့နယ်ကုဒ်နံပါတ်၊ မြို့နယ်၊ မိမိရဲ့ဖုန်းနံပါတ်တွေကို မှန်အောင် ဖြည့်ပေးလိုက်ရင် အဆင်ပြေပါပြီ..။ မဖြည့်တတ်တဲ့ သူများကတော့ အောက်ကပုံမှာ ကျနော် ပြထားတဲ့အတိုင်း တူအောင် လိုက်ဖြည့်ပေးလိုက်ပါ..။
အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် OK မနှိပ်ပါနဲ့..။ အရင်ဆုံး မိုဇီလာလို Browser ကနေ မိမိတို့ရဲ့ အပေါ်မှာ ထည့်ထားခဲ့တဲ့ gmail ကို ဝင်ပြီး Apple ကပို့လိုက်တဲ့ လင့်ကနေ Verify လုပ်ပေးရမှာ ဖြစ်ပါတယ်..။ အောက်ကပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..။
Gmail ကနေ ဝင်ပြီး အောက်ဆုံးပုံတွေအတိုင်း Verify Now ကို နှိပ်ပြီး Apple အကောင့်ကို Active ဖြစ်အောင် လုပ်ပေးလိုက်ပါ..။
မိမိတို့်ရဲ့ Browser မှာ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် အပေါ်ဆုံးမှာ ဖြည့်ထားခဲ့တဲ့ Gmail နဲ့ Password ကို မှန်အောင် ထည့်ပေးပြီး Verify Address ကို နှိပ်ပေးလိုက်ပါ..။
အပေါ်နဲ့ အောက်ကပုံတွေအတိုင်း အဆင့်ဆင့် နှိပ်သွားလိုက်ပါ..။ အဆင်ပြေသွားပါပြီ..။
အပေါ်ကပုံအတိုင်း iTunes နဲ့ OK ပေးလိုက်ရင်တော့ မိမိတို့ စက်ထဲမှာ ရှိတဲ့ iTunes ဆော့ဝဲလ်က အလိုလို Sign in ဝင်ပြီးသား ဖြစ်သွားပါပြီ..။ အောက်ကပုံတွေအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ ဒါဆိုရင်တော့ iPhone / iPad တွေမှာ ဒီ Apple အကောင့်ဖြစ်တဲ့ Gmail နဲ့ Password ကို အသုံးပြုလို့ ရသွားပြီဖြစ်လို့ Apple store ထဲက ဖရီးဂိမ်းတွေနဲ့ တခြား ဖရီးရတာတွေကို ဒေါင်းယူလို့ ရသွားပါပြီ..။
ကျနော်ကိုယ်တိုင် ရွာလည်ခဲ့တဲ့ ဒီ Apple ဖရီးအကောင့်ဖွင့်နည်းကို ဆရာတော်ဦးတေဇဆီမှာ ပြန်လည်သင်ယူပြီးမှ ဖွင့်လို့ ရခဲ့ပါတယ်..။ ဤပိုစ့်ဖြင့် ဆရာတော် ဦးတေဇအား ဂါရဝပြု၊ ပူဇော်လျှက်.. အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ
From , လွမ်းမင်းဗိုလ်
Friday, August 30, 2013
Format Factory 3.1 final
လူတိုင်းအတွက်မရှိမဖြစ်လို.တောင်ပြောလို.ရတဲ့ format factory converter လေးပါ။ mp3 ,mp4 ပြောင်းချင်သူတွေအတွက်လဲအဆင်ပြေမဲ့ဆော့ဝဲလ်လေးပါ facebook ချက်ဘောက်က ညီလေးတစ်ယောက်တောင်းထားလို.တင်ပေးလိုက်တာပါ လိုချင်သူများဒေါင်းသွားလိုက်ပါ ။
ဒီမှာဒေါင်းမယ်
                              အဆင်ပြေတယ်ဆိုရင် Like လုပ်ခြင်းဖြင့်အားပေးပါ။
AutoHideIP 5.3.7.2+[Crack](Update 29 Aug.2013) full version
Auto Hide IP တဲ့နော် full version ရမှာဖြစ်လို. လိုချင်သူများဒေါင်းထားကြနော် ဖိုင်ဆိုဒ်ကလဲ 4MB လောက်ပဲရှိလို. အဆင်ပြေပါတယ်
rar ဖိုင်ထဲမှာလဲ install လုပ်နည်းပါထည်.ပေးထားပါတယ် စိတ်ဝင်စားတယ်ဆိုရင်တော့အောက်မှာဒေါင်းသွားလိုက်ပါ။
ဒီမှာဒေါင်းမယ်
                   အဆင်ပြေတယ်ဆိုရင် Like လေးလုပ်ပြီးအသိအမှတ်ပြုခဲ့ပါ။
ဘလော့ Hack မခံရအောင်ကြိုတင်ကာကွယ်မယ်
ဘလော့ဂါ တိုင်းမိမိတို.ဘလော့လေးကို ချစ်ကြမှာပါ ဘလော့လေးသာ hacker လက်ထဲပါသွားခဲ့ရင်ဘယ်လိုခံစားရမယ်ဆိုတာ ကာယကံရှင်ကိုယ်တိုင်မကြုံဖူးတောင်တွေးကြောက်ကြမယ်လို.ယုံပါတယ် ဒီတော့ ကာကွယ်မှုလေးလုပ်မယ်ဗျာ 
ဒီနည်းလေးကတော့ အကို ဘလော့ခရီးသည် ဆိုဒ်က နည်းလေးကို ပြန်လည်တင်ပြချင်းဖြစ်ပါတယ်။
အရင်ဆုံး ...
blogger.com ကိုဝင်ပါ မယ် bloggeer dashboard က settings ကိုဝင်ပါ ပြီးရင်တော့ other ထဲက blog tool ကိုသွားပါ 
ပြီးရင်တော့ ပုံမှာပြထားတဲ့အတိုင်း export blog ကို နှိပ် download blog ကျလာရင် နှိပ်ပြီး ဒေါင်းလိုက်ဗျာ။ပြီးရင်ဒေါင်းထားတဲ့ဖိုင်ကို လုံခြုံတဲ့နေရာမှာသိမ်းထားလိုက်ပါ။ ဘလော့သာ hack ခံရပြီးလုံးဝဖွင့်မရတော့ဘူးဆိုရင် blogger account တစ်ခုထပ်ဖွင့်ပြီး import blog မှာဒေါင်းထားတဲ့ဖိုင်ကိုပြန်တင်လိုက် နဂိုအတိုင်း comments ကအစပြန်ရမယ်ဗျာ... အားလုံးပဲအဆင်ပြေပါစေဗျာ
credit to=> ဘလော့ခရီးသည်
Modem တည်းတွင် SIM Card မ၇ှိဘဲ အင်တာနက်အသုံးပြု့ နည်း (ကြိုက်သလို ကလိနိုင်သည်)
https://sphotos-b.xx.fbcdn.net/hphotos-ash3/p480x480/1176269_218260974995594_1802110324_n.jpg 
ဒါလေးကတော့ Modem တည်းမှာ SIM Card မ၇ှိဘဲ အင်တာနက်သုံးနိုင်
သလို ကြိုက်သလို ကလိနိုင်ပါတယ်။ ဒီစာအုပ်ဖတ် ပြီးရင် နည်းနည်းဦးနှောက် ထပ်သုံးကြည့်ပါ။
နောက် လုပ်လို့ ရတဲ့နည်းတစ်ခု နဲ့ ချိတ် ဆက်နေသေးတယ် ဗျ ဒါကတော့ နောက်မှ အေးဆေးထပ်တင်ပေးမယ်ဗျာ။ ဒီစာအုပ်တောင် စာကျက်နေရင်း ပျင်းလို့ 
ရေး ချ ထလိုက်တာပါ။ စာအုပ်လေး က ဖတ်ရတာစာ မချောရင် ခွင့်လွတ်ပေးကြပါ ညီကိုမောင်နှမတို ..
ကဲ ဒေါင်းလော့ရယူဆိုသများ မိမိ ကြိက်နှစ်သက်ရာလင့်မှာဒေါင်းလော့ရယူနိုင်ပါပီ။
Download : Mediafire : ZippyShare : SolidFiles : Ziddu   
                ShareBeast  :  DropBox  
Another Server : Facebook Direct Download Link : =>   Click Here
(www.facebook.com/groups/minsoeyarsar မှမန်ဘာများအတွက်သာ) 
Thursday, August 29, 2013
ဘာ software မှမသုံးပဲ ကွန်ပျူတာအမှိုက်ရှင်းနည်း
ကွန်ပျူတာကိုနေ့စဉ်နေ့တိုင်းသုံးလာသည်နှင့်အမျှအမှိုက်တွေများများလာပါတယ်
အမှိုက်တွေများများလာတော့ ကျွန်တော်တို့ကွန်ပျူတာက လေးလာပါတယ် ။ဒါဆိုဘယ်လိုလုပ်မှာလည်း ?
အမှိုက်တွေကိုရှင်းပစ်ရမှာပေါ့ ။
ပထမဆင့် .
Window key + r နိပ်လိုက်ပါ ။Box တစ်ခုကျလာပါလိမ့်မယ် ။
temp လို့ရိုက်ပီး Enter ခေါက်လိုက်ပါ ။ Folder တစ်ခုနောက်ထပ်ကျလာမှာပါ ... Ctrl+a နိပ်ပီး Delete နိပ်လိုက်ပါ ။
ဒုတိယအဆင့် .
Window key+ r and type %temp% ပြီးရင် enter ခေါက်လိုက်ပါ Ctrl+a နိပ်ပီး Delete နိပ်လိုက်ပါ ။
တတိယအဆင့်
Window key+r and type prefetch ပြီးရင် enter ခေါက်လိုက်ပါ Ctrl+a နိပ်ပီး Delete နိပ်လိုက်ပါ ။
နောက်ဆုံးအဆင့်ကတော့ Desktop ကိုသွားပီး အမှိုက်ပုံးပေါ် (Recycle bin )
right click နိပ်ပီး empty recycle bin ကိုနိပ်ပေးလိုက်ရင် ကျွန်တော်တို့ကွန်ပျူတာမှာအမှိုက်တော်တော်များများပါသွားပါပီ။
အမှိုက်ကိုရှင်းပစ်ခြင်းအားဖြင့် ကွန်ပျူတာပေါ့လာပါလိမ့်မယ် ။
ဖြစ်နိုင်ရင်တစ်ပတ်ကို နှစ်ကြိမ်ပြုပေးနိုင်ရင်ပိုကောင်းပါတယ် ။
အားလုံးအဆင်ပြေပါစေ
ရေးသားသူး အိုင်တီပင်လုံသား
Monday, August 26, 2013
Huawei ဖုန်းတွေမှာ unlock ကုဒ်တောင်းလို.အဆင်မပြေသူများအတွက်
ဒီပို.စ်လေးကို ဒီဘလော့လေးမှာနောက်ပိုင်းဖုန်းနဲ.ပက်သက်တာတွေရေးသားကူညီပေးမဲ့ ကိုနေလရဲ့နည်းလေးကိုပြန်ရှယ်ပေးတာဖြစ်ပါတယ် Huawei ဖုန်းတွေမှာ unlock ကုဒ်တောင်းဖို.အဆင်မပြေသူတွေအတွက် ဒီနည်းလမ်းလေးက အဆင်ပြေတယ်လို.ရေးထားပါတယ် unlock ကုဒ်တောင်းထားလို.Huawei ကပြန်မပို.ခဲ့ရင် mobile@huawei.com သို.လိပ်မူပြီး အောက်က အစိမ်းနဲ.ပြထားတဲ့စာသားလေးတွေကို emailပို.လိုက်ပါ ............. အားလုံးပဲအဆင်ပြေပါစေခင်ဗျာ
Huawei ကနေ ကုတ် ပြန်မပို့ ရင် ဒီလို မျိုးစာလေး ပြန် ပို့ ပေးလိုက် နော် ကျွန်တော် သုံးနေကြ အဆင်ပြေတာလေး ကို ပြန်ရှဲ ပေးလိုက်တာ
to ...mobile@huawei.com
Hello Huawei Terminal Company,
I've been requested to unlock for my handset few days ago and I also already submitted all specification and information about my handset.
But I still do not get my unlock code or any other information regarding unlock until now.
Could you let me know why? Why your customrer support is too unresponsive and delay for your customer?
Appreciate if I get responsive from your end.
Thanks.
Warmest Regards,
Nay La Electronics
credit to => နေလ
Saturday, August 24, 2013
အထူးသတိပေးတားဖြစ်ချက် facebook user များအတွက်
ဒီနေ.ဘလော့မရေးဘူးလုပ်ထားတာ ဒါလေးကိုတော့ ရေးလိုက်အုံးမှပဲဆိုပြီး မသိသေးသူများကို ရည်ရွယ်ပြီး ရေးပေးလိုက်တာပါ သိပြီးသားလူတွေတော့တော်တော်များများလဲသိပြီးသားဖြစ်မှာပါ ဘာမှတော့မဟုတ်ပါဘူး facebook မှာ အလွန်ကူးစပ်လွယ်တဲ့ mailware တစ်မျိုး ပေါ်နေပါတယ် အထူးသတိပေးချင်တာကတော့ လင့်တွေ.တိုင်းကလစ်မလုပ်ကြပါနဲ. profile viewer ဆိုတာ တကယ်မရှိပါ  
သင်သာ ထိုလင့် အား ကလစ်နှိပ်မိပါက အောက်တွင်ပြထားတဲ့အတိုင်း သင်နဲ.သက်ဆိုင်တဲ့ ဂရုတိုင်းကို ထိုကဲ့သို. ပို.ပေးမှာဖြစ်ပါတယ် 
တကယ်လို. ထိုကဲ့သို. နှိပ်မိထားပါက ဒီနေရာလေးမှာ ၀င်ပြီး သင့် app list ထဲက visitor ဆိုတဲ့ app လေးကို ရှာပြီးဖြုတ်လိုက်ပါ ။
                                                            အားလုံးပဲအဆင်ပြေကြပါစေဗျာ....
Friday, August 23, 2013
ဖုန်း ကိုင်စရာမလိုတဲ့ Android Air Call-Accept
Android သမားတွေအတွက် S4 ဖုန်းတွေမှာပါသလို ဖုန်းလာရင် ကိုင်စရာမလိုပဲ နား နဲ.ကပ်လိုက်တာနဲ. ဖုန်းကိုင်ပြီးသားဖြစ်စေမဲ့ Apk လေးတင်ပေးလိုက်ပါတယ်။ ဗားရှင်း 4.1 နဲ.အထက်ဖုန်းတွေမှာ ဒါလေးဒေါင်းပြီး အင်စတောလုပ်လိုက်ရုံပါပဲ စိတ်ဝင်စားတယ်ဆိုရင် အောက်မှာဒေါင်းသွားလိုက်ပါ။
ဒီမှာဒေါင်းမယ်
LINUX Operation System
 လူတိုင်း ကိုယ့်ကွန်ပျူတာမှာ Opeation System ကိုတင်ရင် လွယ်လွယ်ကူကူ အခက် အခဲ မရှိ ကျေကျေ နပ်နပ် အောင်မြင်သွား တယ် ဆိုတာ မရှိသလောက်ပါပဲ။ ပြဿနာ တစ်ခုမှတစ်ခုနဲ့ အမြဲတမ်းကြုံတွေ့ရပါ တယ်။ များသောအားဖြင့် အိမ်သုံးကွန်ပျူတာ ဆိုတာကလည်း Microsoft Windows ကြောင့်ပဲ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပြီး သူက ပဲ ဈေးကွက် တော်တော်များများကို ပိုင်ဆိုင်ထားတယ်လေ။ ဒါကြောင့်ပဲ ကွန်ပျူတာဆိုရင် လူတိုင်းက Windows နဲ့ တွဲမြင်ကြပါတယ်။
ဘာပဲဖြစ်ဖြစ်ပေါ့ အခုဆိုရင် တဖြည်းဖြည်းနဲ့ LINUX Operation System ကို ပြောင်းသုံး လာနေကြပါပြီ။ကဲ ဒါဆိုရင် ကျွန်တော်တို့ကော ပြောင်းသုံးဖို့ အဆင်မပြေနိုင် ဘူးလား။ ပြောင်း သုံး ဖို့ အချိန်တန်ပြီ လား ဆိုတာ ဆက်ကြည့်ရအောင်။
၁။ ဆော့ဝဲတွေ အတွက်ပိုက်ဆံပေးနေတာတွေက စိတ်ညစ်စရာပါ။
မနက်အိပ်ရာထတိုင်း Operation System အတွက်ပိုက်ဆံပေးထားရတယ်။ Antivirus အတွက် ပိုက်ဆံပေးထားရ တယ်။ ကိုယ့်စက်လေး အဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်နေဖို့ အတွက် Virus update ကို Install လုပ်ရပြီ။ အသုံးပြုရတာ အဆင်ပြေသလား စဉ်းစားကြည့် ပါ။ ကြာလာတာနဲ့အမျှ ဘာအတွက် ဘာကြောင့်ရယ် စက်ကလေးနေမှန်းမသိဘူး။ ဘာပြဿနာတွေကြောင့်လည်း အဖြေရှာမရဘူး။ အဲဒီအတွက် bugs တွေကို သက်ဆိုင် ရာ   ဆော့ဝဲကုမ္ပဏီတွေက အဖြေရှာပေးနေပါ တယ်။
ပြုပြင်ပေးနေပါတယ်။ဒါပေမဲ့ ဘယ်တော့ ရမယ်တော့မသိရပါဘူး။ Pirate တင်ထားတယ်ဆိုရင် လည်း ဘယ်အချိန် များ လူရှေ့သူရှေ့စက်ဖွင့်ရင် အဖမ်းခံရမလည်းပေါ့။ Linux ကျတော့ကော အချိန်နဲ့အမျှ ၁၀၀ ရာခိုင်နှုန်း အခမဲ့ ဆော့ဝဲလ် တွေကို မရေမတွက်နိုင်တဲ့ Developer တွေက ထုတ်လုပ်ပေးနေတယ်လေ။ ဘယ်နေရာဖွင့်သုံးသုံး အဆင်ပြေနိုင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်   မှုရှိမယ်။ ကျီးလန့်စာစား မဖြစ်ဘူးပေါ့။
၂။ Hardware အသစ်တွေ အမြဲတမ်းလိုနေမယ်။ 
RAM များများမှ၊ CPU မြင့်မြင့်မှ ဆိုတာ မျိုးပေါ့။ Windows က Hardware ကောင်းကောင်း လိုချင်တယ်လေ။ ကြုံဖူးမှာပါ။ စာလေး တစ်ပုဒ်ရိုက်ဖို့ အရေး Microsoft word ကိုဖွင့်ထား ခဲ့ပြီး ကော်ဖီသွားဖျော်တာမျိုးလေ။ ပြန်လာတာနဲ့ အသင့်ပွင့်နေ မှာပေါ့။
၃။ Malware အတွက်စိတ်ညစ်နေတာလား။
p4 စက်အဟောင်းလေး တစ်လုံးရှိတယ်ပေါ့။ Xp နဲ့သုံးတယ်။ လေးလေးလာပြန်ပြီ။ ဘယ် သတ္တ၀ါတွေက စက်ထဲဝင်ပြီးနှိပ်စက်နေလည်း မသိဘူး။ ဆိုတဲ့အသံတွေ အမြဲကြားကြားနေရ တယ်မဟုတ်လား။ဒါပေမဲ့ စိတ်တော့သိပ်မပူပါနဲ့။ Microsoft က permissions system တွေက ပိုကောင်းအောင် လုပ်ထားတယ်လို့သိရပါတယ်။ Linux မှာတော့ Old hardware နဲ့အသုံးပြုလို့ ရမယ့် Hardware resource အများကြီးမလိုတဲ့ GUI (Graphical User Interface) တွေ နှစ်ခုသုံးခုရှိပါတယ်။
၎။ Service patch သွင်းပြီးလို့ ပျော်နေတာလား။
ကဲ.. အရင်တစ်ပတ်က Service patch ကို install လုပ်ပြီးလို့ စိတ်ချရပါပြီဆိုရင် အဲဒီဟာမတိုင် ခင် ဘယ်အချိန်ကတည်းက ကိုယ့်စက်ကို ဒုက္ခပေးနေတာလဲ။ ကိုယ့်စက်ထဲကို ဘယ်မသာ မာသူတွေက ဘယ်နှစ်ကြိမ်လောက် ၀င်ထွက်သွားလာပြီးပြီလဲ။
၅။ အချိန်တွေပိုနေလို့လား။
လူတော်တော်များများက virus scanning နဲ့ defragmenting တွေ အချိန်တွေအများကြီး ပေး ထား ရ တာကို မနှစ်မြို့ကြဘူးလေ။ အဲဒီတွေလုပ်နေတဲ့အချိန်မှာ ကျန်တာသုံးလို့မရ သလောက် ကို ထိုင်စောင့်နေရတယ်လေ။ တကယ်ပဲ ကျွန်တော်တို့ အဲဒီအချိန်မှာ တခြားလုပ်စရာတွေမရှိတာသေချာ ရဲ့လား။
၆။ မြန်မြန်ဆန်ဆန် အလုပ်ဖြစ်ချင်တယ်။
Windows boot speed ကမြန်လာပြီလို့ ပြောကြပါတယ်။ booting လုပ်နေတုန်းလေး   ကော်ဖီဖျော်ချိန် ရတယ်လေ။
၇။ ဖိုင်တွေတစ်ယောက်နဲ့တစ်ယောက်ဖြန့်ဝေမယ်
တကယ်လို့ ဘာလင်က စီးပွားရေးအဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်လို့ သူတို့က .ODP format (နိုင်ငံတစ်ကာသုံး ဖိုင်အမျိုးအစား) ဖိုင် ကို ပို့ပြီဆိုပါတော့။ PowerPoint က အဲဒီဖိုင်ကိုဖွင့် ရင် ကောင်းကောင်း အလုပ်မလုပ်ပါ။
၈။ Internet Explorer (IE) ကို တကယ်မကြိုက်တာ သေချာတယ်။
အင်တာနက် သုံးမယ်ဆိုရင် Web browser တစ်ခုခုကို တော့တင်သုံးမယ်လေ။ IE ကိုတော့ အဲဒီ web browser ဒေါင်းလုပ်လုပ်တဲ့ အချိန်သုံးမယ်ပေါ့။
၉။ ကိုယ့်စက်ကို ကိုယ့်ကိုယ်တိုင် control လုပ်ချင်တယ်။
ကွန်ပျူတာ ပြဿနာ အသေးအမွှားလေးတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းချင်တယ်လေ။ Microsoft က နောက်ထွက်မယ့် Version မှာ ပြင်ပေးမှာကို စောင့်မနေချင်ဘူး။
၁၀။ အပေါ်ကအချက်တွေနဲ့ မကိုက်ညီတာတွေ ရှိပါသလား။
ရှိတယ်ဆိုရင်လည်း တစ်ခုနှစ်ခုပေါ့ဗျာ။ ဒါဆို ကျွန်တော်တို့ တစ်ခြားနည်းရွေးလို့မရနိုင်ဘူးလား။ Linux မှာ ချစ်စရာကောင်းတဲ့ ကိုယ်စိတ်ကြိုက် ပြုပြင်လို့ရတာတွေကို Windows က ဘယ်တော့မှာ လိုက်မှီမှာမဟုတ်ပါဘူး။ ဒါကိုလည်း လူတိုင်းနီးပါး သိပါတယ်။Linux က အကုန်လုံး အဆင်ပြေမှာ လားဆိုတော့လည်း အကုန်လုံးရယ်လို့တော့ အသေအချာမ ဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်များ များကတော့ Windows မှာထက် ပိုကောင်းမှာပါ။
ကဲ ... ဒါဆိုရင် စာဖတ်သူတို့ရော Linux ပြောင်းသုံးကြည့်ဖို့ အချိန်ကျနေပြီလားဗျာ။
အခုဖော်ပြ အပ်သော Linux နှင့် သက်ဆိုင်သော Post များသည် End User များအတွက် သာဆို လိုပါသည်။ Professional များ (အထူးသဖြင့် မာတီမီဒီယာ) အတွက်မဟုတ်ပါ။
credit to => မြန်မာအိုင်တီလူငယ်
Thursday, August 22, 2013
notepad ဆိုတာဘာလည်..ဘယ်လောက်အထိ အရေးပါတာလည်..????
အဲဒါ ကျနော် ကွန်ပြူတာလောကကို စရောက်တော့ အသိခြင်းဆုံးမေးခွန်တစ်ခုပါ.. တကယ်လည် ကျနော် မသိဘူး ဘာအတွက်သုံးတာလည် ဘယ်နေရာမှာ သုံးရတာလည်ဆိုတာလည် မသိဘူး.. အဲဒီတော့
ကျနော်လို့ အခုမှကွန်ပြူတာစတင်လေ့လာတဲ့သူတွေ အခြေခံမပါခဲ့တဲ့ သူငယ်ချင်းတွေအတွက် အဓိကက ရည်ရွယ်လိုက်ပါတယ်.............
တကယ်တော့ notepad ဆိုတာ
windows ရဲ့ facility တစ်ခုဖြစ်ပြီး စာရေးဖို့ သုံးပါတယ်။ Start >> all programs>>accessories>>notepad ဆိုပြီးသွားဖွင့်လို့ရပါတယ်။ ဒါမှမဟုတ်ရင် windows ပုံလေးနဲ့ key ကို space bar ရဲ့ ဘယ်ဘက်တစ်လုံးကျော် alt key နဲ့ကပ်ရက်မှာတွေ့ပါလိမ့်မယ်။ အဲ့ဒီကီးနဲ့ R နဲ့ ကိုနှိပ်လိုက်ရင် run ဆိုတဲ့ box လေးတစ်ခုထွက်လာပါလိမ့်မယ်။ အဲ့မှာ notepad လို့ရိုက်ထည့်ပြီး enter ခေါက်ရင်ဖြစ်ဖြစ် OK ပေးရင်ဖြစ်ဖြစ် notepad ကိုရပါမယ်။
အဲ့ Notepad ကိုစာရေးဖို့သက်သက်အတွက်သာမက ကုဒ်တွေရေးကြမယ်...သုံးတတ်ရင်သုံးတတ် လို extension လေးတွေပြောင်းသုံးခြင်းဖြင့် system unit တစ်ခုလုံးကို ခြယ်လှယ်နိုင်တဲ့အထိ အသုံးတည့်ပါတယ်။ အဲသလောက် အသုံးတည့်တဲ့ notepad ပါ..
နောက်ပြီးတစ်ခါတည် ပြောပြပါအုန်မယ်.....Notepad မှာ မြန်မာလို ပေါ်အောင်.....
Notepad မှာ မြန်မာလိုရေးထားတာ တွေကို ပြန်ဖွင့်လိုက်တဲ့ အခါမှ ?????????????????? ဒီလိုပဲ တွေရတယ်လေ။အဲ့ဒီ့တော့ အဲ့ဒီလို မပေါ်ပဲ မိမိ အရင်ရေးထားတဲ့ မြန်မာစာ အတိုင်းပေါ်အောင်
1. ပထမဆုံးအနေနဲ့ မြန်မာ Font ချိန်းတာတော့အားလုံးသိပြီးသားပါဖြစ်မှာပါ....။
ဒီလိုလေ
Format >>> Font >>> Zawgyi-One ကို ရွေးပါ.....။
2. မိမိရေးထားတဲ့ Notepad ကို Save ရင်တော့ Encoding နေရာမှာ Unicode ပြောင်းပြီး save လိုက်ရင်ရပါပြီ....
ကဲကဲ.....စမ်းကြည့်လိုက်ပါအုံးနော်... 
Computer အမြန်နှုန်းမြှင့်ကြည်.မယ်
ဒီပို.စ်လေး ကတော့ ကျွန်တော်လေ့လာမိသလောက် ပြန်လည်မျှဝေချင်းဖြစ်ပါတယ် သိလို.တက်လို.ရေးသားခြင်းမျိုးမဟုတ်ပါ သိတဲ့တက်တဲ့ အကို အမများရေးခဲ.တာလေးတွေကိုတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် သိပြီးသားလူတွေအတွက်တော့မပါဘူးနော်  ....:P
ကျနော်တို့ရဲ့ ကွန်ပြူတာတွေဟာ သုံးတာ ကြာလာရင် လုပ်ဆောင်မှုတွေ နှေးလာတတ်ပါတယ် ၊ ဟိုးအရင်ကွန်ပြူတာလိုဘဲ မူလ အသစ်ကလေးတုန်းကနီးပါး အလုပ်လုပ်တာမြန်လာအောင် လုပ်လို့ရပါတယ် ၊
Basic computer user များ အတွက် ကျနော်ရှာဖွေပြီး ၊ ကိုယ်တိုယ်လည်း သုံးနေတဲ့ လုပ်ဆောင်နည်း လေးတွေကို မျှဝေလိုက်ပါတယ်-
၁. Anti-virus program ကို တစ်ပတ် တစ်ကြိမ်ခန့် run ပါ ( ဗိုင်းရပ်သတ်ပါ ) ။
ဗိုင်းရပ်တွေ ရှိနေရင် သင့်ကွန်ပြူတာ လုပ်ဆေင်မှုတွေ နှေးနေမှာပါ ၊ ဒါကြောင့် ဗိုင်းရပ် ကို ပုံမှန်သတ်ပေးပါ ။
၂. Spyware နဲ့ Adware တွေကို တစ်ပတ် တစ်ကြိမ်ခန့် Remove လုပ်ပါ ။
ဒါတွေရှိနေရင်လဲ နှေးနေမှာပါ ၊ spyware နဲ့ adware တွေဟာ virus နဲ့ သဘောသဘာဝချင်း မတူပါဘူး ၊ ဒါကြောင့် သူတို့ကို remove လုပ်ပေးတဲ့ သီးခြား program တစ်ခုရှိရင်ပိုကောင်းပါတယ် ၊ တစ်ချို့ Anti-virus program တွေကတော့ အားလုံးတွဲလျက်ပါတာတွေလဲ ရှိပါတယ် ။
၃. Internet browser မှာ pop up တွေကို block လုပ်ထားပါ ။
ဥပမာ အားဖြင့် adult website တွေလိုမျိုးကို မျက်စေ့လည်လမ်းမှားပြီး ရောက်သွားခဲ့ရင် ( တမင်တကာ သွား တယ်လို့ မပြောဘူးနော် ) အဲဒီက pop up တွေ ကိုယ့်ရဲ့ ကွန်ပြူတာထဲကို ၀င်လာပြီး မကြာမကြာ ပေါ်လာ တတ်ပါတယ် ၊ အမျိုးမျိုးဒုက္ခပေးတတ်ပါတယ် ၊ ကွန်ပြူတာရဲ့ လုပ်ဆောင်မှုတွေ နှေးတာ ကြောင်တာတွေ ဖြစ်တတ်ပါတယ် ၊ ဒါကြောင့် pop up တွေကို ပိတ်ထားသင့်ပါတယ် ၊
 အများအားဖြင့်တော့ tools tab ရဲ့ အောက်မှာရှိပါတယ်
Internet Explorer မှာ tools > pop-up blockers > turn on pop-up blocker
Firefox မှာတော့ tools > options > contents > block pop-up windows ဆိုပြီးရှိပါတယ်။
Windows ရဲ့ system ထဲကနေပြီးတော့လဲ block လုပ်လို့ရပါတယ် ၊ Windows ကနေလုပ်ချင်ရင်တော့ Start menu > control panel > Internet options > Privacy > Pop-up blocker > turn on pop-up blocker ဖြစ်ပါတယ် ။
အဲဒီလို block လုပ်ထားရင် Java script နဲ့ ရေးထားတဲ့ ၀က်ဆိုဒ်တွေကို ဖွင့်မရတာမျိုးဖြစ်တတ်ပါတယ် ၊ စိတ်ချရတဲ့ ၀က်ဆိုဒ်ဆိုရင် pop-up allow လုပ်လို့ရပါတယ် ။
IE မှာ tools > pop up blocker > pop up blocker setting > exceptions ဆိုပြီးရောက်သွားရင် Address of website to allow ဆိုပြီး box လေးတစ်ခုရှိပါမယ် ၊အဲဒီ အထဲမှာ ကိုယ်ခွင့်ပြုချင်တဲ့ ၀က်ဆိုဒ်ရဲ့ လိပ်စာကို ရိုက်ထည့်ပြီး add လုပ်လိုက်ရုံပါပဲ။
Firefox မှာတော့ tools > options > contents ဆိုပြီးရောက်သွားရင် block pop up windows ဆိုတဲ့ စာတန်းဘေးမှာ exceptions ဆိုတာ ရှိပါတယ် ၊ click လုပ်လိုက်ရင် address of website ဆိုတဲ့ box လေး ပေါ်လာပါတယ် ၊ ၀က်ဆိုဒ်လိပ်စာကို ရိုက်ပြီး add လုပ်လိုက်ရမှာပါ ။
Windows မှာ ဆိုရင် Start > control panel > Internet option > privacy > pop up blocker > settings > exception ဆိုပြီး သွားပါ address of website to allow ဆိုတဲ့ box လေးထဲမှာ ၀က်ဆိုဒ်လိပ်စာ ရိုက်ပြီး add လုပ်ရပါမယ် ။
ဒါဆိုရင် pop up ပိတ်ဖို့နဲ့ ဖွင့်ချင်တဲ့ ဆိုဒ်တွေကို ဖွင့်ပေးလို့ ရပြီပေါ့ ။      
Wednesday, August 21, 2013
online မှာ file တွေကို download မဆွဲခင် free virus scan ဖတ်ကြမယ်
အင်တာနက်ကနေ ဖိုင်တွေကို ဒေါင်းလုတ်ဆွဲတဲ့အခါမှာ virus တွေ keylogger program တွေ ပါဝင်နေနိုင်ပါ တယ်...scan မဖတ်ဘဲ run ထည့်လိုက်လို့ အခန့်မသင့်ရင် ကိုယ့် PC problem တက်နိုင်ပါတယ်...ဒါကြောင့်မို့ ဖိုင်တွေကို မဖွင့်ခင် မ run ခင်မှာ scan ဖတ်ဖို့ လိုကိုလိုပါတယ်ဗျာ...။
အဲလို scan ဖတ်ဖို့အတွက် ဘာမှ မလိုပါဘူး...အင်တာနက် လေးရှိဖို့ပဲလိုပါတယ်...ဘာ antivirus မှလည်း မလိုပါဘူး...
www.virustotal.com ပါ...free online virus,malware နဲ့ url scanner ပါ...
download link ကို scan ဖတ်နိုင်သလို file ကို upload တင်ပြီးတော့လည်း scan ဖတ်နိုင်ပါတယ်ဗျာ...။
နောက်တစ်ခုဗျာ....ဒီ link ကနေလည်း online မှာ free virus scan ဖတ်နိုင်ပါသေးတယ်.... http://vms.drweb.com/online ပါ...
ဒါကျပြန်တော့လည်းနောက်တစ်ခု.... www.viruschief.com   ပါ...
နောက်တစ်ခု.... automated threat analysic ပါ...    http://www.threatexpert.com/  ကို အစမ်းသွားလည်ကြည့်ကြပေါ့ဗျာ....
ဒါကျတော့ kaspersky free virus scanner ပါ....  http://www.kaspersky.com/virusscanner မှာ စမ်းသပ်သုံးစွဲနိုင်ပါတယ်....
ဒါမှ မကျေနပ်သေးဘူး ဆိုရင်လည်း ပန်ဒါ နဲ့ scan ဖတ်ပေါ့...
. http://www.pandasecurity.com/activescan/index/  ပါ....
credit to - မြန်မာအိုင်တီလူငယ်များ
Virus လား Setup ဖိုင်လား
 Virus လား Setup ဖိုင်လားခွဲခြားသိစေချင်လို့ ဒီ Post လေးကိုတင်လိုက်ခြင်းဖြစ်ပါတယ်။ notepad နဲ့ရေးတဲ့ Virus တွေကို ဘယ် Antivirus ကမှ မသိပါဘူး။ ဒါဆိုဘယ်လိုသိနိုင်မလဲ
.exe , .bat ဖိုင်တွေကို icon changer လို software တွေသုံးပြီး icon ပြောင်းထားမယ်ဆိုရင် တကယ် software တစ်ခုလို့ထင်ပြီး run မိမှာပါ။ ဒါဆို Virus ဘာလဲဆိုတာလဲ သိပြီဖြစ်လို့၊ ဘာတွေရေးထားတာလဲ သိရင် run ပါ့တော့မလား။ notepad နဲ့ ရေးထားတဲ့ virus တွေ ကို ဘာတွေရေးထားတယ်ဆိုတာ သိနိုင်တဲ့နည်းပြောပြပါ့မယ်။
အောက်ပါအတိုင်း သူများပေးလို့ပဲ ဖြစ်ဖြစ်၊ ကိုယ့်ဘာသာကိုယ် ရေးတာပဲဖြစ်ဖြစ် ရလာတဲ့ virus ဖိုင် (.exe,.bat) နှစ်ခုလုံးကို R-Click လုပ်ကြည့်ပါ။ Open with မပေါ်ပါဘူး။ Run ပဲပါ ပါတယ်။ run ပြီဆိုတာနဲ့ virus စအလုပ် လုပ်ပြီ ဆိုတာတော့ လူတိုင်းသိပါတယ်။ (.bat ဖိုင်မှာတော့ R-Click လုပ်ရင် Edit ပါပါတယ်။ Edit နဲ့လည်းကြည့်နိုင်ပါတယ်။ )
notepad အသစ်လေးတစ်ခု ယူပြီး virus ဖိုင် တစ်ခုကို Drag ဆွဲထည့်ကြည့်ပါ။ ဘာတွေရေးထားလဲဆိုတာ သူရေးထားတဲ့ အတိုင်း တစ်သွေမတိမ်းပေါ်ပါတယ်။
မြင်တဲ့အတိုင်းပါပဲ ။ ( File တစ်ခု send ပေးလိုက်ရင် run ရမှာ ကြောက်တယ်ဆိုတဲ့ သူငယ်ချင်းတွေ အတွက်ပါ။ အခုချိန်က စပြီး ပေးလာသမျှကို အားရ၀မ်းသာ ယူလိုက်ပါ။ ပညာတောင်ပိုရမှာပါ။ )
ကျွန်တော်လေ့လာမိသလောက် ဝေမျှခြင်းဖြစ်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။
Internet Cache ကိုရှင်းလင်းခြင်း
ဒီပို.စ်လေးကိုတော့ ဗဟုသုတအနေနဲ.ပြန်ရှယ်ပေးလိုက်တာပါ ကျွန်တော်မှတ်ထားတဲ့ ကောင်းနိုးရာရာလေးတွေပေါ့ မသိသေးသူများအတွက်သာရည်ရွယ်ပါတယ် သိပြီးသားလူတွေတော့မပါဘူးပေါ့ သန်.ရှင်းရေးဆော့ဝဲလ်တွေဘာ့ကြောင့်သုံးရသလဲဆိုတာလေးကိုသိစေချင်လို.ပါ
သက်ဆိုင်သူအား credit ပေးပါတယ် အနော်တော့ဘာမှသိဝူးသူများရေးခဲ့တာတွေပြန်ရှယ်တာ ဘလော့ရေးမယ်လို.မရည်ရွယ်ခဲ့လို.ရေးသူအမည်မမှတ်ထားမိတာခွင့်လွှတ်ကြပါ  :P
 Internet Cacheဆိုတာကတော့ ယာယီသိုလှေင်ထားတဲ့ Internet File Folder ကိုပြောတာပါ။ Cache ထဲမှာ Online activities (item you’ve seen , heard and doenload) တွေရဲ့ recordတွေကိုသိုလှောင်ထားပါတယ်။
Internet browsing ကိုပိုမြန်အောင်အတွက် ဒီ items တွေကို Cache ထဲကိုသိမ်းထားပါ။ မိမိ Computer က Web Pageတစ်ခုကိုခေါ်လိုက်တယ်ဆိုရင် New webpage ကို Displaying လုပ်မယ့်အစား ၎င်း Computer ထဲမှာရှိတဲ့ Cache ထဲကနေ အချို့ Element တွေ (or) pageတစ်ခုလုံးကိုဆွဲခေါ်ပါတယ်။ ဒါဆိုရင် Online ကနေဆွဲယူတာနဲ့စာရင် Cache ထဲကဆွဲယူတာက ပိုမြန်တာပေါ့။ Cache ထဲကနေ ဆွဲတင်တယ်ဆိုတာက အရင်က၎င်း web pageကို ခေါ်သုံးစွဲခဲ့ဘူးလို့ ၎င်းကို Cache ထဲမှာStore အများကြီးကို သိုလှောင်ထားလိုက်တဲ့အခါမှာတော့ Computer ရဲ့ Space က နည်းလာပါတယ်။ ဒါကြောင့် Computer ရဲ့ FreeSpace ရရှိဖို့ Cache ကို Clean လုပ်ရခြင်းဖြစ်ပါတယ်။
Sunday, August 18, 2013
How to Sing Up Facebook Non Phone ဖေ့ဘုတ်အကောင့်ဖွင့်ဖို.ဖုန်းမလိုတဲ့နည်းလမ်းသစ်
အားလုံးပဲမင်္ဂလာပါခင်ဗျာ ပို.စ်တွေမတင်ဖြစ်တာလဲကြာပါပြီ ကျွန်တော်နေမကောင်းဖြစ်နေလို.ပါ ဒီကြားထဲ အင်တာနက်လိုင်းပါမရလို. ဘာဆိုဘာမှမတင်ဖြစ်တာပါ ကဲ့ ပွားတာများသွားပြီ စလိုက်ကြရအောင်
ဖေ့ဘုတ်အကောင့်ဖွင့်ဖို.အတွက် အခုနောက်ပိုင်းကျွန်တော်တို.နိုင်ငံမှာအခက်အခဲရှိလာပါပြီ ဘာ့ကြောင့်လဲဆိုတော့ စဖွင့်တာနဲ.တင် fake name သုံးတယ်ဘာညာဆိုပြီး lock  တန်းချပစ်လို.ပါ ဖုန်းနံပါတ်နဲ.ကုဒ်ပြန်ဖြည်ခိုင်းတယ် မြန်မာနိုင်ငံမှာ တော့မက်ဆေ့လက်ခံတဲ့ဆားဗစ်မရှိသေးပါဘူး အဲ့ဒီအတွက် ကျွန်တော့အကိုကြီးအိုင်တီမုဆိုး ရဲ့နည်းလမ်းလေးနဲ.စမ်းမယ် ဗျာ....
ပထမဆုံးကျွန်တော်တို.ဖေ့ဘုတ်အကောင့်တစ်ခုလုပ်တော့မယ်ဆိုလိုအပ်တာက email ပါ။
အဲ့ဒီအတွက် ကျွန်တော်တို. ဒီနေရာလေးကနေဒီနေရာလေးကနေ sushmail အကောင့်တစ်ခုသွားလုပ်မယ် အောက်ပုံလေးအတိုင်းဝင်လိုက်ဗျာ
ပုံမှာပြထားတဲ့အတိုင်းလေးသေချာစွာဖြည်.ပေးပါ မရ ရင်မရတဲ့နေရာမှာ အနီနဲ.ပြောပါလိမ့်မယ် အားလုံးမှန်အောင်ဖြည်ပြီးသွားရင်တော့ email အကောင့်တစ်ခုရပါပြီ
New tab တစ်ခုဖွင့်ပြီးhttps://www.facebook.comကိုသွားလိုက်ပါ
လိုအပ်တဲ့ နာမည်တွေဖြည်.ပါ ပုံမှန်လုပ်နေကျအတိုင်းပဲနော် email နေရာမှာ အခုဖွင့်ခဲ့တဲ့လိပ်စာထည်.ပေးလိုက်ပါ ကျွန်တော်စမ်းကြည်.ပြီးသွားပါပြီ ဖုန်းနံပါတ်လုံးဝမတောင်းတော့ပါဘူး
ဒီနေရာမှာတစ်ခုပြောချင်တာကတော့ facebook အကောင့်ပွင့်သွားပြီဆိုတာနဲ. ကိုယ့်မှာအဆင်သင့်ရှိထားတဲ့ gmail နဲ.ပြောင်းပေးလိုက်ပါ။
အားလုံးပဲအဆင်ပြေပါစေဗျာ....
ANDROID ဖုန်းတွေမှာ YOUTUBE ကဗွီဒီယိုတွေကိုဒေါင်းလုပ်ချနည်း
ANDROID ဖုန်းတွေမှာ Youtube  ကဗွီဒီယိုတွေကိုဒေါင်းလုပ်လုပ်ချင်ပါတယ်ဆိုတဲ့ တောင်းဆိုထားတဲ့ ဘော်ဒါတွေအတွက်ပါ။
ဒေါင်းလုပ့် လုပ်နည်းလေးပါအဆင်ပြေအောင်ထည့် ပေးလိုက်ပါတယ်ခင်ဗျာ။အားလုံးအဆင်ပြေကြပါစေခင်ဗျာ။
အရင်ဆုံး YTD Downloader   ကိုဒီမှာယူပါ။အောက်ကအဝါရောင်နဲ့ ပြထားတဲ့ မြှားလေးကို ထောက်လိုက်ပါ။
           ပုံမှာပြထားတဲ့ အဝါရောင်ကွင်းလေးထဲက YTD Downloader ကိုရွေးပေးလိုက်ပါ။
              အောက်ကပုံမှာပြထားတဲ့ အတိုင်းမိမိကူးယူချင်တဲ့ ဖိုင်ဆိုဒ်ကိုရွေးပေးပါ
                           ဒီအဆင့် မှာတော့ ဒေါင်းလုပ်ဆွဲနေကြောင်းသက်သေပြနေပါပြီ ။
                                  အိုကေဒီအဆင့် မှာတော့ အားလုံးပြီးဆုံးသွားပါပြီခင်ဗျာ။
စာဖတ်သူဟာကျွန်တော်တို့ ထက်သိနေတာတွေတတ်နေတာတွေရှိပါတယ်။အကြောင်းအမျိုးမျိုးကြောင့်  အများသူငှာကိုပြန်လည်ဝေမျှချင်ရင်(ဥပမာ-e-book ပဲဖြစ်ဖြစ် နည်းပညာပဲဖြစ်ဖြစ်) ပြန်လည်ဝေမျှချင်ရင်ကျွန်တော့် ဘလော့ မှာမိတ်ဆွေတို့ ရဲ့ နာမည်နဲ့ အတိအကျပြန်လည်ဖော်ပြပေးမှာဖြစ်ပါတယ်။
ဆက်သွယ်ရန်လိပ်စာကတော့ saithu102@gmail.com /www.saithu777@facebook.com သို့ ဆက်သွယ်ပေးပို့ ကြပါခင်ဗျာ။
                                       စိုင်းသူနည်းပညာပြန်လည်ဝေမျှခြင်း
Internet Explorer(IE) မှာမြန်မာလိုမမြင်ရသေးသူတွေအတွက်
အခု တစ်လော ကျွန်တော် ကြားကြားနေရတဲ့ ပြဿနာကတော့ Myanmar Font ပြဿနာ အကြောင်းလေးပါပဲ။အခု ကျွန်တော် ပြောပြမဲ့ Post လေးကတော့ Gtalk , IE , Mozilla Firefox , Etc....... စတဲ့ Internet Broswer တွေမှာ မြန်မာလို့ Font မချိန်းတက်သေးတဲ့ သူတွေ အတွက်ကော Myanmar Font ရှိရဲ့သားနဲ့ ပြဿနာတက်နေတဲ့သူတွေ အတွက်ပါ
ကျွန်တော်သိသလောက် ကျွန်တော်လေ့လာထားသလောက်လေး  စာဖတ်ပရိတ်သတ်လေးတွေ အတွက်ပြန်လည်မျှဝေပေးပါ့မယ်ဗျာ။သိပြီးသား သူတွေ ရှိနေရင်လဲ သည်းခံပေးပြီး မသိသေးတဲ့ သူတွေအတွက် ဒီ Post လေးမှာ Comment ပေးပြီး ကျွန်တော်နဲ့ တူတူ ၀င်ရောက်ဆွေးနွေးပေးကြပါလို့ တောင်းဆိုပါရစေဗျာ။အမှားအယွင်းလေးမှား ရှိနေခဲ့ရင် စာဖတ်သူတွေ အနေနဲ့ ခွင့်လွှတ်နားလည်ပေးစေချင်ပါတယ်ဗျာ။အခု ကျွန်တော် စပြီး ဖြေရှင်းပေးမဲ့ ပြဿနာလေးကတော့ Computer မှာ ပါဝင်တဲ့ Internet Explorer(IE) မှာ မြန်မာလို စာရိုက်လို့ရအောင် မြန်မာလိုရေးသားထားတဲ့  Web Site တွေကို ဖတ်လို့ရအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။စာဖတ်ပရိတ်သတ်တွေ နားလည်လွယ်အောင် ကျွန်တော် ပုံလေးတွေနဲ့ကော စာနဲ့ပါ အဆင့်ဆင့်ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်ဗျာ။အရင်ဦးဆုံး IE မှာ မြန်မာလို ပေါ်ဖို့ ကျွန်တော်တို့ ပထမဦးဆုံး လုပ်ရမှာကတော့ မိမိ ကွန်ပျူတာ Destop ပေါ်မှာ Notepad(New Text Document) ဖိုင်တစ်ခု ဆောက်လိုက်ပါ။မလုပ်တက်သေးရင် Destop >> Right Click >> New >> New Text Document ဆိုတဲ့ ဖိုင်လေးကို ရွေးပြီး Click လိုက်ပါ။ဒါဆိုရင် မိမိ ကွန်ပျူတာ Destop မှာ New Text Document ဆိုတဲ့ စာရွက်အပိုင်းလေး တစ်ဖိုင် ရောက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။ကြည့်လိုက်ပါဦး။
ပြီးရင် အဲ့ဒီ ဖိုင်လေးကို Click နှစ်ချက်နှိပ်ပြီး Open လိုက်ပါ။ပွင့်သွားပြီဆိုရင်တော့ ကျွန်တော် အောက်မှာပေးထားတဲ့ Code လေးတွေကို Copy ကူးပြီး ခုနက ကျွန်တော်တို့ ဖွင့်ထားတဲ့ Notepad ဖိုင်လေးထဲသို့ ကူးထည့်လိုက်ပါ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။
body
{
font-family:Zawgyi-one;
}
input, select , textarea
{
font-family:Zawgyi-one;
}
Notepad ဖိုင်လေးထဲသို့ ကျွန်တော်အပေါ်မှာပေးထားတဲ့ Code တွေကူးထည့်လို့ ပြီးပါက Notepad ရဲ့ ဘယ်ဘက်ထောင့်နေရာမှာ ရှိနေတဲ့ File ဆိုတဲ့ Tab လေးကို Click တစ်ချက်ထောက်လိုက်ပါ။ပြီးရင်  4 ကြောင်းမြောက်နေရာမှာ ရှိနေတဲ့ Save As.... ဆိုတဲ့ နေရာလေးကို Click ထောက်လိုက်ပါ။အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်းပေါ့ဗျာ။
ပြီးရင် Save မှတ်ရမဲ့ Box တစ်ခု ကျလာပါလိမ့်မယ်။အဲ့ဒီ  File Name ဆိုတဲ့ အကွက်လေးမှာတော့ ကျွန်တော်တို့က ထင်သာမြင်သာလဲ ဖြစ်အောင် မှတ်ရလဲ လွယ်အောင် IE-Zawgyi.css လို့ ပေးလိုက်ပါမယ်။IE-Zawgyi ဆိုတဲ့နေရာမှာတော့ မိမိ စိတ်ကြိုက်နာမည်ကို ချိန်းပြီးထည့်သုံးလို့ရပါတယ်။ကျွန်တော်ကတော့ မှတ်ရလွယ်အောင် IE-Zawgyi လို့ပေးလိုက်တာပါ။နောက် အရေးကြီးပြီး သတိထားရမဲ့ တစ်ချက်က IE-Zawgyi ဆိုတဲ့နောက်မှာ .css ဆိုပြီး File Type ထည့်ပေးရပါမယ်။အဲ့ဒီ .css ကို မထည့်ပေးဘူးဆိုရင်တော့ IE မှာ မြန်မာလိုဖတ်လို့ ရေးလို့ ဘယ်လိုနည်းနဲ့မှ အဆင်ပြေမှာလဲ မဟုတ်ပါဘူး။အဲ့ဒါကြောင့်မို့ .css ဆိုတဲ့ File Type ကို ထည့်ဖို့ မမေ့ပါနဲ့။ပြီးရင် နောက်တစ်ခုက Save As Type ဆိုတဲ့နေရာမှာတော့ All Files ကိုပြောင်းပေးထားပါ။အောက်နားလေးမှာ ရှိနေတဲ့ Encoding ဆိုတဲ့နေရာလေးမှာတော့ Unicode ကိုရွေးပေးထားပါ။ပြီးရင်တော့ အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Save မှတ်ပြီး သိမ်းလိုက်ယုံပါပဲဗျာ။
အပေါ်က ပုံလေးအတိုင်း ကျွန်တော်တို့ Save ပြီးသွားတဲ့ အခါမှာတော့ မိမိ ကွန်ပျူတာ Destop မှာ IE-Zawgyi ဆိုတဲ့ စာရွက်အပိုင်းလေးအပေါ်မှာ စက်သွားပုံလေးနဲ့ ဖိုင်လေး တစ်ဖိုင် ရောက်နေတာကိုတွေ့ရမှာ ဖြစ်ပါတယ်ဗျာ။အောက်က ပုံလေးအတိုင်းပေါ့ဗျာ။
အခု ကျွန်တော်တို့ စလုပ်ရမဲ့ နည်းလမ်းက Internet Explorer (IE) ကို ဖွင့်လိုက်ပါ။ပြီးရင် Tools က Internet Options ကို Click လိုက်ပါ။အောက်က ပုံလေးအတိုင်းပေါ့။
Internet Options ရဲ့ General Tab ကျလာပြီ ဆိုရင်တော့ အောက်ဆုံးနားမှာ ရှိတဲ့ Appearance ဆိုတဲ့ List ရဲ့ Accessibility ဆိုတဲ့နေရာလေးကို Click လိုက်ပါ။အောက်က ပုံလေးအတိုင်း ပေါ့ဗျာ။
Accessibility ကို Click ပြီးပြီ ဆိုရင်တော့ ကျွန်တော်တို့ လုပ်ရမဲ့ အဆင့်က Formatting ဆိုတဲ့ List မှာ စာကြောင်း 3 ကြောင်းရှိပါတယ်။
1.Ignore colors specified on webpages
2.Ignore font styles specified on webpages
3.Ignore font sizes specified on webpages
အဲ့ဒီ စာကြောင်း 3 ကြောင်းရဲ့ အလယ်က နံပါတ် 2 နေရာမှာ ရှိတဲ့ စာကြောင်း ကို ကျွန်တော်တို့က Mark အမှန်ခြစ်လေး ဖြည့်ပေးရမှာဖြစ်ပါတယ်။ပြီးသွားရင် နောက်တစ်ဆင့်အနေနဲ့ ကျွန်တော်တို့ လုပ်ပေးရမှာက User Style Sheet ဆိုတဲ့ List နေရာလေးမှာ Format documents using my style sheet ဆိုတဲ့ စာတန်းလေးကို Mark အမှန်ခြစ်လေး ဖြည့်ပေးလိုက်ပါ။ပြီးရင် အောက်နားလေးမှာ ရှိတဲ့ Browse ဆိုတာလေးကို Click လိုက်ပါ။အောက်ကပုံလေး အတိုင်းပေါ့ဗျာ။
အဲ့ဒီ Browse ကို Click နှိပ်လိုက်ရင် Box တစ်ခုကျလာပါလိမ့်မယ်။အဲ့ဒီ အခါ ခုနက ကျွန်တော်တို့ IE-Zawgyi.css ဆိုပြီး Destop မှာ Save ထားတဲ့ ဖိုင်ကို ဖိုင်ပတ်လမ်းအတိုင်းရှာပြီး Open လိုက်ပါ။အောက်က ပုံလေး အတိုင်းပေါ့ဗျာ။
အဲ့ဒီ ပုံလေး အတိုင်း ရှာပြီး Open ပြီးပြီဆိုရင်တော့ ဒါဆိုရင် ကျွန်တော် တို့ Internet Explorer(IE) မှာ မြန်မာလို မြင်ရဖို့ 99% အောင်မြင်သွားပြီးလို့ ယူဆလို့ရပါတယ်။100% အောင်မြင်ဖို့ဆိုရင်တော့ OK >> Apply >> OK ပါ။ဒါဆိုရင် ကျွန်တော်တို့ IE မှာ မြန်မာလို မြင်ရဖို့ 100% အောင်မြင်သွားပါပြီဗျာ
ကဲ......သူငယ်ချင်းတို့ IE မှာ မြန်မာလို ရေးလို့ရတဲ့ အပြင် မြန်မာလိုပါ ဖတ်လို့ရသွားလောက်ပြီလို့ ထင်ပါတယ်ဗျာ။ဒီ နည်းလေးဟာ သိတဲ့ သူတွေ အဖို့တော့ အလွန်လွယ်ကူတဲ့ နည်းလေးဖြစ်သလို မသိတဲ့ သူတွေ အဖို့တော့ ခက်ခဲနေပါလိမ့်မယ်။ဒါပေမဲ့ အခု ကျွန်တော့ ဒီ Post လေးကတော့ ပုံလေးတွေနဲ့ကော စာလေးတွေနဲ့ပါ တွဲပြီး သေသေချာချာ စိတ်ရှည်ရှည်လေး ဖြေပေးထားတဲ့ အတွက် အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ဗျာ။သူငယ်ချင်းတွေ အဆင်ပြေရင် ကျွန်တော် အချိန်ကုန်ခံ အပင်ပန်းခံရကျိုးနပ်ပါပြီဗျာ။ကျွန်တော့ IT Bank Site လေးကိုလဲ တခြားသူငယ်ချင်းတွေကိုလဲ လမ်းညွှန်ပေးပါဦးလို့ တောင်းဆိုပါရစေဗျာ။ကျွန်တော့ ဒီ Post လေးကို လွတ်လပ်စွာကူးယူပိုင်ခွင့်ရှိပါတယ်ဗျာ။ဒါပေမဲ့ အွန်လိုင်းယဉ်ကျေးမှုတစ်ခု အနေနဲ့တော့ မူရင်း Post ပိုင်ရှင်ရဲ့ နာမည်လေးကိုတော့ ထည့်သွင်းအသုံးပြုစေချင်ပါတယ်ဗျာ။
                                                                                                                                        ကြိုးစားလျက်......!
                                                                                                                                          (Yekyawphyo)
Credit to => Yekyawphyo (IT Bank )
Monday, August 12, 2013
APK ဖိုင်တွေကို ကွန်ပျူတာမှာပေါ်စေဖို့
ကျွန်တော်တို့ တစ်ခါတစ်လေ APK ဖိုင်တွေကိုဒေါင်းလုပ်ဆွဲထားပီး
ကွန်ပျူတာထဲမှာသိမ်းထားတဲ့အခါဘယ်ဖိုင်က ဘာ Application
မှန်းမသိတာမျိုးဖြစ်တတ်ပါတယ်။
အခုကျွန်တော်ပေးမယ့်ကောင်
လေးက Software နှစ်မျိုးပါ တစ်မျိုးကတော့ EXE Installer ဖြစ်
ပီး နောက်တစ်မျိုးကတော့ Batch File နဲ့ ရေးထားတဲ့ Command
လေးဖြစ်ပါတယ်။ နှစ်မျိုးပေါင်းအတွက် ဖိုင်စိုက်ဒ်ကတော့ 8.9MB
ရှိပါတယ်။ စိတ်ဝင်စားလို့ဒေါင်းချင်သပဆိုရင်တော့
ဒီမှာဒေါင်းမယ်
credit to => အာရှသားရဲ.နည်းပညာ
Saturday, August 10, 2013
GSM,CDMA,MECTEL ဖုန်းများအတွက် Internet Setting ချိန်နည်း
မိုဘိုင်းဖုန်းတွေတွင်ကျယ်စွာအသုံးပြုလာတဲ့ကျွန်တော်တို.နိုင်ငံမှာ အင်တာနက်အသုံပြုမှုလဲတော်တော်များလာပါပြီ
ဒီပို.စ်လေးကိုမသိသေးတဲ့အကိုအမများအတွက်ရည်ရွယ်ပါတယ်သိတဲ့လူကတော့တော်တော်များပါတယ် မသိလို.ဆိုင်သွားလုပ်ရင် အနည်းဆုံး ၀န်ဆောင်ခတော့ပေးနေရမယ် ဒါကြောင့်မသိသေးတဲ့လူတွေအတွက်လဲလက်ဆင့်ကမ်းပေးနိုင်အောင်ရည်ရွယ်ပြီးကျွန်တော်ကြားဖူးမြင်ဖူးသင်ဖူးတာလေးတွေကိုပြန်ရေးသားပေးလိုက်ရတာပါ။mobile ဖုန်းအားလုံးအတွက် internet setting ချိန်နည်းလေးပါ သိပြီးသားဆိုကျော်သွားလိုက်ပါ မသိသေးသူများအတွက်ရည်ရွယ်ပါတယ် ကျွန်တော်သိလို.တက်လို. တင်ပေးချင်းမျိုးမဟုတ်ပါ သိတဲ့တက်တဲ့ အကိုအမများထံမှ သင်ယူခဲ့တာလေးတွေပြန်လည်ဝေငှခြင်းဖြစ်ပါတယ်
1.GSM Network သုံး Mobile Phone တွေအတွက်
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name – မိမိနှစ်သက်ရာနာမည် တစ်ခုခုရိုက်ထည့်လိုက်ပါ။
APN – mptnet
Proxy – ဘာမှမထည့်ပါ
Port – ဘာမှမထည့်ပါ
username – mptnet
Password – 0000
Server – ဘာမှမထည့်ပါ
MMSC – ဘာမှမထည့်ပါ
MMS Proxy – ဘာမှမထည့်ပါ
MMS Port – ဘာမှမထည့်ပါ
MMC – 414 လို့ပေါ်နေရပါမယ်
MNC – 01 လို့ပေါ်နေရပါမယ်
Authentication Type – PAP or CHAP
APN type – * ( * ဒါလေးပဲရေးလိုက်ပါ )
APN Protocol = IPv4 ကိုရွေးပါ
အပေါ်က ဖြည့်ခိုင်းထားတာတွေ အားလုံးပြီးသွားရင်တော့ Menu key ကိုနှိပ်ပြီး Save (or) Done ကိုနှိပ်လိုက်ပါ။မပြီးသေးပါဘူးဗျာ။အောက်မှာ တစ်ဆင့် ကျန်ပါသေးတယ်။
1.မိမိ Mobile Phone ရဲ့ Setting ထဲကို ပြန်ဝင်ပါ။
2.Wireless & Networks ထဲကို ထပ်ဝင်လိုက်ပါ။
3.Mobile Networks ထဲကို ၀င်လိုက်ပါဦးဗျာ။
4.Data Enable ဆိုတာလေးကို အမှန်ခြစ်လိုက်ပါ။
ဒါဆိုရင် ကျွန်တော်တို့ Mobile Phone ရဲ့ Notification Bar အပေါ်နေရာလေးမှာ အပေါ်တက်အောက်ဆင်းပုံစံမျိုး Icon မြှားလေးတစ်ခုပေါ်လာပါလိမ့်မယ်။ဒါဆိုရင်တော့ ကျွန်တော်တို့ GSM Network သုံး Mobile Phone တွေမှာ Internet စတင် အသုံးပြုလို့ရပါပြီဗျာ။(မှတ်ချက် - ဒီ Setting အတိုင်းချိန်လိုက်ရင်လိုင်းဆွဲအားကောင်းမွန်တဲ့ 3G Network ကိုလဲ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်ဗျာ။
2.CDMA 800 Network သုံး Mobile Phone တွေအတွက် 
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.CTNET နဲ့ CTWAP ကိုတွေ့ပါလိမ့်မယ်။
6.CTNET ထဲကို ၀င်လိုက်ပါ။ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name - CTNET
APN - #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - CTNET@c800.mm (CTNET ဆိုတဲ့နေရာမှာ မိမိကြိုက်တာရိုက်ပါ။)
Password - မိမိ စိတ်ကြိုက် လျို့ဝှက်နံပါတ်တစ်ခုခုကို ရိုက်ထည့်လိုက်ပါအနည်းဆုံး ၆လုံးလောက်ထည်.ပါ။
Server - ဘာမှ မထည့်ပါနဲ့။
Authentication type - PAP or CHAP
APN type - Default
APN protocol - IPv4
APN Roaming protocol - IPv4
Bearer - Unspecified
Data Bearer - Package Data
Prompt password - #777
ဒါဆို အားလုံး အဆင်ပြေသွားပါပြီ။အဲ......ကျွန်တော် တစ်ခု သတိပေးချင်တာကတော့ ဖုန်းတွေက အမျိုးအစားတွေ အများကြီးဆိုတော့ ကျွန်တော် ပြောတဲ့နည်းတွေနဲ့ အဆင်ပြေချင်မှပြေပါလိမ့်မယ်။ဒါပေမဲ့ စိတ်မပျက်ဘဲ ကိုယ့်မှာ ရှိတဲ့ ဥာဏ်စွမ်း ဥာဏ်စလေးတွေနဲ့ ဖြည့်တွေးပြီး ကလိကြပေါ့ဗျာ။ဘာပဲဖြစ်ဖြစ် Internet Setting စတင် ချိန်မယ် ဆိုပါကသမရိုးကျနည်းအတိုင်းပဲ စပါမယ်။ Data Enable ကို On ထားပါမယ်။ထိုနောက် Wireless and Network Settings>Mobile networks>Access Point Names ကို ၀င်ပါမယ်။Menu key ( မျဉ်းလေးကြောင်းထပ် ပုံကလေးပေါ့) ကို နှိပ်ပြီး New APN ကို ရွေးပါမယ်။ ထို့နောက် Name, APN, usernameနှင့် Prompt password ကိုသာ ထည့်၍ Save လုပ်ပါ။ Restart ချပေးပါ။
ပြန်တက်လာလျှင် Internet သုံးလို့ ရပါပြီ။အားလုံးပဲ အဆင်ပြေကြပါစေနော်။
3.1500 တန် CDMA 800 Network သုံး Mobile Phone တွေအတွက် 
1.အရင်ဦးဆုံး မိမိ Mobile Phone ရဲ့ Setting ကိုသွားပါ။
2.Wireless & Networks ထဲဝင်ပါ။
3. Mobile networks ထဲကိုထပ်ဝင်ပါ။
4. Access Point Names ကိုဝင်ပါ။
5.Menu Key ( မျဉ်းကြောင်းသုံးကြောင်းထပ်) ကိုနှိပ်ပြီး New APN ကိုနှိပ်ပါ။
6.ကျွန်တော် အောက်မှာပေးထားတဲ့ အတိုင်းဖြည့်ပေးလိုက်ပါ။
Name - Mectel (or) Card
APN  -  #777
Proxy - ဘာမှ မထည့်ပါနဲ့။
Port - ဘာမှ မထည့်ပါနဲ့။
Username - mectel@c800.mm (or) card@c800.mm
Password - 123 (or) 12345 (or) card
Server - ဘာမှ မထည့်ပါနဲ့။
MMSC - ဘာမှ မထည့်ပါနဲ့။
MMS Proxy - ဘာမှ မထည့်ပါနဲ့။
MMS Port - ဘာမှ မထည့်ပါနဲ့။
MCC - 460
MNC - 03
Authentication type - PAP or CHAP (or) CHAP
APN type - ပုံမှန်အားဖြင့် မလိုအပ်ပါဘူး။(Default ကိုသာ ထည့်ပေးပါမယ်။)
Data bearer - မလိုပါ။
Prompt password  -  #777
APN မပါသော သူများကတော့ PPP Digit မှာ #777 ထည့်ပါမယ်။Connection name တောင်းခဲ့ရင် mectel ပါနော်။
အားလုံးပဲအဆင်ပြေပါစေဗျာ။
Friday, August 9, 2013
You Must Do For Facebook Account
ဖေ့ဘုတ်အကောင့် လုံခြုံရေးအတွက်စိတ်မချဖြစ်နေသူများအတွက် အသုံးဝင်မဲ့စာအုပ်လေးတစ်အုပ်တင်ပေးလိုက်ပါတယ်
ဒါလေးကိုတော့ ကိုဇာနည် ဆီကမလာတာပါ။ ဒီနိုင်ငံမှာလုပ်လို.မရတဲ့အပိုင်းလေးတွေတော့ ကျော်သွားလိုက်ပါ စိတ်ဝင်စားရင်အောက်မှာဒေါင်းသွားလိုက်ပါ စာအုပ်ကလေးကသေးသေးလေးပါ။
ဒီမှာဒေါင်းမယ်
Security ပညာရှင်တစ်ယောက်မဖြစ်ချင်ဘူးလား
ကျွန်တော်ဒီဘလော့လေးကိုစလုပ်ထဲက သေးသေးလေးတွေပဲတင်ပေးလာတာပါ ဘာကြောင့်လဲဆိုရင် ဘယ်လိုလူမျိုးမဆို နားလည်နိုင်အောင်လို.ပါ
.... ပျင်းတာလဲပါတာပေါ့  :P
ကဲ့ဒီတစ်ခါတော့ ရည်ရွယ်ချက် အကြီးကြီးတွေထားကြမယ် ဒါလေးကိုဘယ်နားက ကူးခဲ့မိမှန်းမသိတော့ပါဘူး ဒါကြောင့် သက်ဆိုင်သူကို credit ပေးပါတယ်... အခုခေတ်လူငယ်တွေတော်တော်များများကတော့ Hacker ကြီးတွေဖြစ်ချင်ကြတယ်...ဟုတ်ပါတယ် နောက်ဆိုကျွန်တော်တို.နိုင်ငံမှာ Hacker တွေအများကြီးပေါ်ထွက်လာတော့မှာ အဲ့ဒီအတွက် ကြိုတင်ကာကွယ်ထားတဲ့အနေနဲ. ကျွန်တော်တို.က security ပညာရှင်ကြီးတွေ လုပ်ကြမယ် ဗျာ....:D
သင်ဟာ ကျွမ်းကျင်သော Security ပညာရှင် တစ်ယောက် ဖြစ်နိုင်ရန် အတွက် ယေဘုယျ အနေဖြင့် အောက်ပါ အချက်များ လိုအပ်ပါတယ်။
၁။ ကြိုးစားအားထုတ်ပါ။ ကြိုးစားအားထုတ်ခြင်းသည် ဗဟုသုတ တိုးပွားစေရန် အတွက် အောင်မြင်ခြင်း၏ လမ်းစ တစ်ခုပင်ဖြစ်ပါတယ်။
၂။ ကျင့်သားရအောင် လက်တွေ့ စမ်းသပ် လေ့ကျင်မှုများကို ပြုလုပ်ပါ။ အဲ့ဒီလို လေ့ကျင့်တဲ့အခါမှာ ကိုယ်ရဲ့ကျွမ်းကျင်တဲ့ အပိုင်းနဲ့ စိတ်ဝင်စားတဲ့ အပိုင်းကို ခွဲခြားပြီး လေ့ လာဖို့ လိုပါတယ်။ ဥပမာအနေနဲ့ : Trojan Horse လိုမျိုး ထိုးဖောက် ၀င်ရောက်လာတဲ့ Virus တွေကို ကာကွယ် ဖို့ရန်အတွက် သင်ဟာ လေ့လာတော့မယ် ဆိုရင် သင်ဟာ ပထမဆုံး အနေဖြင့် hacking/ cracking တွေကို ကာကွယ်ရန် အတွက် နည်းလမ်းများကို သင်ဟာရှာပြီး အရင်လေ့ လာဖို့လိုအပ်ပါတယ်။ အဲ့ဒီလို လေ့လာပြီးတော့ မှ သင်ဟာ ထပ်ပြီးတော့ ဒီ Virus တွေကို ကာကွယ် ဖို့ရန်အတွက် Software တွေ Tools တွေကိုလည်း ဆက်လက် လေ့လာရန် လိုအပ်ပါတယ်။
၃။ Hackerတွေ ကဲ့သို့တွေးပါ။ Hacker လိုမျိုး တွေးတဲ့အခါမှာ သင်ဟာ Hacker များမည်သို့မည်ပုံ တိုက်ခိုက် လာနိုင်သည်ကို သိရှိမှသာ မိမိတို့၏ system ကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ် နိုင်မည်ဖြစ်သည်။ သူတစ်ပါးအား တိုက်ခိုက်ဖို့ ရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ပဲ ခုခံကာကွယ် နိုင်ရန်အတွက် ရည်ရွယ်ချက် ဖြင့်သာ လုပ်ဆောင်ရမည်။
၎။ စာများများဖတ်ပါ။ သတင်းအချက်အလက် အမျိုးမျိုးက လာသော သတင်းတွေကို လေ့လာပြီး နားလည် သဘောပေါက်အောင် ဖတ်သင့်ပါတယ်။ သင်ဟာ master တစ်ယောက် ဖြစ်ဖို့ဆိုရင် ဗဟုသုတ တော်တော် များများကို လေ.လာ ဖတ်ထားရမယ်၊ ပြီးတော့ လက်တွေ စမ်းသပ်မှု့တွေ လုပ်ဖို့လည်း လိုအပ်ပါတယ်။အဲ့ဒီလို ဖတ်ပါများလာတဲ့ အခါမှာ သင်ဟာ တစ်ဖြည်းဖြည်းနဲ့ တွေးတတ်လာပြီး တစ်ကယ့် လက်တွေ့ အသုံးချနိုင်တဲ့ ဗဟုသုတတွေကို ရရှိလာမှာပါ။
၅။ အသိအမှတ်ပြု လက်မှတ်တွေ ကိုလည်းရယူပါ။အဲ့ဒီလို အသိအမှတ်ပြု လက်မှတ် ရယူထားခြင်းဟာ ကိုယ့်ရဲ့နည်းပညာ ကျွမ်းကျင်မှု့ အပိုင်းကို သက်သေ အထောက်အထား တစ်ခုဖြစ်တဲ့ အတွက်ကြောင့် လက်မှတ် ရယူထားခြင်းဟာ အလွန် အရေးကြီးပါတယ်။ လက်မှတ်ရထားတဲ့ တိုင်အောင်လည်း အဲ့ဒီလက်မှတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို သင်ဟာ ပိုင်ပိုင်နိုင်နိုင် သိနေရပါမယ်။ဥပမာ- SANS လက်မှတ်နဲ့ တူတဲ့ GCIA, GCIH, GPEN etc. လိုမျိုး လက်မှတ်တွေ ရယူရန်လည်း လိုအပ်ပါတယ်။
၆။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ Security ပိုင်းဆိုင်ရာ အဖွဲ့အစည်းများ ဖြင့်လည်း အပြန်အလှန် ဆက်သွယ်မှု့ရှိပါ။ အဲ့ ဒီလိုဆက်သွယ်ဖို့ပထမဆုံးနည်း ကတော့ mailing-lists, IRC channels, web forums or blogs တွေပေါ်မှာ ဆွေးနွေးမှု တွေပြုလုပ်သင့်ပါတယ်။ member ၀င်ပြီးတော့ လည်း mail မှတစ်ဆင် Security နဲ့ ပတ်သက်ပြီးတော့ ပါဝင် ဆောင်ရွက်မှုတွေကို ပြုလုပ်သင့် ပါတယ်။
၇။ Seminars, Presentations, Tranings တွေကိုမျှဝေပါ။ သင်သိထားတဲ့ ပညာတွေကို အခြားသူ တစ်ယောက်နဲ့ အပြန်အလှန် ဆွေးနွေးမှု့ တွေပြုလုပ်သင့် ပါတယ်။
၈။ ဆောင်းပါးတွေ ကိုလည်းရေးပါ။ သင်ဟာ Security နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ ဘယ်လိုမျိုး secure ဖြစ်အောင် လုပ်မလည်း ဆိုတာတွေကို tutorial ပုံစံနဲ့ ရေးပြီး online မှာပဲဖြစ်ဖြစ်၊ blog တစ်ခုခုမှာပဲဖြစ်ဖြစ် ပါဝင်နိုင်အောင် လုပ်ဆောင်သင့် ပါတယ်။ သင်၏ tutorial ဟာအနည်းဆုံးတော့ သင့်ကို တူညီတဲ့ အချိန်တစ်ခုမှာပဲ အားလုံးရဲ့  ဗဟုသုတ တွေကိုရရှိနိုင်တဲ့ အတွက် သင်ဟာအတွေ့ အကြုံ အများကြီးနဲ့ အကျိုးကျေးဇူး အများကြီးရရှိနိုင်ပါတယ်။ပြီးတော့ လူတွေဟာသင့်ကို သင်ရေးသားမှု့ပေါ်မှာ Idea တွေပေးမယ်၊ comments တွေပေးနိုင်ပါတယ်။
၉။ Codeတွေ၊ Program တွေကိုလည်း လေ့လာပါ။ Programming Languange တွေကိုအသုံးပြုနိုင်ဖို့ အတွက် Code တွေကိုအရင်လေ့ လာဖို့လိုအပ်ပါတယ်။ Coding ထဲမှာ လေ့လာချင်းအားဖြင့် သင်ဟာ အတွေ့အကြုံတွေ ရပြီးတော့ vulnerabilities တွေကိုလည်း ရှာတွေ့နိုင်မယ်၊ ပြီးတော့ Incident handling ကို နေ့ တိုင်းလိုလို စမ်းသပ်နိုင်ဖို့ အတွက် analysis tools တွေ နဲ့စမ်းသပ် ပြီးတော့လည်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။ သင်ဟာ နေ့စဉ်နေ့တိုင်းမှာ http://www.Google.com ကဲ့သို့သော Search Engine များ ကိုလည်း အသုံးပြု ရှာဖွေပြီးတော့ လေ့လာ စမ်းသပ်မှု့တွေကို ပြုလုပ်နိုင်ပါတယ်။
၁၀။ သင်ဟာ Security Tools တွေကိုအသုံးပြုတတ် ယုံတင်မဟုတ်ပဲ တီထွင်ကြံဆပါ။ အဲ့ ဒီလိုလုပ်တဲ့ အတွက်သင်ဟာ အထွေထွေ ဗဟုသုတ နဲ့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ တိုးလားပြီးတော့ Security ပိုင်းဆိုင်ရာ အဆင့်မြင့်ပညာရှင် တစ်ယောက် ဖြစ်လာနိုင်ပါတယ်။
၁၁။ အဆင့်မြင့် နည်းပညာတွေကို အမီလိုက်နိုင်ဖို့ အတွက် အမြဲကြိုးစားနေပါ။သင်၏ ပညာအရည်အချင်းကို မြင့်မားဖို့ အတွက်ဆိုရင် သင်ဟာ အမြဲတမ်းလိုလို သုတေသန လုပ်ငန်းများနှင့် တီထွင် ဖန်တီးမှု့များကို လုပ်ဆောင်ရန် အလွန် အရေးကြီးပါတယ်။ Security နှင့် ပတ်သက်သော ဗဟုသုတများကို ရှာဖွေပြီး တိုးတက်အောင် လေ့လာနေရပါမယ်။ အဲ့ဒီလို သင်ဟာ လေ့လာမှုတွေ ၊ စမ်းသပ်မှုတွေကို လုပ်နေမယ် ဆိုရင်တော့ သင်၏အရည်အသွေးများ တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာပြီး အဖိုးမဖြတ်နိုင်တဲ့  အတွေ့အကြုံတွေ အများကြီးရပြီးတော့ သင်ဟာကျွမ်းကျင်တဲ့ Security ပညာရှင် တစ်ယောက် ဖြစ်လာနိုင်ပါလိမ့်မယ်။
Comment
linkwithin
Related Posts Plugin for WordPress, Blogger...
Copyright @ 2013 MAUNG RUPER.
Designed by M@UNG RUP3R , င/ရမ