ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Sunday, October 13, 2013

Youtube Video Downloader for Android


Android

  • Android အသုံးပြုသူ သူငယ်များအတွက် အဆင်ပြေစေမယ့် Apps လေးဖြစ်ပါတယ်။ ဒီကောင်းလေးကက Youtube က ဗီဒီယိုတွေကို ကြည့်ရင် ကိုယ် သိမ်းထားချင်တဲ့ Video လေးတွေ ကို ဒေါင်းလော့ ဆွဲပြီး သိမ်းထားလို့ ရပါတယ်။ တခြားအလားတူ Apps လေးတော့ ရှိပါတယ်။ ဒီကောင်လေးလောက်တော့ အကြိုက် မတွေပါဘူး။ ဘာလို့လဲ ဆိုတော့ တခြား VDO Downloader တွေက Youtube ဗီဒီယိုတွေကို ရှာဖွေကြည့်ရှု ရာမှာ အပြည့်အဝ ရှာမပေးနိုင်တဲ့ အားနည်းချက်တွေ တွေ့ရပါတယ်။ ယ္ခု OG youtube လေးကတော့ Youtube Chanels အားလုံးမှာ ရှိတဲ့ VDO တွေကို ရှာဖွေကြည့်ရှု ဒေါင်းယူနိုင်တာကြောင့် အားလုံးအတွက်ပိုပြီး အဆင်ပြမယ်လို့ မျှော်လင့်ပါတယ်။ အရင်ကလဲ OG youtube ကိုတင်ပေးဖူးပါတယ် ..။ ဒီတစ်ခါတော့ ဗားရှင်း အသစ်လေး တွေ့တာကြောင့် မရှိသေးတဲ့ သူငယ်ချင်းတွေလဲ အသုံးပြုနိုင်အောင် ဗားရှင်း အသစ်ကို သုံးချင်သူများလဲ အသုံးပြုနိုင်အောင် အတွက် ထပ်တင်ပေးလိုက်ပါတယ်ခင်ဗျာ။

  • အခုတင်ပေးလိုက်တဲ့ဗားရှင်းလေးကတော့ 4.5.17 ဖြစ်ပါတယ်ခင်ဗျာ။ ဒေါင်းလော့ဖိုင်ဆိုဒ်ကတော့ 6.36MB ရှိပါတယ်။ zippyshare မှာ တင်ထားပေးပါတယ်ခင်ဗျာ။
  • အရင်ဆုံး OG Youtube ကို ဒေါင်းပီး မိမိ ဖုန်းမှာ Install လုပ်ပါ။ ဖုန်းမှာ OG youtube နှင့် OG Downloader ဆိုပြီး apps လေး ၂ ခု မိမိဖုန်းထဲကို ရောက်နေတာ တွေ့ရပါမယ်။
  • OG youtube ကို Run လိုက်ပါ...။ youtube မှာ မိမိကြည့်လိုသော ဗီဒီယိုများကို ရှာဖွေလိုက်ပါ။
  • မိမိ ဖွင့်ကြည့်နေတဲ့ Youtube ဗီဒီယို၏ အောက်နားလေးမှာ Download ဆိုသော Tab လေး ရှိနေတာကို တွေ့ရပါမယ်။ ကိုယ်သိမ်းထားချင်တဲ့ဗီဒီယိုလေး ဆိုရင်တော့ Download button လေးကို နှိုက်ပြီး ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။





OG youtube 4.5.17 အားအောက်မှာ ဒေါင်းလော့ ယူနိုင်ပါတယ် ခင်ဗျာ။
ဒေါင်းလော့လင့်

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ