ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Sunday, December 1, 2013

တူ နဲ့ထုလည်း မကွဲနိုင်တဲ့ စမတ်ဖုန်းမျက်နှာပြင် စတင်ရောင်းပြီ




နမော်နမဲ့နိုင်တဲ့ ကိုကို၊မမ တွေအတွက် ကမ္ဘာ့အကြမ်းအခံဆုံး စတ်ဖုန်းမျက်
နှာပြင်ကို Cambridge အခြေစိုက် Evolutive Labs ကထုတ် လုပ်ဖြန့် ချိရောင်းချပေးတော့ မှာပါ။

ဖုန်းမကြာခဏလွတ်ကျသူတွေအတွက် ပူစရာမလိုတော့သလို အဆိုပါ မှန်မျက်နှာပြင်ကို တူနဲ့ထုရင်တောင် မကွဲဘူးလို့ ထုတ်လုပ်တဲ့ ပညာရှင်တွေ
ကအမွန်းတင်ထားပါတယ်။

Rhino Shield Protector လို့အမည်ပေးထားတဲ့ အဆိုပါမှန်ရဲ့အထူက စာရွက်တစ်ရွက်ထက် သုံးဆသာထူပြီး ကြမ်းတမ်းတဲ့ ကွန်ကရစ်မျက်နှာပြင်
ပေါ် ပြုတ်ကျရင်တောင်ဘာမှမဖြစ်သလို ၄၈ မီတာအမြင့်ကနေ ၂၈၈ ဂရမ်
အလေးချိန်ရှိတဲ့ သံမဏိဘောလုံးပစ်ချရင်တောင် မျက်နှာပြင်ထိခိုက်ခြင်းမရှိ
တာကို စမ်းသပ်တွေ့ရှိထားပါတယ်။

ပိုလီမာ အခြေခံပြီး Evolutive Labs ရဲ့ကိုယ်ပိုင်နည်းပညာနဲ့ ထုတ်လုပ်ထား
တဲ့ အဆိုပါ မှန်မျက်နှာပြင်ကို iPhone အပါအဝင် လက်ရှိတန်းမြင့်ဖုန်းတွေ
ဖြစ်တဲ့ Gorilla Glass တွေထက်ပိုမိုကြံ့ခိုင်ပြီး တို့ထိအာရုံခံစနစ် ကိုလည်း
အနှောက်အယှက် မပေးဘူးလို့သိရပါတယ်။

သို့ပေမယ့် လက်တလောမှာတော့ အဆိုပါမျက်နှာပြင်ကို iPhone 5,5S နဲ့ 5Cတို့မှာသာ တပ်ဆင်အသုံးပြုနိုင်ဦးမှာဖြစ်ပြီး အခြားစမတ်ဖုန်းတွေမှာ ရမရ
ဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ရောင်းဈေး အမေရိကန် ဒေါ်လာ ၂၀ ထက်မပိုတဲ့ ဈေးနဲ့ ဖြန့်ချိရောင်းချပေး
သွားမယ်လို့ သိရပါတယ်။

 ခွန်နေ(AMMG)
Ref:DailMail

Stuff Myanmar Magazine



Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ