ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Saturday, September 28, 2013

Google wallet နဲ့ အရာအားလုံး ပြီးမြောက်စေမယ်

  

“ကျွန်တော်တို့တွေရဲ့ မကြာတော့မယ့် အနာဂတ်မှာ ဖုန်းတစ်လုံးက လွဲပြီး ဘာမှ ယူစရာမလိုဘဲ အိမ်အပြင်ထွက်လို့ ရတော့မယ်” ။ အဲဒါကတော့ ဂူဂယ်ကုမ္ပဏီက ပြောလိုက်တဲ့ အနာဂတ်အတွက် အမြင်ပါ။

“ကျွန်တော်တို့ ယုံကြည်နေပါတယ်။ တစ်နေ့နေ့မှာ အိမ်ကနေ အလုပ်ကို ဖြစ်ဖြစ် ဈေးကိုဖြစ်ဖြစ် တစ်နေရာရာကို လက်ကိုင်ဖုန်း တစ်လုံးတည်း ကိုင်သွားပြီး ထွက်သွားလို့ရမယ်လို့ ကျွန်တော် အသေအချာကို မျှော်လင့်ထားပါတယ်လို့ …” ဂူဂယ် အိမ်ဆောင်ထုတ်ကုန် မန်နေဂျာ
Marc Freed-Finnegan က ပြောလိုက်ပါတယ်။

အပြင်တစ်ခါသွားရင် လိုအပ်မယ့် အရာအားလုံးဖြစ်တဲ့ စာရွက်စာတမ်း၊ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အရာတွေ ဒါမှမဟုတ် သတ္တုတစ်မျိုးမျိုးနဲ့ လုပ်ထားတဲ့ အရာတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ တစ်စုတစ်ဝေးတည်းဖြစ်အောင် smart phone က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

ဂူဂယ်က ဆိုလိုတာကတော့ မိုဘိုင်းဖုန်းကိုပဲ ခရက်ဒစ်ကဒ်၊ ယာဉ်မောင်း လိုင်စင်၊ ထရန်စစ်ကဒ်၊ စတိုးဆိုင်တွေက ပေးတဲ့ ကူပွန်ကဒ်တွေ၊ အိမ်သော့၊ ဟိုတယ်သော့ မှတ်ပုံတင် စတာတွေအပြင် အခြားသော မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေ တော်တော်များများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေ တကယ်ဖြစ်နိုင်မလားဆိုတာကတော့ smart phone တွေရဲ့ တိုးတက်လာမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။

၂၀၀၇ မှာ ပထမဦးဆုံးပေါ်ခဲ့တဲ iPhone ကို နည်းပညာရှင်တွေက ပထမဦးဆုံးသော အိပ်ဆောင် ကွန်ပျူတာ Smart Phone စစ်စစ်လို့ သတ်မှတ်ကြပါတယ်။

Smart phone တွေဟာ အခုဆိုရင် GPS များ၊ လက်ကိုင်ဂိမ်းစက်များ၊ အိမ်သုံး ကင်မရာများ၊ ပြက္ခဒိန်၊ မှတ်စုစာအုပ်၊ သတင်းစားများ နဲ့ နားကြပ်ကက်ဆက်တွေ နေရာမှာ အစားထိုး ၀င်လို့လာပါတယ်။ လက်ကိုင်အိတ်ထဲမှာ တပွေ့တပိုက် ထည့်ထားရမယ့် စာတွေ တော်တော်များများဟာ smart phone ထဲကို ရောက်သွားပါပြီ။

ကျွမ်းကျင်သူတွေ အပြောအရ ဖုန်းတွေက ဘယ်လောက်အထိ ပြည့်စုံလာစေမလဲဆိုရင်၊ တကယ်လို့ မနက်ပိုင်းထွက်မယ့် ခင်ဗျား စီးမယ့်လေယာဉ်က အကြောင်းကြောင်းကြောင့် နောက်ကျနေတယ် ဆိုရင်၊ ခင်ဗျားရဲ့ ဖုန်းမှာပါတဲ့ နှိုးစက်နာရီက ခင်ဗျားကို နောက်ကျပြီးမှ နှိုးပေးမှာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကိုတော့ Apples ရဲ့ ဆော့ဝဲတစ်ခုဖြစ်တဲ့ humble personal assistant ကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တယ်ဆိုတာ မြင်သာနေပါတယ်။

ဖုန်းထုတ်လုပ်နေတဲ့ နည်းပညာရှင်တွေကလည်း ဘယ်လောက်အထိ ကြိုးစားနေသလဲဆိုရင် ဖုန်းတစ်ခုလုံးကို အင်္ကျီတွေထဲမှာ တည်ဆောက်ထားပြီး ဖုန်း စခရင် ကိုတော့ ခင်ဗျားရဲ့ အသားပေါ်မှာ ထားနိုင်အောင် လုပ်ဆောင်ပါတယ်။ ဒါကတော့ နည်းနည်း အလှမ်းဝေးသေးတဲ့ အနာဂတ်တစ်ခုပါ။ သေချာတာကတော့ အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့၊ ကိုယ်နဲ့ မကွာထားနိုင်ဖို့နဲ့ သက်တောင့်သက်သာ ရှိစေဖို့တွေကို ဦးတည်နေတာ ဖြစ်ပါတယ်။



မိုဘိုင်းဖုန်းတွေဟာ တကယ့်ကိုပဲ လူသားတွေရဲ့ လူမှုနေထိုင်မှု ဘ၀အချက်အချာ ဖြစ်လာနေတယ်လို့ မန်နေဂျာ Freed-Finnegan ပြောပါတယ်။ ကွန်ပျူတာ အသေးစားလေးကို သယ်ဆောင်သွားတာနဲ့ ခင်ဗျား လုပ်ချင်တဲ့အရာ တော်တော်များများကို အဲဒါလေးနဲ့ပဲ အကုန်လုပ်ယူလို့ရတယ်လို့ ဆိုပါတယ်။

အိတ်ဆောင် စမတ်ဖုန်းတွေကို ကိုရီးယားနဲ့ ဂျပန်က လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စထွင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ အမေရိကမှာတော့ သူပြောငါပြော စကားတွေထဲမှာပဲ ရှိနေသေးတာပါ။

ဒါပေမဲ့ ဂူဂယ် ဆော့ဝဲ တစ်ခုဖြစ်တဲ့ Nexus S smartphones ကို Sprint’s network မှာ မကြာခင်က ဖြန့်ချီလိုက်တဲ့အခါမှာတော့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါတယ်။ Nexus S smartphone က နောင်တစ်ချိန်မှာ တကယ့်ကို ဘာတွေ ဆက်ဖြစ်လာမလည်းဆိုတာကို ချပြလိုက်တဲ့ အသေးစား ပြယုဂ်လေး တစ်ခုပါလို့လည်း ဆိုပါသေးတယ်။

အခု Smart Phone က ဘာတွေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ နည်းနည်း ဆက်ကြည့်လိုက်ရအောင်။

ကုန်ပစ္စည်းတစ်ခု ၀ယ်တာကို ခရက်ဒစ်ကဒ် မထုတ်ဘဲ ဖုန်းကို ထုတ်လိုက်မယ်။ ပြီးတော့ NFC Reader software (စတိုးဆိုင်တော်တော်များများမှာတော့ PayPass လို့ခေါ်တဲ့ သေးငယ်တဲ့ Radio-wave icon လေးတွေကို ဈေးနှုန်းကဒ်တွေမှာ ထည့်ထားပါတယ်) ကိုဖွင့်လိုက်မယ်။ ငွေချေဖို့ အတွက် ကုန်ပစ္စည်းကုဒ်ကို မှတ်ထားလိုက်မယ်။ လုံခြုံရေးအတွက်တော့ Security PIN ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။

Google Wallet က အခုလောလောဆယ်မှာတော့ Citi MarterCard တစ်ခုနဲ့ပဲ အလုပ် လုပ်ပါသေးတယ်။ နောက်ပြီး Prepaid card ထဲကို ခင်ဗျားဘဏ်ထဲက ဒါမှမဟုတ် ခရက်ဒစ်ကဒ် အကောင့်ထဲက ပိုက်ဆံကို ထည့်ထားလို့ရပါသေးတယ်။

နည်းပညာရှင်တွေ အပြောကတော့၊ သမားရိုးကျ အရောင်းအ၀ယ် ၀န်ဆောင်မှုတွေက ခက်ခဲ ရှုပ်ထွေးလို့၊ တခြား နည်းပညာအသစ် တစ်ခုနဲ့ ငွေပေးချေရေး ၀န်ဆောင်မှုတွေ မြန်ဆန် လွယ်ကူစေဖို့အတွက် အဲဒါကို အစားထိုး စမ်းသပ် အသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ အခုဆိုရင် Google Wallet ဒါမှမဟုတ် တခြား Digital Wallet တစ်ခုခုဟာ ခင်ဗျားရဲ့ ပိုက်ဆံအိတ်တွေ နေရာမှာ အစားထိုးဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ အဲဒီ Phone-wallet နည်းပညာဟာ အနာဂတ် မိုဘိုင်းများအတွက် အရေးပါလာသလို၊ လူအားလုံး လက်ခံ အသုံးပြုဖို့ လွယ်ကူတဲ့အရာလည်း ဖြစ်လာပါတော့မယ်။

ဂူဂယ်က ပြောတာကတော့ Google Wallet ကို ဆက်ပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်တဲ့။ မိုဘိုင်းဖုန်းက loyalty cards တွေ digital coupons တွေကို သိမ်းစည်းထားနိုင်ပြီး တစ်ချက်ကလေး ကလစ်လိုက်တာနဲ့ ကုန်စုံဆိုင်က ပေးတဲ့ discounts တွေကော လျှော့ဈေးတွေကိုပါ ရမှာဖြစ်ပြီး တစ်ဆက်တည်းပဲ ငွေပါ ပေးချေပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။

ရည်ရှည်မှာတော့ မှတ်ပုံတင်ကဒ်တွေ တံခါးသော့ကဒ်တွေကအစ အရာအားလုံးကို ဖုန်းထဲ ထည့်ထားနိုင်ပါလိမ့်မယ်။ အခုဆိုရင် ဖုန်းထဲက NFC chip က တံခါးတွေ ဖွင့်ပြီး၊ မှတ်ပုံတင် (ID) စစ်ဆေးဖို့တွေ လုပ်နိုင်နေပါပြီ။ (လောလောဆယ်တော့ google wallet က သိပ်ပြီးတော့ နာမည် မကြီးသေးပါဘူး၊ အမေရိကန်က smart phones ဖြစ်တဲ့ Google Nexus S နဲ့ တခြား BlackBerry မော်ဒယ် နှစ်ခုမှာတော့ NFC chip က ပါနေပါပြီ။)

ဥပမာ ဟိုတယ် တံခါးသော့ အတွက် ဆိုပါတော့။ ဟိုတယ် စာရေးက ဧည့်သည်ရဲ့ ဖုန်းထဲကို check-in ၀င်တဲ့အချိန်မှာ key permission ကို တံခါးသော့ဖွင့်နိုင်ဖို့အတွက် ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲလိုဆိုရင် ဖုန်းကို ဟိုတယ် အခန်းတံခါး သော့နားကို ကပ်လိုက်တာနဲ့ တံခါးက ပွင့်သွားမှာ ဖြစ်ပါတယ်။

အဲလိုဖြစ်ဖို့အတွက် digital lock တွေ လုပ်တဲ့ အလုပ်ရုံတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ hardware တွေကို standards တစ်ခု သတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။ မှတ်ပုံတင်တွေ ကားမောင်းလိုင်စင်တွေ အတွက်ကတော့ သက်ဆိုင်ရာ အစိုးရဌာနက လက်ခံဆောင်ရွက်မှ ဖြစ်လာမှာပါ။

ဒါပေမဲ့ အဲဒီအရာတွေ အားလုံးကတော့ မကြာခင်ချိန်မှာ တကယ်ဖြစ်လာမှာပါလို့ ဂူဂယ် အိတ်ဆောင် ကွန်ပျူတာ ထုတ်လုပ်ရေး မန်နေဂျာ Freed-Finnegan က ပြောထားပါတယ်။

Credit to Koblade
Posted By ITpinlonthar

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ