ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။
Showing posts with label Mobile. Show all posts
Showing posts with label Mobile. Show all posts
Thursday, January 2, 2014
Mobile Money လုံခြုံရေးအတွက် Hacker များနှင့် စမ်းသပ်ထားသည်ဟုဆို
..
ယခုလ ၁၈ ရက်နေ့၌ စတင်အသုံးပြုခွင့်ပေးခဲ့သည့် Myanmar Mobile Money ဝန်ဆောင်မှုသည် လုံခြုံရေးအရ စိတ်ချရသည့်အပြင် ကြိုတင်စမ်းသပ်မှုများအဖြစ် Haker များ အပါအဝင် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများနှင့် စစ်ဆေးခဲ့ကြောင်း သိရသည်။   “ဒီ Platform က ကမ္ဘာမှာ Mobile Money ကို ဦးဆောင်နေတဲ့ ကုမ္ပဏီ ၃ ခုထဲက တစ်ခုကိုသုံးထားတာ။ 
 နည်းပညာကလည်း အမေရိကန် ပြင်သစ်နည်းပညာတွေပါ။ Mobile Money ဆိုပေမယ့်လည်း အင်တာနက်စနစ် တစ်ခုတည်းကိုပဲ အခြေခံထားတာမဟုတ်ဘူး” Myanmar Mobile Money ဝန်ဆောင်မှု၏ CEO ဖြစ်သူ ကိုကျော်ထူးလင်းက ပြောသည်။ 
 မိုဘိုင်းဖုန်းပျောက်ဆုံးခြင်းနှင့် ငွေကြေးများ မှားယွင်းပို့မိသည့်အခါလည်း Call Center 1212 သို့ ဆက်သွယ်အကြောင်းကြားသည်နှင့် တစ်ပြိုင်နက်ဆုံးရှုံးမှု မရှိအောင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ Mobile Money သည် နည်းပညာအရ လုံခြုံစိတ်ချရသည်သာမက ငွေကြေးအနေဖြင့်လည်း ဗဟို ဘဏ်၏ လက်အောက်၌ လုပ်ကိုင်ဆောင်ရွက်နေသည့်အတွက် စိတ်ချယုံကြည်ရကြောင်း သိရသည်။
   အဆိုပါစနစ်သည် လုံခြုံစိတ်ချရမှုရှိရန်အတွက် ငွေကြေးများလွှဲပြောင်းသည်ကိုသာ ပုံမှန်အားဖြင့် လွှဲပြောင်းနိုင်သော်လည်း ငွေကြေးထုတ်ယူသည့်အခါ  Register ပြုလုပ်ပြီးမှသာ Agent များထံ၌ ထုတ်ယူနိုင်မည်ဟုသိရပြီး အသုံးပြုသူများ၏အခက်အခဲနှင့် အခြားသော ဝန်ဆောင်မှုများပေးရန်အတွက် mpay.myanmarmobilemoney.com ကို Portal အဖြစ် လွှင့်တင်ထားကြောင်း သိရသည်။   Myanmar Mobile Money ဝန်ဆောင်မှုကို ၃ လကျော် အကြာကတည်းက လုံခြုံရေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍ ကြိုတင်စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အသုံးပြုသူများအနေဖြင့် ငွေကြေးဆိုင်ရာ ပေးချေမှုများနှင့် ငွေကြေးဆိုင်ရာ လွှဲပြောင်းခြင်းများကို ယုံကြည်စွာ ပြုလုပ်ဆောင်ရွက်နိုင်မည်ဟု အဆိုပါ ဝန်ဆောင်မှုလုပ်ငန်းက ပြောဆိုထားသည်။   
  မြင့်ကျော်လှိုင်
Internet Journal
Saturday, December 21, 2013
18-only-naked-scanner-pro-girls-v302.html
..
[18+ Only] မိန်းခလေးများ ညစ်ပတ် မခံရစေဖို့ နှင့် ဘူးချင်သောကိုကိုများ သတိထားစေဖို့ Naked Scanner Pro (Girls) v3.0.2 [21MB]
-------------------------------------------------------------------
ဒီကောင်လေးက ဘူးချင်တဲ့ ကျွန်တော့်သူငယ်ချင်းတစ်ယောက်က တောင်းလာ လို့ ပါ..
ပြီးတော့ Dec 20 ရက် နေ့ကမှ V 3.0.2 Update ထွက်လာတဲ့ APP လေးလဲ ဖြစ်ပါတယ်.. ဒီကောင်လေးက ဘာလုပ်တဲ့ ဟာလဲ ဆိုရင် Adult Photo တွေ ကြည့်ရုံတင် မဟုတ်ပါဘူး ကောင်မလေးတွေလဲ သတိထားရမဲ့ Apk ဖြစ်ပါတယ်.. ဘာလို့လဲဆိုရင် ရိုးရိုး ကောင်မလေး တစ်ယောက် ပုံကို ဒီ Apk သုံးပြီး Adult Bikini Photo လုပ်ပစ်လို့ရပါတယ်.. သတိထားရအောင် တင်ပေးလိုက်တာ ဖြစ်သလို အားလုံးကို ဒီလို လုပ်လို့ ရတယ် ဆိုတာပါ သိအောင် တင်ပေးလိုက်တာ ဖြစ်ပါတယ်.. အားလုံးသိအောင် ရှယ် ပေးစေလိုပါတယ်..
PlayStore မှာ CZK59.90 နဲ့ ရောင်းတဲ့ APK ဖြစ်ပါတယ်.. ဘာလုပ်လို့ရသလဲ ဆိုရင် ကောင်မလေး တစ်ယောက် ကိုယ်လုံးပေါ် ဓာတ်ပုံကို ရိုက်ထားတယ်.. ဆိုရင် ဒီ Apk လေးသုံးပြီး ရင်တို့ တင်တို့မှာ Bikini Body Part လေးတွေ ပြောင်းလို့ ရတယ် ပေါ့ဗျာ... ပြီးတော့ Save ပြီး Social Media တွေမှာ ရှယ်လို့လည်း ရပါသေးတယ်.. အသေးစိတ်ကို https://play.google.com/store/apps/details?id=air.com.sandg_mobile.showmemore.full မှာ သွား ကြည့်နိုင်ပါတယ်... အခု Site မှာ တင်ပေးလိုက်တာကလည်း Full Unlocked Apk ပါ ပဲ .. ဒေါင်းပြီး ကြည့်ချင်ရင် အောက်ဆုံးမှာ Download လုပ်လို့ရပါတယ်.
                                                            ဒေါင်းရန်နှိပ်ပါ
Friday, November 1, 2013
App Protector ရဲ့နောက်ဆုံးထွက် version 5.5.0 (Full Version) ကိုတင်ပေးလိုက်ပါတယ်။ မိမိဖုန်းထဲက application တွေ , game တွေကိုကိုယ်ကလွဲပြီးတစ်ခြားသူတွေကိုပေးမသုံးစေချင်ဘူးဆိုရင် Smart App Protector ကိုအသုံးပြုပြီးမသုံးစေချင်တဲ့ application ကို password ပေးပြီး lock ချထားလို့ရပါတယ်။ ရှိထားသင့်တဲ့ application လေးပါ။ အောက်မှာရယူနိုင်ပါတယ် mirrorcreator (or)zippyshare (or)d-h.st
Monday, October 14, 2013
Email အကောင့်တွေ ဟက်မခံရအောင် 2step နဲ.ကာထားကြမယ်
ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာလေးက မိမိတို.အကောင့်တွေဟက်မခံရအောင် 2step Verificationလုပ်နည်းနဲ. google authenticator အသုံးပြုနည်း ပဲဖြစ်ပါတယ် ဒါကတော့လူတော်တော်များများလဲသိပြီးကြလိမ့်မယ်ထင်ပါတယ် သိပြီးသားလူတွေကတော့ကျော်သွားလိုက်ပေါ့နော်....အသေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာရှင်းပြထားတာလေးကို သေချာလေးဖတ်ပေးပါ .... ဘာ့ကြောင့် 2step ကို အသုံးပြုကြလဲ ဆိုရင် မိမိဖုန်းလက်ထဲမှာမရှိရင် မိမိကိုယ်တိုင်တောင် အကောင့်ကို သုံးဖို.မဖြစ်နိုင်အောင်လုံခြုံမှုရှိပါတယ် ဒါဆိုရင် မိမိအကောင့် ဘယ်လောက်လုံခြုံမှုရှိသွားမလဲ ဆိုတာ ပြောပြနေစရာမလိုတော့ဘူးထင်ပါတယ် ကဲ့စလိုက်ကြရအောင်ဗျာ...
ပထမဆုံး https://accounts.google.com/ ကိုသွားပြီးသင့်အကောင့်ကိုဝင်ပါ။
ဘယ်ဘက်အခြမ်း (၆)ကြောင်းမြောက်က Security tab ကနေ 2-step verification မှ edit ကိုနှိပ်ပါ။
အကောင့် password ပြန်ရိုက်ခိုင်းရင်ထည့်ပေးပြီး see how it works ကိုနှိပ်ပြီး start setup ကိုနှိပ်ပါ။
ဒီအဆင့်မှာ phone no. ထည့်ပေးပြီး Text message(SMS) (or) Voice call   option နှစ်ခုမှာ Voice call ကိုရွေးပြီး send code နှိပ်ပါ။(မြန်မာနိုင်ငံမှာSMSကိုရွေးရင် မက်ဆေ့မပို.ပါဘူး)
သင့်ဖုန်းကို voice call ၀င်လာရင်သေချာမှတ်ပြီးရိုက်ထည့်ပေးပါ။
Next နှိပ်ပြီး confirm နှိပ်ပေးပါ။
What Is Google Authenticator
သင်တစ်ခြားကွန်ပြူတာကနေ သင့်အကောင့်ကို သုံးရမယ့်အခြေအနေမျိုး၊ သင့်ဖုန်းလိုင်းမမိတဲ့အခြေအနေမျိုး၊ Google server တွေအလုပ်များနေတဲ့အခြေအနေမျိုးမှာ Google verification code ကိုသင်မရရှိနိုင်တဲ့အတွက် သင့်အကောင့်ကိုသင်ဝင်လို့ မရနိုင်တော့ပါဘူး။မစိုးရိမ်ပါနဲ့ ။ Googel Authenticator ရှိပါတယ်။ Google Authenticator Application ကို Android Devices,Apple iphone,ipad,ipod touch , BlackBerry Devices တွေမှာသုံးလို့ ရပါတယ်။Google Authenticator Application ကို သင့်ဖုန်းမှာ install လုပ်ပြီးတာနဲ့ Google ကသင့်ဖုန်းကို code ပို့ ပေးမှာမဟုတ်တော့ပါဘူး။Google နဲ့ သင့်ဖုန်းအကြားမှာ ဘာ connection မှရှိစရာမလိုတော့ပါဘူး။ သင့်ဖုန်းက Google Authenticator Application ကို သုံးပြီး verify လုပ်လို့ ရပါပြီ။ Ios device တွေအတွက်တော့ play store ပါသော android ဖုန်းတွေအတွက်က ဒီမှာဒေါင်းပါ play store service မပါသောဖုန်းတွေအတွက်က ဒီမှာ ဒေါင်းယူနိုင်ပါတယ်..iso တွေအတွက်ကတော့ itune မှာရှာဒေါင်းနိုင်ပါတယ် 
Settingup Google Authenticator
2-step verification page ကိုသွားပြီး Mobile application မှာသင့် ဖုန်းအမျိုးအစားရွေးပေးပါ။ Barcode တစ်ခုကျလာပါလိမ့်မယ်။ သင့်ဖုန်းက google authenticator application ကို ဖွင့်ပြီး barcode ကို scan လုပ်ပါ။ Barcode scanner မရှိရင် download ဆွဲခိုင်းပါလိမ့်မယ်။ဆွဲပြီး scan လုပ်လိုက်ပါ။ သင့်ဖုန်းမှာ ကုတ်ကျလာရင်ကွန်ပြူတာမှာရိုက်ထည့်ပေးပြီး verify လုပ်ပြီး save လုပ်ပါ။ ဒါဆိုရင်သင့်ဖုန်းနဲ့  google နဲ့ ချိတ်မိသွားပါပြီ။ အဲဒီအတွက်သင် တစ်ခြားကွန်ပြူတာကနေသင့်အကောင့်ကို ၀င်တိုင်း သင့်ဖုန်းက google authenticator ကနေ ကုတ်ရိုက်ထည့်ရုံပါပဲ။ Google ကသင့်ဖုန်းကို verification code ပို့ စရာမလို တော့ပါဘူး။
How It Works?
Backup Codes
သင့်ဖုန်းလည်း သင့်အနားမှာမရှိတဲ့အချိန်ဆိုရင် Googel Authenticator လည်းသင်သုံးလို့ မရတော့ပါဘူး။ ဒီလို ဆိုရင် သင့်အကောင့်ကို ဘယ်လိုဝင်ရမလဲ? 2-step verification page မှာပဲ printable backup codesမှာShowbackupcodesကိုနှိပ်ပြီးကုတ်တွေကိုသိမ်းထားပြီးသင်ကြိုက်နှစ်သက်ရာကွန်ပြူတာမှာကြိုက်နှစ်သက်ရာ နေရာမှာအသုံးပြုနိုင်ပါတယ် ...............................................အားလုံးပဲအဆင်ပြေပါစေဗျာ
Credit to=>Windows,Internet,Browsers,Social Networks,Softwares
Sunday, October 13, 2013
Youtube Video Downloader for Android
Android
  • Android အသုံးပြုသူ သူငယ်များအတွက် အဆင်ပြေစေမယ့် Apps လေးဖြစ်ပါတယ်။ ဒီကောင်းလေးကက Youtube က ဗီဒီယိုတွေကို ကြည့်ရင် ကိုယ် သိမ်းထားချင်တဲ့ Video လေးတွေ ကို ဒေါင်းလော့ ဆွဲပြီး သိမ်းထားလို့ ရပါတယ်။ တခြားအလားတူ Apps လေးတော့ ရှိပါတယ်။ ဒီကောင်လေးလောက်တော့ အကြိုက် မတွေပါဘူး။ ဘာလို့လဲ ဆိုတော့ တခြား VDO Downloader တွေက Youtube ဗီဒီယိုတွေကို ရှာဖွေကြည့်ရှု ရာမှာ အပြည့်အဝ ရှာမပေးနိုင်တဲ့ အားနည်းချက်တွေ တွေ့ရပါတယ်။ ယ္ခု OG youtube လေးကတော့ Youtube Chanels အားလုံးမှာ ရှိတဲ့ VDO တွေကို ရှာဖွေကြည့်ရှု ဒေါင်းယူနိုင်တာကြောင့် အားလုံးအတွက်ပိုပြီး အဆင်ပြမယ်လို့ မျှော်လင့်ပါတယ်။ အရင်ကလဲ OG youtube ကိုတင်ပေးဖူးပါတယ် ..။ ဒီတစ်ခါတော့ ဗားရှင်း အသစ်လေး တွေ့တာကြောင့် မရှိသေးတဲ့ သူငယ်ချင်းတွေလဲ အသုံးပြုနိုင်အောင် ဗားရှင်း အသစ်ကို သုံးချင်သူများလဲ အသုံးပြုနိုင်အောင် အတွက် ထပ်တင်ပေးလိုက်ပါတယ်ခင်ဗျာ။
  • အခုတင်ပေးလိုက်တဲ့ဗားရှင်းလေးကတော့ 4.5.17 ဖြစ်ပါတယ်ခင်ဗျာ။ ဒေါင်းလော့ဖိုင်ဆိုဒ်ကတော့ 6.36MB ရှိပါတယ်။ zippyshare မှာ တင်ထားပေးပါတယ်ခင်ဗျာ။
  • အရင်ဆုံး OG Youtube ကို ဒေါင်းပီး မိမိ ဖုန်းမှာ Install လုပ်ပါ။ ဖုန်းမှာ OG youtube နှင့် OG Downloader ဆိုပြီး apps လေး ၂ ခု မိမိဖုန်းထဲကို ရောက်နေတာ တွေ့ရပါမယ်။
  • OG youtube ကို Run လိုက်ပါ...။ youtube မှာ မိမိကြည့်လိုသော ဗီဒီယိုများကို ရှာဖွေလိုက်ပါ။
  • မိမိ ဖွင့်ကြည့်နေတဲ့ Youtube ဗီဒီယို၏ အောက်နားလေးမှာ Download ဆိုသော Tab လေး ရှိနေတာကို တွေ့ရပါမယ်။ ကိုယ်သိမ်းထားချင်တဲ့ဗီဒီယိုလေး ဆိုရင်တော့ Download button လေးကို နှိုက်ပြီး ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။
OG youtube 4.5.17 အားအောက်မှာ ဒေါင်းလော့ ယူနိုင်ပါတယ် ခင်ဗျာ။
ဒေါင်းလော့လင့်
Root Android Easily
ANDRIOD
  • Android ဖုန်းတော်တော် များများကို အလွယ်ကူဆုံး Root လုပ်နိုင်မယ် Apk လေးဖြစ်ပါတယ်။ ကျနော် စမ်းကြည့်ရတဲ့ ဖုန်းအမျိုးပေါင်းတော်တော် များများ ကို အောင်မြင်စွာ root နိုင်ပါတယ်။ ကျနော် စမ်းဖူးတဲ့ Android Devices တွေကတော့ Samsung အမျိုးအစားထဲမှ 
  • Tab p-1000
  • Note 2
  • Y GT-S5360
  • S3610 နှင့် ယိုးဒယားဖုန်း 
  • K-Touch W616 3G WCDMA
  • K-Touch W619 3G WCDMA
  • ယိုးဒယာဖုန်း I-mobile i-style 6,7 နှင့် IQ1,IQ3,IQ6 အားလုံးကို အဆင်ပြေပြေ root နိုင်ပါတယ်။
  • Root နိုင်တဲ့ Devices တွေ ကတော့ တော်တော် များများ ဖော်ပြထားပါတယ်ခင်ဗျာ XDA မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ ဒီမှာတော့ မဖော်ပြလိုက်တော့ပါဘူး။ ဒီ Apps လေးကို သုံးပြီး root တဲ့ အားသာချက်လေးကို နည်းနည်းလောက် ပြောချင်ပါတယ်။ ကွန်ပူတာမှာ သက်ဆိုင်ရာ Android Devices တွေ အတွက် Driver မလိုပဲ အလွယ်တစ်ကူ Root နိုင်တာလေးဖြစ်ပါတယ်။ Root ပြီး မြန်မာဖောင့် ထည့်ချင်တယ်ဆိုရင်တော့ App လေး 2 ခုတည်းနဲ့ အဆင်ပြေနိုင်ပါတယ်။
  • အရင်ဆုံး အောက်မှာ ပေးထားတဲ့ Root App လေးကို ဒေါင်းလိုက်ပါ။ ပြီးရင်တော့ မိမိ ဖုန်း၏ SD ကဒ်မှာ ကူးထည့်လိုက်ပါ...။ ပြီးရင် မိမိဖုန်းမှာ App လေးကို Install လုပ်ပါ။
  • ပြီးရင်တော့ Apps လေးကို Run လိုက်ပါ။ သူက Supersu ကို Install လုပ်လိုက်ပါ။ 
  • ပြီးရင် Android Devices ကို Reboot အော်တို ကျသွားပါလိမ်မယ်။ ပြန်တက်ရင်တော့ မိမိ Android လေးဟာ Root လုပ်ခြင်းအောင်မြင်စွာပြီးစီးသွားပါပြီ။
Note ဒီနေရာမယ် မိမိ Android Devices ဟာ အော်တို Reboot မဖြစ်ပါကို
 manually အနေဖြင့် Reboot လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေလောက်ပါပြီ။
Apps လေးကို အောက်မှာ ဒေါင်းလော့ယူလိုက်ပါ။ Zippyshare မှာ တင်ပေးထားပါတယ်ခင်ဗျာ
Download Here
Wednesday, October 2, 2013
Gmail အကောင့်နဲ. Facebook အကောင့်ဖွင့်နည်း
မင်္ဂလာပါဗျာ..... မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် ကျွန်တော်င်္ဒီနေ.တင်ဆက်ပေးချင်တာကတော့ gmail အကောင့် နဲ.facebook အကောင့်သစ်ဖွင့်နည်းလေးပါ အဓိက ကတော့ ကျွန်တော်တို.အားလုံး စွဲလမ်းစွာ အသုံးပြုနေတဲ့ ဖေ့ဘုတ်အကောင့် တွေ က အခုနောက်ပိုင်း ဖွင့်ဖို.အဆင်မပြေ ဖြစ်နေကြတဲ့ လူများနဲ. မသိသေးသူများအတွက်ရည်ရွယ်ပါတယ်....... ကျွန်တော်သိလို.တတ်လို.တော့မဟုတ်ပါဘူး သိတဲ့ တတ်တဲ့ အကိုအမ တွေဆီက လေ့လာခွင့်ရထားတာလေးတွေကို ကျွန်တော့လိုမသိမတတ်တဲ့ လူတွေ အတွက် ကိုယ်ချင်းစာလို.ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ် .........အခုနည်းလေးကတော့ ၁၀၀% မဟုတ်တောင် ၉၀% သေချာတယ်
လို.ပြောလို.ရပါတယ် ...အောက်မှာ video ဖိုင်လေးပါထည်.ပေးထားတာကြောင့် အဆင်ပြေမယ်လို.လဲ မျှော်လင့်ပါတယ် လိုင်းအခြေအနေကြောင့် video ဖိုင်လေးက လိုအပ်တဲ့ အချိန်ထက်ပိုကြာသွားလို. နည်းနည်းသည်းခံပြီး ကြည်.ပေးကြပါ ....ဟီးးးးးးးးးဖုန်းစုတ်နေတာလဲ ပါတာပေါ့  ....:P
ကဲ.............ပွားတာများသွားပြီစလိုက်ကြရအောင်ဗျာ 
ဒီနည်းလေးက တော့ android ဖုန်းပေါ်က နေ gmail ရောfacebook ရောကို ဖွင့်မှာပါ မိမိ တို. ဖုန်းမှာတော့ google service ဖြစ်တဲ့ gapp ထည်.ထားဖို.တော့လိုပါတယ်။gapp ဆိုတာတော့ ထပ်မရှင်းပြတော့ဘူးနော် တော်ကြာလိုရင်းမရောက်မှာဆိုးလို. ဟီးးးးးးးးးးးးးးးးးးး
အရင်ဆုံး gmail အကောင့် အသစ်စဖွင့်ပါမယ် အရင်ဆုံး android ဖုန်း တွေမှာပါတဲ့ default browser နဲ.ပဲဖွင့်ပါမယ် ဖုန်းရဲ့browser မှာရှိတဲ့ cache တွေ history တွေ cookies တွေ data တွေ ကို အကုန်ရှင်းထားပါမယ် .........ဒါတွေကိုရှင်းလင်းဖို.အတွက် အောက်က ပုံလေးထဲက လို browser ရဲ.settings ကို အရင်ဝင်ပါမယ် 
settings ထဲက မှ privacy & security ကိုဝင် ပြီး အားလုံးရှင်းလိုက်ပါ ရှင်းပြီးသွားပြီဆိုတာနဲ. အောက်ကပုံလေးထဲမှာလိုenable location ကိုအမှန်ခြစ်ထားရင် ဖြုတ်ပေးလိုက်ပါ
ဒါဘာလို.အမှန်ခြစ်ဖြုတ်ရလဲ ဆိုရင် အကောင့်ဖွင့်ခ ပိုက်ပိုက်လာတောင်းမှာကြောက်လို.ပါ  ဟီးးးးးး  အလကားနောက်တာပါ ညန်မာကြည်က ခလေးတွေ ပညာရေးစိတ်မ၀င်စားမှာဆိုးလို. မြန်မာပြည်ကဆိုရင်အလွယ်တကူနဲ. အကောင့်တွေပေးမဖွင့်တက်ပါဘူး .....ကိုယ်ထင်တာကိုယ်ပြောတာနော် ဟီးးးးးးးးး ကဲဆက်ရအောင် ဗျာ အရင်ဆုံး gmail အကောင့်ဖွင့်ဖို. အတွက် ဖုန်းရဲ့ setting ထဲက add account ဆိုတာကို ၀င်လိုက်ပါ 
ပြီးရင်တော့ existing ကိုမနှိပ်ပဲ new ကို နှိပ် ပြီး လိုအပ်တာတွေဖြည်.ပြီ sing up ဆိုတာကို နှိပ်ပြီးဆက်သွားလိုက်ပါ အဆင်မပြေသေးရင်အောက်က ဗီဒီယိုဖိုင်လေးမှာတစ်ချက်လေ့လာနိုင်ပါတယ်
facebook ဖွင့်တာကတော့ အမှန်တိုင်းပြောရရင် m.facebook.com ကနေ သွားဖွင့်တဲ့ပုံစံပါ ဖုန်းရဲ့ browser က နေ facebook.com လို.ရိုက်ပြီး facebook page ခေါ်လိုက်ပါ ပြီးတာနဲ.အစိမ်းလေးနဲ.ပါတဲ့ create new account ကိုနှိပ်ပြီး လိုအပ်တာတွေဖြည်.ပေးပါ email နေရာမှာတော့ ခုနဖွင့်ထားတဲ့ အကောင့်လိပ်စာထည်.ပါ မွေးနေ.နေရာမှာ သူပေးထားတဲ့ default အတိုင်းမထားပါနဲ. ကိုယ်ကြိုက်သလိုပြောင်းထည်.ပါ ပြီးတာနဲ. sing up ကိုနှိပ်ပြီး ဖွင့်နိုင်ပါပြီ .... ကျွန်တော်စမ်းပြထားတာတော့ comfirm code မတောင်းပါဘူး တစ်ခါတစ်ခါတော့ တောင်းတက်ပါတယ် အဲ့ဒီလိုတောင်းခဲ့ရင် email ထဲ့မှာ code ရောက်နေပါလိမ့်မယ် သွားယူပြီးထည်.လိုက်ပါ ကျွန်တော်ကတော့ အကောင့်ပွင့်သွားတာတဲ့ အထိ ဖွင့်ပြထားပါတယ် လိုအပ်တဲ့ ကျောင်းတို. နေရာတို. video ဖိုင်မှာမဖြည်.ပြထားပါဘူး အားလုံးဖြည်.ပေးလိုက်ပါ သူလုပ်ခိုင်းတာသာအကုန်လုပ်ပေးလိုက်ပါ ဒါမှအကောင့်လော့မကျမှာပါ ....... ကဲ အားလုံးပဲ အဆင်ပြေပါစေဗျာ 
အဆင်မပြေပါက myanmarpyilunge.blog@gmail.com သို.ဆက်သွယ်နိုင် ပါတယ်။သို.ပေမဲ့ ကိုယ်ပိုင်အစွမ်းအစနဲ. သာအရင်ကြိုးစားကြည်.စေလိုပါတယ်။ကျွန်တော်ဆိုရင် အလုပ်တစ်ဖက်နဲ. ဒီဘလော့လေးလုပ်ပေးနေတာပါ .....
Monday, September 30, 2013
Vid Con ဆိုတဲ့ video converter အလန်းစားလေးလာပါပြီ
မြန်မာပြည်လူငယ်ပရိတ်သတ်များ မင်္ဂလာပါ ဗျာ....ကျွန်တော်အခုတင်ပေးမဲ့ apk လေးက တော့ ဖုန်းထဲမှာ ဖွင့်မရတဲ့ flv လိုဖိုင်မျိုးတွေ ကို mp3,mp4 စတဲ့ မိမိ စိတ်ကြိုက် format အမျိုးမျိုး ကိုရွေးချယ်ပြီးပြန်ပြောင်းနိုင်မဲ့ ဆော့ဝဲလ်ကောင်းလေးပါ
key ဖိုင်အပါအ၀င် အားလုံး သုံးခုတင်ပေးထားပါတယ် ပေးထားတဲ့ လင့်အသီးသီးက နေ vid con apk လေးရယ် vid con key ဖိုင်လေးရယ် vid con nero ဖိုင်သုံးခု ကို ဒေါင်းပြီး install လုပ်ထား မယ်ဆိုရင် တော့ full version သုံးလို.ရပါပြီ ကျန်တဲ့အပိုင်းလေးတွေကိုတော့အောက်မှာပုံလေးနဲ.ရှင်းပြထားပါတယ်
                       စဖွင့်ဖွင့်ခြင်း ဒါမျိုးလေးပေါ်နေမယ် Don't Show Again ကို နှိပ်ပါ
 video ဖိုင်ရှိတဲ့ တည်နေရာကို သွားပါ ဒါမှမဟုတ် videos ဆိုတဲ့ မှန်ဘီလူး ပုံလေးကို နှိပ်ပြီး ဖုန်းထဲမှာရှိသမျှ video ဖိုင်တွေကို ရှာနိုင်ပါသေးတယ်
 မိမိ format ပြောင်းချင်တဲ့ video လေးနေရာမှာ အမှန်ခြစ်ပေးလိုက်ပါပြီးရင် Convert ကိုသွားပါ
မိမိ ကြိုက်နှစ် ပုံစံများကို စိတ်ကြိုက်ရွေးပါ မှတ်ချင်တဲ့ location က အစ ပြင်လို.ရပါတယ် Profile နေရာမှာ  Default မထားချင်ပါက အောက်က ပုံလေးထဲက လို. နှစ်သက်သလိုရွေးချယ် နိုင်ပါတယ်
အားလုံး မိမိ စိတ်ကြိုက် ရပြီဆိုရင်တော့ start ကိုနှိပ် လိုက်ပါ format စပြောင်းနေပါပြီ မိမိတို.ပြောင်းတဲ့ ဖိုင်ဆိုဒ်အလိုက် အချိန်တော့ပေးရပါတယ် လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူနိုင်ပါပြီ................အားလုံးပဲအဆင်ပြေပါစေဗျာ
VidCon apk ဒေါင်းရန်-Link 1 /Link 2
VidCon-key ဒေါင်းရန်-Link 1 /Link 2 
VidCon code ဒေါင်းရန်-Link 1 /Link 2
<<<<<>>>>>အဆင်ပြေတယ်ဆိုရင် Like လေးလုပ်ပေးခဲ့ပါ<<<<<>>>>>
SCR screen recoder pro အားစမ်းသပ် ပြီး gmail အကောင့်အသစ်ပါ စမ်းသပ်ဖွင်ခြင်း
အားလုံးပဲမင်္ဂလာပါဗျာ SCR screen recoder pro လာပါပြီဗျာ...အရင်ပို.စ်မှာမိတ်ဆက်ပေးခဲ့လို. SCR screen recoder ဆိုတာဘာလဲ သိပြီးလောက်ပြီထင်ပါတယ် အခုတင်ပေးမှာလေးက အရင်လို free version မဟုတ်တာကြောင့် ရုပ်ထွက်အလွန်ကြည်လင်ပြတ်သားပါတယ် ကာလာက အစ ပြောစရာမလိုအောင်ကောင်းပါတယ် အသုံးပြုနည်းကိုတော့ ကျွန်တော်အရင်တင်ပေးခဲ့တဲ့ ဒီနေရာလေးမှာ တစ်ချက်လေ့လာကြည်.ပါ။ 
လိုချင်တယ်ဆိုရင်တော့ ဒီင်္နေရာလေးမှာ ဒေါင်းယူနိုင်ပါပြီ ။ နောက်ထပ်ဒီ ကောင်လေးကိုစမ်း ပေးရင်းနဲ. gmail အကောင့်ဖွင့်နည်းလေးကို ပါ တစ်ခါထဲ ဖွင့်ပြထားပါတယ် စိတ်ဝင်စားလို. လေ့လာချင်တယ်ဆိုရင်တော့ အောက်က video လေးမှာ တစ်ချက်လေ့လာကြည်.ပါ.......
video လေးကိုကြည်.ပြီး email အကောင့်ဖွင့်နည်းလေးလဲ သဘောပေါက်ကြလိမ့်မယ်ထင်ပါတယ် ...ကဲ့အားလုံးပဲ အဆင်ပြေပါစေဗျာ ..............................ဒီနေရာမှာ ကျွန်တော်တစ်ခု ပြောချင်ပါတယ် ကျွန်တော်တို.သိသလောက်လေး စေတနာထားကာပြန်လည် မျှဝေပေးပါ့မယ် ........အောက်က လိုလေးတော့အသုံးမချကြစေချင်ပါ .......
                                                                                        ပြောတာမှားရင်စိတ်မဆိုးနဲ.နော်..
Friday, September 27, 2013
How to remove pattern lock and password lock (1)
        Untitled
အနော် စက်ရုပ် စလေ့လာတုန်းက ဟို tools လေးပြေးဆွဲလိုက် ဒီတရုတ် tools လေးတွေနဲ့ဖြုတ်လိုက်နဲ့
tools တွေကလဲ Only root and usb debugging on မှပါပဲ
ခုနည်းကလဲ တူတူပါပဲ
အရင်ဆုံး lock အကြောင်းကိုအနော်နဲနဲပြောပါမယ်
pattern or pin lock လုပ်လိုက်ရင်
gesture.key နဲ့ password.key ဆိုတဲ့ file နှစ်ခုက
ဖုန်းရဲ့ /data/system ဆိုတဲ့ folder အောက်ကိုရောက်သွားတာပါ
pattern ဆိုရင် gesture.key
pin ဆိုရင် password.key ပေါ့
အနော်တို့ အဲ file တွေကိုဖြုတ်နိုင်ရင် pattern or pin lock တွေကို ဖြုတ်နိုင်ပြီပေါ့
gesture.key နဲ့ password.key ဖိုင်တွေရှိတယ်နေရာကို command လေးတွေ run ပြီးကြည့်ကြည့်ရအောင်
ပြီးရင်ဖြတ်လိုက်မယ်ပေါ့
lock ကျနေတဲ့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်လိုက်ပါဗျာ
ပြီးရင် cmd ကိုဖွင့်ပြီးအောက်က command တွေကို run လိုက်ပါ
adb shell
su
ls /data/system
(ls=List current directory
/data/system ထဲကဖိုင်တွေကိုဝင်ကြည့်တာပါ)
အဲမှာအနောတို့ ဖြုတ်မဲ့ gesture.key နဲ့ password.key ကိုတွေ့ပါလိမ့်
rm /data/system/password.key
rm /data/system/ gesture.key
(rm ဆိုတာက reomve ပါ password.key ဆိုတာက pin lock ကိုဖြုတ်ဖို့အတွက်ပါ gesture.key ဆိုတာကတော့ Pattern lock အတွက် )
reboot
(ဖုန်းကို reboot လုပ်လိုက်ပါ ပြန်တတ်လာရင် ပြုတ်သွားပါပြီ)
အနော်က command တွေကိုပါရှင်းပြနေလို့ပါ
Pattern Lock အတွက်ဆိုရင်
adb shell
su
rm /data/system/gesture.key
reboot
လို့ cmd မှာတစ်ကြောင်းခြင်းရိုက်လိုက်ပါဗျာ
Pin Lock အတွက်ဆိုရင်
adb shell
su
rm /data/system/password.key
reboot
လို့ cmd မှာတစ်ကြောင်းခြင်းရိုက်လိုက်ပါဗျာ
Comming Soon Part 2
By အိုင်တီပင်လုံသား
Tuesday, September 24, 2013
Android ဖုန်းတွေမှာ ဗီဒီယို ဖိုင်တွေကို mp3 အဖြစ်ပြောင်းပေးမဲ့ video converter apk
မင်္ဂလာပါဗျာ မြန်မာပြည်လူငယ်များနည်းပညာဝေမျှခြင်း ဆိုဒ်လေးကိုအမြဲအားပေးနေတဲ့ ပရိတ်သတ်ကြီးအတွက် ဒီနေ.ကျွန်တော်တင်ပေးခြင်တာကတော့ ဖုန်းပေါ်က သီချင်းဗီဒီယိုဖိုင်တွေကို mp3 ပြောင်းပေးမဲ့ဆော့ဝဲလ်လေးပါ
သုံးလို.လဲ အရမ်းလွယ်ပါတယ် ပထမဆုံး ဆော့ဝဲလ်လေးကို ဖွင့်ပြီး format ပြောင်းမဲ့ ဖိုင်ကိုရွေး ရပါမယ်
           အဲ့ဒီလိုရွေးပြီးတဲ့နောက် Convert ဆိုတာလေးကို နှိပ်ပေးလိုက်ရင် အိုကေပါပြီ...
ဒါဆိုရင် format ပြောင်းနေပါပြီ ကွန်ပြူတာမှာ အပင်ပန်းခံပြီးပြောင်းနေစရာမလိုတော့ပါဘူး ကျွန်တော်စမ်းပေးထားတာတော့ mp4 မပြောနဲ. flv အထိကိုရပါတယ် အားလုံးအဆင်ပြေမယ်လို.လဲမျှော်လင့်ပါတယ် သြော် ပြောဖို.မေ့နေလို. settings လိုဂိုလေးမှာဝင်ပြီးတော့ Bitrate ပါရွေးပေးလို.ရသေးတယ်နော် အောက်ကပုံလေးလိုပေါ့ 
လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါပြီ ဒီပို.စ်လေးက ကျွန်တော့အတွက်ပထမဆုံးဝင်ရေးပေး
တဲ့ပို.စ်လေးဖြစ်လို. လိုအပ်ချက်များရှိခဲ့ရင်လဲတောင်းပန်ပါတယ်.....အားလုံးပဲအဆင်ပြေပါစေဗျာ 
                                         >>>>DOWNLOAD HERE<<<<
Sunday, September 22, 2013
Android ဖုန်းတွေအတွက် SCR screen chapter apk
မင်္ဂလာပါဗျာ ဒီနေ.ကျွန်တော် android ဖုန်းတွေမှာအဆင်ပြေပြေသုံးနိုင်မဲ့ screen chapter လေးလက်ဆောင်ပေးချင်ပါတယ် 
ဒီကောင်လေးက တကယ်တော့ free ဗားရှင်းပါ ဒါ့ကြောင့်သုံးမိနစ်စာပဲ record လုပ်ပေးမှာပါ အချိန်များများလိုချင်ရင်တော့ထပ်ဝယ်ခိုင်းပါတယ် ရုပ်ထွက်လဲ ကောင်းတယ်လို.ဆိုနိုင်ပါတယ် ကျွန်တော့ဖုန်းက တရုပ်ဖုန်းမို.လားတော့မသိဘူး သူ.မှာပါတဲ့ settings အတိုင်း default ထားရင် မမြင်ရပါဘူး ဟီးးးးးးးးး ဒါ့ကြောင့်အကိုအမတို.သုံးလို.ကျွန်တော့လိုရုပ်မမြင်ရဘူးဆိုရင် အောက်ကပုံလေးထဲမှာတစ်ချက်ကြည်.ပြီးပြင်လိုက်ပါ
သူ.မှာ default ပါတာက resolution 854×480 -Max ပါ ကျွန်တော်ပြန်ထားတာက 720×404-720p horizontal ပါ အောက်က ဗီဒီယိုလေးထဲမှာစမ်းသပ်ထားတာလေးကိုလေ့လာနိုင်ပါတယ် လိုချင်တယ်ဆိုရင်တော့် ဒီနေရာလေးမှာ ဒေါင်းယူနိုင်ပါတယ် ကဲ့အားလုံးပဲအဆင်ပြေပါစေဗျာ ........
Thursday, September 19, 2013
Viber ဗားရှင်း 2.3.0.694
မင်္ဂလာပါခင်ဗျာ မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် အခုတင်ပေးမှာကတော့ Viber အဟောင်းလေးပါ အသစ်အသစ်တွေထွက်ထားပေမဲ့ နောက်ထွက်တဲ့ ဗားရှင်းတွေက တစ်ချို.ဖုန်းတွေနဲ.မကိုက်ညီပဲ
မက်ဆေ့ပဲရပြီးအသံမကြားရ တဲ့ error လေးတွေကြုံနေရပါတယ် ဥပမာပြောရရင် c8813 လိုဖုန်းမျိုးပေါ့ Version အသစ်နဲ.လုံးဝစကားပြောလို.မရသလောက်ပဲဗျာ ထားပါဒါတွေ အခုကျွန်တော်တင်ပေးတဲ့ ကောင်လေးကတော့ Android ဖုန်းတိုင်းလိုလိုနဲ.ကိုက်ညီမှုရှိပါတယ် အခုချိန်ထိလဲ ဘာ error မှမကြုံဖူးသေးပါဘူး ဒါ့ကြောင့် ဖုန်းအသစ်လေးသုံးပြီး viber ပြောမရလို.စိတ်ဆင်းရဲနေသူများ အောက်မှာဒေါင်းယူနိုင်ပါပြီ....................အားလုံးပဲအဆင်ပြေပါစေဗျာ
                                                  ဒီမှာဒေါင်းမယ်
Frozen Keyboard Pro Crack-Version 0.5.3
ဒီတစ်ခါကျွန်တော်တင်ဆက်ပေးမှာကတော့ frozen keyboard pro လေးပါ။ဒီကောင်လေးကတော့ အခုနောက်ဆုံးထွက်တဲ့
ဗားရှင်းမဟုတ်ပါဘူး ....ကျွန်တော့လက်ထဲမှာတင်တော်တော်ကြာနေပါပြီ ဒါပေမဲ့ crack ပြီးသားလေးဖြစ်တဲ့အတွက် အဆင်ပြေပြေသုံးနိုင်မယ်လို.လဲမျှော်လင့်ပါတယ် ပြည်ပရောက်နေပြီးဝယ်သုံးဖို.အဆင်မပြေသူများအတွက် ရည်ရွယ်ပြီးတင်ပေးခြင်းသာဖြစ်ပါတယ် လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူနိုင်ပါတယ်..............အားလုံးပဲအဆင်ပြေပါစေ ဗျာ။
ဒီမှာဒေါင်းမယ်
Saturday, September 14, 2013
Jailbreak IOS ( Iphone,Ipad )
  မင်္ဂလာပါ ။ကျွန်တော် ပင်လုံသား ပါ။ ဒီနေ့ IOS ရဲ့ Jailbreak အကြောင်းလေးပြောပြချင်ပါတယ်။ Jailbreak ဆိုတာက Limit လုပ်ထားတဲ့အရာတွေကို ထိုးဖောက်ဖို့အတွက် root access ရဖို့အတွက်ဖြစ်ပါတယ်။  Jailbreak လုပ်ရင် အမျိုးအစားနှစ်ခုရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။ အဲ့ဒီအမျိုးအစားနှစ်ခုကတော့ Tethered နဲ့ Untethered Jailbreak ဆိုပြီးနှစ်မျိုးရှိပါတယ်။Tethered Jailbreak ကတော့ ကိုယ် Jailbreak လုပ်ပီး စက်ကို Restart ချလိုက်၇င် Jailbreak ပျောက်သွားမှာဖြစ်ပါတယ်။ Untethered ကတော့ စက်ကို restart ချသွားလည်း ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ သင့်ဖုန်းကို restore ပြန်လုပ်တာ , IOS Version ကိုထပ် မြင့်တာ မျိုး   မလုပ်ဆောင်ရင်တော့ပျောက်သွားမှာမဟုတ်ဘူး။
 IOS ကို Jailbreak ကိုဘယ်လိုလုပ်နိုင်မယ် မပြောခင် သူ့ရဲ့အကျိုးကျေးဇူးကိုပြောပြချင်ပါတယ်။ Jailbreak လုပ်နည်းကတော့ အမျိုးမျိုးရှိတာပေါ့ ။Click တစ်ချက်ထဲနဲ့ Jailbreak
လုပ်နိုင်တာလဲရှိပါတယ်။ကဲ Jailbreak လုပ်လို့ရတဲ့အကျိုးကျေးဇူးတွေကတော့ Games or apps တွေကို free နဲ့ရနိုင်မယ် , ကိုယ့်စက်တစ်ခုလုံးကို ကြိုက်သလို Customize လုပ်လို့ရမယ် ဥပမာ iconတွေကို ပြောင်းတာတို့ shortcuts တွေဖန်တီးပြီး WiFi/mobile network တွေကို ပိတ်တာဖွင့်တာတို့အစရှိသဖြင့်ပေါ့ ။
သူ့အကျိုးကျေးဇူးကိုသိပြီဆိုတော့ Jailbreak ဘယ်လိုလုပ်မှာလည်း ?
သင့်ရဲ့ IOS ကို Jailbreak လုပ်ဖို့အတွက် software တွေအများကြီးရှိပါတယ် ဥပမာ Redsnow တို့ Evasion တို့လိုပေါ့ .။ဒါပေမယ့် ကျွန်တော်ရဲ့အကြိုက်ဆုံးကတော့ Evasion ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူကအသုံးပြု၇တာလည်းလွယ်တယ် ပြီးတော့ Safest Jail-breaking Software တစ်ခုလည်းဖြစ်ပါတယ်။ သတင်းကောင်းကတော့ Evasion software ကို IOS Version 7, 6.13 နှင့် older versionတွေ ကို Jailbreak လုပ်နိုင်ပါပီ။
 Jailbreak ဘယ်လိုလုပ်ရကြောင်းပြောပြပါ့မယ်။ Step by step ပေါ့ ။
၁.သင့် IOS version နှင့်အညီ Evasion software ကိုဒေါင်းလုပ်လုပ်ပါ။ ဒီကနေရယူနိုင်ပါသည်
၂.Passlock နဲ့တစ်ခြား ဖုန်းထဲက Locks လုပ်ထားတဲ့ဟာတွေအားလုံးဖြတ်ပစ်ပါ။
၃.စက်ကို Backup လုပ်ထားလိုက်ပါ ။ Itunes သို့မဟုတ်တစ်ခြား software နဲ့ပေါ့။ပိုပြီး Safe ဖြစ်ဖို့အတွက်ပါ :D ။
၎.Evasion softare ကို ဖွင့်ပြီး Jailbreak ပေါ်ကိုနိပ်လိုက်ပါ ။ ပြီးရင်သူ့ process ပြီးတဲ့အထိစောင့်ပေးလိုက်ပါ။ Congrats Your Device Has been jail-breaked လို့ Massage ပေးလာရင်တော့ တို့ Jailbreak လုပ်ဆောင်တာအောင်မြင်သွားပီလို့ယူဆလို့ရပါပီ ။ Jailbreak လုပ်ဆောင်ပြီးနောက် ဂိမ်းတွေဒေါင်းဖို့အတွက်နဲ့တစ်ခြား app တွေ ရရှိဖို့အတွက် app-cake and app-sync ကို install ပေးပါဖို့ အကြံပြုချင်ပါတယ်။
Warning! Jailbreak လုပ်ပြီးရင်တော့ Warranty ရတော့မှာမဟုတ်ပါဘူး။ Jail ဖျက်လိုက်၇င်တော့ ပြန်ရမှာပါ ။
စည်းလုံးခြင်းသံစဉ် ရေဒီယို Android apk
မင်္ဂလာပါခင်ဗျာ ဒီနေ. ကျွန်တော်တင်ဆက်ပေးမှာကတော့ ကျွန်တော်တို.ဆိုဒ်ရဲ့ ညာဖက်နားလေးမှာပါတဲ့ mumcrew radio(စည်းလုံးခြင်းသံစဉ်) ကို နားဆင်နေကြတဲ့ပရိတ်သတ်ကြီးအတွက် မိမိတို.ဖုန်းကနေတိုက်ရိုက်နားဆင်နိုင်သီချင်းများတောင်းဆိုနိုင်အောင်
ဖုန်းအတွက် apk လေးတင်ပေးချင်ပါတယ် စည်းလုံးခြင်းသံစဉ်ရေဒီယို က သီချင်းနားဆင်ရုံတင်မဟုတ်ပဲ မိမိနားဆင်လိုသောသီချင်းများလဲတောင်းယူနိုင်ပါတယ် လိုချင်တယ်ဆိုရင်တော့ အောက်မှာကျွန်တော်ပေးထားတဲ့လင့်လေးတွေမှာဒေါင်းယူ နားဆင်နိုင်ပါပြီ.....ဆက်လက်ပြီးကျွန်တော်ကြေငြာဝင်တာလေးကို လဲ ဆက်လက် ဖတ်ရှုပေးကြဖို.လဲ ပြောချင်ပါတယ် ...............ဟီးးးးးးးးးးးးးးးးးး
                                                droup box မှဒေါင်းရန်
မိမိဖုန်းနဲ.သက်ဆိုင်သောလင့်အသီးသီးမှာဒေါင်းယူနားဆင်နိုင်ပါတယ်။ဖုန်းapk သွင်းထားရင်သီချင်းများကို လဲတောင်းဆိုနိုင်ပါတယ်။gtalk မှတဆင့်တောင်းချင်ရင်တော့songrq4radio@mumcrew.net add ပြီးတောင်းဆိုနိုင်ပါတယ် မူရင်းဆိုဒ်ရဲ.လိပ်စာကတော့ http://mumcrew.net/ ပါခင်ဗျာ ဖေ့ဘုတ်ပေ့ကတော့https://www.facebook.com/MUMCREW ပါ မန်ဘာဝင်ရန်နှင့် ဘလော့ဂါများအတွက်ရေဒီယိုကုဒ်များယူရန်အတွက် တော့ http://www.dj.mumcrew.net/ ကိုသွားလိုက်ပါ။ကဲ့ဒီလောက်ဆိုရင် အကြောင်းစုံသိရပြီလို.ထင်ပါတယ် ဒီပို.စ်လေးကိုကြိုက်သလိုရှယ်နိုင်ပါတယ် credit ပေးရန်မလိုပါ လင့်မျာမှ လွဲပြီးဘလော့လိပ်စာများကိုလဲ ပြုပြင် ဝေမျှနိုင်ပါတယ် အားလုံးပဲအဆင်ပြေပါစေဗျာ...................
Monday, September 9, 2013
Secret Image apk
 မင်္ဂလာပါဗျာ မြန်မာပြည်လူငယ် ပရိတ်သတ်ကြီးအတွက် ဖုန်းapk လေး တစ်ခုလောက်ပေးချင်ပါတယ် ..တကယ်လဲအသုံးဝင်မဲ့အရာလို.ထင်ပါတယ်။ လိုင်းမကောင်းတာကြောင့်ဖိုင်အကြီးကြီးတွေတင်ပေးဖို.အဆင်မပြေသေးတာမို.ဖုန်း apk လေးတွေပဲ တင်ပေးနေတာနားလည်ပေးကြပါ ဗျာ....
ဒီကောင်လေးကကျွန်တော့အကို ကိုမင်းမင်း ပေးထားတာပါ။
ဘယ်လိုအသုံးဝင်မလဲဆိုတာလေးအကြမ်းမျဉ်းပြောရရင် ဓါတ်ပုံပေါ်မှာစာရေးလို.ရတယ် အဲ့လိုရေးထားတဲ့စာကလဲ ဒီဆော့ဝဲလ်လေးမရှိတဲ့ဖုန်းမှာ သို.မဟုတ်ဒီဆော့ဝဲလ် နဲ.မဖွင့်ပဲ photo gallery ထဲကဖွင့်မယ်ဆိုရင်ရေးထားတဲ့စာကို လုံးဝမြင်ရမှာမဟုတ်ပါဘူး...အဲ့ဒီတော့ အချင်းချင်းဆက်သွယ်သတိပေးကြတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် သမီးရည်းစားအချက်ပေးတဲ့နေရာမျိုးမှာပဲဖြစ်ဖြစ် အသုံးဝင်ဝင်နဲ. ချိတ်ဆက်လုပ်ကိုင်လို.ရမယ်ထင်ပါတယ် မြှောက်ပေးတာတော့မဟုတ်ဘူးနော် ဟီးးးးးးး
ပါတဲ့ ဒါမျိုးစာပါတယ်ဆိုတာသိတဲ့လူတွေဖွင့်ကြည်.လို.မရအောင် password ပါခံထားလို.ရသေးတယ်ဗျာ ဘယ်လောက် အထိအသုံးဝင်မယ်ဆိုတာသာစဉ်းစားကြည်.တော့....တကယ်ကို လျှို.၀ှက်ချက်တွေကိုလုံခြုံစေမှာပါ....အသုံးပြုမယ်ဆိုရင် ကျွန်တော်တွေ.ရှိခဲ့တဲ့ error လေးကိုတော့သတိထားပေးပါဗျာ ဖုန်းတစ်လုံးကနေတစ်လုံးကိုပို.တဲ့အခါမှာ format ပြောင်းသွားတက်တာပါ ဒီဆော့ဝဲလ်အလုပ်လုပ်တာက png format ပါ တစ်ချို.ဖုန်းတွေကိုပို.တဲ့အခါ png ပြုတ်ပြီးရောက်သွားတက်တာပါ အဲ့ဒီအခါမှာ unknow ဖိုင်ဖြစ်သွားတက်ပါတယ် ဒါပေမဲ့ rename မှာ .png ပြန်ထည်.ပေးရင်အဆင်ပြေပါပြီဗျာ .......စိတ်ဝင်စားရင်တော့အောက်မှာဒေါင်းယူ ကလိ နိုင်ပါတယ်။
အားလုံးပဲအဆင်ပြေပါစေ.....
ဒီမှာဒေါင်းမယ်
ခလုပ်တစ်ချက် နှိပ်ရုံနဲ.Internet Settings ချိန်ပေးမဲ.apk
မင်္ဂလာပါဗျာ...မြန်မာပြည်လူငယ်များ ပရိတ်သတ်ကြီးအတွက် ခလုပ်တစ်ချက်နှိပ်ရုံနဲ. အင်တာနက် settings  auto ချိန်ပေးမဲ့ apk လေးပေးချင်ပါတယ်
ဒါလေးကိုတော့ MMUG မှကိုသက်နိုင်စိုး မှရေးသားဝေမျှခွင့်ပေးထားတာဖြစ်ပါတယ် ကိုသက်နိုင်စိုးကိုလဲ အထူးကျေးဇူးတင်ရှိကြောင်းဒီနေရာကနေပဲပြောလိုက်ပါရစေ ဗျာ....ဒါလေးကို အသုံးပြုမယ်ဆိုရင်တော့ အသုံးပြုမဲ့ဖုန်း ဟာ root ဖောက်ပြီးသားဖြစ်ဖို.တော့လိုပါမယ်။ အသုံးပြုနည်းကိုတော့ အောက်မှာကျွန်တော်ရှင်းပြပါမယ်......
ပထမဆုံး အောက်က ပေးထားတဲ့လင့်မှာဒေါင်းပြီး အင်စတောချလိုက်ရင် apn insert ဆိုတဲ့apk လေးပေါ်လာမယ် ဗျာအဲ့ဒါလေးကိုဖွင့်ပြီး Check Root Access ဆိုတာလေးနှိပ်ပေး Myanmar APN ဆိုတာလေးပေါ်လာရင် ၀င်လိုက် မိမိ ဖုန်းအမျိုးအစားအလိုက် ရွေးပြီးဆက်သွားလိုက်ယုံပါပဲ ....အားလုံးပဲအဆင်ပြေပါစေဗျာ 
[ဒီ Beta Version မှာအဆင်မပြေသေးတဲ့အချက်တွေကတော့
- Resolution အမြင့် ၊ Screen အကြီးဖုန်းပေါ်မှာစမ်းသပ်ရေးသားထားတာဖြစ်တဲ့အတွက် တခြာ Resolution နည်းနည်းလျော့တဲ့ ဖုန်းတစ်ချို့ ၊ Screen အသေးဖုန်းတစ်ချို့မှာ Layout အမှန်မပေါ်တာမျိုးဖြစ်တတ်ပါတယ်။
-အခု beta version မှာ ၁၅၀၀ တန် CDMA အတွက်တော့ သိပ်အဆင်မပြေသေးပါ ။ ယင်းအတွက် ကြိုးစားနေပါတယ်။
Thet Naing Soe (Myanmar Mobile App Store)]ကိုသက်နိုင်စိုးရဲ့အမှာစကားလေးပါ။လိုချင်သူများအောက်ပါလင့်တွင်ဒေါင်းယူနိုင်ပါတယ်...
ဒီမှာဒေါင်းမယ်
Sunday, September 8, 2013
ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ .....
ဒီပို.စ်လေးကိုတော့ ကျွန်တော်လေ့လာမိသလောက် လေးကိုဗဟုသုတ အနေနဲ. ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ဘာ့ကြောင့် Android ဖုန်းတွေမှာ root လုပ်သလဲ သိချင်နေကြတဲ့အကိုအမများ မသိသေးသူများအတွက်သာရည်ရွယ်ပါတယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.တောင်းပန်ပါတယ်......
 Root   ဆိုတာ ဘာလဲ ။ ဖုန်းတစ်လုံးရဲ့ အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊  တစ်ခုခု   မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့  နေရာမျိုးကို   ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user  တွေ   မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ??    ဖုန်းနဲ့   အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ  ၀င်ကြည့်ချင်တယ်။   Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို  အသုံးပြုချင်တယ်။   မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့  Android Version ကို   Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို  လူတိုင်းမက်မောတက်ကြတာပဲလေ။   ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ  ကိုယ့်အတွက် အသုံးမ၀င်တာတွေက   များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ  Android Application တွေကလဲ   အစုံပဲ။ ပေါလိုက်တာ ။ game   တွေကလဲ  အစုံပဲ။    
စိတ်ကူးရှိတိုင်းထည့်နဲ့   ဖုန်းမှာပါတဲ့ Internal memory  မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ  ဖုန်းက  လေးလာတယ်။ SD Card  ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။   နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို  Backup လုပ်ထားချင်တယ်။ မတော်လို့   ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့  Content တွေ ၊ Message တွေ စသည်ဖြင့်   အများကြီးပဲ။ ပျက်တာ သွားရင်တော့  ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို   ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ  ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ   ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ  ဖျောက်ထားတဲ့ SuperUser ကို   ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser  ဆိုတာတစ်နည်းအားဖြင့် Windows   မှာလိုဆိုရင်တော့ Administrator  လိုမျိုးပါ။ Android OS တစ်ခုလုံးကို   စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့  စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System   တစ်ခုလုံးကို   စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android   ကို Root  လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို    သဘောပေါက်မယ်လို့ ထင်ပါတယ်။
Saturday, September 7, 2013
wi-fi-talkie လာပါပြီ network မိရုံနဲ.ဖုန်းပြောမက်ဆေ့ပို.လို.ရမယ် အင်တာနက်လိုင်းမလို ဖုန်းလိုင်းမလို
အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင် နည်းနည်းရွှီး မယ်နော် ဟီးးးးးးးးးးးး  Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)
ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင်
အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....
ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။
အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ 
                                   wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်
ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့
ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်
အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့
အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ 
မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ် 
ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။
(ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာမလိုဘူး အင်တာနက်လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက်အသွယ်မပျက် ဘက်ထရီမကုန်မခြင်းသာကြူကြတောဗျာ ကျွန်တော့အတွက်တော့ Like လေးသာလုပ်ပေးခဲ့ ကြေနပ်ပါပြီ )
ဒီနေရာမှာဒေါင်းယူနိုင်ပါတယ်
Comment
linkwithin
Related Posts Plugin for WordPress, Blogger...
Copyright @ 2013 MAUNG RUPER.
Designed by M@UNG RUP3R , င/ရမ