ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။
Thursday, October 31, 2013
facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ကျသူများ ) အတွက်
facebook  မှာ lock ကျနေ တဲ့ မိမိရဲ့ အကောင့် ကို မိမိဘာသာ ပြန် hack ကျမယ်ဗျာ။ လော့ ကျနေတဲ့ အကောင့် တော်တော်များများ အတွက်အသုံးဝင်မှာပါ။ နိုင်ငံခြားမှာနေတဲ့ မိတ်ဆွေ တွေအတွက်တော့  ပြသနာမရှိ ပေးမယ့် မြန်မာပြည်မှာ နေတဲ့ မိတ်ဆွေတွေအ
တွက်ကျတော့  ဖုန်းနံပါတ်တွေ photo တွေပြပြီးရွေးခိုင်းတာမှာတစ်နေတတ်ပါတယ်။ ကဲအခုပြောပြမဲ့ နည်းလမ်းလေး  နဲ့ မိမိ အကောင့် ကိုမိမိပြန် hack ကြည့် ပါ။ေိေိ ဘာဖြစ်လို့ ဒီလို နည်းလမ်းကိုပြောပြရသလဲဆိုတာကတော့   ဒီနည်းလမ်းကိုသိထားခြင်းအားဖြင့်  မိမိကိုယ်မိမိ ကာကွယ် နိုင်သလို security ယိုပေါက်တွေကို မီးမောင်းထိုးပြ ပေးခြင်းသဘောပါ။
အားလုံးအတွက် fair ဖြစ်ပါတယ်။ဟက်ချင်တဲ့ သူလည်း ဟက်ကြပေါ့ ဗျာ ။
ဒီနည်းလမ်းကို 3 trusted friends နည်းလမ်းလို့  ခေါ်လို့ ရပါတယ်။ တကယ်တော့  facebook ကတရားဝင်ခွင့် ပြုထားပါတယ်။ အကောင့် တွေလော့ ကျရင် 3 trused friends နည်းလမ်းနှင့် ပြန်လည်ရယူခြင်းပါ။  hacker တော်တော်အများစုက တော့ ဒီနည်းလမ်းကိုသိပြီးသားပါ။
ကျွန်တော်လည်းပြန်လည်မျှဝေချင်ယုံသက်သက်ပါ။
Email အကောင့်တွေ ဟက်မခံရအောင် 2step နဲ.ကာထားကြမယ်
ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာလေးက မိမိတို.အကောင့်တွေဟက်မခံရအောင် 2step Verificationလုပ်နည်းနဲ. google authenticator အသုံးပြုနည်း ပဲဖြစ်ပါတယ် ဒါကတော့လူတော်တော်များများလဲသိပြီးကြလိမ့်မယ်ထင်ပါတယ် သိပြီးသားလူတွေကတော့ကျော်သွားလိုက်ပေါ့နော်....အသေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာရှင်းပြထားတာလေးကို သေချာလေးဖတ်ပေးပါ .... ဘာ့ကြောင့် 2step ကို အသုံးပြုကြလဲ ဆိုရင် မိမိဖုန်းလက်ထဲမှာမရှိရင် မိမိကိုယ်တိုင်တောင် အကောင့်ကို သုံးဖို.မဖြစ်နိုင်အောင်လုံခြုံမှုရှိပါတယ် ဒါဆိုရင် မိမိအကောင့် ဘယ်လောက်လုံခြုံမှုရှိသွားမလဲ ဆိုတာ ပြောပြနေစရာမလိုတော့ဘူးထင်ပါတယ် ကဲ့စလိုက်ကြရအောင်ဗျာ...
ပထမဆုံး https://accounts.google.com/ ကိုသွားပြီးသင့်အကောင့်ကိုဝင်ပါ။
ဘယ်ဘက်အခြမ်း (၆)ကြောင်းမြောက်က Security tab ကနေ 2-step verification မှ edit ကိုနှိပ်ပါ။
အကောင့် password ပြန်ရိုက်ခိုင်းရင်ထည့်ပေးပြီး see how it works ကိုနှိပ်ပြီး start setup ကိုနှိပ်ပါ။
ဒီအဆင့်မှာ phone no. ထည့်ပေးပြီး Text message(SMS) (or) Voice call   option နှစ်ခုမှာ Voice call ကိုရွေးပြီး send code နှိပ်ပါ။(မြန်မာနိုင်ငံမှာSMSကိုရွေးရင် မက်ဆေ့မပို.ပါဘူး)
သင့်ဖုန်းကို voice call ၀င်လာရင်သေချာမှတ်ပြီးရိုက်ထည့်ပေးပါ။
Next နှိပ်ပြီး confirm နှိပ်ပေးပါ။
What Is Google Authenticator
သင်တစ်ခြားကွန်ပြူတာကနေ သင့်အကောင့်ကို သုံးရမယ့်အခြေအနေမျိုး၊ သင့်ဖုန်းလိုင်းမမိတဲ့အခြေအနေမျိုး၊ Google server တွေအလုပ်များနေတဲ့အခြေအနေမျိုးမှာ Google verification code ကိုသင်မရရှိနိုင်တဲ့အတွက် သင့်အကောင့်ကိုသင်ဝင်လို့ မရနိုင်တော့ပါဘူး။မစိုးရိမ်ပါနဲ့ ။ Googel Authenticator ရှိပါတယ်။ Google Authenticator Application ကို Android Devices,Apple iphone,ipad,ipod touch , BlackBerry Devices တွေမှာသုံးလို့ ရပါတယ်။Google Authenticator Application ကို သင့်ဖုန်းမှာ install လုပ်ပြီးတာနဲ့ Google ကသင့်ဖုန်းကို code ပို့ ပေးမှာမဟုတ်တော့ပါဘူး။Google နဲ့ သင့်ဖုန်းအကြားမှာ ဘာ connection မှရှိစရာမလိုတော့ပါဘူး။ သင့်ဖုန်းက Google Authenticator Application ကို သုံးပြီး verify လုပ်လို့ ရပါပြီ။ Ios device တွေအတွက်တော့ play store ပါသော android ဖုန်းတွေအတွက်က ဒီမှာဒေါင်းပါ play store service မပါသောဖုန်းတွေအတွက်က ဒီမှာ ဒေါင်းယူနိုင်ပါတယ်..iso တွေအတွက်ကတော့ itune မှာရှာဒေါင်းနိုင်ပါတယ် 
Settingup Google Authenticator
2-step verification page ကိုသွားပြီး Mobile application မှာသင့် ဖုန်းအမျိုးအစားရွေးပေးပါ။ Barcode တစ်ခုကျလာပါလိမ့်မယ်။ သင့်ဖုန်းက google authenticator application ကို ဖွင့်ပြီး barcode ကို scan လုပ်ပါ။ Barcode scanner မရှိရင် download ဆွဲခိုင်းပါလိမ့်မယ်။ဆွဲပြီး scan လုပ်လိုက်ပါ။ သင့်ဖုန်းမှာ ကုတ်ကျလာရင်ကွန်ပြူတာမှာရိုက်ထည့်ပေးပြီး verify လုပ်ပြီး save လုပ်ပါ။ ဒါဆိုရင်သင့်ဖုန်းနဲ့  google နဲ့ ချိတ်မိသွားပါပြီ။ အဲဒီအတွက်သင် တစ်ခြားကွန်ပြူတာကနေသင့်အကောင့်ကို ၀င်တိုင်း သင့်ဖုန်းက google authenticator ကနေ ကုတ်ရိုက်ထည့်ရုံပါပဲ။ Google ကသင့်ဖုန်းကို verification code ပို့ စရာမလို တော့ပါဘူး။
How It Works?
Backup Codes
သင့်ဖုန်းလည်း သင့်အနားမှာမရှိတဲ့အချိန်ဆိုရင် Googel Authenticator လည်းသင်သုံးလို့ မရတော့ပါဘူး။ ဒီလို ဆိုရင် သင့်အကောင့်ကို ဘယ်လိုဝင်ရမလဲ? 2-step verification page မှာပဲ printable backup codesမှာShowbackupcodesကိုနှိပ်ပြီးကုတ်တွေကိုသိမ်းထားပြီးသင်ကြိုက်နှစ်သက်ရာကွန်ပြူတာမှာကြိုက်နှစ်သက်ရာ နေရာမှာအသုံးပြုနိုင်ပါတယ် ...............................................အားလုံးပဲအဆင်ပြေပါစေဗျာ
Credit to=>Windows,Internet,Browsers,Social Networks,Softwares
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..http://www.maungruper.blogspot.com/နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ
Google Earth Pro 7.1.2.2041 +Portable (25+28 MB)
Google Earth အသုံးပြုတဲ့သူငယ်ချင်းတွေအတွက် Update လေးတင်ပေးလိုက်ပါတယ်
ဗားရှင်း အသစ်မျာ ဓာတ်ပုံတွေလည်းအရင်ကထက် တော်တော်စုံလာပါတယ်...See Morအပြည့်အစုံသိချင်တယ်ဆိုရင်
Friday, October 25, 2013
Linux တင်သုံးဖို့ လက်တော့ တစ်လုံးဝယ်မယ်
ဘယ် laptop(notebook) ဖြစ်ဖြစ် များသောအားဖြင့် linux တင်လို့ပါတယ်။ အဲဒီတော့ ကွန်ပြူတာကို ဘယ်လိုသုံးမှာလည်း ဆိုတာ အရင် သိဖို့လိုပီးတော့ ဘယ်လိုဟာမျိုးဝယ်ရင် သင့်တော်မလည်း ဆုံးဖြတ်ရမှာပါ။
ဘာသုံးမှာလည်း
ပထမဦးဆုံး ကိုယ်က ဘယ်ရည်ရွယ်ချက် အတွက် စက်ကို သုံးမှာလည်း စဉ်းစားရပါမယ်။ များသောအားဖြင့် တစ်ယောက်တည်းသုံးမယ်ပေါ့။ စာတွေဘာတွေ ရေးဖို့ ဇယားတွေတွက်ဖို့ ချက်ဖို့ office suite လိုမယ်။ အင်တာနက် လျှောက်မွှေဖို့ browser လိုမယ်။ အီးမေးလ် တွေ ဘာတွေ သုံးမယ်။ ချက်တင် တွေ သုံးမယ်။ အဲဒီလောက်ဆိုရင် အလယ်အလတ် လောက်ရှိတဲ့ ကွန်ပြူတာဆို လုံလောက်ပါပြီ။ core i3, RAM 4GB လောက်ပေါ့။ သေသေချာချာ တစ်ခုချင်း စစ်စစ်ပေါက်ပေါက် သိအောင် လုပ်ပြီးမှ ဝယ်မယ်ဆိုရင်တော့ အောက်ပါအချက်တွေကို
သိသင့်ပါတယ်။
ငွေဘယ်လောက်သုံးမလည်း၊
screen size က ကော ဘယ်လောက်လိုချင်လည်း။ (13″ or 15″ or 17″)
ကိုယ်က စက်ကို ဘယ်လိုသုံးချင်လည်း၊ ဥပမာ။ အင်တာနက် ပဲ သုံးမှာလား၊ System Admin လုပ်ဖို့လား၊ software ရေးဖို့လား၊ windows နဲ့ dual boot သုံးအုံးမလား စသည်ဖြင့်ပေါ့။
Battery ကကော ဘယ်လောက်ကြာကြာ သုံးချင်တာလည်း။
ရုပ်ရှင်တွေ ဘာတွေ ကြည့်ဖို့ DVD drive လိုသေးလား ။ ဒါမှ မဟုတ် Blue ray မှာ ဖြစ်မှာလား။
ဂိမ်းစော့ဖို့ ဆိုရင်တော့ အကောင်းစား လိုမှာပါ။ ပြီးတော့ windows နဲ့ dual တင်သင့်ရင် တင်ရပါ့မယ်။ တစ်ချို့ ဂိမ်းတွေက Linux မှာ စော့လို့မရပါဘူး။
နောက်ဆုံးတစ်ချက်ကတော့ ကိုယ်ဘာတွေသုံးနေတာလည်း သိတဲ့ ကွန်ပြူတာ အကြောင်း နားလည်တဲ့သူတစ်ယောက်ကို desktop ကနေ laptop ပြောင်းသုံးရင် အဆင်ပြေမလား မေးသင့်ပါတယ်။
အကြမ်းမျဉ်းအားဖြင့် ကိုယ့်ဘာသာကို ဆုံးဖြတ်ချက် ချမယ်ဆိုရင်တော့ လို့မယ့်အချက်လေးတွေဖော်ပြထားပါတယ်။
Central Processing Unit (CPU)
CPU ဆိုတာကတော့ ကွန်ပြူတာရဲ့ ဦးနှောက်လို့ တင်စားကြပါတယ်။ Linux ကတော့ mobile cpus တော်တော်များများမှာ တင်သုံးလို့ရပါတယ်။ အောက်ဖော်ပြပါ များ ကတော့ mobile cpus များပဲ ဖြစ်ပါတယ်။
Intel Atom
Intel Core 2 Duo
Intel Core i5 Duo
Intel Core i7 Duo or Quad
AMD Athlon 64 Mobile
AMD Turion 64 X2
cpu ရဲ့ အမြန်နှုန်းကတော့ 1.3GHz ကနေ 2.2GHz အတွင်းဆိုရင် အဆင်ပြေလောက်ပါတယ်။ ပြီးတော့ cpu မှာ Cores ဘယ်နှစ်လုံးပါလည်း ဆိုတာလည်း အရေးကြီးပါသေးတယ်။ Cores များလေး အလုပ်များများ လုပ်နိုင်လေပေါ့။ ဥပမာ။ Intel Core 2 Duo ဒါမှ မဟုတ် AMD Turion 64 II (Dual Core) တွေကတော့ နာမည်ကြီး CPU တွေပါ။ ကျွန်တော့် အမြင်ကတော့ အဲဒါတွေဟာ 64 bit Linux distro တွေနဲ့ သင့်တော့မယ့် ဟာတွေပါ။
Video Card and X Server
လက်တော့မှာ အမြင်လှလှလေး နဲ့ အလုပ်လုပ်စေချင်တယ်ဆိုရင် ( not command line only) X windows system ကို သုံးရပါတယ်။ အဲဒီတော့ ဘယ်လို graphic card ကို ရွေးချယ်ရမလည်းဆိုတာလည်း အေ၇းကြီး ပါတယ်။ Graphic card မှာတော့ 3D သုံးလို့ ရတာတွေ 2D ပဲ ရတာတွေ ဒါမှ မဟုတ် ရိုးရိုး distplay ပဲ ပါတာတွေ ရှိပါတယ်။ Nvidia Graphic ကတော့ 3D တွေသုံးနိုင်ပါတယ်။ ATI Graphic ကတော့ Open source driver တွေ ရှိပြီး 3D လည်း ရပါတယ်။ အကောင်းဆုံးကတော့ သူတို့ရဲ့ webiste တွေ သွားပြီး ကိုယ်နဲ့ ဘာဟာဆိုသင့်တော်မလည်း သွားကြည့်ပြီး ဆုံးဖြတ်တာ ကောင်းပါတယ်။
ATI/AMD Linux drivers
Nvidia Linux drivers
Linux Graphics drivers from Intel
Look here at X.org to check
Low End Video Cards
Intel GMA 4500MHD
Intel 945GM
Intel 950 GMA
Intel X3100 GMA
NVIDIA Quadro NVS 160M (256MB)
Mid to High-End Video Cards
ဈေးနှုန်းရော အသုံးပြုလို့ရတဲ့ဟာပါ အလယ်အလတ်တန်းစားတွေပါ။ အဲဒီလောက်ဆို တော်တန်ယုံ 3D video games တွေ သုံးနိုင်ပါတယ်။ Video/Photo editing တွေ လုပ်နိုင်ပါတယ်။
NVIDIA Quadro FX 880M (1024 MB)
NVIDIA Quadro FX 2800M (1024 MB)
NVIDIA Quadro NVS 3100M (256 or 512 MB)
NVIDIA GeForce 9300M GS
NVIDIA GeForce 9300M
Intel GMA X4500 HD
ATI FirePro M7740 (1024 MB)
ATI Radeon HD 3650 (512 MB)
ATI Mobility Radeon HD4650 (1024 MB)
နောက်ဆုံးတစ်ချက်ကတော့ အဲဒီ Graphic card တွေနဲ့ Linux မှာပါတဲ့ X Display နဲ့ ကိုယ်သုံးမယ့် Software တွေ (ရုပ်ရှင်ကြည့်တာတို့၊ တစ်ချို့ opensoure ဂိမ်း တွေ ဆော့ဖို့တို့၊ presentation ဖိုင်တွေဘာတွေ လုပ်ဖို့တို့။ စသည်ဖြင့် ) နဲ့ အိုကေ ရဲ့လား သေချာ ဆန်းစစ် ကြည့်သင့်ပါသေးတယ်။ ကျွန်တော့် အမြင်ကတော့ ရုံးသုံး၊ ကိုယ်ပိုင်သုံး software developer သုံးဆိုရင်တော့ Intel Graphic card နဲ့ တင် အဆင်ပြေပါတယ်။ dota တော့ ခုတ်လို့ရဘူးပေါ့ဗျာ။ ခုတ်ချင်ရင်တော့ အနည်းဆုံး 1GB Graphic လောက်သုံး၊ steam နဲ့ Dota2 ခုတ်လို့ရမယ်။
RAM
RAM (Random Access Memory) က တော့ အလုပ်စားပွဲနဲ့တူပါတယ်။ စားပွဲကြီးရင် stationary တွေ များများ တင်ထားပြီး အလုပ် ခပ်မြန်မြန် လုပ်လို့ရသလိုပဲ။ ကွန်ပြူတာမှာ RAM များတော့ အလုပ်များများ တစ်ပြိုင်နက် လုပ်လို့ရတာပေါ့။ VirtualBox တို့ Photo editing တွေ လုပ်မယ်ဆိုရင် RAM များများ လိုပါတယ်။ 2GB ကနေ 4GB ကတော့ အသင့်တော်ဆုံးပါပဲ။ အခုနောက်ဆုံးပေါ် စက်တွေကတော့ 16GB ထိပါပါတယ်။ Linux မှာ 4GB အထက် RAM ထည့်ထားတယ်ဆိုရင်တော့ PAE ဒါမှမဟုတ် 64Bit kernel ကို အသုံးပြုရပါမယ်။
Hard Disk
Data တွေသိမ်းဖို့ အတွက် ကွန်ပြူတာမှ HDD လိုပါတယ်။ HDD တွေကတော့ များသောအားဖြင့် ဈေးပေါလာပါပြီ။ HDD က rotating platters တွေပေါ်မှာ data တွေကိုသိမ်းတာပါ။ အဲဒီတော့ speed များတဲ့ဟာ ကို ထည့်သင့်ပါတယ်။ 7200rpm ရှိတဲ့ HDD ကတော့ အမြန်ဆုံးပါပဲ။ ဒါမှမဟုတ် SSD(Solid state Drives) လည်း သုံးနိုင်ပါတယ်။ SSD တွေရဲ့ အားသာချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
ရိုးရိုး HDD ထက် speed နှစ်ဆ အနည်းဆုံးမြန်ပါတယ်။
ထက်ပိုမို ပေါ့ပါးပါတယ်။
ပါဝါစား သက်သာပါတယ်။
စက် အဖွင့်အပိတ် မြန်ပါတယ်။
Windows မှာ သုံးသလိုပဲ usb strick တို extra HDD တို့လည်း တပ်သုံးလို့ရပါတယ်။
Optical Disk
Linux မှာလည်း DVDs,Blu ray drive တွေ တပ်လို့ရပါတယ်။ များသောအားဖြင့် DVDs တွေကို data backup လုပ်ဖို့ တို့။ ရုပ်ရှင် သီချင်း DVD တွေ လုပ်ဖို့တို့ သုံးကြပါတယ်။ Linux မှာလည်း DVD burner software ကောင်းကောင်း တွေ ရှိပါတယ်။ bule ray နဲ့မှာ ရုပ်ရှင်ကြည့်ချင်ပါတယ် ဆိုရင်လည်း တပ်ထားလို့ရပါတယ်။ mplayer နောက်ဆုံး version ကတော့ blu ray ရုပ်ရှင်တွေအတွက် သင့်တော်ပါတယ်။ အခြား opensource software တွေလည်း ရှိပါသေးတယ်။
Power Management: Suspend and Hibernate
Linux မှာ AMP ( Advanced Power Management ) and ACPI (Advanced Configuration and Power Interface ) နှစ်မျိုးလုံး သုံးလို့ရပါတယ်။ hibernate ကတော့ လက်ရှိအခြေအနေအတိုင်း disk မှာ သိမ်းထားတာ ဖြစ်ပြီး suspend ကတော့ RAM ပေါ်မှာ သိမ်းထားတာ ဖြစ်ပါတယ်။ hibernat ကတော့ dual boot တင်ထားရင် တစ်ခြား OS တစ်ခုကို ပြောင်းဖွင့်လို့ရပါတယ်။ suspend ကတော့ မရပါဘူး၊ စက်ဖွင့်လိုက်တာနဲ့ ကိုယ် နောက်ဆုံးဖွင့်ထားတဲ့ OS တစ်ခါတည်း တန်းပွင့်လာမှ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ချို့ လက်တော့ တွေမှာ အလုပ်မလုပ်တာတွေ ရှိပါတယ်။
Wireless 802.11
လက်တော့ အများစုကတော့ on-board 802.11 (a/b/g/N) wireless cards ပါပါတယ်။ ဘယ်ကဒ် တွေက Linux မှာ အလုပ်လုပ် သလဲ google မှာ ရှာသင့်ပါတယ်။ ဒါမှမဟုတ်လည်း ဒီနေရာ မှာ သွားကြည့်နိုင်ပါတယ်။
Biometric Fingerprint Scanner
လုံခြုံရေးအတွက် အရေးကြီးတယ်ဆိုရင်တော့ ”Biometric Fingerprint Scanner” လိုဟာမျိုးလိုလာပါပြီ။ Linux မှာ တော့ KDM,GDM တို့က fingerprint reader တွေ အတွက် အလုပ်လုပ်ပါတယ်။ အောက်ဖော်ပြပါတို့ကတော့ fingerprint ပါတဲ့ လူသိများတဲ့ လက်တော့ အမျိုးအစား ဖြစ်ပါတယ်။
IBM ThinkPad T and X series selected models (see list of supported devices)
Dell Latitude selected models
HP Pavilion (selected model)
အောက်ပါလင့် များကတော့ linux fingerprint နဲ့ ပက်သက်လို့ သိသင့်တဲ့ အချက်တွေပါ။
The fprint project aims to plug a gap in the Linux desktop: support for consumer fingerprint reader devices.
Fedora project wiki page describing supported devices and software for fingerprint devices.
Fn key (BlueKey) Support
Function key ကတော့ လက်တော့ တွေအတွက် အထူး ထည့်ပေးထားတဲ့ keyboard ခလုပ်တွေပါ။ များသောအားဖြင့် အပြာရောင် ဖြစ်တတ်ပါတယ်။ Fn နဲ့ အပြာရောင် စာပါတဲ့ ခလုပ်နဲ့ တွဲနိုပ်ရင် အထူး လုပ်ဆောင်ချက် တွေ လုပ်ပါတယ်။ ဥပမာ၊ Fn + F11 အသံတိုးတာ Fn + F12 အသံကျယ်တာ စသည်ဖြင့်ပေါ့။ Dell နဲ့ IBM လက်တော့ တွေကတော့ များသောအားဖြင့် Fn key တွေ ပါပါတယ်။
Ports
အော်ဖော်ပြပါတို့ကတော့ များသောအားဖြင့် လက်တော့တွေဘေးမှာ ပါတဲ့အပေါက်တွေပါ။
USB - external hard disk, pen, mouse, keyboard and တစ်ခြား လိုအပ်တာတွေ ထိုးဖို့ အပေါက်။
FireWire - လူသုံးနည်းပါတယ်။ Linux မှာ သုံးလို့ ရဖို့ အတွက် software တွေ ထပ်တင်ဖို့ လိုပါမယ်။ Zip drives, hard drives, and CDRW/DVD drives တွေသုံးလို့ရပါ့မယ်။ ရှိသမျတွေ အကုန်သုံးလို့ရဖို့အတွက်တော့ မဖြစ်နိုင်သေးပါဘူး။ Firwire အကြောင်း ထပ်သိချင်သေးတယ်ဆိုရင် wiki မှာ ကြည့်နိုင်ပါတယ်။
eSATA - နဲ့ external hard disks တပ်သုံးမယ်ဆိုရင် usb တို FireWire တို့နဲ့ တပ်သုံးတာထက် မြန်ပါတယ်။ တစ်ချို့ စက်တွေမှာ အလုပ်လုပ်ပြီး တစ်ချို့ စက်တွေ မှာ အလုပ်မလုပ်ပါဘူး။ Dell နောက်ဆုံးထွက် တွေမှာတော့ ပါတတ်ပါတယ်။
Sound
On board sound card အများစုကတော့ Linux နဲ့ ကောင်းကောင်း အလုပ်လုပ်ပါတယ်။ .mp3, .wav, .ogg နဲ့ အခြား တော်တော် များများ သီချင်းဖိုင်တွေကို Linux နဲ့ ဖွင့်ဖို့အတွက် အဆင်ပြေပါတယ်။
Docking Station (Port Replicator)
A Docking station and port replicator ကတော့ ကွန်ပြူတာနဲ့ ဆက်စပ် နေတဲ့ စက်တွေ ထပ်တပ်နိုင်ဖို့ပါ။ ဥပမာ desktop monitor, keyboard, printer, mouse, Palm Pilot စသည်တို့ ထပ်တပ်တာမျုးကို ဆိုလိုတာပါ။ docking station တော်တော်များများကတော့ Linux မှာ အလုပ်လုပ်လို့ ရပါတယ်။
Ethernet (NIC)
နက်ဝက်ကြိုး ထိုးတဲ့ အပေါက်ပါ။ တော်တော်များများ လက်တော့တွေက Intel and Broadcom (tg3) Ethernet cards ကို သုံးကြပါတယ်။ Linux ကလည်း ကောင်းကောင်းသိပါတယ်။ ဘာလိုဟာတွေကို Linux ကသိသလဲ လို့ဒီမှာ ကြည့်နိုင်ပါတယ်။
ို
Tip: Test Your Laptop With Linux (Try Before You Buy)
Show room ကိုသွား Linux Live CD (such asKnoppix or Ubuntu or Fedora ) တစ်ခုခုယူသွား၊ ပြီးတော့ ကိုယ်ဝယ်မယ့်စက်မှာ ထည့်စမ်းကြည့်။ boot တက်ကြည့်မယ်။ X windows တက်လားကြည့်မယ်။ wilreless ဒါမှ မဟုတ် နက်ဝက်ကြိုးနဲ့ Internet ချိတ်ကြည့်မယ်။ အကုန်အလုပ်လုပ်တယ်ဆို ဝယ်လာလိုက်ယုံပဲပေါ့။
Recommend Linux Distribution
Ubuntu, Linux Mint အိမ်သုံး တစ်ကိုယ်ရည်သုံး၊
Debian Web Developer, Opensource Software Developer (Qt C++, Qt Python. etc) သုံးဖို့ သင့်တော်ပါတယ်။
Linux အကြောင်း နှိုက်နှိုက်ချွတ်ချွတ် လေ့လာချင်ရင် Arch, Gentoo သင့်တော်ပါတယ်။
Linux Laptop Vendors
ကဲ. အခု ဘယ်လို ရွေးမလည်း သိပြီ။ အဓိက အကျဆုံးကတော့ wireless,video card, Ethernet card ပါပဲ။ အောက်ဖော်ပြပါတို့ကတော့ Linux အသင့်ပါပြီးသား လက်တော့ ရောင်းတဲ့ brand တွေပါပဲ။
Dell sales Ubuntu Laptop in USA, Canada, UK, France, Germany, Spain and Latin America. (See official Ubuntu page). Dell India also sales high end Redhat Linux based laptop for business use.
HCL provides Ubuntu / Redhat / Fedora Linux based laptop in India.
Acer India provide Aspire series Linux based laptop in India.
HP Novell / Suse Linux certification and support matrix for HP laptops.
Asus Linux based eeepc netbooks in USA, India, UK, and various other places across the globe.
EmperorLinux provides Linux laptops with full hardware support under Linux in USA.
LinuxCertified provide Linux laptop and support in USA.
Linuxemporium provide Linux laptop and support in UK.
System76 provides Ubuntu Linux laptop and support in USA and Canada.
Zareason provides Ubuntu Linux laptop in USA, but claims to ship to many other places across the globe.
By ဆြာပလိတ်
Tuesday, October 22, 2013
Wifi ကို ၀ှက်ထား ခြင်း
ခေါင်းစဉ် ကို ကြည့် ပြီးတော့ လဲ အထင် မကြီး ပါနဲ့ ဗျာ
တကယ် တော့ ကျွန်တော် လဲ ဘာ မှ သိတာ မဟုတ်ဘူးရယ်
ဒါပေမဲ့ ကျွန်တော် သိသလောက်လေး ပြန်ပြီးတော့ ဝေ မျှတာ ပါ
ဘာတွေ ကောင်း လဲ ဆိုတာတော့   ကို ရဲ့ လိုင်း ကို သူများတွေ ရုတ်တရက် အလွယ်တကူ မသိနိုင် ဘူး ပေါ့ ဗျာ ... ဒီ ထက် ကောင်းတာ တွေ လဲ ရှိမှာပါ                    
အရင်ဆုံး ကိုရဲ့ Router Setting ထဲ ကို ၀င် ဖို့ သက်ဆိုင်ရာ
Ip address ကို ရိုက်လိုက်ပါ
Default ip address ကတော့  (192.168.1.1) ပါ
ဒါပေမဲ့ ကို ပြောင်း ထား ရင် ပြောင်း ထား သလို ဖြစ် နေမှာပါ
အဲ့ဒီလို ip ရိုက် ပြီးရင် သက်ဆိုင်ရာ 
User name
Password ကို ရိုက်ပြီးတော့ ၀င်လိုက်ပါ
အဲ့တာ ဆိုရင် …… ကျွန်တော် တို့ Router Setting ထဲ ကို ရောက်ပါပြီ …. အဲ့ဒီ ထဲ က မှ ….. ကျွန်တော် တို့  wireless ထဲ ကို ၀င်လိုက်ပါ 
အဲ့ဒီ မှာ Hide access Point (or) Hide acc ….. စ သည် ဖြင့် ရှိ ပါတယ် ….. 
အဲ့တာ လေး ကို အမှန် ခြစ်ပြီးတော့ ……. Apply (or) Save လုပ် ပေးလိုက် ပါ
အဲ့တာ ဆိုရင် ရပါ ပြီ ……
ကဲ အဆင် ပြေ ကျ ပါ စေ ဗျာ ........ 
ကျွန်တော် တော့ ဆက်ပြီးတော့ အပျင်း ထူလိုက် ပါ အုံးမယ် ..... :) :) 
Monday, October 21, 2013
Bagan keyboard pro211.crack ကြိုက်တာထည်.active ဖြစ်တယ်
မင်္ဂလာပါဗျာ....ကျွန်တော်ဒီနေ.တင်ပေးချင်တာကတော့ Bagan keyboard pro crack version လေးပဲဖြစ်ပါတယ် အမှန်တိုင်းပြောရရင် ကျွန်တော် ဒီနေ.အထိ frozen keyboard ပဲသုံးခဲ့တာကြောင့် ပုဂံအကြောင်းသိပ်မသိပါဘူး ဒီကောင်လေးကိုအခုမှစသုံးဖြစ်တာပါ တော်တော်အဆင်ပြေပါတယ်
ဒါလေးကိုတော့ အကိုတစ်ယောက်က လက်ဆောင်လာပေးထားတာပါ ဘယ်သူ crack ထားလဲဆိုတာတော့မမေးလိုက်မိလို. သက်ဆိုင်သူအား credit ပေးပါတယ်ဗျာ ခွင့်လွှတ်ပါ ကျွန်တော်တို.လဲကိုယ်ကြိုးမဖက်ပဲဝေမျှခြင်းသာဖြစ်ပါတယ်....ကဲ့စလိုက်ရအောင်ဗျာ အောက်မှာပေးထားတဲ့ ဒေါင်းလင့်ထဲက အဆင်ပြေတဲ့လင့်မှာအရင်ဒေါင်းပါ ပြီးသွားရင်တော့ မိမိဖုန်းမှာ install လုပ်ပါ ပြီးသွားရင်တော့ active ဖြစ်ဖို.အတွက် ဖုန်းမှာအင်တာနက်လိုင်းရှိဖို.တော့လိုပါတယ် internet ဖွင့်လိုက်ပါ ပြီးရင် Bagan keyboard လေးဖွင့်လိုက်ပါ အောက်ကပုံလေးလို အနီနဲ.၀ိုင်းထားတာကို နှိပ်လိုက်ပါ 
ဒါဆို code တောင်းပါပြီ ဘယ်လိုလုပ်မလဲ ကဲ့ကိုယ်ကြိုက်တဲ့ ဂဏန်းသာရိုက်ပလိုက်ဗျာ အိုကေသွားမယ် key ကြိုက်တာထည်. အဆင်ပြေတယ် အိုကေပြီဆိုရင်တော့ အောက်ကပုံလေးလို ဖြစ်သွားမယ် 
တကယ်လေးစားဖို.ကောင်းပါတယ် ကြိုက်တာထည်.လို.ရအောင် crack ပေးထားတာပါ လန်ထွက်နေတာပဲဗျာ.... ကျွန်တော်လက်ရှိကိုင်နေတဲ့ android version 4.1 ကတော့မြန်မာစာမှန် ပြီးစိတ်ချမ်းသာသွားပါပြီ ......ကျွန်တော့လိုပဲ စိတ်ချမ်းသာချင်ရင်တော့အောက်မှာသာဒေါင်းသွားလိုက်ဗျာ အားလုံးပဲအဆင်ပြေပါစေဗျာ.........
Download Now =>Link 1 / Link 2
Sunday, October 20, 2013
အသုံးဝင်ပြီးလူသုံးများတဲ့ android-app များ
မင်္ဂလာပါအားလုံး ။ကျွန်တော်အိုင်တီပင်လုံသားပါ ။
ဒီနေ့ ကျွန်တော်အသုံးဝင်ပြီးလူသုံးများတဲ့ apps တွေတင်ပေးလိုက်ပါတယ် ။ apps တွေအားလုံးကို
zip ဖိုင်ချုံ့ပြီးတင်ပေးလိုက်ပါတယ် ။ ဟိုနားရှာဒီနားရှာ မလုပ်ရတော့ဝူးပေါ့ဗျာ။ 
ဖိုင်ဆိုဒ်လည်းသိပ်မကြီးပါဝူး ၃၀ MB လောက်ပါပဲ၊ :D
ဖိုင်ထဲမှာအောက်က apps တွေပါဝင်မှာဖြစ်ပါတယ်။
Apollo Music Player
Appsaver
Cute Babies Kiss
Engry Bird
Facebook Messanger
Grab Me if you can
Hoc not nhac
Jamendo music player
Magic headphones
Movietube free full-movies
Nina agdal
Ocean setting sun live wallpaper
Paddle bounce
Photo effects professional
Prince of persia
Satellite check
Scientific calculator
Secret boudoir
Slide pencil
Tomb Rider
Tomb Rider 2
Smart diary
Skpye
Streaming movies
Subtitle searcher
Tic tac toe
Tom and jerry cartoons
Top music videos hd
TDP Downloader
Viper
Wifi hacker
World fastest clicker
Saturday, October 19, 2013
ကွန်ပျူတာ ကို Shutdown လုပ်တာ ... ကို မြန်ချင်ရင် ဒီလိုလေး လုပ်လို့ ရပါတယ်
အရင်ဆုံး ကို Window Key + R ကို နိုပ် ပြီးတော့ ....
Regedit လို့  ရိုက်လိုက်ပါ ... ပြီးရင် အောက်က အတိုင်း သေသေချာချာ သွား ပြီးတော့ ကိန်းဂဏန်းလေး တစ်ချို့ ကို ပြောင်း ပေးလိုက် ပါ
HKEY_CURRENT_USER\Control Panel\Desktop ထိရောက် အောင် သွား ပါ
ပြီးရင် AutoEndTasks ရဲ့ တန်ဖိုး ကို 1 လို့ ပြောင်းလိုက်ပါ ....
နောက်ပြီးတော့ HungAppTimeout မှာ 100 လို့ ပြောင်းပေးလိုက် ပါ
နောက်ပြီး WaitToKillAppTimeout မှာ 100 လို့ ပြောင်းပေးပါ
ပြီးရင် ControlSet002\Control ကို လည်း အဲ့ဒီလို ထက် ပြီးတော့ ပြောင်း ပေးလိုက်ပါ
တချို့ စက်တွေ ကတော့ ControlSet003 ထိ ပါတတ်ပါတယ် .... အဲ့ဒီလို ပဲ ပြောင်းလိုက်ပါ
ပြီးရင်တော့ Shutdown လေး ပေးလိုက်ပါ .... မထင် မှတ်လောက် အောင် မြန်နေတာ ကို တွေ့ မှာ ပါ ..... :)
WinMend System Doctor 1.6.4 (Full Version)
Intelligent Scan Engine:
In WinMend System Doctor is integrated with the latest scan engine that can perfectly detect system vulnerabilities in Windows, vulnerabilities in third-party applications and proper conservation tasks , and it can help users fix problems found . It simplifies user operation, and helps you solve security problems more quickly and unmatched.
Unique ( rating ) system safety:
WinMend System Doctor can rate the operating system for you to see the status of the system more visually.
A comprehensive and detailed report on safety:
WinMend System Doctor will vseobyatnoy safety report stating all the details about each vulnerability and potential threats in your system so that you can understand the problem of safety in the system, and how to remove them with improved clarity .
Expert System Scan:
It scans potential security threats in the system , such as shared resources , the advantage of user management , remote control, etc., which can be simply used by malicious programs ( or hackers ) , and can guide you through the steps to fix vulnerabilities and eliminate security risks in the system
AusLogics BoostSpeed 6.3.2.0 (Full Version)
AusLogics BoostSpeed – the ideal solution to keep your PC running faster, cleaner and error-free. This powerful optimization suite will boost Internet connections, tweak Windows to its peak performance, clean registry and block annoying ads. It’s a great way to keep your computer clean and optimized.Speed Up PC With.
Speed Up PC With BoostSpeed:
Modify Windows settings, file system and services to greatly increase system performance. Increase startup and shutdown speed, disable annoying CD autorun and error reporting features. BoostSpeed will keep monitoring your system for possible optimizations and let you know if such optimizations are possible. You can also run the System Optimization Wizard to periodically optimize your PC.
Speed Up Internet:
Adjust your PC for faster images, music and software downloads, increased browsing speed and reliable Internet connections. View your download speed and graphs. To gain additional performance boost you can also turn on DNS Optimization.
Block Banner Advertisements:
Tired of annoying banner advertisements accompanying many web sites? Now you can eliminate advertisements and also speed up your Internet browsing with BoostSpeed Banner Killer! You can add your own web sites to the black list to block them from showing their advertisements.
Keep Disk and Registry Clean:
Get rid of junk on the disks and registry of your PC. Remove hazardous and space-wasting files left by untidy programs and crashes of your system. Dramatically increase the performance of your PC by cleaning, optimizing and defragmenting local disks and registry.
Optimize Memory and Appearance:
Badly written applications constantly steal memory without giving it back. That’s why your PC becomes unstable with time and you have to reboot. BoostSpeed automatically frees up computer memory to gain additional performance boost. You can also manually recover memory and clipboard.
Keep your PC fast and safe:
BoostSpeed will detect most of the popular “PC-slowers” – bundle-software (such as eDonkey or Kazaa) which silently download malware and spyware to your computer, taking up internet traffic and slowing down the system. This will also keep your system safe from prying eyes of spyware programs.
Boost Software Products:
BoostSpeed can improve performance of different software products, including Microsoft Office, Internet browsers (such as Internet Explorer, Opera, Mozzila), E-mail clients (Outlook, The Bat), MSN Messenger, ICQ, Media Player and others.
System Optimization Tools:
Greatly increase your PC startup speed with Autorun Manager, where you can disable or remove the programs which try to load up when Windows starts up. Force-uninstall unwanted software products which take up space on your computer and slow it down.
Networks Tools:
Keep your connection alive while you’re away, synchronize your computer clock with atomic clock over the Internet, lookup domain names and IP addresses, measure your Internet connection speed. Troubleshoot and improve your Internet connection and local network with an excellent selection of network management tools.
A-PDF_Scan_Paper_4.2
မင်္ဂလာပါဗျာ ကျွန်တော်အခုတင်ပေးမဲ့ ဆော့ဝဲလ်လေးကတော့ a pdf scan paper လေးပါ.....
A-PDF Scan Paper  ဟာ ခင်ဗျားရဲ့စာရွတ်တွေကို scan ဖတ်ပေးမယ် စီစဉ်ပေးမယ့် ဆော့လ်ဝဲလ်တစ်ခုပေါ့
PDF file ကိုနော်scan  ဖတ်မယ် ဆိုတာကစီစဉ်ပေးမယ်ဆိုတာကတော့
ဥပမာ စာရွတ်တွေမညီတာမျိုးသူကညိပေးမယ်ပြင်ပေးမယ်ပေါ့
ပြီးတော့ အဲ့ဒီဆော့လ်ဝဲဟာဆေးဘက်ဆိုင်ရှာ မှတ်တမ်းလုပ်ဖို့ အတွက်အသုံးပြုတယ်လေrecord app တစ်ခုပေါ့ဟီး
လုပ်နိုင်တာတွေကများကြီးပဲ
ဘဏ်စက်ရုံတွေမှာ
management ကိုလည်းစစ်ဆေးပေးတယ်တဲ့
ခုနကပြောသွားတာတွေက သူ့ကိုသုံးလေ့ရှိတဲ့နေ၇ာတွေပေါ့
ခုပြောမှာကတော့ သူ့၇ဲ့featuresတွေပါ
သူ့ features တွေကတော့
စက်ထဲမှာရှိတဲ့ PDF file  ဖိုင်တွေကို GUI မှာ
Tree Views လိုပုံစံနဲ့ကြည့်နိုင်မှာပါ
ဥပမာ သူကစီစဉ်ပေးမှာပေါ့  ၁ ၂ ၃ လေး အစဉ်လိုက်ပေါ့
နာမည်ဆိုလည်း အေ ဘီ စီအဲ့လိုမျိုးပေါ့လေဟယ်
စာတမ်းတွေကို scan ဖတ်ပေးမယ် ပုံတွေ import လုပ်လို့ရမယ်ပေါ့
PDF file ဆိုဒ်ကို export လုပ်၇င်
ကောင်းကောင်း controal လုပ်လို့ရမယ်
အကြီးအသေး
လားအရေအသွေးကောင်းကောင်းလေးလား
အဲ့လိုပေါ့
ကောင်းကောင်းချိန်လို့ရမယ်
PDF file က အချက်အလက်တွေကို CSV report အဖြစ်လည်း export လုပ်နိုင်မယ်
ဒါတွေပါပဲခင်ဗျား........ လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါပြီ
                                               >>>Download Now<<<
Malwarebytes apk for Android
မင်္ဂလာပါဗျာ....ကျွန်တော်လဲပို.စ်တွေမတင်ဖြစ်တာ ကြာပြီ အလုပ်တစ်ဖက်နဲ.ဆိုတော့ရတဲ့အချိန်လေး ကိုဖဲ့ဖဲ့ လုပ်နေရလို.ပါ စလုပ်ထဲက လဲ ဖြည်းဖြည်းခြင်းပဲသွားမယ်လို.စိတ်ကူးထားပေမဲ့ လူများများဝင်လာလေ အားနာပြီး ပို.စ်တွေတင်ဖြစ်လေဖြစ်နေတာပါ ဟီးးးးးး ဒီရက်ပိုင်းတော့အားနာဖို.အချိန် တောင်မရှိလို. ဘာပို.စ်မှမတင်နိုင်တာ ခွင့်လွှတ်ကြပါ...ပွားတာများသွားပြန်ပြီ ကျွန်တော်ဒီနေ.တင်ပေးချင်တာက Malwarebytes ချစ်သူများအတွက် android ဖုန်းမှာအသုံးပြုနိုင်အောင် ရှာပေးထားတာပါ ထွက်တာတော့ကြာပြီဖြစ်ပေမဲ့ share ထားတာသိပ်မတွေ.သေးပါဘူး ....ကျွန်တော်စမ်းသုံးကြည်.သလောက်တော့အဆင်ပြေပါတယ် broswer အလုပ်လုပ်ပြီဆိုတာနဲ. ဘယ်link ၀င်ဝင် စစ်ပေးတော့တာပဲဗျာ လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါပြီ ကွန်ပြူတာမှာမရှိသေးသူများလဲ စိတ်ဝင်စားရင် ဒီလင့်မှာ လေ့လာရယူနိုင်ပါတယ်...........အားလုံးပဲအဆင်ပြေပါစေဗျာ
Download=> solidfiles မှဒေါင်းရန် / dropbox မှဒေါင်းရန်
Text to Speech Maker Full with Serial Key
Software
  • ဆော့ဝဲလေး တစ်ခုမျှဝေပေးလိုက်ပါတယ်ခင်ဗျာ..။ ဒီကောင်းလေးက ဘာအတွက်သုံးလဲဆိုတော့ Text ဖိုင်တွေကို အသံထွက်ဖတ်ပေးတဲ့ Software လေးပဲ ဖြစ်ပါတယ် ခင်ဗျာ...။ ဒေါင်းလော့ ဖိုင်ဆိုဒ်ကလဲ 8 MB ကျော်ကျော်လေးပဲ ရှိပါတယ်။ 
  • ဘာအတွက် အထောက်အကူ ဖြစ်စေလဲ ဆိုရင်တော့ English Language ကို လေ့လာနေသူ ကျောင်းသား ကျောင်းသူများအတွက် တော့ အထူးကောင်းမွန်ပါတယ်။ Sentence တစ်ကြောင်း ရဲ့ အသံထွက် ကို မှန်မှန် ကန်ကန် လေး လေ့လာ မှတ်သားနိုင်သလို စာပိုဒ်တစ်ခုလုံးကိုလဲ အသံထွက် ဖတ်ခိုင်းပြီး မှန်ကန်သော pronunciation ကို အသေးစိတ် လေ့လာမှတ်သားနိုင်တာကြောင့် အင်္ဂလိပ်ဘာသာစကားကို လေ့လာ လိုက်စာသူတိုင်း ဆောင်ထားသင့်တဲ့ ဆော့ဝဲလ်ကောင်းလေး ဖြစ်ပါတယ်ခင်ဗျာ။
  • Full Version  အဖြစ် အမြဲ အသုံးပြုနိုင်အောင် Key လေးပါ ထည့်ပေးထားပါတယ် ခင်ဗျာ။
  • အောက်မှာ ပေးထားသော Software လေးအကို အရင်ဒေါင်းလိုက်ပါ. ..။
  •  ပြီးရင်တော့ rar ဖိုင်ကို ဖြည်လိုက်ပါ...။ Software ကို ကွန်ပူတာမှာ Install လုပ်ပါ..။ Rar ဖိုင်တွင် ပါသော Key အကို အသုံးပြုပြီး License ဗားရှင်းလေး အဖြစ်လုပ်လိုက်ပါ။ အမြဲတမ်း အသုံးပြုလို့ ရပါပြီ။ အဆင်ပြေပါစေ ခင်ဗျာ။ ဆက်လက်မျှဝေပါဦးမယ်..။
ဒေါင်းလော့လင့်
Kingo Root for PC
Android Root
  • မြန်မာတွင် အသုံးအများဆုံးဖုန်းများနှင့် အခြား ဖုန်းအမျိုးပေါင်း များစွာ ကို One click root လို့ ရတဲ့ Pc Software လေးဖြစ်ပါတယ်။ ဖုန်းပြင်တဲ့ ဆားဗစ် သမားများနှင့် မိမိကိုယ်တိုင် ကလိချင်သူများ ဆောင်ထားသင့်တဲ့ ဆော့ဝဲလေး ဖြစ်တာကြောင့် ပြန်လည်မျှဝေလိုက်ပါတယ်ခင်ဗျာ။ 
  • Software လေးကို အရင်ဒေါင်းလိုက်ပါ ။ ဖိုင်ဆိုဒ်ကတော့ 22.60 MB ပဲ ရှိပါတယ်။ Software ကို ကွန်ပူတာမှာ Install လုပ်ပါ။
  • ဖုန်းမှာ usb debugging ဖွင့်ထားပါ။ ဖုန်းနှင့် ကွန်ပူတာကို USB ကြိုးဖြင့် ချိတ်ဆက်ပါ။ 
  • အားလုံးပြင်ဆင်ပြီးရင်တော့ မိမိ၏ စက်ရုပ်ဖုန်းလေးကို Root လို ရပါပြီ။
  • Root လို့ ရတဲ့ ဖုန်းအမျိုးအစားများကို ဒီမှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ..။
ဒေါင်းလော့လင့်
Friday, October 18, 2013
Adobe Photoshop CC 14.1.2 Final RePack
Photoshop
Adobe Photoshop cc ဗာရှင်း 14 နောက်ဆုံထွက် ဗားရှင်းလေးဖြစ်ပါတယ်...။ 1GB ကျော်သော ဖိုင်ဆိုဒ်ရှိသော ဖိုင်အား ပြန်လည် Retail လုပ်ထားပြီး အက်တစ်ဖြစ်ပြီးသားလေးဖြစ်ပါတယ်။ Repack ဖိုင်ဆိုဒ်ကတော့ 300 MB ကျော်ကျော် လေး ပဲ ရှိပါတယ်။ ဓါတ်ပုံပြင်သူ သူငယ်ချင်းများ အကြိုက်တွေမယ်လို့ မျှော်လင့်ပါတယ်။ 32 ရော 64 ပါ အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
window အတွက် ဖြစ်ပါတယ် .Mac အသုံးပြုများအတွက်တော့ ဆက်လက်တင်ပေးသွားပါမယ်ခင်ဗျာ
PHOTOSHOP CC SYSTEM REQUIREMENTS
Windows
Intel® Pentium® 4 or AMD Athlon® 64 processor (2 GHz or faster)
Microsoft® Windows® 7 with Service Pack 1, Windows 8, or Windows 8.1
1 GB of RAM
2.5 GB of available hard-disk space for installation; additional free space required during installation (cannot install on removable flash storage devices)
1024 x 768 display (1280 x 800 recommended) with OpenGL® 2.0, 16-bit color, and 512 MB of VRAM (1 GB recommended)*
Internet connection and registration are necessary for required software activation, membership validation, and access to online services.†
rar password
ဒေါင်းလော့လင့်
Wednesday, October 16, 2013
Adobe Acrobat XI Pro ( Full Version )
PDF ဖိုင်တွေကိုဖန်တီးမယ်။
ဒါမှမဟုတ်မိမိကြိုက်ရာပုံစံကိုပြန်ပြောင်းယူမယ်။
ပြီးတော့ PDF တွေကို Word or Excel ကိုပြောင်းမယ်။
တကယ့်ကိုနည်းပညာသမားတွေအတွက်အသုံးဝင်ပြီး
စိတ်ချလွယ်ကူတဲ့ဆော့ဝဲပါ
နောက်ဆုံးထွက်ဗားရှင်းပါ
ဒေါ်လာ ၅၀၀ လောက်တန်ပါတယ်
လောလောဆယ်ဟက်လိုက်ပါပြီ
အင်စတောလုပ်နည်းအသေးစိတ်ကတော့...
၁။ trial Version ကိုဒီကနေဒေါင်းပါ
http://www.adobe.com/products/acrobatpro.html
ကျနော်ဒေါင်းပြီးသားကိုပြန်တင်ပြီးပါပြီ
ဒီမှာဒေါင်းပါ
၂။သင့်မှာ Adobe Account တခုတော့လုပ်ရပါမယ်။
Sign in လုပ်ဖို့လိုလို့ပါ။
၃။crack file ကို  ဒီမှာ  ဒေါင်းပါ။
၎။အရင်ဆုံးဒေါင်းထားတဲ့ Adobe Acrobat XI Pro ကို
Trial အနေနဲ့အင်စတောလုပ်ပါ။ ပြီးလျှင် Run ပါ။
မိမိ၏ Adobe Account နဲ့ Trail 30 days သုံးရန်
Activate လုပ်ပါ။ခရက်ထဲ့ရန် Exit လုပ်ပေးပါ။
၅။ပြီးလျှင်ကျနော်တင်ပေးထားသောခရက်ဖိုင်ကို
program file>>adobe>> adobe11.0 >> acrobat
မှာပေ့စ်လုပ်ပေးပါ။ရီစတတ်ချပေးပါ။
အောင်မြင်စွာဖြင့်သင်ဟာ
Adobe Acrobat XI Pro ( Full Version )
ကိုပိုင်ဆိုင်ပါပြီ။
အဆင်ပြေကြပါစေဗျား...
Credit & Post by ဦးအောင်သန်းဦး
Tuesday, October 15, 2013
အချက် ၉ ချက်နဲ့ သင့်ဖေ့ဘုတ်ကိုလုံခြုံအောင်လုပ်ကြမယ်
(9 Ways To Keep Hackers off Your Facebook Account)
မင်္ဂလာပါဗျာ ဒီနေ.စာအုပ်လေးတစ်အုပ်တင်ပေးချင်ပါတယ် facebook user တိုင်းဖတ်ထားသင့်တဲ့စာအုပ်လေးပါ မိမိတို.အကောင့်လုံခြုံရေးသည်မိမိနဲ.ပဲသက်ဆိုင်တဲ့အတွက် လေ့လာကြည်.စေချင်ပါတယ် ဒါလေးကိုတော့ ကျွန်တော့ရဲ.ဦးလေးဆရာ ဦးအောင်သန်းဦးဆီက ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ပထမ အချက်ကို လေ့လာပြီး လိုအပ်မယ်ထင်ရင်တော့ဒေါင်းသွားလိုက်ပါကြည်.လိုက်ရအောင်ဗျာ..
1. Create Strong Password
Chances are,
you already have your password created for Facebook however it is advisable for you to make sure your Facebook password is one of a kind and different from your other online accounts e.g. email, blog, hosting etc.
သင့်မှာဖေ့ဘုတ်အတွက်ပတ်စပ်တခုကိုပေးထားပြီးသားဖြစ်နေပါမယ်။တကယ်တော့ဤပတ်စဝပ်ဟာအခြားသောအွန်းလိုင်းအကောင့်တွေမှာသုံးတာနဲ့မတူပါစေနဲ့။
To change your password, go to Account Settings > General > Password.The best passwords would have the combination of small and capital letters, numbers and symbols.
အကောင်းဆုံးသောပတ်စဝပ်ကတော့စာလုံးအကြီး၊အသေး၊နံပါတ်များနဲ့အမှတ်အသားတချို့ကိုပူးတွဲရေးသားထားခြင်းဖြစ်ပါတယ်။
Monday, October 14, 2013
Email အကောင့်တွေ ဟက်မခံရအောင် 2step နဲ.ကာထားကြမယ်
ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာလေးက မိမိတို.အကောင့်တွေဟက်မခံရအောင် 2step Verificationလုပ်နည်းနဲ. google authenticator အသုံးပြုနည်း ပဲဖြစ်ပါတယ် ဒါကတော့လူတော်တော်များများလဲသိပြီးကြလိမ့်မယ်ထင်ပါတယ် သိပြီးသားလူတွေကတော့ကျော်သွားလိုက်ပေါ့နော်....အသေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာရှင်းပြထားတာလေးကို သေချာလေးဖတ်ပေးပါ .... ဘာ့ကြောင့် 2step ကို အသုံးပြုကြလဲ ဆိုရင် မိမိဖုန်းလက်ထဲမှာမရှိရင် မိမိကိုယ်တိုင်တောင် အကောင့်ကို သုံးဖို.မဖြစ်နိုင်အောင်လုံခြုံမှုရှိပါတယ် ဒါဆိုရင် မိမိအကောင့် ဘယ်လောက်လုံခြုံမှုရှိသွားမလဲ ဆိုတာ ပြောပြနေစရာမလိုတော့ဘူးထင်ပါတယ် ကဲ့စလိုက်ကြရအောင်ဗျာ...
ပထမဆုံး https://accounts.google.com/ ကိုသွားပြီးသင့်အကောင့်ကိုဝင်ပါ။
ဘယ်ဘက်အခြမ်း (၆)ကြောင်းမြောက်က Security tab ကနေ 2-step verification မှ edit ကိုနှိပ်ပါ။
အကောင့် password ပြန်ရိုက်ခိုင်းရင်ထည့်ပေးပြီး see how it works ကိုနှိပ်ပြီး start setup ကိုနှိပ်ပါ။
ဒီအဆင့်မှာ phone no. ထည့်ပေးပြီး Text message(SMS) (or) Voice call   option နှစ်ခုမှာ Voice call ကိုရွေးပြီး send code နှိပ်ပါ။(မြန်မာနိုင်ငံမှာSMSကိုရွေးရင် မက်ဆေ့မပို.ပါဘူး)
သင့်ဖုန်းကို voice call ၀င်လာရင်သေချာမှတ်ပြီးရိုက်ထည့်ပေးပါ။
Next နှိပ်ပြီး confirm နှိပ်ပေးပါ။
What Is Google Authenticator
သင်တစ်ခြားကွန်ပြူတာကနေ သင့်အကောင့်ကို သုံးရမယ့်အခြေအနေမျိုး၊ သင့်ဖုန်းလိုင်းမမိတဲ့အခြေအနေမျိုး၊ Google server တွေအလုပ်များနေတဲ့အခြေအနေမျိုးမှာ Google verification code ကိုသင်မရရှိနိုင်တဲ့အတွက် သင့်အကောင့်ကိုသင်ဝင်လို့ မရနိုင်တော့ပါဘူး။မစိုးရိမ်ပါနဲ့ ။ Googel Authenticator ရှိပါတယ်။ Google Authenticator Application ကို Android Devices,Apple iphone,ipad,ipod touch , BlackBerry Devices တွေမှာသုံးလို့ ရပါတယ်။Google Authenticator Application ကို သင့်ဖုန်းမှာ install လုပ်ပြီးတာနဲ့ Google ကသင့်ဖုန်းကို code ပို့ ပေးမှာမဟုတ်တော့ပါဘူး။Google နဲ့ သင့်ဖုန်းအကြားမှာ ဘာ connection မှရှိစရာမလိုတော့ပါဘူး။ သင့်ဖုန်းက Google Authenticator Application ကို သုံးပြီး verify လုပ်လို့ ရပါပြီ။ Ios device တွေအတွက်တော့ play store ပါသော android ဖုန်းတွေအတွက်က ဒီမှာဒေါင်းပါ play store service မပါသောဖုန်းတွေအတွက်က ဒီမှာ ဒေါင်းယူနိုင်ပါတယ်..iso တွေအတွက်ကတော့ itune မှာရှာဒေါင်းနိုင်ပါတယ် 
Settingup Google Authenticator
2-step verification page ကိုသွားပြီး Mobile application မှာသင့် ဖုန်းအမျိုးအစားရွေးပေးပါ။ Barcode တစ်ခုကျလာပါလိမ့်မယ်။ သင့်ဖုန်းက google authenticator application ကို ဖွင့်ပြီး barcode ကို scan လုပ်ပါ။ Barcode scanner မရှိရင် download ဆွဲခိုင်းပါလိမ့်မယ်။ဆွဲပြီး scan လုပ်လိုက်ပါ။ သင့်ဖုန်းမှာ ကုတ်ကျလာရင်ကွန်ပြူတာမှာရိုက်ထည့်ပေးပြီး verify လုပ်ပြီး save လုပ်ပါ။ ဒါဆိုရင်သင့်ဖုန်းနဲ့  google နဲ့ ချိတ်မိသွားပါပြီ။ အဲဒီအတွက်သင် တစ်ခြားကွန်ပြူတာကနေသင့်အကောင့်ကို ၀င်တိုင်း သင့်ဖုန်းက google authenticator ကနေ ကုတ်ရိုက်ထည့်ရုံပါပဲ။ Google ကသင့်ဖုန်းကို verification code ပို့ စရာမလို တော့ပါဘူး။
How It Works?
Backup Codes
သင့်ဖုန်းလည်း သင့်အနားမှာမရှိတဲ့အချိန်ဆိုရင် Googel Authenticator လည်းသင်သုံးလို့ မရတော့ပါဘူး။ ဒီလို ဆိုရင် သင့်အကောင့်ကို ဘယ်လိုဝင်ရမလဲ? 2-step verification page မှာပဲ printable backup codesမှာShowbackupcodesကိုနှိပ်ပြီးကုတ်တွေကိုသိမ်းထားပြီးသင်ကြိုက်နှစ်သက်ရာကွန်ပြူတာမှာကြိုက်နှစ်သက်ရာ နေရာမှာအသုံးပြုနိုင်ပါတယ် ...............................................အားလုံးပဲအဆင်ပြေပါစေဗျာ
Credit to=>Windows,Internet,Browsers,Social Networks,Softwares
5 Best Free Web Hosting Service
အင်တာနက်မှာအကြောင်းအမျိုးမျိုးတွေကြောင့် Hosting လုပ်ဖို့လိုအပ်လာခဲ့ရင် ဒီ အလကားရတဲ့ hosting service တွေကိုရယူနိုင်ပါတယ်။ ဥပမာ Botnet တစ်ခုဖန်တီးမလား၊ pishing page
တစ်ခုဖန်တီးချင်လား။ ကြိုက်တာလုပ်ပေါ။ ပုံမှန်ဆို hosting အတွက် တစ်လကို $5 ကနေ $20 လောက်ကျသင့်မှာဖြစ်ပါတယ်။ အလကားရတယ်ဆိုပေမယ့် Newbie တွေအတွက်ကတော့
ဒီဟာတွေက အများကြီးအသုံးဝင်ပါလိမ့်မယ်။ ဒီကောင်တွေကလည်း php, FTP အစရှိတဲ့ Function တွေကိုကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်
1.My3GB Web Hosting
2007 ကတည်းက ဝန်ဆောင်မှုပေးနေတာပါ။ စစချင်း 3GB Space ရရှိမှာဖြစ်ပြီး တစ်လကို 30 GB Bandwigth ရရှိမှာဖြစ်ပါတယ်။ ပါဝင်တဲ့ Function တွေအနေနဲ့ MySQL Database, PHP Scripting,
နဲ့ 10 MB Maximum File Upload Size တွေပါ။ တကယ်လို့ ခင်ဗျားအနေနဲ့ upgrage လုပ်မယ်ဆိုရင်လည်း လုပ်နိုင်ပါတယ်။ သူလည်း FTP ကို Support လုပ်ပေးပါတယ်။ ကဲ အသုံးပြုမယ်ဆိုရင် http://www.my3gb.com/ မှာသွားပြီး Register လုပ်နိုင်ပါပြီ။
2. Drive HQ Web Hosting
ဒီကောင်ကလည်း ကျောင်းသားတွေအတွက် Credit Card တွေဘာတွေမလိုအပ်ဘဲ အလကား Register လုပ်နိုင်မှာဖြစ်ပါတယ် စစချင်းတော့ 1GB Space ကိုရရှိမှာဖြစ်ပါတယ်။ သူလည်း FTP,
PHP, HTML တွေကို ကောင်းကောင်း Support လုပ်ပေးပါတယ်။ အလကားရတာဆိုတော့ ဘာပြောပြောတန်ပါတယ်ဗျာ။ လိုချင်တယ်ဆိုရင် http://www.my3gb.com/http://www.drivehq.com/ မှာ Register လုပ်ပါ။
3. 110Mb Web Hosting
သူကတော့ နာမည်နဲ့လိုက်အောင်ပဲ 110MB Space ကိုပေးမှာပါ။ 110MB Space ကနည်းတယ်ဆိုပေမယ့် သူလည်း FTP, Free Domain စတာတွေကို Support လုပ်ပေးတဲ့အပြင် တစ်လကို
100 GB Bandwidth ပေးတယ်ဆိုတော့ မဆိုးဘူးပြောရမှပါပဲ။ သုံးမယ်ဆိုhttp://www.110mb.com/ ကိုသွားပါ။
4. 000WebHost
သူကတော့ စစချင်း 1.5GB space ပေးပါတယ်။ ဒီကောင်ကတော့ ကျွန်တော်လည်းစမ်းဖူးပါတယ်။ မဆိုးဘူးပြောရမှာပါပဲ။ Monthly Bandwidth ကတော့ 100GB ထိတောင်ပေးပါတယ်။
နောက်ထပ် features တွေအနေနဲ့ 5 Add-on Domains, 5 Sub Domain, 5 Email Addresses, 2 MySQL Database, 1 FTP Account, Server-side scripting အစရှသည်ဖြင့် စုံလင်ပါတယ်။
သုံးမယ်ဆိုရင် http://www.000webhost.com/ ကိုသွားလိုက်ပါ။
5. Zymic Web Hosting
ဒီကောင်ကိုတော့ ကျွန်တော်လည်း မသုံးဖူးပါဘူး။ ဒါပေမယ့် ကြည့်ရတာပိုမိုက်မလားမပြောတတ်ဘူး။ 5GB Free Disk Space တောင်ပေးပါတယ်။ တစ်လကို 50 GB Bandwidth တောင်ပေးပါသေးတယ်။
နောက်ထပ် features တွေကတော့ Free Domain Name,   SQL Buddy, Sub Domains, File Manager, FTP Access, cpanel တွေကိုကိုင်တွယ်ခွင့်ရမှာဖြစ်ပါတယ်။ လိပ်စာကတော့
http://www.zymic.com/ ပါ။
Free Hosting ပေးတဲ့အခြားဟာတွေလည်းအများကြီးရှိပါသေးတယ်။ ဥပမာ Edicy, Jimdo, uCoz, Lifeyo, Google Sites, Weebly, Yola and Webs စတာတွေပေါ့။ ဒါပေမယ့် အပေါ်က
5 ခုဟာ Beginner တွေအတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ဟာတွေပဲဖြစ်ပါတယ်.........
Credit to=>.::just for share::.
Sunday, October 13, 2013
Youtube Video Downloader for Android
Android
  • Android အသုံးပြုသူ သူငယ်များအတွက် အဆင်ပြေစေမယ့် Apps လေးဖြစ်ပါတယ်။ ဒီကောင်းလေးကက Youtube က ဗီဒီယိုတွေကို ကြည့်ရင် ကိုယ် သိမ်းထားချင်တဲ့ Video လေးတွေ ကို ဒေါင်းလော့ ဆွဲပြီး သိမ်းထားလို့ ရပါတယ်။ တခြားအလားတူ Apps လေးတော့ ရှိပါတယ်။ ဒီကောင်လေးလောက်တော့ အကြိုက် မတွေပါဘူး။ ဘာလို့လဲ ဆိုတော့ တခြား VDO Downloader တွေက Youtube ဗီဒီယိုတွေကို ရှာဖွေကြည့်ရှု ရာမှာ အပြည့်အဝ ရှာမပေးနိုင်တဲ့ အားနည်းချက်တွေ တွေ့ရပါတယ်။ ယ္ခု OG youtube လေးကတော့ Youtube Chanels အားလုံးမှာ ရှိတဲ့ VDO တွေကို ရှာဖွေကြည့်ရှု ဒေါင်းယူနိုင်တာကြောင့် အားလုံးအတွက်ပိုပြီး အဆင်ပြမယ်လို့ မျှော်လင့်ပါတယ်။ အရင်ကလဲ OG youtube ကိုတင်ပေးဖူးပါတယ် ..။ ဒီတစ်ခါတော့ ဗားရှင်း အသစ်လေး တွေ့တာကြောင့် မရှိသေးတဲ့ သူငယ်ချင်းတွေလဲ အသုံးပြုနိုင်အောင် ဗားရှင်း အသစ်ကို သုံးချင်သူများလဲ အသုံးပြုနိုင်အောင် အတွက် ထပ်တင်ပေးလိုက်ပါတယ်ခင်ဗျာ။
  • အခုတင်ပေးလိုက်တဲ့ဗားရှင်းလေးကတော့ 4.5.17 ဖြစ်ပါတယ်ခင်ဗျာ။ ဒေါင်းလော့ဖိုင်ဆိုဒ်ကတော့ 6.36MB ရှိပါတယ်။ zippyshare မှာ တင်ထားပေးပါတယ်ခင်ဗျာ။
  • အရင်ဆုံး OG Youtube ကို ဒေါင်းပီး မိမိ ဖုန်းမှာ Install လုပ်ပါ။ ဖုန်းမှာ OG youtube နှင့် OG Downloader ဆိုပြီး apps လေး ၂ ခု မိမိဖုန်းထဲကို ရောက်နေတာ တွေ့ရပါမယ်။
  • OG youtube ကို Run လိုက်ပါ...။ youtube မှာ မိမိကြည့်လိုသော ဗီဒီယိုများကို ရှာဖွေလိုက်ပါ။
  • မိမိ ဖွင့်ကြည့်နေတဲ့ Youtube ဗီဒီယို၏ အောက်နားလေးမှာ Download ဆိုသော Tab လေး ရှိနေတာကို တွေ့ရပါမယ်။ ကိုယ်သိမ်းထားချင်တဲ့ဗီဒီယိုလေး ဆိုရင်တော့ Download button လေးကို နှိုက်ပြီး ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။
OG youtube 4.5.17 အားအောက်မှာ ဒေါင်းလော့ ယူနိုင်ပါတယ် ခင်ဗျာ။
ဒေါင်းလော့လင့်
Root Android Easily
ANDRIOD
  • Android ဖုန်းတော်တော် များများကို အလွယ်ကူဆုံး Root လုပ်နိုင်မယ် Apk လေးဖြစ်ပါတယ်။ ကျနော် စမ်းကြည့်ရတဲ့ ဖုန်းအမျိုးပေါင်းတော်တော် များများ ကို အောင်မြင်စွာ root နိုင်ပါတယ်။ ကျနော် စမ်းဖူးတဲ့ Android Devices တွေကတော့ Samsung အမျိုးအစားထဲမှ 
  • Tab p-1000
  • Note 2
  • Y GT-S5360
  • S3610 နှင့် ယိုးဒယားဖုန်း 
  • K-Touch W616 3G WCDMA
  • K-Touch W619 3G WCDMA
  • ယိုးဒယာဖုန်း I-mobile i-style 6,7 နှင့် IQ1,IQ3,IQ6 အားလုံးကို အဆင်ပြေပြေ root နိုင်ပါတယ်။
  • Root နိုင်တဲ့ Devices တွေ ကတော့ တော်တော် များများ ဖော်ပြထားပါတယ်ခင်ဗျာ XDA မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ ဒီမှာတော့ မဖော်ပြလိုက်တော့ပါဘူး။ ဒီ Apps လေးကို သုံးပြီး root တဲ့ အားသာချက်လေးကို နည်းနည်းလောက် ပြောချင်ပါတယ်။ ကွန်ပူတာမှာ သက်ဆိုင်ရာ Android Devices တွေ အတွက် Driver မလိုပဲ အလွယ်တစ်ကူ Root နိုင်တာလေးဖြစ်ပါတယ်။ Root ပြီး မြန်မာဖောင့် ထည့်ချင်တယ်ဆိုရင်တော့ App လေး 2 ခုတည်းနဲ့ အဆင်ပြေနိုင်ပါတယ်။
  • အရင်ဆုံး အောက်မှာ ပေးထားတဲ့ Root App လေးကို ဒေါင်းလိုက်ပါ။ ပြီးရင်တော့ မိမိ ဖုန်း၏ SD ကဒ်မှာ ကူးထည့်လိုက်ပါ...။ ပြီးရင် မိမိဖုန်းမှာ App လေးကို Install လုပ်ပါ။
  • ပြီးရင်တော့ Apps လေးကို Run လိုက်ပါ။ သူက Supersu ကို Install လုပ်လိုက်ပါ။ 
  • ပြီးရင် Android Devices ကို Reboot အော်တို ကျသွားပါလိမ်မယ်။ ပြန်တက်ရင်တော့ မိမိ Android လေးဟာ Root လုပ်ခြင်းအောင်မြင်စွာပြီးစီးသွားပါပြီ။
Note ဒီနေရာမယ် မိမိ Android Devices ဟာ အော်တို Reboot မဖြစ်ပါကို
 manually အနေဖြင့် Reboot လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေလောက်ပါပြီ။
Apps လေးကို အောက်မှာ ဒေါင်းလော့ယူလိုက်ပါ။ Zippyshare မှာ တင်ပေးထားပါတယ်ခင်ဗျာ
Download Here
Saturday, October 12, 2013
Facebook အကောင့်ဖွင့်နည်း အသစ် သတိ ဖုန်းမလို...
မင်္ဂလာပါဗျာ...ကျွန်တော်ကောင်းခန်.ပါ ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် အထူးအစီအစဉ်အနေနဲ.တင်ပေးချင်တာကတော့ facebook အကောင့်ဖွင့်နည်းအသစ်ပဲဖြစ်ပါတယ် ကျန်ခဲ့တဲ့ ပို.စ်တွေမှာလဲ ကျွန်တော် တင်ပေးခဲ့ပြီးပါပြီ ဒီနည်းလေးကတော့ လူသိပ်မသိသေးတဲ့ နည်းလမ်းအသစ်လေးမို. ပါ ....ကဲ့စလိုက်ကြရအောင်ဗျာ
အရင်ဆုံး ဒီပို.စ်လေးအတွက် Computer and mobile 4 u မှ Sai Dai Hack ကိုဒီနေရာကနေကျေးဇူးတင်ကြောင်းပြောပါရစေဗျာ...ပထမဆုံးကျွန်တော်တို. facebook အကောင့်ဖွင့်ဖို.အတွက် email တစ်ခုလိုအပ်ပါမယ် အခု နည်းက google ကနေသွားပြီးတော့ google mail နဲ.ဖွင့်ရတာမဟုတ်ပါဘူး http://www.mail.com/int/ ဆိုတဲ့နေရာကိုအရင်ဝင်လိုက်ပါ...
                  အနီနဲ.၀ိုင်းပြထားတဲ့ Get your free account ဆိုတဲ့နေရာကို အရင်ဝင်ပါ
ပြီးရင်လိုအပ်တာလေးတွေအကုန်ဖြေပေးပါ ဒီနေရာမှာတစ်ခုပြောချင်တာက email လိပ်စာမှာ ရွေးချယ်ခွင့်အများကြီး သူကပေးထားပါတယ် ဥပမာ မိမိနံမည်@linuxmail.org တို. @cyberservices.com တို. @webname.com တို.လိုမျိုး နံမည် လန်းလန်းလေးတွေနဲ. ရမှာပါ မှတ်ရလွယ်တာတော့ ရွေးပေါ့နော်.... ပြီးသွားရင်တော့ I Accept.Create My Account ဆိုတဲ့ အစိမ်းရောင်လေးကို နှိပ်လိုက်ပါ မှားနေရင်တော့ မှားနေတဲ့နေရာပြန်သွားပြင်လိုက် ဒါဆို အိုကေပြီ နော် facebook က ခွင့်ပြုတဲ့ email တစ်ခု ပိုင်ဆိုင်ပြီလို.ယူဆလို.ရပါပြီ  အခု ဖွင့်တဲ့mail နဲ.ပက်သက်လို.တော့ ကျွန်တော်ကိုယ်တိုင်လဲလေ့လာဆဲ ဖြစ်လို. တခြား အားနည်းချက်အားသာချက်တွေတော့ဘာမှမသိသေးပါဘူးဆိုတာလဲ ကြိုတင်ဝန်ခံပါရစေဗျာ။ အားလုံးပြီးသွားရင်တော့ အကောင့်ကိုပြန်မထွက်ပဲ ပုံမှာပြထားတဲ့နေရာလေးကနေ facebook အကောင့်သစ်ဖွင့်မယ်ဗျာ sing up လုပ်လိုက်ပါ
အကောင့်စဖွင့်ဖို. facebook home page ကျလာလိမ့်မယ် ပုံမှန်ဖွင့်နေကြအတိုင်းပဲ ဖြည်.ပါ email နေရာမှာတော့ ခုန ဖွင့်ထားတဲ့ email လိပ်စာ နှစ်ခါရိုက်ထည်.ပေးရပါမယ် ပြီးသွားရင်တော့ Create My Account သာရဲရဲ နှိပ်ချလိုက်ပါ မွေးနေ.မွေးလ မွေးရက်ကိုတော့ facebook နဲ. email တူတူ ပဲထည်.ပေးပါ နံမည်ကို လဲ မြန်မာ အက္ခရာနဲ. အသုံးပြုခြင်း ရှောင်ကျဉ်ပါ facebook အကောင့်အသစ်တစ်ခု ဖုန်းနံပါတ်မလိုပဲပိုင်ဆိုင်နိုင်ပါပြီ။ပိုင်ဆိုင်နိုင်ပြီဆိုလို. မပြီးသေးပါဘူး ဆက်လျှာရှည်အုံးမှာပါ ..တကယ်လို. အကောင့်မပွင့်ပဲ ဖုန်းနံပါတ်တောင်းနေမယ်ဆိုပါက အစကနေပြန်စလိုက်ပါ အခုထိကျွန်တော်စမ်းသပ်ပြီးသလောက်တော့ ဘာ error မှမတွေ.သေးပါဘူး တကယ်လို. error တစ်စုံတစ်ခု တွေ.ရှိပါက အောက်က comment box မှာသာပြောခဲ့ပေးပါ တခြားစာဖတ်သူများလည်လေ့လာနိုင်အောင်ပါ ။facebook ဖွင့်တာအောင်မြင်သွားပြီဆိုပါစို. ပထမအဆင်အနေနဲ. email ထဲက fri ရှာခိုင်းတယ်ဗျာ skip နှိပ်ပြီးကျော်လိုက်ပါ ဒါဆိုရင် အောက်ကပုံလေးလို မြင်ရမယ်ဗျာ
ဒါဆိုရင် အကုန်သာဖြည်ပေးပါ အတက်နိုင်ဆုံးမကျော်တာအကောင်းဆုံးပါ email ထဲမှာတော့ fri မရှိတဲ့အတွက်ကျော်ပစ်တာပါ ပြီးသွားရင် save ကို နှိပ်ပါ သူငယ်ချင်းရှာတဲ့အဆင်ရောက်ပါပြီ
ပထမဆုံး အယောက် နှစ်ဆယ်လောက် default ရှာပြီး request လုပ်ပေးလိုက်ပါ ပြီးသွားရင် Like လုပ်ခိုင်းပါပြီ
                  အခုနှစ်ဆယ်လောက်လုပ်ပေးလိုက်ပါ တွေ.သမျှသာ Like လုပ်ပေးလိုက်ပါ
            ဒါဆိုပုံတင်ခိုင်းပါပြီ ပရိုဖိုင် ပုံအသုံးပြုမဲ့ပုံတစ်ပုံလောက် Upload a Photo ဆိုတာနှိပ်တင်လိုက်ပါ
ပြီးသွားရင်တော့ Save ပေါ့ ဒါဆိုအကောင့်ပွင့်သွားပါပြီ email ထဲမှာ facebook ကပို.လိုက်တဲ့ mail နှစ်စောင်ရောက်နေပါတယ် အောက်က ပုံမျိုးပါတဲ့မေးလ် ကိုရှာပါ ပြီးရင်တော့
Confirm Your Account ဆိုတာကို နှိပ်လိုက်ပါ ဒါဆိုရင် New Tab တစ်ခုနဲ. facebook အကောင့်ပွင့်လာပါမယ် ဒါဆို သင့်အကောင့်ဟာ Confirm ဖြစ်သွားပါပြီ ခုန request လုပ်ခဲ့သမျှ Like လုပ်ခဲ့သမျှ အလုပ်စလုပ်ပြီလို.ပြောလို.ရပါပြီ သင့်အကောင့်စသုံးလို.ရသွားပါပြီ .........အားလုံးပဲအဆင်ပြေပါစေဗျာ ..............................
ဒီနေရာမှာကျွန်တော်ပြောချင်တာလေးကတော့ အခုဖွင့်လိုက်တဲ့ email အကြောင်းကျွန်တော်ကောင်းကောင်းမသိသေးတဲ့အတွက် ဘယ်လိုerror မျိုးတွေကြုံလာမယ်ဆိုတာ မပြောနိုင်တဲ့အတွက် မိမိတို.facebook  အကောင့်တွေကို gmail တစ်ခုနဲ.ပါ ထပ်ချိတ်ထားစေချင်ပါတယ် 
Comment
linkwithin
Related Posts Plugin for WordPress, Blogger...
Copyright @ 2013 MAUNG RUPER.
Designed by M@UNG RUP3R , င/ရမ