ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။
Showing posts with label Knowledge. Show all posts
Showing posts with label Knowledge. Show all posts
Tuesday, February 18, 2014
Saumsung ဖုန်းနဲ. Storage ပြသနာ
မင်္ဂလာပါဗျာ ကျွန်တော်ဒီနေ.တင်ပေးချင်တာလေးကတော့ ကျွန်တော့ဆရာတစ်ယောက် စမ်းသပ်ပြီး အောင်မြင်လို. ပြန်လည်ဝေမျှတာပဲဖြစ်ပါတယ် မသိသေးသူများအတွက်သာရည်ရွယ်ပါတယ်ဗျာ သိပြီး သားဆိုလဲကျော်သွားလိုက်ပေါ့ .....:D ကိုယ်တိုင်စမ်းသပ်အောင်မြင်ထားတာပါ Knowledge တစ်ခုအနေ နဲ.မဟုတ်ပဲ လက်တွေ.စမ်းသပ်ချင်တယ်ဆိုရင်တော့ use own risk ပါလို.ကြိုပြောပါရစေ နော်......
                         -----------------------------------------------------------
အချို့  samsung phone တွေက bluetooth ကူးတာ dowload ဆွဲတာတို့ကို phone storage ထဲကို သွားသိမ်းပါတယ်..ကင်မရာရိုက်ရင်လည်း phone storage ထဲသွားသိမ်းတာပဲ...setting ထဲကနေလည်း သွားချိန်လို့မရဘူးနော်...အဲဒီတော့ sd card ကို phone storage လုပ်ပေးလိုက်မယ်ဆိုရင်အဆင်ပြေသွားတာပေါ့....
လုပ်နည်းကတော့ လွယ်ပါတယ်.. root explorer နဲ့ system ထဲကို သွားပြင်ပေးရမှာပါ....( need root )
root explorer > system / etc ထဲက vold.fstab ဆိုတဲ့ file ကို နည်းနည်းလေးကြာအောင်ဖွင့်ပြီး open in text editor နဲ့ ဖွင့်လိုက်ပါ.... r/o ကို r/w ပြောင်းထားရမယ်နော်...
အောက်က စာလေး 2 ကြောင်းကို တွေ့အောင်ရှာပါ.....
text က phone တခုနဲ့ တခု တူချင်မှတူမှာနော်...အခုဟာကတော့ huawei ထဲကပါ....သေချာရှာနော်...ဆင်တူရိုးမှားလေးတွေရှိတယ်...
dev_mount sdcard /mnt/sdcard emmc@fat /devices/platform/goldfish_mmc.0 /devices/platform/mtk-sd.0/mmc_host
dev_mount sdcard2 /mnt/sdcard2 auto /devices/platform/goldfish_mmc.1 /devices/platform/mtk-sd.1/mmc_host
အခု ကျွန်တော်တို့က mnt ရဲ့ နောက်က sdcard နဲ့ sdcard2 ကို နေရာချင်း change ပေးရမှာပါ...
" sdcard    ရဲ့ နောက်မှာ 2 ထည့်ပြီး
sdcard2 ကို နောက်က 2 ဖျက်ပေးလိုက်ပါ..."
ပြီးရင် menu>save လုပ်ပြီး restart ချပေးလိုက်ပါ...reboot တက်လာရင် storage ထဲ သွားကြည့်လိုက်ပါ....sd က phone storage ပြောင်းနေမယ်နော်......
စမ်းချင်သပဆိုရင် စမ်းနိုင်ပါတယ်...use own risk လို.ပြောပြီးသားနော်... :P ပေးထားတဲ့ guide အတိုင်းလုပ်ရင်တော့ အဆင်ပြေမှာပါ......အားလုံးပဲအဆင်ပြေပါစေဗျာ
                                                                                                       (မြန်မာပြည်လူငယ်)
 Write By Min Khant Ko 
     မြန်မာပြည်လူငယ်တင်ပြီးသမျှပို.စ်များ Download ဆွဲနည်းမသိပါက ဒီလင့်ကို နှိပ်ပြီးသွားဖတ်ပေးပါ ..
Thursday, October 31, 2013
facebook မှာမိမိအကောင့် ကို ပြန် hack ကျမယ် (လော့ ကျသူများ ) အတွက်
facebook  မှာ lock ကျနေ တဲ့ မိမိရဲ့ အကောင့် ကို မိမိဘာသာ ပြန် hack ကျမယ်ဗျာ။ လော့ ကျနေတဲ့ အကောင့် တော်တော်များများ အတွက်အသုံးဝင်မှာပါ။ နိုင်ငံခြားမှာနေတဲ့ မိတ်ဆွေ တွေအတွက်တော့  ပြသနာမရှိ ပေးမယ့် မြန်မာပြည်မှာ နေတဲ့ မိတ်ဆွေတွေအ
တွက်ကျတော့  ဖုန်းနံပါတ်တွေ photo တွေပြပြီးရွေးခိုင်းတာမှာတစ်နေတတ်ပါတယ်။ ကဲအခုပြောပြမဲ့ နည်းလမ်းလေး  နဲ့ မိမိ အကောင့် ကိုမိမိပြန် hack ကြည့် ပါ။ေိေိ ဘာဖြစ်လို့ ဒီလို နည်းလမ်းကိုပြောပြရသလဲဆိုတာကတော့   ဒီနည်းလမ်းကိုသိထားခြင်းအားဖြင့်  မိမိကိုယ်မိမိ ကာကွယ် နိုင်သလို security ယိုပေါက်တွေကို မီးမောင်းထိုးပြ ပေးခြင်းသဘောပါ။
အားလုံးအတွက် fair ဖြစ်ပါတယ်။ဟက်ချင်တဲ့ သူလည်း ဟက်ကြပေါ့ ဗျာ ။
ဒီနည်းလမ်းကို 3 trusted friends နည်းလမ်းလို့  ခေါ်လို့ ရပါတယ်။ တကယ်တော့  facebook ကတရားဝင်ခွင့် ပြုထားပါတယ်။ အကောင့် တွေလော့ ကျရင် 3 trused friends နည်းလမ်းနှင့် ပြန်လည်ရယူခြင်းပါ။  hacker တော်တော်အများစုက တော့ ဒီနည်းလမ်းကိုသိပြီးသားပါ။
ကျွန်တော်လည်းပြန်လည်မျှဝေချင်ယုံသက်သက်ပါ။
Monday, October 14, 2013
Email အကောင့်တွေ ဟက်မခံရအောင် 2step နဲ.ကာထားကြမယ်
ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာလေးက မိမိတို.အကောင့်တွေဟက်မခံရအောင် 2step Verificationလုပ်နည်းနဲ. google authenticator အသုံးပြုနည်း ပဲဖြစ်ပါတယ် ဒါကတော့လူတော်တော်များများလဲသိပြီးကြလိမ့်မယ်ထင်ပါတယ် သိပြီးသားလူတွေကတော့ကျော်သွားလိုက်ပေါ့နော်....အသေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာရှင်းပြထားတာလေးကို သေချာလေးဖတ်ပေးပါ .... ဘာ့ကြောင့် 2step ကို အသုံးပြုကြလဲ ဆိုရင် မိမိဖုန်းလက်ထဲမှာမရှိရင် မိမိကိုယ်တိုင်တောင် အကောင့်ကို သုံးဖို.မဖြစ်နိုင်အောင်လုံခြုံမှုရှိပါတယ် ဒါဆိုရင် မိမိအကောင့် ဘယ်လောက်လုံခြုံမှုရှိသွားမလဲ ဆိုတာ ပြောပြနေစရာမလိုတော့ဘူးထင်ပါတယ် ကဲ့စလိုက်ကြရအောင်ဗျာ...
ပထမဆုံး https://accounts.google.com/ ကိုသွားပြီးသင့်အကောင့်ကိုဝင်ပါ။
ဘယ်ဘက်အခြမ်း (၆)ကြောင်းမြောက်က Security tab ကနေ 2-step verification မှ edit ကိုနှိပ်ပါ။
အကောင့် password ပြန်ရိုက်ခိုင်းရင်ထည့်ပေးပြီး see how it works ကိုနှိပ်ပြီး start setup ကိုနှိပ်ပါ။
ဒီအဆင့်မှာ phone no. ထည့်ပေးပြီး Text message(SMS) (or) Voice call   option နှစ်ခုမှာ Voice call ကိုရွေးပြီး send code နှိပ်ပါ။(မြန်မာနိုင်ငံမှာSMSကိုရွေးရင် မက်ဆေ့မပို.ပါဘူး)
သင့်ဖုန်းကို voice call ၀င်လာရင်သေချာမှတ်ပြီးရိုက်ထည့်ပေးပါ။
Next နှိပ်ပြီး confirm နှိပ်ပေးပါ။
What Is Google Authenticator
သင်တစ်ခြားကွန်ပြူတာကနေ သင့်အကောင့်ကို သုံးရမယ့်အခြေအနေမျိုး၊ သင့်ဖုန်းလိုင်းမမိတဲ့အခြေအနေမျိုး၊ Google server တွေအလုပ်များနေတဲ့အခြေအနေမျိုးမှာ Google verification code ကိုသင်မရရှိနိုင်တဲ့အတွက် သင့်အကောင့်ကိုသင်ဝင်လို့ မရနိုင်တော့ပါဘူး။မစိုးရိမ်ပါနဲ့ ။ Googel Authenticator ရှိပါတယ်။ Google Authenticator Application ကို Android Devices,Apple iphone,ipad,ipod touch , BlackBerry Devices တွေမှာသုံးလို့ ရပါတယ်။Google Authenticator Application ကို သင့်ဖုန်းမှာ install လုပ်ပြီးတာနဲ့ Google ကသင့်ဖုန်းကို code ပို့ ပေးမှာမဟုတ်တော့ပါဘူး။Google နဲ့ သင့်ဖုန်းအကြားမှာ ဘာ connection မှရှိစရာမလိုတော့ပါဘူး။ သင့်ဖုန်းက Google Authenticator Application ကို သုံးပြီး verify လုပ်လို့ ရပါပြီ။ Ios device တွေအတွက်တော့ play store ပါသော android ဖုန်းတွေအတွက်က ဒီမှာဒေါင်းပါ play store service မပါသောဖုန်းတွေအတွက်က ဒီမှာ ဒေါင်းယူနိုင်ပါတယ်..iso တွေအတွက်ကတော့ itune မှာရှာဒေါင်းနိုင်ပါတယ် 
Settingup Google Authenticator
2-step verification page ကိုသွားပြီး Mobile application မှာသင့် ဖုန်းအမျိုးအစားရွေးပေးပါ။ Barcode တစ်ခုကျလာပါလိမ့်မယ်။ သင့်ဖုန်းက google authenticator application ကို ဖွင့်ပြီး barcode ကို scan လုပ်ပါ။ Barcode scanner မရှိရင် download ဆွဲခိုင်းပါလိမ့်မယ်။ဆွဲပြီး scan လုပ်လိုက်ပါ။ သင့်ဖုန်းမှာ ကုတ်ကျလာရင်ကွန်ပြူတာမှာရိုက်ထည့်ပေးပြီး verify လုပ်ပြီး save လုပ်ပါ။ ဒါဆိုရင်သင့်ဖုန်းနဲ့  google နဲ့ ချိတ်မိသွားပါပြီ။ အဲဒီအတွက်သင် တစ်ခြားကွန်ပြူတာကနေသင့်အကောင့်ကို ၀င်တိုင်း သင့်ဖုန်းက google authenticator ကနေ ကုတ်ရိုက်ထည့်ရုံပါပဲ။ Google ကသင့်ဖုန်းကို verification code ပို့ စရာမလို တော့ပါဘူး။
How It Works?
Backup Codes
သင့်ဖုန်းလည်း သင့်အနားမှာမရှိတဲ့အချိန်ဆိုရင် Googel Authenticator လည်းသင်သုံးလို့ မရတော့ပါဘူး။ ဒီလို ဆိုရင် သင့်အကောင့်ကို ဘယ်လိုဝင်ရမလဲ? 2-step verification page မှာပဲ printable backup codesမှာShowbackupcodesကိုနှိပ်ပြီးကုတ်တွေကိုသိမ်းထားပြီးသင်ကြိုက်နှစ်သက်ရာကွန်ပြူတာမှာကြိုက်နှစ်သက်ရာ နေရာမှာအသုံးပြုနိုင်ပါတယ် ...............................................အားလုံးပဲအဆင်ပြေပါစေဗျာ
Credit to=>Windows,Internet,Browsers,Social Networks,Softwares
Thursday, October 10, 2013
Write Protected Error ဖြေရှင်းနည်း စာအုပ်
အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ USB လေး Format ချတဲ့ အခါ Write Protected Error ဆိုတာလေးကို မြင်ဖူးကြမှာပါ။ ဒီစာအုပ်လေးထဲမှာ ဖြေရှင်းနည်းကို ပုံနှင့်တွက် ရှင်းပြထားပါတယ်။ အဆင်ပြေကြပါစေရှင်...
Blogger အားလုံးအား ထာဝရလေးစားလျှက်
မိုး
Download
Wednesday, October 9, 2013
How to create one click bat (for android)
အရင်ဆုံး command တွေကို
ဒီမှာဖတ်လိုက်ပါ
နာမူနာ အနေနဲ့ root ပြီးတဲ့ဖုန်းတွေကို mm font နဲ့ frozen keyboard ကို system app အနေနဲ့ သွင်းပေးမဲ့
One click bat လုပ်နည်းကိုပြောပြမှာပါ
အောက်က command တွေကိုတစ်ဆင့်ခြင်းသေသေချာချာဖတ်သွားရင်နားလည်မှာပါ
computer ပေါ်ကနေ font,busybox နဲ့ keyboard ကို ဖုန်းထဲက /data/local/tmp ထဲကိုထည့်မယ်
adb.exe push plt/DroidSansFallback.ttf /data/local/tmp/DroidSansFallback.ttf
push plt/FrozenKeyboard.apk /data/local/tmp/FrozenKeyboard.apk
push plt/busybox /data/local/tmp/busybox
ပြီးရင် ဖုန်းရဲ့ system ကို mount လုပ်မယ်
adb.exe shell su -c “mount -o rw,remount -t yaffs2 /dev/block/mtdblock3 /system”
busybox ကိုဖုန်းပေါ်မှာ အရင် install လုပ်မယ်
adb.exe shell su -c “dd if=/data/local/tmp/busybox of=/system/bin/busybox”
adb.exe shell su -c “chmod 0755 /system/bin/busybox
font ကို /data/local/tmp ထဲကနေ /system/fonts/ folder ထဲထည့်မယ်
adb.exe shell su -c “busybox dd if=/data/local/tmp/DroidSansFallback.ttf of=/system/fonts/DroidSansFallback.ttf”
/system/fonts/ folder ထဲက DroidSansFallback.ttf ကို permission ပေးမယ်
adb.exe shell su -c “busybox chmod 644 /system/fonts/DroidSansFallback.ttf”
/data/local/tmp folder ထဲက DroidSansFallback.ttf ကိုပြန်ဖြတ်မယ်
adb.exe shell su -c “busybox rm /data/local/tmp/DroidSansFallback.ttf”
frozen keyboard ကို /data/local/tmp ထဲကနေ /system/app/ folder ထဲထည့်မယ်
adb.exe shell su -c “busybox dd if=/data/local/tmp/FrozenKeyboard.apk of=/system/app/FrozenKeyboard.apk”
/system/app/ folder ထဲက Frozenkeyboard.apk ကို premission ပေးမယ်
adb.exe shell su -c “busybox chmod 644 /system/app/FrozenKeyboard.apk”
/data/local/tmp folder ထဲက Frozenkeyboard.apk ကိုပြန်ဖြတ်မယ်
adb.exe shell su -c “busybox rm /data/local/tmp/FrozenKeyboard.apk”
ဖုန်းကို reboot ပေးလိုက်ပေးတာပါ
adb.exe reboot
ပြန်တတ်လာရင် system keyboard နဲ့လန်းနိုင်ပါပြီ
ကျွန်တော်တို့ font နဲ့ app တင်မဟုတ်ပါဘူးမိမိစိတ်ကြိုက်သွင်းနိုင်ပါတယ်
ကွန်ပျူတာပေါ်က directory နဲ့ ဖုန်းထဲကို ထည့်မဲ့ directorမှန်ဖို့ပဲလိုတာပါ
ဥပမာ. fallback_fonts.xml ကိုသွင်းချင်ရင် /system/etc ထဲက folder ပေါ့
အောက်က command တွေကတော့ ကွန်ပျူတာပေါ်က plt ထဲက folder ပေါ်ကနေသွင်းပေးမဲ့ one click bat ပါ
@echo off
color 2A
echo========================================================================
echo. Myanmar Font Installer
echo.
echo. One click bat
echo.
echo. https://www.pinlonthar.com
echo.
echo. https://www.facebook.com/groups/pinlonthar
echo========================================================================
plt\adb.exe devices
plt\adb.exe push plt/DroidSansFallback.ttf /data/local/tmp/DroidSansFallback.ttf
plt\adb.exe push plt/FrozenKeyboard.apk /data/local/tmp/FrozenKeyboard.apk
plt\adb.exe push plt/busybox /data/local/tmp/busybox
plt\adb.exe shell su -c “mount -o rw,remount -t yaffs2 /dev/block/mtdblock3 /system”
plt\adb.exe shell su -c “dd if=/data/local/tmp/busybox of=/system/bin/busybox”
plt\adb.exe shell su -c “chmod 0755 /system/bin/busybox
plt\adb.exe shell su -c “busybox dd if=/data/local/tmp/DroidSansFallback.ttf of=/system/fonts/DroidSansFallback.ttf”
plt\adb.exe shell su -c “busybox chmod 644 /system/fonts/DroidSansFallback.ttf”
plt\adb.exe shell su -c “busybox rm /data/local/tmp/DroidSansFallback.ttf”
plt\adb.exe shell su -c “busybox dd if=/data/local/tmp/FrozenKeyboard.apk of=/system/app/FrozenKeyboard.apk”
plt\adb.exe shell su -c “busybox chmod 644 /system/app/FrozenKeyboard.apk”
plt\adb.exe shell su -c “busybox rm /data/local/tmp/FrozenKeyboard.apk”
plt\adb.exe reboot
pause
Download One Click Bat
အိုင်တီပင်လုံသား
Monday, October 7, 2013
word document သို့မဟုတ် webpage တွေကို pdf ဖိုင်အဖြစ်Online ကနေပြောင်းမယ်
ဒီပို့ခ်မှာတော့ Internet Tricks လေးတစ်ချို့ဖြစ်ပါတယ်။ ကျွန်တော်တို့အင်တာနက်သုံးတဲ့အခါမှာဟိုသွားဒီသွားနဲ့ဝက်ဆိုဒ်တစ်ခုခုကိုစိတ်ဝင်စားပြီး
အင်တာနက်မ၇ှိတဲ့ချိန်မှာ ဖတ်ချင်တယ်ဆိုရင် အဲ့ဒီ ၀က်ဆိုဒ်ကို PDF file အနေနဲ့ ပြောင်းပြီးသိမ်းထားလို့ရပါတယ် ။ကိုယ်ဖတ်ချင်တဲ့ချိန်ဖတ်လို့ရတာပေါ့ဗျာ ။
မိုက်တယ်ဗျ software သုံးဖို့မလိုဘူးပေါ့ :D ။
ကဲပထမနည်းလမ်းကတော့
http://pdfmyurl.com/ ဒီဝက်ဆိုဒ်ကိုသွားပြီး
Enter URL Location To PDF နေရာမှာ ကိုယ် ပြောင်းမယ့်URL ကိုထည့်ပြီး ဒီကSign မှာနိပ်လိုက်ရင် Download Auto လုပ်သွားပါလိမ့်မယ် ။
နောက်နည်းလမ်းတစ်ခုက
Word To PDF ပေါ့ဗျာ .. အောက်က Website ကိုသွားပြီး Convert ပြုနိုင်ပါတယ် ။
https://www.wordtopdf.com/
Word နေရာမှာ Microsoft word ကိုပြောင်းမှာလား Power point ဖိုင်ကိုပြောင်းမှာလားဆိုတာေ၇ွးပေးလိုက်ပါ ။ပြီးရင် Select file နေ၇ာမှာ
ကိုယ် Convert လုပ်မယ့်ဖိုင်ကိုသွားေ၇ွးပေးပီး ကိုယ့် Email PDF To နေရာမှာ ကိုယ့်အီးမေးကိုထည့်ပေးလိုက်ပါအဲ့ဆို PDF file အနေနဲ့ mail ထဲပို့ပေးမှာဖြစ်ပါတယ် ။
အားလုံးအဆင်ပြေပါစေ ။
အိုင်တီပင်လုံသား
Wednesday, October 2, 2013
Gmail အကောင့်နဲ. Facebook အကောင့်ဖွင့်နည်း
မင်္ဂလာပါဗျာ..... မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် ကျွန်တော်င်္ဒီနေ.တင်ဆက်ပေးချင်တာကတော့ gmail အကောင့် နဲ.facebook အကောင့်သစ်ဖွင့်နည်းလေးပါ အဓိက ကတော့ ကျွန်တော်တို.အားလုံး စွဲလမ်းစွာ အသုံးပြုနေတဲ့ ဖေ့ဘုတ်အကောင့် တွေ က အခုနောက်ပိုင်း ဖွင့်ဖို.အဆင်မပြေ ဖြစ်နေကြတဲ့ လူများနဲ. မသိသေးသူများအတွက်ရည်ရွယ်ပါတယ်....... ကျွန်တော်သိလို.တတ်လို.တော့မဟုတ်ပါဘူး သိတဲ့ တတ်တဲ့ အကိုအမ တွေဆီက လေ့လာခွင့်ရထားတာလေးတွေကို ကျွန်တော့လိုမသိမတတ်တဲ့ လူတွေ အတွက် ကိုယ်ချင်းစာလို.ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ် .........အခုနည်းလေးကတော့ ၁၀၀% မဟုတ်တောင် ၉၀% သေချာတယ်
လို.ပြောလို.ရပါတယ် ...အောက်မှာ video ဖိုင်လေးပါထည်.ပေးထားတာကြောင့် အဆင်ပြေမယ်လို.လဲ မျှော်လင့်ပါတယ် လိုင်းအခြေအနေကြောင့် video ဖိုင်လေးက လိုအပ်တဲ့ အချိန်ထက်ပိုကြာသွားလို. နည်းနည်းသည်းခံပြီး ကြည်.ပေးကြပါ ....ဟီးးးးးးးးးဖုန်းစုတ်နေတာလဲ ပါတာပေါ့  ....:P
ကဲ.............ပွားတာများသွားပြီစလိုက်ကြရအောင်ဗျာ 
ဒီနည်းလေးက တော့ android ဖုန်းပေါ်က နေ gmail ရောfacebook ရောကို ဖွင့်မှာပါ မိမိ တို. ဖုန်းမှာတော့ google service ဖြစ်တဲ့ gapp ထည်.ထားဖို.တော့လိုပါတယ်။gapp ဆိုတာတော့ ထပ်မရှင်းပြတော့ဘူးနော် တော်ကြာလိုရင်းမရောက်မှာဆိုးလို. ဟီးးးးးးးးးးးးးးးးးးး
အရင်ဆုံး gmail အကောင့် အသစ်စဖွင့်ပါမယ် အရင်ဆုံး android ဖုန်း တွေမှာပါတဲ့ default browser နဲ.ပဲဖွင့်ပါမယ် ဖုန်းရဲ့browser မှာရှိတဲ့ cache တွေ history တွေ cookies တွေ data တွေ ကို အကုန်ရှင်းထားပါမယ် .........ဒါတွေကိုရှင်းလင်းဖို.အတွက် အောက်က ပုံလေးထဲက လို browser ရဲ.settings ကို အရင်ဝင်ပါမယ် 
settings ထဲက မှ privacy & security ကိုဝင် ပြီး အားလုံးရှင်းလိုက်ပါ ရှင်းပြီးသွားပြီဆိုတာနဲ. အောက်ကပုံလေးထဲမှာလိုenable location ကိုအမှန်ခြစ်ထားရင် ဖြုတ်ပေးလိုက်ပါ
ဒါဘာလို.အမှန်ခြစ်ဖြုတ်ရလဲ ဆိုရင် အကောင့်ဖွင့်ခ ပိုက်ပိုက်လာတောင်းမှာကြောက်လို.ပါ  ဟီးးးးးး  အလကားနောက်တာပါ ညန်မာကြည်က ခလေးတွေ ပညာရေးစိတ်မ၀င်စားမှာဆိုးလို. မြန်မာပြည်ကဆိုရင်အလွယ်တကူနဲ. အကောင့်တွေပေးမဖွင့်တက်ပါဘူး .....ကိုယ်ထင်တာကိုယ်ပြောတာနော် ဟီးးးးးးးးး ကဲဆက်ရအောင် ဗျာ အရင်ဆုံး gmail အကောင့်ဖွင့်ဖို. အတွက် ဖုန်းရဲ့ setting ထဲက add account ဆိုတာကို ၀င်လိုက်ပါ 
ပြီးရင်တော့ existing ကိုမနှိပ်ပဲ new ကို နှိပ် ပြီး လိုအပ်တာတွေဖြည်.ပြီ sing up ဆိုတာကို နှိပ်ပြီးဆက်သွားလိုက်ပါ အဆင်မပြေသေးရင်အောက်က ဗီဒီယိုဖိုင်လေးမှာတစ်ချက်လေ့လာနိုင်ပါတယ်
facebook ဖွင့်တာကတော့ အမှန်တိုင်းပြောရရင် m.facebook.com ကနေ သွားဖွင့်တဲ့ပုံစံပါ ဖုန်းရဲ့ browser က နေ facebook.com လို.ရိုက်ပြီး facebook page ခေါ်လိုက်ပါ ပြီးတာနဲ.အစိမ်းလေးနဲ.ပါတဲ့ create new account ကိုနှိပ်ပြီး လိုအပ်တာတွေဖြည်.ပေးပါ email နေရာမှာတော့ ခုနဖွင့်ထားတဲ့ အကောင့်လိပ်စာထည်.ပါ မွေးနေ.နေရာမှာ သူပေးထားတဲ့ default အတိုင်းမထားပါနဲ. ကိုယ်ကြိုက်သလိုပြောင်းထည်.ပါ ပြီးတာနဲ. sing up ကိုနှိပ်ပြီး ဖွင့်နိုင်ပါပြီ .... ကျွန်တော်စမ်းပြထားတာတော့ comfirm code မတောင်းပါဘူး တစ်ခါတစ်ခါတော့ တောင်းတက်ပါတယ် အဲ့ဒီလိုတောင်းခဲ့ရင် email ထဲ့မှာ code ရောက်နေပါလိမ့်မယ် သွားယူပြီးထည်.လိုက်ပါ ကျွန်တော်ကတော့ အကောင့်ပွင့်သွားတာတဲ့ အထိ ဖွင့်ပြထားပါတယ် လိုအပ်တဲ့ ကျောင်းတို. နေရာတို. video ဖိုင်မှာမဖြည်.ပြထားပါဘူး အားလုံးဖြည်.ပေးလိုက်ပါ သူလုပ်ခိုင်းတာသာအကုန်လုပ်ပေးလိုက်ပါ ဒါမှအကောင့်လော့မကျမှာပါ ....... ကဲ အားလုံးပဲ အဆင်ပြေပါစေဗျာ 
အဆင်မပြေပါက myanmarpyilunge.blog@gmail.com သို.ဆက်သွယ်နိုင် ပါတယ်။သို.ပေမဲ့ ကိုယ်ပိုင်အစွမ်းအစနဲ. သာအရင်ကြိုးစားကြည်.စေလိုပါတယ်။ကျွန်တော်ဆိုရင် အလုပ်တစ်ဖက်နဲ. ဒီဘလော့လေးလုပ်ပေးနေတာပါ .....
Saturday, September 28, 2013
Google wallet နဲ့ အရာအားလုံး ပြီးမြောက်စေမယ်
“ကျွန်တော်တို့တွေရဲ့ မကြာတော့မယ့် အနာဂတ်မှာ ဖုန်းတစ်လုံးက လွဲပြီး ဘာမှ ယူစရာမလိုဘဲ အိမ်အပြင်ထွက်လို့ ရတော့မယ်” ။ အဲဒါကတော့ ဂူဂယ်ကုမ္ပဏီက ပြောလိုက်တဲ့ အနာဂတ်အတွက် အမြင်ပါ။
“ကျွန်တော်တို့ ယုံကြည်နေပါတယ်။ တစ်နေ့နေ့မှာ အိမ်ကနေ အလုပ်ကို ဖြစ်ဖြစ် ဈေးကိုဖြစ်ဖြစ် တစ်နေရာရာကို လက်ကိုင်ဖုန်း တစ်လုံးတည်း ကိုင်သွားပြီး ထွက်သွားလို့ရမယ်လို့ ကျွန်တော် အသေအချာကို မျှော်လင့်ထားပါတယ်လို့ …” ဂူဂယ် အိမ်ဆောင်ထုတ်ကုန် မန်နေဂျာ
Marc Freed-Finnegan က ပြောလိုက်ပါတယ်။
အပြင်တစ်ခါသွားရင် လိုအပ်မယ့် အရာအားလုံးဖြစ်တဲ့ စာရွက်စာတမ်း၊ ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အရာတွေ ဒါမှမဟုတ် သတ္တုတစ်မျိုးမျိုးနဲ့ လုပ်ထားတဲ့ အရာတွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ တစ်စုတစ်ဝေးတည်းဖြစ်အောင် smart phone က လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဂူဂယ်က ဆိုလိုတာကတော့ မိုဘိုင်းဖုန်းကိုပဲ ခရက်ဒစ်ကဒ်၊ ယာဉ်မောင်း လိုင်စင်၊ ထရန်စစ်ကဒ်၊ စတိုးဆိုင်တွေက ပေးတဲ့ ကူပွန်ကဒ်တွေ၊ အိမ်သော့၊ ဟိုတယ်သော့ မှတ်ပုံတင် စတာတွေအပြင် အခြားသော မဖြစ်နိုင်ဘူးလို့ ထင်ထားတာတွေ တော်တော်များများကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေ တကယ်ဖြစ်နိုင်မလားဆိုတာကတော့ smart phone တွေရဲ့ တိုးတက်လာမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။
၂၀၀၇ မှာ ပထမဦးဆုံးပေါ်ခဲ့တဲ iPhone ကို နည်းပညာရှင်တွေက ပထမဦးဆုံးသော အိပ်ဆောင် ကွန်ပျူတာ Smart Phone စစ်စစ်လို့ သတ်မှတ်ကြပါတယ်။
Smart phone တွေဟာ အခုဆိုရင် GPS များ၊ လက်ကိုင်ဂိမ်းစက်များ၊ အိမ်သုံး ကင်မရာများ၊ ပြက္ခဒိန်၊ မှတ်စုစာအုပ်၊ သတင်းစားများ နဲ့ နားကြပ်ကက်ဆက်တွေ နေရာမှာ အစားထိုး ၀င်လို့လာပါတယ်။ လက်ကိုင်အိတ်ထဲမှာ တပွေ့တပိုက် ထည့်ထားရမယ့် စာတွေ တော်တော်များများဟာ smart phone ထဲကို ရောက်သွားပါပြီ။
ကျွမ်းကျင်သူတွေ အပြောအရ ဖုန်းတွေက ဘယ်လောက်အထိ ပြည့်စုံလာစေမလဲဆိုရင်၊ တကယ်လို့ မနက်ပိုင်းထွက်မယ့် ခင်ဗျား စီးမယ့်လေယာဉ်က အကြောင်းကြောင်းကြောင့် နောက်ကျနေတယ် ဆိုရင်၊ ခင်ဗျားရဲ့ ဖုန်းမှာပါတဲ့ နှိုးစက်နာရီက ခင်ဗျားကို နောက်ကျပြီးမှ နှိုးပေးမှာ ဖြစ်ပါတယ်။ အဲဒါမျိုးတွေကိုတော့ Apples ရဲ့ ဆော့ဝဲတစ်ခုဖြစ်တဲ့ humble personal assistant ကို ကြည့်ခြင်းအားဖြင့် ဖြစ်လာနိုင်တယ်ဆိုတာ မြင်သာနေပါတယ်။
ဖုန်းထုတ်လုပ်နေတဲ့ နည်းပညာရှင်တွေကလည်း ဘယ်လောက်အထိ ကြိုးစားနေသလဲဆိုရင် ဖုန်းတစ်ခုလုံးကို အင်္ကျီတွေထဲမှာ တည်ဆောက်ထားပြီး ဖုန်း စခရင် ကိုတော့ ခင်ဗျားရဲ့ အသားပေါ်မှာ ထားနိုင်အောင် လုပ်ဆောင်ပါတယ်။ ဒါကတော့ နည်းနည်း အလှမ်းဝေးသေးတဲ့ အနာဂတ်တစ်ခုပါ။ သေချာတာကတော့ အလွယ်ကူဆုံး အသုံးပြုနိုင်ဖို့၊ ကိုယ်နဲ့ မကွာထားနိုင်ဖို့နဲ့ သက်တောင့်သက်သာ ရှိစေဖို့တွေကို ဦးတည်နေတာ ဖြစ်ပါတယ်။
မိုဘိုင်းဖုန်းတွေဟာ တကယ့်ကိုပဲ လူသားတွေရဲ့ လူမှုနေထိုင်မှု ဘ၀အချက်အချာ ဖြစ်လာနေတယ်လို့ မန်နေဂျာ Freed-Finnegan ပြောပါတယ်။ ကွန်ပျူတာ အသေးစားလေးကို သယ်ဆောင်သွားတာနဲ့ ခင်ဗျား လုပ်ချင်တဲ့အရာ တော်တော်များများကို အဲဒါလေးနဲ့ပဲ အကုန်လုပ်ယူလို့ရတယ်လို့ ဆိုပါတယ်။
အိတ်ဆောင် စမတ်ဖုန်းတွေကို ကိုရီးယားနဲ့ ဂျပန်က လွန်ခဲ့တဲ့ ငါးနှစ်ကျော်လောက်ကတည်းက စထွင်ခဲ့တာပါ။ အဲဒီအချိန်တုန်းကတော့ အမေရိကမှာတော့ သူပြောငါပြော စကားတွေထဲမှာပဲ ရှိနေသေးတာပါ။
ဒါပေမဲ့ ဂူဂယ် ဆော့ဝဲ တစ်ခုဖြစ်တဲ့ Nexus S smartphones ကို Sprint’s network မှာ မကြာခင်က ဖြန့်ချီလိုက်တဲ့အခါမှာတော့ အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါတယ်။ Nexus S smartphone က နောင်တစ်ချိန်မှာ တကယ့်ကို ဘာတွေ ဆက်ဖြစ်လာမလည်းဆိုတာကို ချပြလိုက်တဲ့ အသေးစား ပြယုဂ်လေး တစ်ခုပါလို့လည်း ဆိုပါသေးတယ်။
အခု Smart Phone က ဘာတွေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာ နည်းနည်း ဆက်ကြည့်လိုက်ရအောင်။
ကုန်ပစ္စည်းတစ်ခု ၀ယ်တာကို ခရက်ဒစ်ကဒ် မထုတ်ဘဲ ဖုန်းကို ထုတ်လိုက်မယ်။ ပြီးတော့ NFC Reader software (စတိုးဆိုင်တော်တော်များများမှာတော့ PayPass လို့ခေါ်တဲ့ သေးငယ်တဲ့ Radio-wave icon လေးတွေကို ဈေးနှုန်းကဒ်တွေမှာ ထည့်ထားပါတယ်) ကိုဖွင့်လိုက်မယ်။ ငွေချေဖို့ အတွက် ကုန်ပစ္စည်းကုဒ်ကို မှတ်ထားလိုက်မယ်။ လုံခြုံရေးအတွက်တော့ Security PIN ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။
Google Wallet က အခုလောလောဆယ်မှာတော့ Citi MarterCard တစ်ခုနဲ့ပဲ အလုပ် လုပ်ပါသေးတယ်။ နောက်ပြီး Prepaid card ထဲကို ခင်ဗျားဘဏ်ထဲက ဒါမှမဟုတ် ခရက်ဒစ်ကဒ် အကောင့်ထဲက ပိုက်ဆံကို ထည့်ထားလို့ရပါသေးတယ်။
နည်းပညာရှင်တွေ အပြောကတော့၊ သမားရိုးကျ အရောင်းအ၀ယ် ၀န်ဆောင်မှုတွေက ခက်ခဲ ရှုပ်ထွေးလို့၊ တခြား နည်းပညာအသစ် တစ်ခုနဲ့ ငွေပေးချေရေး ၀န်ဆောင်မှုတွေ မြန်ဆန် လွယ်ကူစေဖို့အတွက် အဲဒါကို အစားထိုး စမ်းသပ် အသုံးပြုဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။
ဟုတ်ပါတယ်။ အခုဆိုရင် Google Wallet ဒါမှမဟုတ် တခြား Digital Wallet တစ်ခုခုဟာ ခင်ဗျားရဲ့ ပိုက်ဆံအိတ်တွေ နေရာမှာ အစားထိုးဝင်ရောက်လာနေပြီ ဖြစ်ပါတယ်။ အဲဒီ Phone-wallet နည်းပညာဟာ အနာဂတ် မိုဘိုင်းများအတွက် အရေးပါလာသလို၊ လူအားလုံး လက်ခံ အသုံးပြုဖို့ လွယ်ကူတဲ့အရာလည်း ဖြစ်လာပါတော့မယ်။
ဂူဂယ်က ပြောတာကတော့ Google Wallet ကို ဆက်ပြီး ဖွံ့ဖြိုးအောင် ဆောင်ရွက်နေပါတယ်တဲ့။ မိုဘိုင်းဖုန်းက loyalty cards တွေ digital coupons တွေကို သိမ်းစည်းထားနိုင်ပြီး တစ်ချက်ကလေး ကလစ်လိုက်တာနဲ့ ကုန်စုံဆိုင်က ပေးတဲ့ discounts တွေကော လျှော့ဈေးတွေကိုပါ ရမှာဖြစ်ပြီး တစ်ဆက်တည်းပဲ ငွေပါ ပေးချေပြီးသား ဖြစ်သွားလိမ့်မယ်လို့ ဆိုပါတယ်။
ရည်ရှည်မှာတော့ မှတ်ပုံတင်ကဒ်တွေ တံခါးသော့ကဒ်တွေကအစ အရာအားလုံးကို ဖုန်းထဲ ထည့်ထားနိုင်ပါလိမ့်မယ်။ အခုဆိုရင် ဖုန်းထဲက NFC chip က တံခါးတွေ ဖွင့်ပြီး၊ မှတ်ပုံတင် (ID) စစ်ဆေးဖို့တွေ လုပ်နိုင်နေပါပြီ။ (လောလောဆယ်တော့ google wallet က သိပ်ပြီးတော့ နာမည် မကြီးသေးပါဘူး၊ အမေရိကန်က smart phones ဖြစ်တဲ့ Google Nexus S နဲ့ တခြား BlackBerry မော်ဒယ် နှစ်ခုမှာတော့ NFC chip က ပါနေပါပြီ။)
ဥပမာ ဟိုတယ် တံခါးသော့ အတွက် ဆိုပါတော့။ ဟိုတယ် စာရေးက ဧည့်သည်ရဲ့ ဖုန်းထဲကို check-in ၀င်တဲ့အချိန်မှာ key permission ကို တံခါးသော့ဖွင့်နိုင်ဖို့အတွက် ထည့်ပေးလိုက်မှာ ဖြစ်ပါတယ်။ အဲလိုဆိုရင် ဖုန်းကို ဟိုတယ် အခန်းတံခါး သော့နားကို ကပ်လိုက်တာနဲ့ တံခါးက ပွင့်သွားမှာ ဖြစ်ပါတယ်။
အဲလိုဖြစ်ဖို့အတွက် digital lock တွေ လုပ်တဲ့ အလုပ်ရုံတွေက လုံခြုံရေးဆိုင်ရာတွေနဲ့ hardware တွေကို standards တစ်ခု သတ်မှတ်ထားဖို့ လိုပါလိမ့်မယ်။ မှတ်ပုံတင်တွေ ကားမောင်းလိုင်စင်တွေ အတွက်ကတော့ သက်ဆိုင်ရာ အစိုးရဌာနက လက်ခံဆောင်ရွက်မှ ဖြစ်လာမှာပါ။
ဒါပေမဲ့ အဲဒီအရာတွေ အားလုံးကတော့ မကြာခင်ချိန်မှာ တကယ်ဖြစ်လာမှာပါလို့ ဂူဂယ် အိတ်ဆောင် ကွန်ပျူတာ ထုတ်လုပ်ရေး မန်နေဂျာ Freed-Finnegan က ပြောထားပါတယ်။
Credit to Koblade
Posted By ITpinlonthar
Tuesday, September 24, 2013
Hacking to Handy cafe Client
                                942750_543122222427611_1964075538_n
ကျွန်တော် တင်ပေးချင်တာကတော့
Hacking to Handy cafe Client
အကြောင်းပါ။ဆိုင်မှာသုံးနေသေးတဲ့ လူတွေခိုးသုံး လို့ရအောင်တင်ပေး
လိုက်တာပါ ကဲလုပ်ငန်းစလိုက်ရအောင်။
အရင်ဦးဆုံး *Task manager ကို ဖွင့်လိုက်ပါ။
( Ctrl + Alt + Del )နဲ့ခေါ်လို့ရပါတယ်။ပြီးရင်
*Processes ကိုရှာပြီးတော့ end processလုပ်လိုက်ပါ .
အဲဒါဆိုရင် Task manager the adminကနေပြီတော့ disabled လုပ်ထားလာမလုပ်ထားဘူးလာသိဖို့လိုပါတယ်။
Task manager: ကို enable လုပ်ဖို့အတွက် ကတော့
*Start
*Run ကိုသွားရမှပါ။ (“gpedit.msc”) ကိုရိုက်ထည့်ပေရမှာပါ။
ပြီးရင်
*User Configuration
*Administrative Templates
*System
*Ctrl+Alt+Del Options
ကို လုပ်လျုက်
ပြီးရင် “Remove Task Manager” ကိုenable လုပ်လိုက်ပါ။
အကယ်၍ Windows XP ဆိုရင်တော့ registry ကို edit လုပ်ပေးရမှာပါ
အရင်ဆုံးStartကိုသွားပြီးတော့ Runကိုသွားပြီးတော့ regeditရိုက်ထည့်ပြီးရင် OK ကိုနှိပ်လိုက်ပါ။
ပြီးရင် အောက်ကအဆင့်တွေကို တစ်ဆင့်ချင်းသွားလိုက်ပါ။
*HKEY_CURRENT_USER
*Software
*Microsoft
*Windows
*CurrentVersion
*Policies
*System
ဒါပြီးပြီဆိုရင် တော့
disable Task manager ကိုRight click နှိပ်ပြီးတော့ delete ကိုclick လိုက်ပါ။
အကယ်၍ အထက်ပါ နှစ်ဆင့်လုံးက အလုပ်မလုပ်ဘူးဆိုရင်တော့ Task manager system fixer ကိုရှာပြီးတော့ download လိုက်ပါ။
အဲဒါပြီရင်တော့ handycafe ကို software နဲ့ hack လို့ရပါပြီ ငိငိ
ကဲအားလုံး ပဲ စမ်းကြည့်လိုက်ကြပါဦးဗျာ
အဆင်ပြေပါ စေ အားလုံးအားလုံးကို။
**အိုင်တီပင်လုံသား***
Monday, September 23, 2013
ကွန်ပျူတာ က partition ကို ဖွက် ထား နည်း .... :)
ကျွန်တော် စာ ရေး မယ် စာ ရေး မယ် ဆိုပြီးတော့ အပျင်းထူ ပြီးတော့ စာ မရေး ဖြစ်တာ
 တောင်း ပန်ပါတယ် ဗျာ
ပြီးတော့ ကျွန်တော် ကိုယ်တိုင် ကို က … လေ့လာ နေစဲ ၀ါ သနာ ရှင် တစ်ယောက်ပါ … ပညာ ရှင် ကြီး တစ်ယောက် မဟုတ် ပါ
အခု လို ကျွန်တော် သိတာ နားလည်တာ တွေ ကို ပဲ အားလုံး ကို ရှယ် ခွင့် ရတဲ့ အတွက် လဲ ကျေးဇူး တင်ပါတယ်
ကဲ ကျွန်တော် စကား ရှည်နေတာ နဲ့ ပြော ပြမဲ့ အကြောင်း အရာတောင် နည်းနည် လွဲ ချင်လာ ပြီ .. J
စ လိုက်ရအောင် ဗျာ ……. အရင်ဆုံး ….. window (Key) နဲ့ R (key) တွဲ နိုပ် ပြီးတော့ Run ကို ခေါ်လိုက်ပါ ………
ပြီး ရင်  diskpart လို့ ရိုက် လိုက်ပါ  Command Window တစ်ခု တက် လာ ပါ လိမ့်မယ် …:)
ပြီးရင် ရိုက် ရ မဲ့ စာ က ……. List volume ပါ
List volume လို့ ရိုက် ရမှာနော် ….. list volume လို့ ရိုက် ရမှာ အဟုတ် ဘူးနော် …. :)
အောက် က ပုံလေး နဲ့ ပြ ထားတယ် ….. :)
ကဲ အဲ့ဒီ ထဲ က မှ ဘယ် Volume ကို ဖွက် ချင် လဲ ဆိုတာ ကို ရွေး ရ မှာ ပါ
မဖွက် ခင် My Computer မှာ ၀င် ကြည့် လိုက်ပါ က ရှိ သမျှ Volume ကို တွေ့ ရမှာပါ
ကဲ ဒီ ထဲ က မှ …. ကျွန်တော် တို့  D Volume ကို ဖွက် ထားလိုက် ပါမယ် ….. J
 ကဲ ပြန်ဆက် ရအောင် …… စောစော Command Window ကို ပြန် သွားလိုက်ပါ
D Volume ကို ဖွက် ထား မှာ ဖြစ်တဲ့ အတွက်  D Volume ရဲ့ နံပတ် ကို မှတ် ထားလိုက် ပါ ဘယ် လို မှတ်ထား ရ မလဲ ဆိုတော့
ကို ဖွက် မဲ့ Volume No. လဲ သိပြီ ရှေ့ ဆက် သွား ဖို့ ပဲ ကျန်တော့တယ် …. :)
တကယ် ဆက် ပြီး ခိခိ…. :)
select Volume ( ကို ဖွက် မဲ့ Volume No. )
ပြီးရင် remove letter (  D, E, F အစ ရှိ သဖြင့် ကို ဖွက် မဲ့ Letter ကို ရွေးလိုက် ပါ )
ကျွန်တော် က D ကို ဖွက် မှာ ဖြစ်တဲ့ အတွက် …….. remove letter D
ကဲ အဲ့တာ ဆိုရင် တော့ ကျွန်တော် တို့ အောင် မြင် စွာ နဲ့ …  D Volume ကို
My Computer မှာ မတွေ့ ရတော့ ပါ ဘူး ဗျာ ……. :)
 ရှင်း ရှင်း လေးနော် … သိသွား တော့ လဲ ကျွန်တော် မလို  အပ် ဘဲ စကား ရှည်နေတာ က ပို များနေတာ … :)
1.    Window (key) + R (Key)
2.    List volume
3.    Select Volume ( Volume no. )
4.    Remove letter ( no. )
          ကဲ ပြီး ပြီ …….. 
ဘယ် လို ပြန် ဖော် ရမလဲ ဆိုတော့  ဆက် ရန် ရှိ သေး သည် 
ကိုရီးယား ကား မရိုက် ပါ ဘူး ဗျာ …တစ်ခါတည်း ပြန် ဖော် ဖို့ ပြော မှာ ပါ ဗျာ  …. 
ကဲ နည်းနည်း တော့ အပျင် ထူ လိုက် မယ်နော် …. အပေါ် က အဆင့်တွေ အတိုင်း ….
 1 , 2 , 3 ပြန် လုပ် လိုက် ပါ ဗျာ
4 remove letter ဆိုတဲ့ အဆင့် ရောက် ရင်
Assign letter လို့  ရိုက် ပြီးတော့ ကို ဖွက် ထား တဲ့ letter no. ကို ပြန်ရိုက် လိုက်ပါ
ကျွန်တော် တို့ ဖွက် ထားတဲ့ Volume ပြန် ပေါ် လာ ပါ ပြီ
ခိခိ … နည်းနည်း လောက် ဆေး ထိုး ပေးလိုက် အုံးမယ်
ကျွန်တော် ဆိုရင် ကျွန်တော် အခန်းဖော်တွေ ရဲ့ ကွန် ပျူတာ ကို သူတို့ မသိတဲ့ အချိန်မှာ
အဲ့လို ဖွက် ထားလိုက် တယ် …….. သူတို့ လဲ ဖွင့် ကြည့် ရော .. ဘာမှ မတွေ့ ရတော့ ခေါင်းတွေ ခြောက် ပြီးတော့ …… ကျွန်တော် ကို အကူ အညီတောင်းတော့ မှ … မုန့် လိုက် ၀ယ် ကျွေးခိုင်း ပြီးတော့ ပြန် ဖွင့် ပေးလိုက်တာ …….
ကဲ နည်းပညာ များ ကို လေ့ လာနေ ရင်းနဲ့ …… မြန်မာ လူငယ်တို့ ရဲ့ အားမန်နဲ့ ….
မြန်မာ IT လော က ကြီး  ကို ဘယ် သူမှ အထင် မသေး ရဲ့ တဲ့ ….. ဘ ၀ ကြီး ကို ရရှိ နိုင် ပါစေ လို့  ဆိုတောင်း ရင်း နဲ့  ပဲ ကျွန်တော် ပြန်ပြီးတော့ အပျင်း ထူ လိုက်ပါ အုံးမယ် …..
Friday, September 20, 2013
ဖေ့ဘုတ်ပေါ်မှာပုန်းနေတဲ့လူတွေကိုရှာကြည်.ရအောင်
မင်္ဂလာပါဗျာ ကျွန်တော်အခုတင်ဆက်ပေးမဲ့အကြောင်းအရာက ဖေ့ဘုတ်ပေါ်မှာ ပုန်းနေတဲ့လူတွေကိုတွေ.အောင်ရှာတဲ့နည်းလေးပဲဖြစ်ပါတယ် ဒါလေးကိုတော့အားလုံးပဲစမ်းသပ်ကြည်.ချင်ကြလိမ့်မယ်လို.လဲယုံကြည်.ပါတယ်
ကျွန်တော်စမ်းကြည်.သလောက်တော့မြင်ရတယ်ဗျ မီးစိမ်းလေးကို တစ်ဝက်ပဲလင်းပြတာပါ အောက်ကပုံလေးထဲမှာလိုပေါ့
အနီနဲ.၀ိုင်းပြထားသူများက ပုန်းနေသူများဖြစ်ပါတယ် တကယ်လို.စိတ်ဝင်စားလို.စမ်းချင်တယ်ဆိုရင်တော့ ဒီနေရာလေးမှာဝင်ပြီး စမ်းသပ်နိုင်ပါတယ် ဒီပို.စ်လေးကို လိုင်းမကောင်းတဲ့ကြားက တင်ပေးလိုက်တာဖြစ်တဲ့အတွက် လိုအပ်ချက်များရှိပါကလဲ ကြိုတင်တောင်းပန်ပါတယ် ကဲ့အားလုံးပဲအဆင်ပြေပါစေဗျာ.......
အသုံးဝင်မယ့် RUN command များ
                              download (1)
အသုံးပြုသည့်နေရာ Win+R
A=
Add/Remove Programs = appwiz.cpl
Administrative Tools = control admintools
Authorization Manager= azman.msc “New”
C=
Calculator = calc
Certificate Manager = certmgr.msc
Character Map = charmap
Check Disk Utility = chkdsk
Control Panel = control “New”
Command Prompt = cmd.exe
Component Services = dcomcnfg
Computer Management = compmgmt.msc = CompMgmtLauncher
D=
Date and Time Properties = timedate.cpl Downloads = Downloads “New” Device Manager = devmgmt.msc Direct X Troubleshooter = dxdiag Disk Cleanup Utility = cleanmgr Defragment User Interface = dfrgui “New” Ditilizer Calibration Tool = tabcal “New” Disk Management = diskmgmt.msc Disk Parmelonion Manager = diskpart Display Properties = control desktop or desk.cpl DPI Scaling = dpiscaling “New” Driver Package Installer = dpinst “New” Driver Verifier Utility = verifier or /reset DVD Player = dvdplay “New”
E=
Encryption File System = rekeywiz “New”
Event Viewer = eventvwr.msc
F=
Fax Cover Sheet Editor = fxscover “New”
File Signature Verification Tool = sigverif
Folders Properties = control folders
Fonts = control fonts
Free Cell Card Game = freecell
G=
Game Controllers | joy.cpl Group Policy Editor = gpedit.msc
I=
Internet Explorer = iexplore Iexpress Wizard = iexpress Internet Properties = inetcpl.cpl IP Configuration = ipconfig.exe iSCSI Initiator = iscsicpl “New”
K=
Keyboard Properties = control keyboard
L=
Libraries = explorer or Windows key + E Local Security Settings = secpol.msc Local Users and Groups = lusrmgr.msc Logs You Out Of Windows = logoff
M=
Microsoft Support Diagnostic Tool = msdt “New”
Microsoft Paint = mspaint.exe
Mouse Properties = control mouse
Mouse Properties = main.cpl
Mobility Center (only on mobile) = mblctr or Windows key + X
N=
Network Connections = control netconnections Network Connections = ncpa.cpl Notepad = notepad
O=
ODBC Data Source Administrator = odbcad32 “New”
Optional Features Manager = optionalfeatures “New”
On Screen Keyboard = osk or Windows key + U
P=
Package Installer = dpinst
Pen & Touch Options = tabletpc.cpl
People Near Me Identifier = collab.cpl
Performance Monitor = perfmon.msc
Phone and Modem Options = telephon.cpl
Power Configuration = powercfg.cpl
Printers and Faxes = control printers
Printer Migration = PrintBrmUi “New”
Private Character Editor = eudcedit
Problem Steps Recorder = psr.exe
Programs and Features = appwiz.cpl
R=
Regional Settings = intl.cpl
Registry Editor = regedit.exe
Remote Assistance = msra “New”
Remote Desktop = mstsc
Resultant Set of Policy = rsop.msc
S=
Scheduled Tasks = control schedtasks
Screen Resolution = desk.cpl
Security Center = wscui.cpl
Services = services.msc
Shared Folders/MMC = fsmgmt.msc
Shuts Down Windows = shutdown
Snipping Tool = snippingtool “New”
Sounds and Audio = mmsys.cpl
Sound Recorder = soundrecorder “New”
Sound Volume = sndvol “New”
Spider Solitare Card Game = spider
SQL Client Configuration = cliconfg
Stored User Names and Passwords = credwiz “New”
Sticky Note = StikyNot “New”
System Configuration Editor = sysedit
System Configuration Utility = msconfig
System File Checker Utility = sfc
System Information = msinfo32
System Properties = sysdm.cpl or Windows key + Pause/Break
System Restore = rstrui.exe
T=
Task Manager = taskmgr
Trusted Platform Module = TpmInit “New”
U=
Utility Manager = utilman
User Accounts = netplwiz or control userpasswords2
W=
Windows Activation = slui “New”
Windows Backup Utility = sdclt “New”
Windows Fax and Scan = wfs “New
Windows Firewall = firewall.cpl
Windows Firewall with Advanced Security = wf.msc “New
Windows Image Acquisition = wiaacmgr “New”
Windows Media Player = wmplayer
Windows Magnifier = magnify
Windows Management Infrastructure = wmimgmt.msc
Windows Update App Manager = wuapp “New”
Windows Standalong Update Manager = wusa “New’
Windows System Security Tool = syskey
Windows Share Creation Wizard = shrpubw “New”
Wordpad = write
×အိုင်တီပင်လုံသား×
Google Trick ကိုသုံးပြီး Softwareတွေရဲ့ Serial key တွေဘယ်လိုရှာမှာလည်း?
                               download
Google Trick ကို သုံးပြီး Software အားလုံးရဲ့ Serial key ကိုရှာနိုင်ပါတယ်။ Internet ရှိဖို့တော့လိုတာပေါ့။
ကဲဘယ်လိုရှာမှာလည်းဆိုတော့
First . www.google.com
ကိုသွားလိုက်ပါ။
Second .Software name 94FBR လို့ရိုက်လိုက်ပါ ။ (Search box မှာနော် )
(ကျွန်တော်ကတော့ photoshop ကို ဥပမာယူပြီးပြထားပါတယ်။ အောက်ကပုံအတိုင်းမြင်တွေ့ရမှာပါ။
လွယ်လွယ်ကူကူလေးနဲ့ရယူနိုင်ပါပီ ။
×အိုင်တီပင်လုံသား×
Thursday, September 19, 2013
Gtalk အကောင့်ဖွင့်နည်း
မင်္ဂလာပါဗျာ ဒီနေ.တင်ပေးမှာကတော့ gtalk အကောင့်ဖွင့်နည်းလေးဖြစ်ပါတယ် မသိသေးသူများ နဲ. gtalk အကောင့်ဖွင့်ဖို.အခက်အခဲရှိသူများအတွက်သာရည်ရွယ်ခြင်းဖြစ်ပါတယ် ဒီနည်းလေးအတိုင်းသာဖွင့်လိုက်ပါ ကျိန်းသေရပါတယ်
ဒီပို.စ်လေးကိုတော့ ကိုတော့ ကိုကြီးအိုင်တီမုဆိုးဆိုဒ်မှပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ် အပင်ပန်းခံရှင်းပြထားသောအကိုကြီးအိုင်တီမုဆိုးကိုလဲ အားလုံးကိုယ်စားကျေးဇူးတင်ပါတယ် ......
gmail အကောင့်သစ်ကို အလွယ်တကူဖွင့်နိုင်တဲ့နည်းလေး
ထပ်တွေ့လာလို့ တင်ပေးလိုက်ပါတယ် ..
ဒီနည်းလေးကတော့ ဘာWebsite ကိုမှသွားပြီး ဖုန်းနံပါတ်အတုတွေ
ယူနေစရာမလိုပဲ တော်တော်လေးလွယ်ကူပါတယ် ..
ဒါပေမယ် .. Android ဖုန်းလေးတစ်လုံးတော့ ရှိရပါမယ် ...
Andriod ဖုန်းသုံးတဲ့သူကလည်း တော်တော်များများတော့ လုပ်နိုင်ကြမယ်လို့လည်း
မျှော်လင့်ပါတယ် ...
Andriod ဆိုတဲ့နေရာမှာလည်း Android ဖုန်းတိုင်းမရပါဘူး ...
သူငယ်ချင်းတို့မှာရှိထားတဲ့ Android ဖုန်းထဲက Application တွေထဲမှာ
ရှာကြည့်လိုက်ပါ gmail ဆိုတဲ့ Application ကိုတွေ့ရင် အလုပ်ဖြစ်ပါပြီ
ဗားရှင်း 4 အောက် Android တွေမှာ သိပ်ပါလေ့မရှိသလို gmail apk ကို
Install လုပ်ပြီးစမ်းကြည့်တာလည်း ဗားရှင်း 4 အောက် Android ဖုန်းတွေမှာ
အဆင်မပြေတာကို တွေ့ရပါတယ် ...
ကျွန်တော်ကတော့ Huawei U8950 ကိုင်ပါတယ် Version 4.0.4 ဖြစ်ပြီး gmail application 
ပါပါတယ် ...
စမ်းသပ်ပြီးလုပ်ကြည့်ရသလောက်ကတော့ Android OS မဟုတ်တဲ့ဖုန်းတွေမှာ အဆင်မပြေမှုလေးတွေ
ရှိပါတယ် .. ( Handset အမြင့်ကြီးတွေတော့ လက်လှမ်းမမှီလို့ မသိပါဘူး)
ကဲ .. ကိုယ့်ဖုန်းနဲ့ကိုယ်ပဲဖြစ်ဖြစ် gmail application ပါတဲ့ Android ဖုန်းကိုင်ထားတဲ့သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားပြီးပဲဖြစ်ဖြစ် gmail အကောင့်သစ်လေးတွေ ဖွင့်ကြည့်လိုက်ကြရအောင် ...
အရင်ဆုံး ဖုန်းရဲ့ Setting ထဲကနေ Accounts & sync ကို
                                အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကိုနှိပ်လိုက်ပါ ...
          sync ၀င်းဒိုးလေးတက်လာပြီဆိုရင် ဖုန်းရဲ့ menu လေးကိုနှိပ်ပြီး Remove account ကိုရွေးပါ
                   နောက်တက်လာတဲ့ Box ထဲမှာလည်း Remove account ကိုပဲ ရွေးပေးပါ
     ဖုန်းထဲမှာရှိနေတဲ့ gmail အကောင့်ကို remove မလုပ်ပဲ အကောင့်သစ်ဖွင့်ရင် error တက်ပြီး အကောင့်သစ် မရတာမျိုးဖြစ်တတ်လို့ပါ
ဖုန်းထဲက gmail အကောင့်ကို remove လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲက gmail application ကိုဖွင့်လိုက်ပါ
                                             အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
                         အဲဒီထဲက New ကိုရွေးပေးပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်
                       Fast name နဲ့ Last name မှာ ကိုယ်နှစ်သက်ရာထည့်ပြီး Next ကိုနှိပ်ပါ
                နောက်ပွင့်လာတဲ့ထဲမှာ ကိုယ်လိုချင်တဲ့ email လိပ်စာကိုထည့်ပြီး Next ကိုနှိပ်ပါ
ကိုယ်ပေးလိုက်တဲ့ email လိပ်စာဟာ ရနိုင်မရနိုင်စစ်ဆေးပြီး အဆင်ပြေတယ်ဆိုရင် အောက်ကပုံအတိုင်း
ပွင့်လာပါမယ် ..
( ဒီနေရာမှာ ကိုယ်ထည့်လိုက်တဲ့ email လိပ်စာဟာ မရနိုင်ဘူးဆိုရင် ဒီအဆင့်မရောက်ခင် ၀င်းဒိုးတစ်ခုတက်လာပါဦးမယ် အဲဒီထဲမှာ သူ Suggest လုပ်ထားတဲ့ email ကိုရွေးပေးပြီး Try again ကိုနှိပ်လိုက်ရင် အခုအဆင့်ကို ရောက်လာပါလိမ့်မယ်)
အပေါ်ကအဆင့်မှာ Password နှစ်ခုတူအောင်ထည့်ပေးပြီး Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်
အဲဒီထဲက Choose a security question ဆိုတာရဲ့အပေါ်မှာ နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Security question ရွေးစရာပေါ်လာပါမယ်
ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးပြီး အဲဒီ Question ရဲ့အောက်မှာ ကိုယ်ကြိုက်တာထည့်ရေးပေးလိုက်ပါ ( အဲဒါကို မှတ်မိထားရင်တော့ ကောင်းတာပေါ့)
ဥပမာ ကျွန်တော်က Childhood best friend's name လို့ ရွေးလိုက်ပြီး Answer မှာတော့ itmsoe လို့ထည့်ပေးလိုက်ပါတယ်
                   ပြီးရင်တော့ Next ကို နှိပ်လိုက်ပေါ့ .. အောက်ကပုံအတိုင်းပွင့်လာပါမယ်
                       အဲဒီထဲက I Accept ကိုနှိပ်လိုက်ပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်
         အဲဒီထဲက သူပေးထားတဲ့ စာလုံးလေးတွေကို သေချာဖတ်ပြီး မှန်အောင်ရိုက်ထည့်ပေးပါ
ပြီးရင် Next ကိုနှိပ်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်
                                                Next ကို နှိပ်ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ နောက်တစ်ဆင့်မှာ အကောင့်ကို ခဏလောက် Sync လုပ်ပြီး အောက်ကပုံအတိုင်း ကိုယ်ဖွင့်လိုက်တဲ့  gmail အကောင့်သစ်ကို ရသွားမှာဖြစ်ပါတယ် ..
ပြီးရင် အဲဒီဝင်းဒိုးကို နောက်ပြန်မထွက်ပဲ ဖုန်းပေါ်က Home ကိုနှိပ်လိုက်ပါ ..
ပြီးရင် အပေါ်ဆုံးပုံ ၅ ပုံမှာပြထားတဲ့အတိုင်း Setting >> Account & sync ကိုသွားပြီး အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကို Remove account လုပ်ပါ .. ပြီးရင် နောက်အဆင့်တွေအတိုင်းပဲ အစအဆုံးပြန်လုပ်ရင်း နောက်ထပ် အကောင့်သစ်တွေကို အလွယ်တကူဖွင့်ယူလိုက်ပါ ...
အကောင့်ပေါင်း ဘယ်လောက်အထိဖွင့်လို့ရသလဲတော့ မသိဘူး ကျွန်တော်တော့ အကောင့် ၁၆ ခုလောက်ဆက်တိုက်လုပ်ပြီးတော့ ဖုန်း Hang သွားလို့ ဖုန်းဓာတ်ခဲကိုဖြုတ် ဖုန်းကိုပြန်ဖွင့်ပြီး Cache တွေ Junk file တွေကို ပြန်ရှင်းပစ်လိုက်ရပါတယ် ...
ဒါကြောင့် ဒီနည်းကိုသုံးပြီး အဲဒီဖုန်းထဲမှာ gmail အကောင့်ဘယ်နှခုလောက် လုပ်လို့ရတယ်ဆိုတာကို မပြောနိုင်တာခွင့်လွှတ်ပါ
ဒီနည်းကိုစမ်းသပ်ရင်းနဲ့ သေချာတဲ့အထိကျွန်တော် အကောင့်သစ်လုပ်ကြည့်တာ ဒီပို့စ်ကိုရေးတင်တဲ့အထိ အကောင့်ပေါင်း ၇၀ ကျော်နေပြီဖြစ်ပါတယ်
ကဲ .. အဆင်ပြေပါစေဗျာ
credit to - အိုင်တီမုဆိုး
Comment
linkwithin
Related Posts Plugin for WordPress, Blogger...
Copyright @ 2013 MAUNG RUPER.
Designed by M@UNG RUP3R , င/ရမ