ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Wednesday, December 4, 2013

Linux/Fedora OS (Desktop & Server) မှာ Fedup သုံးပြီး V18 ကနေ 19 ကို Upgrade လုပ်မယ်

ဒီ Post မှာတော့ Fedora System Version မြင့်တဲ့နည်းပဲဖြစ်ပါတယ်။

ကျွန်တော်လည်း Beginner တစ်ယောက်မို့ အမှားပါရင်ခွင့်လွတ်ပေးဖို့ ပြောချင်ပါတယ်။

 ကဲ့ဒီ Upgrade လုပ်တဲ့နည်းကတော့ Desktop and Server နှစ်ခုစလုံးမှာအလုပ်လုပ်ပါတယ်။


                   

Step 1.

Terminal ကိုဖွင့်ပီး $ su လို့ရိုက်ပီး root password ပေးလိုက်ပါ။ အဆို ကျွန်တော်တို့ root user အဖြစ်ပြောင်းသွားပါလိမ့်မယ်။



Note: ကျွန်တော်တို့ Upgrade လုပ်မယ့်စက်ဟာ ၆၀၀ MB RAM နှင့်အထက်ရှိဖို့လိုပါတယ် ။မဟုတ်ရင်တော့ error တက်ပါလိမ့်မယ် ။



Step 2.

ကျွန်တော်တို့ အရင်ဆုံး rpm package တွေကို upgrade လုပ်၇မှာဖြစ်ပါတယ်။



# yum update rpm

#yum -y update

#yum clean all

Note: yum -y update လုပ်တုန်းက စောင့်ကြည့်ဖို့လိုပါတယ် အကယ်လို့ အဲ့ချိန်က kernel အသစ် Install လုပ်သွား ရင် စက်ကိုတစ်ခါထည်း Reboot လုပ်ဖို့

လိုပါတယ်။

# reboot လို့ရိုက်လိုက်ပေါ့။ ( reboot ဆိုတာ restart ကိုဆိုလိုတာပါ )

Reboot လုပ်ပီး ပြန်တက်လာရင် root အနေနဲ့ login ပြန်ဝင်လိုက်ပါ။

Step 3.

ကဲခုတော့ကျွန်တော်တို့ upgrade process စနိုင်ပါပီ ။

Fedup ( Fedora Updater) ကိုသုံးပြီးတော့ပေါ့။

#yum install fedup

#fedup-cli –network 19

#reboot



reboot လုပ်နေတဲ့ချိန်မှာ စိတ်ရှည်ရှည်လေးတော့ထားပေးပေါ့ နည်းနည်းကြာပါတယ်။

အားလုံးအဆင်ပြေပါစေ ဗျာ။
BY Itpinlonthar



Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ