ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Friday, September 13, 2013

system administrator တာဝန်များ

                           iStock_000011628047XSmall

                          system administrator ၏တာဝန်နှင့် ဝတ္တရားများ

သူ့ရဲ့တာဝန်တွေကတော့ တော်တော့်ကို များပါတယ်။ လုပ်တဲ့နေရာချင်း မတူရင်လည်း ကြွဲ

ပားမှုတွေရှိပါတယ်။ ဥပမာ ဂျာနယ်တိုက်မှာ လုပ်ရင် ဖိုင်သိမ်းတာတွေ ပြန်ရှာတာတွေပိုများမှာ ဖြစ်တဲ့အတွက် file server ကို သေသေချာချာ ကိုင်တွယ်ဖို့ လိုသလို၊ ဝယ်ရောင်း လုပ်တဲ့ အလုပ်မှာ ဆိုရင်တော့ store,POS တွေ ပါလာမှာ ဖြစ်တဲ့အတွက် Database server က ပိုအရေးပါလာမှာဖြစ်ပါတယ်။




ယေဘုယျအားဖြင့် sysadmin လုပ်ရမှာတွေကတော့ ဆော့ဝဲတွေ သွင်းမယ်။ ဘယ်လိုသုံးရလည်း သုံးမယ့်သူကို သင်ပေးရမယ်။ အခါအားလျှော်စွာ server က အလုပ်ပုံမှန်လုပ်နေရဲ့လား အကဲခပ်နေရမယ်။ ဆော့ဝဲ အသစ်တွေ ထွက်လာရင် update လုပ်ပေးရမယ်၊ စသည်ဖြင့်ပေါ့။ နောက်တစ်ခုက programming လည်း နည်းနည်းပါးပါး ရေးပေးရရင် ရေးပေးရမယ်။ ကိုယ့်အလုပ်နဲ့ သုံးနေတဲ့ ဆော့ဝဲက ကီးသိပ်မကိုက်လို့ နည်းနည်း ပြင်ပေးရတာမျိုးပေါ့။ ဥပမာ။ Free POS တစ်ခုကို ကိုယ့် အလုပ်က logo ပြောင်းပေးတာမျိုးပေါ့။ ဒါမှ မဟုတ်ရင်လည်း software company တွေဆိုရင် project manager ဝင်လုပ်ပေးရတာမျိုး၊ sys admin software ဖြစ်နေလို့ error checking လုပ်ပေးရတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

sysadmin တစ်ယောက်အနေနဲ့ အဓိက တာဝန်ရှိတာတွေကတော့

၁. ဆာဗာ ကို တစ်ခြား အလုပ်တူတူလုပ်တဲ့သူတွေ သုံးနိုင်အောင် user အသစ်တွေလုပ်ပေးတာမျိုး။ အလုပ်ထွက်သွားတဲ့သူတွေ အကောင့်တွေကို ရှင်းပစ်တာမျိုးတွေပါ။

၂. ဘယ်သူတွေပေါက်ကရလုပ်ထားလည်း။ ဘာတွေ ပြင်သင့်သလဲ၊ ဘယ်ဟာတွေ update လုပ်သင့်သလဲ၊ နေ့တိုင်း နီးပါးကြည့်နေဖို့ပါ။

၃. ဆာဗာ ပုံမှန် အလုပ်လုပ်နေသလား၊

4.့ ဟတ်ဝဲတွေ ပျက်နေတာနဲ့ အသစ်တစ်ခုနဲ့ အမြန်ပြန်လည် တပ်ဆင်အသုံးပြုနိုင်ရပါမယ်။

5. ဘယ်သူတွေ ဘာတွေ သုံးနေလည်း။ ဆာဗာက အဲလောက်သုံးနေတာကို ခံနိုင်ရည်ရှိရဲ့လား ဆိုတာလည်း စောင့်ကြည့်ရပါမယ်။

၆. အလုပ်က လိုအပ်မယ့် file systems ကို တည်ဆောက်ပေးရပါမယ်။ ဥပမာ၊ Departmnet တစ်ခုတိုးလာလို့ file server အတွက် folder အသစ်လုပ်ပေးတာမျိုး။

၇. အလုပ်က လိုအပ်မယ့် ဆော့ဝဲ အသစ်တွေ ထပ်ထည့်ပေးတာတွေလည်း လုပ်ရပါ့မယ်။

၈. ဆာဗာ တစ်ခုခုကြောင့် ပျက်စီးသွားရင်လည်း backup တွေ ပြန် restore လုပ်နိုင်အောင် ကိုယ့်ဘာကို ဘယ်လို backup လုပ်ထားမလည်း ဆိုတာလည်း စီစဉ်ထားရပါ့မယ်။

၉. ကိုယ့် ရုံးက networking ကရော ကောင်းကောင်း အလုပ်လုပ်နေရဲ့လား စောင့်ကြည့်ရပါမယ်။

10. ဆော့ဝဲတွေ OS တွေ အသစ်တွေထွက်တိုင်း အဖြစ်နိုင်ဆုံး အမြန်ဆုံး update လုပ်ပေးရပါ့မယ်။

11. ဆာဗာကို ရုံးက Network ကနေ ဘယ်လိုတွေ အသုံးချမယ်ဆိုတာတွေ၊ ရုံးကွန်ပြူတာတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာတွေကိုလည်း အလုပ်အတူလုပ်တဲ့သူတွေကို ရှင်းလင်း ပြသထားရမှာ ဖြစ်ပါတယ်။

12. ရုံးက စက်တွေနဲ့ ဆာဗာ security တွေကိုလည်း နိုင်နိုင်နင်းနင်း စီမံ ခန့်ခွဲ ထားနိုင်ရပါမယ်။ firewall တွေ ခံထားတာမျိုး။

sys admin မလုပ်ရမယ့်ဟာတွေကတော့

ဆော့ဝဲ ရေးသားတာတွေ၊ ဒီဇိုင်းလုပ်တာတွေ dtp လုပ်ရတာတွေ ပေါ့။
ဒါပေမယ့် အဲဒါတွေကိုလည်း sys admin က သိထားသင့်ပါတယ်။ ကိုယ်က developer မဟုတ်ဘူးဆိုပြီးလည်း ဘေးကပ်နေလို့ မရပါဘူး။ software တွေ ဘယ်လို အလုပ်လုပ်သလည်း။ ဘယ်လို troubleshoot လုပ်မလည်း ဆိုတာကလည်း သိထားရပါမယ်။ အဲဒီအတွက် programming language သုံးလေးခုတော့ သိထားသင့်ပါတယ်။ shell, awk, perl, python etc

BY Sir.Blade

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ