ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။
Showing posts with label iOS နှင့်ဆိုင်သော. Show all posts
Showing posts with label iOS နှင့်ဆိုင်သော. Show all posts

Wednesday, July 9, 2014

ios 7.1.1 အတွက် Jailbreak နှင့် မြန်မာ ဖောင့် ကီးဘုတ် သွင်းနည်း

..
ios 7.1.1 အတွက် Jailbreak နှင့် မြန်မာ ဖောင့် ကီးဘုတ် သွင်းနည်း
iOS 7.1 နဲ့ iOS 7.1.1 ကို Pangu ဆိုတဲ့ App လေးနဲ့ Jailbreak ပြုလုပ်နိုင်ပါပြီ….
Jailbreak လုပ်နိုင်မဲ့ iOS Device တွေကတော့…
iPhone 4
iPhone 4S
iPhone 5
iPhone 5C
iPhoen 5S
iPad Air

jailbreak ပြုလုပ်လို့မရနိုင်တဲ့ ios Device တွေကတော့
iPad 2
New iPad (iPad 3)
Forth generation iPad (iPad 4)
iPad mini
iPad mini with retina display (iPad mini 2)
iPod 5
Pangu ကိုအသုံးပြုမယ်ဆိုရင်တော့ အောက်ပါအဆင့်အတိုင်းပြုလုပ်နိုင်ပါတယ်။
Window အတွက်
၁။ Pangu ကိုဒီမှာ Download လုပ်ပါ။
၂။ iTunes Latest Version သွင်းထားပါ။ Backup လုပ်ထားပါ။
၃။ USB ကိုအသုံးပြုပြီး Computer နဲ့ချိတ်ဆက်ကာ jailbreak လုပ်နိုင်ပြီဖြစ်ပါတယ်။
၎။ Software ကို windows ပေါ်မှာဖွင့်ပါ။ iOS Device မှ Date ကို ၆ ရက် ၂ လ ၂၀၁၄ သို့ပြောင်းပါ။
၅။ အမဲရောင် ခလုပ်လေးကိုနှိပ်ပါ။
၆။ တစ်ဝက်လောက်မှာရပ်သွားရင် ဖုန်းကို unlock လုပ်ပြီး pangu ပုံလေးကိုနှိပ်ပါ။ continue နှိပ်ပါ။ restart ကျတာစောင့်ပါ။
၇။ jailbreak လုပ်ပြီးဖြစ်သွားပါလိမ့်မယ်။


မြန်မာဖောင့် နှင့် ကီးဘုတ်သွင်း နည်း
မြန်မာဖောင့်နှင့်ကီးဘုတ်သွင်းရန် ကျွန်တော် Repo ကို Add ပေးပါ
Cydia > Sources > Edit > Add >http://cydia.myrepospace.com/komin27/

 Add ပြီးလျှင် Komin27 Source ထည်းကိုဝင်ပါZawgyi iOS 7 Font ကိုရှာပြီး install ပါ





Keyboard အတွက် ttKeyboard for iOS7 ကို install ပေးပါ ခင်ဗျ


Restart ကျပီးပြန်တက်လာတာနဲ့ မြန်မာကီးဘုတ်လဲအဆင်ပြေတာတွေ့ရမှာပါ….

အဲဆို Jailbreak နဲ့ မြန်မာစာသွင်းတာပြီးဆုံးပါပြီ အားလုံး အဆင်ပြေကြပါစေ။
ကျွန်တော်ကိုတိုင် iphone 4s လေးနဲ့သေချာစမ်းပြီးတော့မှတင်ပေးလိုက်တာပါ…အခုပိုစ်လေးကို PDF ဖိုင်လေးအဖြစ်လိုချင်တယ်ဆိုရင်တော့ ဒီမှာ  ဒေါင်းပါ....
ရေးသားသူ =  Htet Lin Aung
 



Sunday, March 30, 2014

င်္IOS မှာ Facebook ပေါ်က Video တွေကိုအလွယ်ဒေါင်းမယ်



မင်္ဂလာပါ iOS မှာ facebook ကနေ Video clip တွေဒေါင်းချင်လို့ပါ ဘယ်လိုဒေါင်းရမလဲလို့ ခဏခဏ မေးနေတဲ့သူတွေအတွက်ပါ .. သိသူကျော်သွားပေါ့နော်. မသိသေးသောသူတွေအတွက်

Apple Store မှာ အောက်ကပုံက app ကိုဒေါင်းလိုက်ပါ


 ပြီးရင် ဖွင့်ပြီးတော့ Facebook Login ဝင်လိုက်ပါ



မိမိ Facebook မှာရှိနေသမျှ Video တွေအကုန်ပေါ်လာပါလိမ့်မယ်
ပေါ်လာပြီဆိုရင် ဒေါင်းချင်တဲ့ Video ရဲ့ဘေးမှာ Download Button
အပြာရောင်လေးရှိပါတယ် နှိပ်ပြီးတော့ ဒေါင်းလိုက်ပါ။


ပြီးသွားရင်တော့ Downloads ဆိုတဲ့နေရာကို ဝင်လိုက်ပါ စောစောဒေါင်းခဲ့တဲ့ Video ကိုတွေ့ရမှာဖြစ်ပါတယ်..



 App Store ဒေါင်းဖို့အဆင်မပြေသူများ အောက်ကလင့်ကနေယူနိုင်ပါတယ်

DOWNLOAD HERE

အားလုံးအဆင်ပြေကြပါစေ.. အဆင်မပြေတာရှိရင်လည်း ပြောခဲ့ပါ။





Wednesday, March 19, 2014

Contract Killer 2 ကို Credit တွေအများကြီး ဟက်ယူကြမယ်




မင်္ဂလာပါ Contract Killer 2 ကိုကစားနေတဲ့ ios သမားတွေအတွက် Credit တွေခိုးတဲ့နည်းလမ်းလေးရေးပေးချင်ပါတယ် .. နဲနဲတော့ လက်ဝင်ပါတယ်.. JB လုပ်မထားတဲ့ သူတွေလည်း ခိုးလို့ရတဲ့နည်းလမ်းလေးဆိုတော့ သဘောကျလိမ့်မယ်ထင်ပါတယ်.. ၁၀၀% အဆင်ပြေကြောင်း အာမခံပါတယ် .. ကဲစလိုက်ကြရအောင်...

မစခင် .. လိုအပ်တာတွေကို  ( Zippyshare :: MiloShare ::: TusFiles  )      ဒေါင်းလိုက်ပါ..   

  1.  ပထမဆုံးအနေနဲ့ ဒေါင်းထားတဲ့ဖိုင်ကိုဖြေပြီးတော့ အထဲက ContractKiller2 XML ဖိုင်ကို Desktop ပေါ်ကိုတင်ထားပါ.
  2. နောက်ပြီးတော့ Charles Pro ကို ကွန်ပျူတာမှ install လုပ်ပါ.
  3. Devices ထဲက Safari ကနေပြီးတော့ www.charlesproxy.com/charles.crt/ ကိုရိုက်ပြီးတော့ Charles Proxy ကို install လုပ်ထားပါ။  
  4. ပြီးရင် ကွန်ပျူတာမှာ Charles ကိုဖွင့်ပါ.. ပွင့်လာပြီဆိုရင် Proxy ကိုနှိပ်လိုက်ပါ.. 
  5. ပြီးသွားရင်တော့ Proxy Settings ကိုဝင်လိုက်ပါ ။
  6. Setting ကိုရောက်သွားတာနဲ့ Port မှာ 8888 ကိုရိုက်ထည့်လိုက်ပါ။
  7. ပြီးသွားရင် SSL ကိုနှိပ်ပါ... Enable SSL Proxying ကို အမှန်ခြစ်ပေးလိုက်ပါ..
  8. ပြီးရင် Add ကိုနှိပ်လိုက်ပါ.. ပေါ်လာတဲ့ ဇယားပေါ်က  Host ;; မှာ ကြယ်ပွင့် ( * ) ကိုနှိပ်ထည့်လိုက်ပါ.. Port မှာကတော့ 8888 ကိုရိုက်လိုက်ပါ ပြီးရင် OK ကိုနှိပ်ပါ..
  9.  ပြီးရင် Tools ကိုနှိပ်ပါ ကျလာတဲ့အထဲမှ Rewrite ကိုနှိပ်လိုက်ပါ ..ဘောက်တစ်ခုကျလာပါလိမ့်မယ် ကျလာတဲ့ ဘောက်မှာ Enable Rewrite ကိုအမှန်ခြစ်ပေးလိုက်ပါ  ပြီးရင် အောက်က Import ကိုနှိပ်ပြီးတော့ စောစောက Desktop ပေါ်တင်ခိုင်းထားတဲ့ Contract Killer 2 XML ဖိုင်ကိုရွေးပေးလိုက်ပါဗျာ.
  10. နောက်တစ်ဆင့်ကတော့ Help ကိုနှိပ်ပါ .. ကျလာတဲ့အထဲကမှ Local IP Adress ကိုနှိပ်လိုက်ပါ ထွက်လာတဲ့ IP ကို သေချာမှတ်ထားလိုက်ပါ.. 
  11. ဒီအဆင့်ကတော့ မိမိရဲ့ devices မှာလုပ်ရမှာဖြစ်ပါတယ် .. Wifi Connection ရှိနေဖို့တော့လိုအပ်ပါတယ် ခင်ဗျာ.. ရှိနေပြီဆိုရင် Setting ကိုဝင်လိုက်ပါ.. မိမိချိတ်ထားတဲ့ wifi နည်မည်ရဲ့ ဘေးနားက (i) လေးကိုနှိပ်လိုက်ပါ .. ပြီးရင် HTTP PROXY အောက်က Manual ကိုနှိပ်ပါ ပြီးရင် အောက်မှာ .. Server ဆိုတဲ့နေရာမှာ စောစောက မှတ်လာခဲ့တဲ့ Local ip ကိုထည့်ပေးလိုက်ပါ.. Port မှာတော့ 8888 လို့ပဲပေးလိုက်ပါ.. Proxy ထည့်လို့ပြီးရင် ပြန်ထွက်လိုက်ပါ .. Safari ကနေ Proxy အလုပ်လုပ်မလုပ်ကို Google လို့ရိုက်ပြီးတော့ စမ်းကြည့်လိုက်ပါ တက်လာပြီဆိုရင်တော့ အလုပ်လုပ်ပါတယ် ကဲဒါဆိုရင်တော့ Hack လုပ်လို့ရပါပြီ..

ကဲ Drive မှာရှိတဲ့  Contract Killer ကိုဖွင့်လိုက်ပါ..  ပြီးရင် Store ကိုဝင်လိုက်ပါ

ဝင်ပြီးပြီဆိုရင် အောက်ကအတိုင်းတွေ့ရပါလိမ့်မယ်....




တွေ့ပြီဆိုရင်..  Free ဆိုပြီးတော့ အောက်ဆုံးက Credit ပုံလေးနဲ့ဟာကို နှိပ်လိုက်ပါ..



အပေါ်မှာ Watch a Video For 9999999 Free ဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်..  နှိပ်လိုက်ပါ.. Clash of Clans ထွက်လာပါလိမ့်မယ် ..  ပြီးတဲ့ကြည့်ပေးလိုက်ပါ ပြီးသွားရင်  X နှိပ်ပြီးတော့ထွက်လိုက်ပါ အောက်ပါပုံ အတိုင်း 9999999 Credit ရရှိပြီဖြစ်ကြောင်းပြောလာပါလိမ့်မယ်ဗျာ ဘယ်တော့မှမကုန်တော့ပါဘူးဗျာ အမုန်းသာဝယ်ပြစ်လိုက်တော့ ကုန်ရင်လည်း စောစောကလို Short Movie ကြော်ငြာလေးကြည့်ပေးလိုက်ရင် ရလာပါလိမ့်မယ်

ကဲအားလုံးပဲ အဆင်ပြေကြပါစေဗျာ.. အတတ်နိုင်ဆုံးတော့ နားလည်အောင်လို့ ကြိုးစားပြီးတော့ ရှင်းပြပေးထားပါတယ်.. အဆင်မပြေတာ တစ်ခုခုရှိခဲ့ရင် Comment ဖြစ်ဖြစ် C Box ကနေပဲဖြစ်ဖြစ်ပြောခဲ့ပါ..


ပြုလုပ်ပုံအဆင့်ဆင့် ပုံများ..








ကွန်ပျူတာမှာလုပ်ရန်...








အဆင်ပြေပါစေဗျာ..

စာကြွင်း၊၊၊၊၊၊ ။။ Windows System 32bit သမားများအတွက် .. Charles ကို ဒီနေရာမှာ  ဝင်ယူလိုက်ပါ...
License ဗားရှင်းမဟုတ်သည့်အတွက် မိနစ် ၃၀ သာဖွင့်လို့ရပါသည် ပြည့်သွားရင် ပိတ်ခိုင်းပါလိမ့်မယ်.. ပိတ်ပြီးရင် ပြန်ဖွင့်လိုက်ပါ ...ပြန်သုံးလို့ရပါတယ်..

Saturday, February 22, 2014

IOS 7.0.6 ကို Jailbreak လုပ်နိုင်မည့် Evasi0n 1.0.5 (Modified)



evasi0n7-logo-400x400

မင်္ဂလာပါ ဒါကတော့ Ios 7.0.6 ကို Jailbreak လုပ်ပေးနိုင်မည့် Evasi0n 1.0.5 လေးပါ။ Mac အတွက် Version ကို Modified လုပ်ပြီး windows အတွက်လုပ်ပေးထားတာပါ..
ကျွန်တော်ကိုယ်တိုင် စမ်းသပ်ပြီးပါပြီ.. I pad mini Retina မှာတော့ လုံးဝအလုပ်လုပ်ပါတယ် ကျန်တဲ့ Device တွေကိုတော့ မစမ်းရသေးပါဘူး လိုချင်တယ်ဆိုရင်တော့ အောက်ကလင့်မှာ
ဝင်ယူလိုက်ပါဗျာ

မှတ်ချက်၊၊ Devices ကို Jailbreak မလုပ်မီ မိမိရဲ့ Data များကို backup လုပ်ထားဖို့တော့ တိုက်းတွန်းပါရစေ

Download Link >> (Zippyshare :: Mediafire )

Friday, February 7, 2014

iTunes cannot detect iPhone ပြဿနာ ဖြေရှင်းနည်းများ

iPhone, iPad အစရှိသော iDevices များကို အသုံးပြုနေသူများ တစ်ခါတစ်ရံ အခန့်မသင့်သည့် အခါမျိုးတွင် မိမိကွန်ပျူတာရှိ iTunes က မိမိ၏ iPhone, iPad တို့ကို မသိတော့ပဲ "iTunes cannot detect iPhone device" အဖြစ်မျိုး၊ Detect သိသော်လည်း App များကို Sync လုပ်၍မရသော အဖြစ်မျိုးများကို ကြုံတွေ့ရတတ်ပါတယ်... 

ယခုလိုဖြစ်ရတဲ့ အကြောင်းအရင်း များစွာရှိပါတယ်၊ Connection Cable ၏ ချို့ယွင်းမှုကြောင့်သော်၎င်း၊ မိမိ၏ ကွန်ပျူတာတွင် Driver သွင်းယူမှု မမှန်ကန်ခြင်း၊ Device ၏ Hardware ပိုင်းမှာ ပြဿနာရှိနေခြင်း စတဲ့ မတူနိုင်တဲ့ အခြေအနေတွေများကြောင့် ယခုလို Detect မသိတော့တဲ့ ပြဿနာ ဖြစ်ပေါ်တတ်ပါတယ်။ 

ဘယ်လိုကြောင့်ပဲ ဖြစ်ဖြစ် Hardware ပြဿနာက လွဲ၍ "iTunes cannot detect iPhone device" ကို ဖြေရှင်းနိုင်မယ့် နည်းလမ်း အစုံစုံကို စုစည်း၍ ဖော်ပြပေးလိုက်ပါတယ်...

ပြဿနာ (၁)
iPhone ကို iTunes နှင့် ချိပ်ဆက်လိုက်သောအခါ iTunes က Detect သိနေသေည်လည်း Applications များကို "Sync" လုပ်၍မရခြင်း

အကြောင်းရင်း : iPhone ၏ Setting တွင် Applications restriction ကို ဖွင့်ထားသောကြောင့် ဖြစ်ပါသည်။

ဖြေရှင်းရန်
Settings -> General -> Restrictions -> Disable Restrictions



ပြဿနာ (၂)
iTunes က မိမိ၏ iPhone ကို Detect မသိတော့ခြင်း

အကြောင်းအရင်း : iPhone တွင် Cydia ထဲမှနေ၍ Tweak တစ်ခုခုသော်၎င်း၊ Tool တစ်ခုခုသော်၎င်း သွင်းယူထားမိ၍ ဖြစ်ပါသည်။

ဖြေရှင်းရန်
အဆိုပါ Tewak / Tool ကို Cydia မှ ပြန်လည် Remove/Uninstall လုပ်ပါ။


ပြဿနာ (၃)
iTunes က မိမိ၏ iPhone ကို လုံးဝ Detect မသိတော့ခြင်း

ဖြေရှင်းရန်
Temp file များကို ဖျက်ပစ်ခြင်းနှင့် ပြေလည်နိုင်ပါလိမ့်မည်။

Window XP အတွက်
မိမိ Computer ၏ (C:\Documents and Settings\Username \Local Settings\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် (အချို့ ဖျက်မရသော File များရှိနေပါက Skip လုပ်ပါ) iTunes ကို ပြန်ဖွင့်ပါ။

Window 7 & Vista အတွက်
မိမိ Computer ၏ (C:\Users\Username\AppData\Local\Temp) ထဲရှိ Files များအားလုံးကို ဖျက်ပစ်ပြီးနောက် iTunes ကို ပြန်ဖွင့်ပါ။
မှတ်ချက်။ ။ "AppData" folder ကို မြင်နိုင်ရန် Folder Options -> View တွင် Show hidden files and.... ကို ရွေးထားပေးရန်လိုသည်။


ပြဿနာ (၄)
တစ်စုံတစ်ခုကြောင့် iPhone ကို Detect မသိတော့ခြင်း

ဖြေရှင်းရန်
iFunBox, iFile, iTool အစရှိသော third party software များကို အသုံးပြု၍ (/var/mobile/Media/iTunes_Control) တွင်းမှ Files & Folders များကို ဖျက်ပစ်ပါ။


ပြဿနာ (၅)
iPhone က အခြား Computer များတွင် Detect လုပ်နိုင်သော်လည်း မိမိ Computer တွင်မသိခြင်း

ဖြေရှင်းရန်
အောက်ပါ အဆင့်များအတိုင်း iTunes ကို Uninsatll လုပ်ပါ။
     1. iTunes
     2. QuickTime
     3. Apple Software Update
     4. Apple Mobile Device Support
     5. Bonjour
     6. Apple Application Support
     7. Restart PC

ပြီးပါက iTunes နောက်ဆုံး ဗားရှင်းကို ဤနေရာတွင် Download လုပ်ပြီး Install ပြန်လုပ်ပါ။

iTunes Detect မသိခြင်း ပြဿနားများကို ချောမွေ့စွာ ဖြေရှင်းနိုင်ကြပါစေ...



အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 
 
မိုးသိကြား

Sunday, February 2, 2014

Easy News - Myanmar (ios)



နောက်ဆုံးရ မြန်မာသတင်းများကို တစ်နေရာထဲမှာ ဖတ်ချင်တယ်ဆိုရင် Easy News - Myanmar ဆိုတဲ့ app လေးကိုသာ သွင်းထားလိုက်ပါ။

အောက်က လင့်မှာ ရယူနိုင်ပါတယ်။
https://itunes.apple.com/app/id804639238

Sunday, January 12, 2014

iOS 7 Font ထည့်ပြီးသော်လည်း မြန်မာစာမပေါ်သော Device များအတွက်

ကျွန်တော် ဒီနေ့ညပဲ ကျွန်တော့် သူငယ်ချင်းရဲ့ i Pad Mini ကို Firmware Update လုပ်ပြီးတော့ မြန်မာဖောင့်ထည့်ဖို့အတွက် Jailbreak လုပ်တယ်.. နောက်ပြီးတော့ Source သွင်းပြီးတော့ Zawgyi ios 7 ကို install လုပ်တယ် နောက်ပြီး ကီးဘုတ် ကိုပါထည့်တယ် install လုပ်ပြီးသွားပေမဲ့ မြန်မာစာကတော့ ပေါ်မလာပါဘူး .. Zawgyi iOS 7 Font Version 1.1.2  က i pad mini မှာပြဿနာ နဲနဲရှိတယ်ထင်ပါတယ်.. ကျန်တဲ့ဖုန်းတွေနဲ့ စမ်းကြည့်ပါတယ် အဆင်ပြေတာကိုတွေ့ပါတယ်.. i Pad Mini မှာပဲပြဿနာတက်နေတာပါ.. အောက်ကပုံတွေအတိုင်းပါ






အဲဒီလိုမျိုး အခက်အခဲများကြုံခဲ့ရင် သို့လော သို့လော တွေးစရာမလိုပဲ အဆင်ပြေမည့်နည်းလမ်းလေးကို ပြောချင်ပါတယ် Zawgyi iOS 7 Font  Version 1.0 ကိုသာပြန်ပြီးတော့ install လုပ်ပေးလိုက်ပါ .. Zawgyi iOS 7 Font V-1.0 ကို. https://cydia.myrepospace.com/komin27/  cydia မှာအက်ပြီးတော့ install လုပ်နိုင်ပါတယ် အဆင်ပြေကြပါစေဗျာ


အဆင်မပြေတာ ရှိခဲ့ရင် Comment ရေးပြီးထားခဲ့ပါဗျာ



Saturday, January 11, 2014

Movie Box ထဲက Movie တွေကို ဘယ်လိုရွှေ့မလဲ

မင်္ဂလာပါ ဒီတစ်ခါကျွန်တော်ပေးမည့် နည်းလမ်းလေးကတော့ Movie Box ထဲမှာ Download လုပ်ထားတဲ့ Movie တွေကို သူငယ်ချင်း အချင်းချင်း Air Drop နဲ့ ရှယ်ပေးချင်လို့ပဲဖြစ်ဖြစ် .. ကွန်ပျူတာထဲကိုပဲ ထည့်ပြီးသိမ်းထားချင်လို့ပဲ ဖြစ်ဖြစ် လုပ်လို့ရမည့်နည်းလမ်းလေးပဲဖြစ်ပါတယ်။ Movie တွေမရွှေ့ခင် ပထမဆုံး မိမိတို့ရဲ့ Device မှာ iFile ရှိဖို့တော့ လိုပါတယ်ခင်ဗျာ..။ iFile မရှိသေးသော သူများ Cydia မှာ (https://repo.hackyouriphone.org) ကိုအက်ပြီးတော့ ဒေါင်းယူနိုင်ပါတယ်။ iFile ရှိပြီဆိုရင် စလိုက်ကြရအောင် ဗျာ

ပထမဆုံး iFile ကိုဖွင့်ပါ ပြီးရင် Home ကိုနှိပ်ပါ





Home ကိုနှိပ်ပြီးပြီဆိုရင် ထွက်လာတဲ့ ဖိုင်တွေထဲမှ Library ကိုနှိပ်ပါ



Library ထဲကိုရောက်သွားပြီဆိုရင် Artworks ဆိုတဲ့ဖိုင်ကိုရှာပြီးတော့ဖွင့်ပါ။ Artworks ဖိုင်ထဲမှာ ရှိသမျှ Movie တွေအားလုံးဟာ Movie Box ထဲမှဒေါင်းခဲ့တာတွေပါ။  Movie ဖိုင်တွေရဲ့ ညာဘက်အစွန်မှာ ရှိတဲ့
 ( i ) ပုံစံ logo လေးကိုနှိပ်လိုက်ပါ Box တစ်ခုကျလာပါလိမ့်မယ်



ကျလာတဲ့ Box ကလေးရဲ့ အောက်ဆုံးကိုသွားလိုက်ပါ Add To Camera Roll ဆိုတာကိုတွေ့ပါလိမ့်မယ်။ Add To Camera Roll ကိုနှိပ်လိုက်ရင်တော့ စောစောက ဖိုင်ဟာ Photo ထဲကိုရောက်သွားပြီဖြစ်ပါတယ်။



iFile နေထွက်ပြီးတော့ Photos ထဲက Camera Roll မှာသွားကြည့်ပါ စောစော နှိပ်ခဲ့တဲ့ Movie ရောက်နေတာ တွေ့ပါလိမ့်မယ်..


 ဒါဆိုရင်တော့ Air Drop နဲ့ပဲ ပို့ပို့.. ကွန်ပျူတာထဲကိုပဲ ပြောင်းသိမ်းချင်သိမ်း ကြိုက်တာ အကုန်လုပ်လို့ရပါပြီ.. အဆင်ပြေကြပါစေဗျာ..

 အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ကြပါခင်ဗျာ..



Friday, January 10, 2014

iOS သမားများအတွက် Apple ID ပြုလုပ်နည်း

မင်္ဂလာပါ  ဒီတစ်ခါတော့ တဂျီဂျီတပွမ်ပွမ်နဲ့ တောင်းနေကြတဲ့ Apple ID ကို ကိုယ်တိုင်လုပ်တတ်အောင် လုပ်နည်းလေးရေးပေးမှာဖြစ်ပါတယ်.. သိပြီးသားဖြစ်သော ကိုကို မမများ ဤပို့စ်ကို ကျော်သွားလိုက်ပါခင်ဗျာ မသိသေးသော သူများအတွက် ရေးပေးခြင်းဖြစ်ပါတယ်။ ကဲစလိုက်ကြရရောင် ပထမဆုံးရေးပေးမှာကတော့ ဖုန်းနဲ့ဖွင့်နည်းဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ ပြီးရင် မိမိနှစ်သက်ရာ Free app တစ်ခုကိုဒေါင်းလိုက်ပါ...


ပြီးသွားရင်တော့ apple ID တောင်းပါလိမ့်မယ် အဲဒီနေရာမှာ Create New Apple ID ကိုနှိပ်ပြီးတော့သွားလိုက်ပါ





ပြီးသွားရင်တော့ Store ကိုမလေးရှားလို့ရွေးပေးလိုက်ပါ..  Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ



နောက်စာမျက်နှာ ရောက်ပြီဆိုပြီဆိုရင်တော့ မိမိ Email နဲ့ မိမိအသုံးပြုမည့် password ထည့်ပါ။ Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီး စာလုံးကြီးတစ်လုံးနှင့် ဂဏန်းများပါဝင်ရမှာဖြစ်ပါတယ် အလွယ်ဆုံးနည်းကတော့ ပထမဆုံးစာလုံးကို အကြီးနဲ့ရေးပြီး ကျန်တာကို ပုံမှန်ရေးသွားလိုက်ပါ အဆင်ပြေမှာပါ ဥပမာ= Moenyothar12345 အဲလိုမျိုးပေါ့။ ပြီးသွားရင် Question နဲ့ Answer မှာ မိမိမှတ်မိလွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်ပါ အရေးကြီးပါတယ်။ တစ်ချိန်ချိန်မှာ မိမိ Password မေ့သွားခဲ့ရင် ပြန်ထည့်ပေးရမှာဖြစ်ပါတယ်။ နောက်ထပ် မွေးနေ့ ရက် လ တွေကိုထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။





ကဲအခုဆိုရင်တော့ Billing Information  ထည့်ရမည့်နေရာကိုရောက်ပါပြီ ဒီနေရာမှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။ ဒီနေရာမှာ ပြောစရာရှိပါတယ် အပေါ်မှာကျွန်တော်ပြောခဲ့သလို Free app ကို နှိပ်မလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။ None ကိုအမှန်ခြစ်ခြစ်ပေးလိုက်ပါ။ ပြီးရင် ကျန်တာတွေဆက်ထည့်ရအောင် Title မှာ Mr/Ms ရွေးပါ။ First Name ထည့် Last Name ထည့်ပါ။ Address နေရာနှစ်ခုစလုံးမှာ Balakong လို့ရေးထည့်ပါ. Postcode နေရာမှာ 43300 လို့ထည့်ပါ။
Town နေရာမှာ Seri Kembangan လို့ရေးထည့်ပါ... County မှာ Kuala Lumpur ကိုရွေးပေးလိုက်ပါ. ပြီးသွားရင်တော့ ဖုန်းနံပတ်ကို မိမိကြိုက်တာထည့်ပါ. ပြီးသွားရင်တော့ Next ကိုနှိပ်ပါ ပြီးသွားရင်တော့ Verify Your Account ဆိုပြီးတော့ မိမိ အီးမေးလ်မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ် ဒါဆိုရင် Account လုပ်ခြင်းပြီးဆုံးပါပြီ.







ပြီးသွားရင်တော့ စောစောကထည့်ခဲ့တဲ့ Email ကိုဖွင့်ပြီးတော့ Apple ကပို့ထားတဲ့ mail ကိုဖွင့်ပါ.ပြီးတော့ Verify Now ဆိုတာကို နှိပ်ပြီးတော့ ထည့်ခဲ့တဲ့ ID နဲ့ Password ကိုထည့်ပေးလိုက်ပါ.. ပြီးပြီဆိုရင်တော့ Apple ID ကိုစတင်ပြီးတော့ သုံးလို့ရပါပြီ။ အဆင်ပြေကြပါစေဗျာ။ ဒါကတော့ ဖုန်းနဲ့ဖွင့်တဲ့နည်းလမ်းဖြစ်ပါတယ်။


ကွန်ပျူတာနဲ့ ဖွင့်မည့်သူတွေကတော့ ကွန်ပျုတာမှာ iTunes ရှိရမှာဖြစ်ပါတယ် မရှိသေးရင် ဒီနေရာကို နှိပ်ပြီးတော့ သွားယူလိုက်ပါ။ ကွန်ပျူတာမှာ iTunes  ရှိပြီဆိုရင် iTunes ကိုဖွင့်ပါ။ iTunes ရဲ့ အပေါ်ဘက် ညာဘက်ထောင့်မှာ ရှိတဲ့ iTunes Store ဆိုတဲ့နေရာလေးကိုနှိပ်လိုက်ပါ..




iTunes Store ကိုရောက်ပြီဆိုရင် App Store ဆိုတာကို ထပ်နှိပ်ပါ။ App Store ထဲရောက်သွားပါလိမ့်မယ်။



 ရောက်ပြီဆိုရင် အထဲမှာ ရှိတဲ့ Free App တစ်ခုကို  နှိပ်လိုက်ပါ



App နဲ့ပတ်သက်တာတွေ ကြလာပါလိမ့်မယ် Icon အောက်က Free လို့ရေးထားတာကို နှိပ်လိုက်ပါ apple ID နဲ့ Password ထည့်ရန် ကျလာပါလိမ့်မယ်။



Box ကျလာပါက Create Apple ID ကိုဆက်နှိပ်ပါ..



ပြီးရင် အောက်မှာပြထားတဲ့  ပုံပါအတိုင်း Continue ဆိုတာကိုနှိပ်ပါ.. နောက်ထက်စာမျက်နှာသို့ရောက်ပါလိမ့်မည်




ဒီစာမျက်နှာမှာတော့ I have read and agree to these terms and conditions ဆိုတာကို အမှန်ခြစ်ပေးပြီးတော့ Agree ကိုဆက်နှိပ်ပါ ..





Apple ID ဖွင့်တဲ့နေရာကို ရောက်ပါပြီခင်ဗျာ .. ကျန်တာတွေကတော့ ဆက်ပြီးတော့ လုပ်တတ်လိမ့်မယ်လို့ မျော်လင့်ပါတယ်.. အပေါ်မှာရေးခဲ့တဲ့ ဖုန်းနဲ့ဖွင့်နည်းမှာ ဒီအဆင့်ကနေစပြီးတော့ အကုန်အတူတူပါပဲ



အဆင်မပြေတာများရှိခဲ့ရင် Comment ပေးခဲ့ကြပါ. အဆင်ပြေကြပါစေဗျာ..

..

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ