ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။
Friday, September 13, 2013
နေ့စဉ်နီးပါးသုံးရမယ့် Command 10 ခု ( Linux )
                             photo3
လူတိုင်းနီးပါ၊ Linux သုံးတဲ့သူမှမဟုတ်ပါဘူး၊ ဘယ် OS ကို သုံးတဲ့သူဖြစ်ဖြစ် command မရိုက်ချင်ကြပါဘူး။ ဒါပေမဲ့ Linux မှာ Command ကို သုံးတာ အလုပ်ကိုတွင်ကျယ်စေပါတယ်။ ရွေးချယ်စရာတွေများတယ်။ စိတ်ချရတယ်။
/usr/bin ထဲမှာ command ပေါင်း ၂၁၉၉ နီးပါး ရှိပါတယ်။ /usr/sbin ထဲမှာတော့ ၃၈၈ လောက် ရှိပါတယ် လို့ (Mandriva Spring 2008) တုန်းက မှတ်ချက်ပြုထားပါတယ်။ အဲဒီ Command တွေ အကုန်လုံးကို မသိတောင် အနည်းဆုံး ၁၀ ခုလောက်တော့ Linux ကို နေ့စဉ် အသုံးပြုနေတဲ့ သူတွေ သိသင့်ပါတယ်။
ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ command တွေရှိပါတယ်။ (cd,ls,rm,etc
… (etc က တော့ command မဟုတ်ဘူးနော်)) အဲလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရမ်း အသုံးဝင်တဲ့ command တွေ ရှိပါသေးတယ်။ ဘယ် linux မှာ ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ကြည့်ကြည့်ပါအုံး။
၁၊ top
“top” ကတော့ အခုလက်ရှိဘာတွေ လုပ်နေလည်း၊ ဘယ် ပရိုဂရမ်တွေ ဖွင့်ထားလည်း၊ ဘယ်ဟာက RAM ဘယ်လောက်သုံးနေလည်း၊ စက်ရဲ့ RAM က ဘယ်လောက်ရှိလည်းဆိုတာတွေအကုန် ပြနေပါလိမ့်မယ်။ တစ်ခုခု အသစ် ဖွင့်လိုက်တိုင်းလည်း အဲဒီ list ထဲမှာ ပြနေမှာပဲ ဖြစ်ပါတယ်။
“top” က သင့်ကို အချိန်နဲ့ တစ်ပြေးညီ သင့်စက် ဘာတွေ လုပ်နေလည်း ဆိုတာကို ပြပေးမှာဖြစ်ပါတယ်။ (#top) ကိုရိုက်လိုက်ရင် အခု လက်ရှိ ကွန်ပြူတာက လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးပြပါလိမ့်မယ်။ root က ဘာတွေ လုပ်နေလည်း၊ User က ဘာတွေလုပ်နေလည်း စသည်ဖြင့်။ ဘယ် user က ဘယ် ပရိုဂရမ်ကို အသုံးပြုနေလည်း ဆိုတာကိုလည်း (#top -u username) အားဖြင့် User တစ်ယောက်ချင်းစီ လုပ်ဆောင်ချက်တွေကိုလည်း ကြည့်နိုင်ပါတယ်။
GUI မှာတော့ System Monitor လို့ခေါ်ပါတယ်။ Windows မှာတော့ Task Manager ပါ။ GUI မှာတော့ အမြဲတမ်း အရှေ့ဆုံးမှာ focus ဖြစ်နေပါတယ်။ command မှာတော့ minimize လုပ်ထားနိုင်ပါတယ်။
၂၊ ln
bookmark လုပ်တာပါ။ Network ထဲက Folder ကို ဖြစ်ဖြစ်၊ Server က folder တစ်ခုတည်းကို User အများကြီးက သုံးချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ချိတ်ပေးထားနိုင်ပါတယ်။ Network ထဲမှာဆိုရင် လုံခြုံရေးပိုင်း အနေနဲ့လည်း ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ (ဥပမာ Group တစ်ခုလုပ်ထားပြီး အဲဒီ Group ထဲက user တွေကိုပဲ အဲဒီ Folder ကို read/write ပေးလုပ်မယ်ဆိုသလိုမျိုးပေါ့) GUI (nautilus) မှာ တော့ Bookmark ဆိုတာပါပါတယ်။ Windows မှာဆိုရင် Desktop shortcut လုပ်သလိုမျိုးပါ။
၃၊ tar/zip/gzip/unrar/unzip
ဖိုင်တွေကို ခြုံ့လို့ရမယ်။ ခြုံ့ထားတဲ့ ဖိုင်တွေကို ဖြည်မယ်။ Argument တွေ ပြောင်းလိုက်ယုံနဲ့ အလွယ်တကူ ကိုယ်လုပ်စေချင်တာ လုပ်သွားတဲ့ အတွက် အလုပ်ကို လွယ်ကူမြန်ဆန်စေပါတယ်။ GUI နဲ့ဆိုရင်တော့ Right click > Extract here ပေါ့။
၎၊ nano,vi,emacs
command line text editor ပါ။ nano လား၊ vi လား၊ emacs လား၊ အဲဒီစစ်ထဲတော့ ကျွန်တော်မပါချင်ပါဘူး။ ကြိုက်တာသုံးပါ။ ကျွန်တော်ကတော့ nano သုံးပါတယ်။ တော်တော်များများကတော့ ပြောပါတယ်။ nano က အသုံးသိပ်မတည့်ဘူးပေါ့။ လုပ်လို့ရတယ့် function နည်းတယ်လို့ ပြောကြပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက်တော့ အလွန်ရိုးရှင်းနေတာပါ။ Linux စက်တစ်လုံးကို Administration လုပ်မယ်ဆိုရင်တော့ command line text editor တစ်ခုခုကို မဖြစ်မနေ ကိုင်တွယ် အသုံးပြုတတ်နေရပါမယ်။ GUI မှာတော့ Gvim ဒါမှမဟုတ် gedit ရှိပါတယ်။
၅၊ grep
ဒီ command ကတော့ လူကြိုက်တော်တော်များပါတယ်။ ဖိုင်တစ်ဖိုင်ကို လိုချင်သလို ပိုင်းပိုင်း ဖတ်လို့ရတာပါပဲ။ ဥပမာ httpd.conf ဖိုင်ကို ဖတ်မယ် ဆိုပါဆို့။ အဲဒီဖိုင်က စာကြောင်းရေ ၁၀၀၀ ကျော်ရှိတယ်။ အဲဒီဖိုင်ထဲမှာ ဘယ်နေရမှာ “AccessFileName .htaccess” ဆိုတာရှိသလည်းသိချင်တယ်။
စာကြောင်း ၁၅၃ မှာ ရှိပါတယ်ဆိုပါဆို။ ရိုးရိုး ဖတ်မယ်ဆိုရင် ၁၅၃ ကိုရောက်အောင် down arrow ကို ဖိထားရပါတယ်။ ဖိထားယုံနဲ့တော့မရပါဘူး၊ လိုက်ဖတ်နေရအုံးပါမယ်။ grep သုံးကြည့်ရအောင်။ grep -n “AccessFileName .htaccess” /etc/apache2/apache2.conf ဒါဆို terminal မှာ “153:AccessFileName .htaccess” ဆိုပြီး တန်းပြပါလိ့မ်မယ်။ လွယ်ဘူးလားဗျာ။
GUI မှာ gedit နဲ့ဖွင့်ပြီး Search လုပ်လို့ရပါတယ်။
“grep” က တစ်ခြား command တွေနဲ့လည်း piping (|) နဲ့ခံပြီး တွဲသုံးလို့ရပါသေးတယ်။ ဥပမာ တစ်ခုအနေနဲ့ “ps”(လက်ရှိဘာတွေ run နေလည်းဆိုတာကြည့်တာပါ) နဲ့တွဲသုံးကြည့်ရအောင်။ firefox က အလုပ်ကောင်းကောင်းမလုပ်ပဲ hang နေတယ် ဆိုပါတော့။ firefox ရဲ့ PID ကို ကြည့်ပြီးတော့ firefox ကို ပိတ်ပစ်ချင်တယ်။ “ps aux” ရိုက်လိုက်ရင် Run ထားတာတွေ အကုန်ထွက်လာပါလိမ့်မယ်။ အများကြီးထဲကမှ firefox ကိုလိုက်ရှာနေမလား ကြာပါတယ်။ “ps aux|grep firefox” လို့ပြောင်းရိုက်လိုက်ပါ။ firefox’s process တစ်ခုတည်း မြင်ရပါလိမ့်မယ်။
GUI မှာ System monitor ကနေ ကြည့်လို့ရပါတယ်။
၆၊ chmod
File/folder တွေကို permissions ပြောင်းတာပါ။ Web tool တော်တော်များများမှာ တိကျတဲ့ permissions လိုပါတယ်။ chmod ကို မသုံးခင် w=write,r=read,နဲ့ x=execute ကို အမှတ်ရနေပါ။ ဘယ်ဖိုင်က ဘယ် permissions တွေလိုလည်း သေသေချာချာကြည့်ပါ။ rw- rw- rw- ဆိုရင်တော့ User, Group and Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ အဆင်မပြေပါ။ Other user အတွက် အကန့်အသတ်နဲ့သာဖြစ်သင့်ပါတယ်။ read only ဒါမှမဟုတ် execute only. GUI (nautilus) မှာ တော့ right click > properties > Permissions
၇၊ dmesg
old-school လို့ ကျွန်တော့်ကို ခေါ်ချင်ခေါ်ပါ။ ဒါပေမယ့် device တစ်ခု Linux စက်မှာ တပ်လိုက်တာနဲ့ dmesg ကို အရင်ဆုံးရိုက်ပါတယ်။ သူက kernel buffer တွေအားလုံးကို ပြပါတယ်။ အရေးကြီးပါတယ်။ သိသင့်သိထိုက် တဲ့ information တွေ ဖြစ်တဲ့ system architecture, gpu, network device, kernel boot options used, RAM totals စသည်ဖြင့်ပါ။
နည်းနည်း trick လေးလုပ်ကြည့်ချင်လား။ tail ခံပြီး ရိုက်ကြည့်ရအောင်။ (dmesg | tail -f) ဒါဆိုရင် နောက် ဆုံး လေးငါးကြောင်း ပြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ထူးခြားတိုင်း (စက်ကို အလုပ်တွေများကြီး ခိုင်းထားတဲ့အချိန် ဒါမှမဟုတ် debugging လုပ်နေတုန်းအချိန်) အဲဒီ လေးငါးကြောင်းမှာပဲ အသစ် အသစ်တွေကို မြင်နေရပါလိမ့်မယ်။
၈၊ kill/killall
အခုဆိုရင် Linux kernel က တော်တော့်ကို stability ဖြစ်နေပါပြီ။ kernel နဲ့ မသက်ဆိုင်တဲ့ တစ်ချို့ ဆော့ဝဲ တွေက တစ်ခါတစ်လေ ကြောင်တတ်ပါတယ်။ အဲဒီအတွက် သူ့ကို ဖျက်ထုတ်ပစ်ဖို့(အဲဒီ ဆော့ဝဲကို restart ပြန်လုပ်ပစ်ဖို့ ရပ်ပစ်ပြီး ပြန်စဖို့) လိုပါတယ်။ အဲဒီအတွက် အမြန်ဆုံးနည်းလမ်းကတော့ “kill” ဒါမှမဟုတ် “killall” နဲ့ လုပ်ပစ်တာပါပဲ။ “kill” နဲ့ “killall” ကွာတာကတော့ kill က PID(process ID number) လိုပြီး၊ killer ကတော့ ဆော့ဝဲ နာမည်လိုပါတယ်။
တစ်ခုလုပ်ကြည့်ရအောင်။ ဥပမာ၊ firefox က hang ဖြစ်နေတယ် ဆိုပါတော့။ firefox ကို ရပ်ပစ်ဖို့အတွက် kill ကို အသုံးပြုပါမယ်။ kill ကို အသုံးပြုမယ်ဆိုရင် PID လိုမယ်။ ဘယ်လိုရမလည်း ဆိုတော့ ps aux|grep firefox နဲ့ ကြည့်ရပါမယ်။ PID ကို ps နဲ့မကြည့်ချင်ဘူးဆိုရင်လည်း killall firefox ဆိုပြီး တန်းရိုက်လို့ရပါတယ်။ ဒါပေမယ့် killall က daemons process (Apache,Samba,etc) တွေကို အလုပ်လုပ်ချင်မှလုပ်ပါမယ်။ GUI မှာတော့ System monitor ကနေ kill process လုပ်လို့ရပါတယ်။
၉၊ man
RTFM “Read the Fine Manual” အဲဒီစကားလုံးကို ဘယ်လောက်များများ သင်တွေ့ဘူးပါသလဲ။ ကျွန်တော့်အတွက်တော့ Linux မှာ Manual ဖတ်နေတာထက် manpages ကို ဖတ်လိုက်တာ ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ “Read the fine Manpages” ပေါ့။ Manpage တွေက ပုံစံတစ်ခုတည်းနဲ့ ရေးထားတာပါ။ တစ်ခုကို နားလည်အောင် ဖတ်ကြည့်ပြီးသွားပြီဆိုရင် နောက် ဘယ်ဟာကို ဖတ်ဖတ် နားလည်လွယ်လာပါလိမ့်မယ်။ command တိုင်းရဲ argument တွေကလည်း ဆက်စပ်မှုတွေ ရှိနေပါတယ်။
အပေါ်ဆုံး နှစ်ကြောင်းသုံးကြောင်းဖတ်လို့နားမလည်းလည်း ကိစ္စမရှိပါဘူး။ ဆက်ကြည့်သွားပါ၊ detail ကို ရှင်းပြထားတာတွေ လည်း ပါပါတယ်။ Linux command တွေကို အလုပ်လုပ်ဖို့အတွက် အကုန်လုံး အလွတ်ကျက်နေစရာ မလိုပါဘူး။ ဘယ်နားရှိမယ်ဆိုတာပဲ သိယုံနဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ manpages တွေကို ဖတ်တတ်အောင် ကြိုးစားပါ။
၁၀၊ mount/umount
removable media တွေ တပ်မယ်၊ ဖြုတ်မယ်ဆိုရင် သုံးပါတယ်။ boot တက်တာနဲ့ တပ်ဆင်ထားတာတွေကိုတော့ /etc/fstab ဖိုင်မှာ ရေးထားပါတယ်။ mount/unmount ကတော့ root privileges(super user) လိုပါတယ်။ mount command ကို ဘာ arugument မှမထည့်ပဲလည်း ရိုက်ကြည့်နိုင်ပါတယ်။ စက်မှာ ဘယ် devices တွေတပ်ထားလည်း ပြလာမှာဖြစ်ပါတယ်။
အထက်ပါ ၁၀ ခုကတော့ Linux administration အတွက် မရှိမဖြစ်လိုတာတွေပါ။ အဲဒါလေးလောက်ပဲ သိထားတာကိုပဲ တော်တော် အကူအညီရနေပါပြီ။ အလုပ်လုပ်ရာမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြစ်စေပါတယ်။ ဒီ ၁၀ ခုတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်ချင်းမတူသလိုပေါ့။ liux server ကိုင်နေတာလား၊ ဒါမှမဟုတ် Linux နဲ့ web developement လုပ်နေတာလား၊ တစ်ကိုယ်ရည် သုံးပဲလားဆိုတာမှာလည်း ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် နေ့တိုင်း အဲဒီ ၁၀ ခုထဲက တစ်ဝက် ကျော်ကျော် ကို အမြဲတမ်း အသုံးပြုရပါတယ်။
BY sir Blade
Wednesday, September 11, 2013
Facebook ပေါ်က Video တွေကို အလွယ်ဆုံး Download ပြုလုပ်နည်း
Facebook ပေါ်က Video တွေကို IDM နဲ့ Download ပြုလုပ်လို့ရပါတယ်..သို့ပေမယ့် IDM လည်းမရှိဘူး..ဘာနဲ့ဒေါင်းရမှန်းမသိဘူးဆိုရင်အခုဖော်ပြတဲ့နည်းနဲ့သာ Download ရယူလိုက်ပါ..အလွန်
အဆင်ပြေပါတယ်...ကဲ..ဘယ်လိုလုပ်ကြမလဲ.. အရင်ဆုံး
ဒီ Link ကိုသွားပါ..ရောက်ပြီဆိုတာနဲ့
အကွက်ထဲမှာ Facebook ရဲ့ Video Link ကိုထည့်လိုက်ပါ..
ပြီးရင် Download ကိုနှိပ်လိုက်ပါ... ဒါဆိုရင်အောက်ပါအတိုင်း Low Quality နဲ့ဒေါင်းချင်သလား High Quality နဲ့ဒေါင်းချင်သလား...ကြိုက်တာကိုရွေးပြီး Download ရယူနိုင်ပါပြီ..အဆင်ပြေကြပါစေခင်ဗျာ
credit to =>Myanmar IT Helper
        အဆင်ပြေခဲတယ်ဆိုရင် likeလုပ်ခြင်းဖြင့်အားပေးနိုင်ပါသည်
Power ISO 5.7 Full Version+Key
မင်္ဂလာပါ ကျွန်တော်ကောင်းခန်.ပါ မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် အခုတင်ပေးမှာကတော့ Power ISO 5.7 full version လေးပဲဖြစ်ပါတယ် ဒါလေးကဘယ်လိုနေရာမှာသုံးတာလဲလို.မေးရင်
Windows ခွေတွေကို .ISO အဖြစ် Burn ချင်ရင်ပဲဖြစ်ဖြစ်၊ CD, DVD တွေထဲက ဆော့ဝဲလ် ဂိမ်းတွေကို ISO ဖမ်းချင်ရင်ပဲဖြစ်ဖြစ် အလွန်အသုံးဝင်တဲ့ ဆော့ဝဲလ် လေးတစ်ခုပါပဲဗျာ။  ဒေါင်းလို.ရလာတဲ့ rar ဖိုင်ထဲမှာ key ဖိုင်လေးပါထည်.ပေးထားလို. full version အနေနဲ.သုံးလို.ရပါမယ် လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းယူနိုင်ပါတယ် .......အားလုံးပဲအဆင်ပြေပါစေဗျာ......
ဒီမှာဒေါင်းရန်
Pidgin ( Gtalk ) For Windows OS
ကျွန်တော် Pidgin ဆိုတဲ့ Opensource Software တစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။Gtalk နဲ့တူတဲ့ software တစ်ခုဖြစ်ပါတယ်။ Gtalk ကတော့ windows os မှာပဲသုံးလို့ရပါတယ်။ဒီဆော့လ်ဝဲကတော့ Linux Os မှာအသုံးပြုတာဖြစ်ပါတယ်။ ဒါပေမယ့် Wi့ndows Os မှာလည်းအသုံးပြုလို့ရအောင်လည်းပြုလုပ်ထားပါတယ်။သူ့ရဲ့Feature တွေကတော့ Gtalk ထက် ပိုများပါတယ်။ အသုံးပြုရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ပါ။ ကျွန်တော်ကိုယ်တိုင်လည်းသုံးနေတဲ့ဆောလ်ဝဲလ်တစ်ခုဖြစ်ပါတယ် ။အားလုံးကြိုက်ကြမယ်လို့ထင်ပါတယ်။ သူ့ Feautre တွေကတော့ Profile ကို လွယ်လွယ်ကူကူနဲ့ပြောင်းလို့ရမယ် /background ကိုလည်းကိုယ်ကြိုက်တာထည့်လို့ရပါ။
ဆော့လ်ဝဲကိုဖွင့်ပြီး Add လို့နိပ်လိုက်ရင်အကောင့်ထည့်ခိုင်းမှာဖြစ်ပါတယ်။ Protocol မှာ ကိုယ်ဖွင့်ချင်တဲ့အကောင့်ကိုရွေးပေးလိုက်ပါ ။ဥပမာ Gtalk ကိုဖွင့်မယ်ဆို gtalk ကိုေ၇ွးလိုက်ပါ။ Facebook အကောင့်ကိုဖွင့်မယ်ဆိုရင်လည်း facebook ကို ရွေးလိုက်ပါ ။ပြီးရင် username and password ကိုထည့်ပြီး add နိပ်လိုက်တာနဲ့ အသုံးပြုလို့ရပါပီ ။Gtalk and facebook အကောင့်ပဲမဟုတ်ပါဘူး ။ Yahoo တို့ Microsoft account , ATM အစရှိသဖြင့် ဖွင့်သုံးလို့ပါတယ်။
အားလုံးအဆင်ပြေပါစေ
**ITpinlonthar**
Tuesday, September 10, 2013
ဘာ Software မှမလိုပဲ Batch File လေးနဲ့ WiFi Hotspot လွှင့်မယ်
ကဲဒီတစ်ခါတော့ ဘာSoftware ကိုမှ မသုံးပဲ... Batch File လေးနဲ့ သင့်ကွန်ပျူတာကနေ WiFi Access
ကိုလွှင့်မယ်နည်းလေးပြောပြပါ့မယ် အရင်ဆုံး
Software ကိုဒေါင်းလိုက်ပါ... ပီးသွားရင်စမယ်
အရင်ဆုံး သင့်စက်ထဲမှာရှိတဲ့ အောက်ဖော်ပြပါပုံလေးကို Right Click နှိပ်ပီး Run As Administrator
ဖြင့်နှိပ်လိုက်ပါ။
  ဒေါင်းရန်
ပီးသွားရင်အောက်ဖော်ပြပါပုံအတိုင်းပေါ်လာပါလိမ့်မယ်
ထိုအခါမှာ အနော်တို့ကို WiFi ကို လွှင့်မှာဖြစ်တဲ့အတွက်ကြောင့်ဖော်ပြထားတဲ့ Menu တွေထဲကမှ
နံပါတ် ၃ ဖြစ်တဲ့ START WIFI HOTSPOT ဆိုတာလေးကိုရွေးချယ်မှာဖြစ်တဲ့အတွက်ကြောင့်ကီးဘုတ်
မှနေပီး "3" ကိုရိုက်၍ Enter နှိပ်လိုက်ပါ။ဒါဆိုရင်အောက်ဖော်ပြပါပုံလေးပေါ်လာပါလိမ့်မယ်
အထက်ပါပုံကတော့ သင်သုံးရမယ့်Network SSID Name က "ZARNI"  ဖြစ်ပီး Password က
"password" ဖြစ်ပါတယ်.....လို့ Message ပြတာပါ...ဒီတော့ ကျွန်တော်တို့ဖုန်းထဲကနေသို့မဟုတ်
တစ်ခြားကွန်ပျူတာကနေကြည့်တဲ့အခါမှာလည်း အဲဒီ ZARNI ဆိုတဲ့ Network နာမည်လေးပေါ်နေ
မှာဖြစ်ပါတယ်.. 
၎င်းကို ဆက်သွယ်လိုက်လို့ Password တောင်းတဲ့အခါမှာတော့ "password" ဆိုတာ
လေးပဲ ရိုက်ထည့်ပေးပီး အင်တာနက်ကို သုံးနိုင်ပါတယ်။ အဆင် ပြေကြပါစေ
ပြန်ပိတ်ချင်တယ်ဆိုရင်တော့ အောက်ဖော်ပြပါပုံအတိုင်း
နံပါတ် "4" ကိုရွေးချယ်ပီး Enter ခေါက်လိုက်ရုံပါပဲ...
Software Credit to : ရက္ခနွယ်.....
Window Codec.Pack For Pc
Window Codec.Pack For Pc-(W7 & W8)
ဒီတစ်ခါတော့ Computer အသုံးပြုတဲ့ သူငယ်ချင်းတွေအတွက် မရှိမဖြစ်အသုံးလိုတဲ့ Software လေးပါ။ ဘာလဲဆိုတော့ Window Codec.Pack လို့ခေါ်ပါတယ်။ဘာတွေကောင်းလည်းဆိုတော့ သူ့ကိုထဲ့သွင်းထားခြင်းအားဖြင့် မိမိကွန်ပျူတာထဲရှိ video formats အစုံကိုကြည့်ရှုနိုင်ပါတယ်။ဥပမာ
AVI And MKV Formats တွေပါ ဒီကုဒ်ကိုမထဲ့သွင်းထားဘူဆိုရင်တော့အဲ့လို formats တွေကို window media player နဲ့ ဖွင့်လို့ရနိုင်မှာမဟုတ်ပါဘူးခင်ဗျ။တကယ်တမ်းကြတော့window မှာOriginal ပါတဲ့ Window Media Player ကသာအကောင်းဆုံးဖြစ်လို့ပါပဲ။အဲ့ဒါကြောင့်မရှိမဖြစ်ဆောင်ထားသင့်တဲ့Software လေးပါ။အောက်ကလင့်ခ်မှာဒေါင်းလော့ရယူနိုင်ပါတယ်။ Window 7 & Window 8 ၂မျိုးစလုံးအတွက်ပေးထားပါတယ်ခင်ဗျ။
Download here for w7->>http://www.solidfiles.com/d/083bbbc7e7/
Download here for w8->>http://www.solidfiles.com/d/3d8add3c33/
Window 7, Window 8 ,Vista,XP အတွက် MAC OS Theme လန်းလန်းလေး
အပေါ်ကပုံမှာမြင်နေ၇တဲ့အတိုင်း MAC OS X Theme လန်းလန်းလေးကိုကျွန်တော်လက်ဆောင်ပေးချင်
ပါတယ်။ဒီ Theme ကိုတော့
OS X Mavericks Transformationလို့လည်းခေါ်ကြပါတယ်။ တကယ့်ကို IOS 7 လိုစတိုင်နဲ့ပါ။အားလုံးသဘောကျမယ်လို့ထင်ပါတယ်။ Apple fun တွေအတွက်ပေါ့ဗျာ ။ Window 7/8 သုံးနေပြီး MAC OS လိုစတိုင်လေးလည်းသုံးချင်တယ်ဆိုရင်ပေါ့ ။ :D
  အသုံးပြုမယ်ဆိုရင်တော့အောက်မှာဒေါင်းနိုင်ပါတယ်။
Folder Lock 7.2.2 Final Include Serial
Folder Lock 7.2.2 Final Incl Serial - SceneDL
Folder Lock is fast file-security software that can password-protect, lock, hide, and encrypt any number of files, folders, drives, pictures, and documents in seconds. Locked files are undeletable, unrenamable, unmovable, hidden, and inaccessible. You can lock, scramble, or encrypt depending on speed and security. Folder Lock is fully portable, so you can protect your files on USB flash drives, disks, CD-RWs, notebooks, and hard disks, and it doesn't require installation on another PC. Folder Lock protects files in Windows, DOS, and Safe modes, even when you change your OS or boot from a disk. Folder Lock doesn't let you delete its own program folder, and it can't be uninstalled without the correct password. Additional options include Stealth Mode, Hacker Attempt Monitoring, Shred files, AutoLock, Auto Shutdown PC, Lock your PC, Erase PC tracks, 256-bit Blowfish Encryption and Context Menu in Explorer.
Encrypt Files
Encrypt your personal files using 256-bit on-the-fly encryption technology totally dynamic and fool-proof.
Protect USB / CD
Convert your encrypted storages into executables and take your portable drives anywhere.
Make Wallets
Store sensitive information in encrypted form. A safe haven for private info like Credit Cards and Bank Accounts.
Run Application in complete Stealth.
Don't let anyone know you ever installed Folder Lock on your PC.
Password Security
Restrict access to various parts of the application with use of admin level master password.
Auto Protection
Set inactivity based security policy in order to secure everything when you're away from your PC.
Hack Security
Don't let hackers use dictionary attacks. Monitor, control and perform actions on incorrect password attempts.
Shred Files
Shred and permanently delete restorable files, folders and drives and even empty hard drive space.
Lock Files
Protect important files from unwanted access by blocking visibility or access to files, folders and drives.
Backup Online
Backup all your encrypted files automatically to an online storage and easily restore it back.
OS : Windows 8 / 7 / Vista / XP (32/64-bit)
Language : English
Home Page - http://www.newsoftwares.net/folderlock/
Install Notes: 
=========
1] Install The App
2] Do Not Launch The App
3] Run Activator As ADMINISTRATOR!!
4] Enter Serial
5] Enjoy This Release!! 
Download here->>>http://www.solidfiles.com/d/09bf592e68/
Monday, September 9, 2013
Disable USB (သို့ မဟုတ် ) USB ကို ကွန်ပျူတာမှာ သုံးလို့ မရအောင် လုပ်ထားမယ်
အရင်ဆုံး ကျွန်တော် လဲ အပျင်းထူနေ တာ ကြာ လို့ .... Post မတင် ဖြစ်တာ တောင်းပန်ပါတယ် ...:)
ကျွန်တော် တို့ ကွန်ပျူတာ တွေ ကို လုံခြုံ သည်ထက် လုံခြုံအောင် နည်းလမ်းပေါင်း စုံ သုံးပြီးတော့ ကာကွယ် ကျ ပါတယ် ....:)
အဲ့ဒီ ထဲ က မှာ ကို ကွန်ပျူ တာမှာ USB တွေ လာတပ် လို့ Virus ကူး စက်ခဲ့ ရတဲ့ လူတွေ လဲ မနည်း ပါဘူး ...:)
ကျွန်တော် အပါ အ၀င် ပေါ့ လေ .....အဲ့တော့ ကို စက်မှာ လာပြီးတော့ သုံး လို့ မရအောင် လုပ် ထားလိုက် ခြင်းအား ဖြင့် တစ်နည်းတော့ စိတ်ချမ်း သာ ရာ ရောက်တာပေါ့ ဗျာ ..... ကို လိုတော့ မှ ပြန် ပြီးတော့ .....ဖွင့် ထားမယ် ...ပြီးရင် ပြန်ပိတ်ထား လိုက်တော့ တခြား ရန်တွေ အေးတာ ပေါ့ ဗျာ ......:)
ကျွန်တော်လေရှည် နေတာ နဲ့ တော်တော် များ သွား ပြီ ...:)
ကဲ စ လိုက် ရအောင် ဗျာ 
အရင်ဆုံး  Window Key + R နှိပ်ပြီးတော့ Run ကို ခေါ်လိုက်ပါ .....(မှတ်ချက် administrator အကောင့် နဲ့ မှ ကျန်တဲ့ အပိုင်းတွေ ဆက် လုပ် လို့ရမှာ ပါ ) 
RUN BOX လေး ပေါ် လာ ပြီ ဆိုရင်  regedit လို့ ရိုက် ပြီးတော့ Enter လေး နိုပ် လိုက်ပါ ....
ပြီးရင်  HKEY_LOCAL_MACHINE ဆို တာလေး ကို ရှာ ပြီးတော့ ကလစ်လိုက်ပါ :)
 ပြီး ရင် ဒီ အတိုင်းလေး သွားနော် မလွဲ စေနဲ့ နော် SYSTEM>>>>> CurrentControlSet >>>>>>services
အဲ့လို မျိုး ပြီး သွား ပြီ ဆို ရင်  USBSTOR ဆို တာလေး ကို တွေ့ အောင် ရှာ နော် .... နည်းနည်းတော့ စိတ်ရှည် ရမယ် နော် ........:D :D  ပြီး ရင်  မျက်စိ လျင်လျင် နဲ့ Start  ကို ညာဘက် က ဘောင်ထဲ မှာ ရှာပြီးတော့ နိုပ်လိုက်ပါ ပြီး ရင် Box လေး တစ်ခု နဲ့  နံပတ် 3 လေး ပေါ်လာ ပါ လိမ့်မယ် .... အဲ့တာ ကို နံပတ် 4 လို့ ပြင် ပြီးတော့ စက်ကို Restart ချလိုက် ပါ ပြန်တက် လာပြီ ဆိုရင် USB အပေါက်လေး တွေ သုံး လို့ မရ ဖြစ် သွား ပါပြီ ....:) :) 
ပြန်ပြီးတော့ ဖွင့် ချင်တယ် ဆိုရင်တော့  4 ကို 3 ပြန် ပြီးတော့ ပြောင်း လိုက် ရင် ရပါပြီ
အဆင် ပြေ ပါစေ ဗျာ ...... နောက် ထက် တခြားနည်းလမ်းတွေ ကို လဲ အချိန်ပေးပြီးတော့ ရေး ပေး ပါရစေ ....:)
Secret Image apk
 မင်္ဂလာပါဗျာ မြန်မာပြည်လူငယ် ပရိတ်သတ်ကြီးအတွက် ဖုန်းapk လေး တစ်ခုလောက်ပေးချင်ပါတယ် ..တကယ်လဲအသုံးဝင်မဲ့အရာလို.ထင်ပါတယ်။ လိုင်းမကောင်းတာကြောင့်ဖိုင်အကြီးကြီးတွေတင်ပေးဖို.အဆင်မပြေသေးတာမို.ဖုန်း apk လေးတွေပဲ တင်ပေးနေတာနားလည်ပေးကြပါ ဗျာ....
ဒီကောင်လေးကကျွန်တော့အကို ကိုမင်းမင်း ပေးထားတာပါ။
ဘယ်လိုအသုံးဝင်မလဲဆိုတာလေးအကြမ်းမျဉ်းပြောရရင် ဓါတ်ပုံပေါ်မှာစာရေးလို.ရတယ် အဲ့လိုရေးထားတဲ့စာကလဲ ဒီဆော့ဝဲလ်လေးမရှိတဲ့ဖုန်းမှာ သို.မဟုတ်ဒီဆော့ဝဲလ် နဲ.မဖွင့်ပဲ photo gallery ထဲကဖွင့်မယ်ဆိုရင်ရေးထားတဲ့စာကို လုံးဝမြင်ရမှာမဟုတ်ပါဘူး...အဲ့ဒီတော့ အချင်းချင်းဆက်သွယ်သတိပေးကြတဲ့အခါမျိုးမှာပဲဖြစ်ဖြစ် သမီးရည်းစားအချက်ပေးတဲ့နေရာမျိုးမှာပဲဖြစ်ဖြစ် အသုံးဝင်ဝင်နဲ. ချိတ်ဆက်လုပ်ကိုင်လို.ရမယ်ထင်ပါတယ် မြှောက်ပေးတာတော့မဟုတ်ဘူးနော် ဟီးးးးးးး
ပါတဲ့ ဒါမျိုးစာပါတယ်ဆိုတာသိတဲ့လူတွေဖွင့်ကြည်.လို.မရအောင် password ပါခံထားလို.ရသေးတယ်ဗျာ ဘယ်လောက် အထိအသုံးဝင်မယ်ဆိုတာသာစဉ်းစားကြည်.တော့....တကယ်ကို လျှို.၀ှက်ချက်တွေကိုလုံခြုံစေမှာပါ....အသုံးပြုမယ်ဆိုရင် ကျွန်တော်တွေ.ရှိခဲ့တဲ့ error လေးကိုတော့သတိထားပေးပါဗျာ ဖုန်းတစ်လုံးကနေတစ်လုံးကိုပို.တဲ့အခါမှာ format ပြောင်းသွားတက်တာပါ ဒီဆော့ဝဲလ်အလုပ်လုပ်တာက png format ပါ တစ်ချို.ဖုန်းတွေကိုပို.တဲ့အခါ png ပြုတ်ပြီးရောက်သွားတက်တာပါ အဲ့ဒီအခါမှာ unknow ဖိုင်ဖြစ်သွားတက်ပါတယ် ဒါပေမဲ့ rename မှာ .png ပြန်ထည်.ပေးရင်အဆင်ပြေပါပြီဗျာ .......စိတ်ဝင်စားရင်တော့အောက်မှာဒေါင်းယူ ကလိ နိုင်ပါတယ်။
အားလုံးပဲအဆင်ပြေပါစေ.....
ဒီမှာဒေါင်းမယ်
ခလုပ်တစ်ချက် နှိပ်ရုံနဲ.Internet Settings ချိန်ပေးမဲ.apk
မင်္ဂလာပါဗျာ...မြန်မာပြည်လူငယ်များ ပရိတ်သတ်ကြီးအတွက် ခလုပ်တစ်ချက်နှိပ်ရုံနဲ. အင်တာနက် settings  auto ချိန်ပေးမဲ့ apk လေးပေးချင်ပါတယ်
ဒါလေးကိုတော့ MMUG မှကိုသက်နိုင်စိုး မှရေးသားဝေမျှခွင့်ပေးထားတာဖြစ်ပါတယ် ကိုသက်နိုင်စိုးကိုလဲ အထူးကျေးဇူးတင်ရှိကြောင်းဒီနေရာကနေပဲပြောလိုက်ပါရစေ ဗျာ....ဒါလေးကို အသုံးပြုမယ်ဆိုရင်တော့ အသုံးပြုမဲ့ဖုန်း ဟာ root ဖောက်ပြီးသားဖြစ်ဖို.တော့လိုပါမယ်။ အသုံးပြုနည်းကိုတော့ အောက်မှာကျွန်တော်ရှင်းပြပါမယ်......
ပထမဆုံး အောက်က ပေးထားတဲ့လင့်မှာဒေါင်းပြီး အင်စတောချလိုက်ရင် apn insert ဆိုတဲ့apk လေးပေါ်လာမယ် ဗျာအဲ့ဒါလေးကိုဖွင့်ပြီး Check Root Access ဆိုတာလေးနှိပ်ပေး Myanmar APN ဆိုတာလေးပေါ်လာရင် ၀င်လိုက် မိမိ ဖုန်းအမျိုးအစားအလိုက် ရွေးပြီးဆက်သွားလိုက်ယုံပါပဲ ....အားလုံးပဲအဆင်ပြေပါစေဗျာ 
[ဒီ Beta Version မှာအဆင်မပြေသေးတဲ့အချက်တွေကတော့
- Resolution အမြင့် ၊ Screen အကြီးဖုန်းပေါ်မှာစမ်းသပ်ရေးသားထားတာဖြစ်တဲ့အတွက် တခြာ Resolution နည်းနည်းလျော့တဲ့ ဖုန်းတစ်ချို့ ၊ Screen အသေးဖုန်းတစ်ချို့မှာ Layout အမှန်မပေါ်တာမျိုးဖြစ်တတ်ပါတယ်။
-အခု beta version မှာ ၁၅၀၀ တန် CDMA အတွက်တော့ သိပ်အဆင်မပြေသေးပါ ။ ယင်းအတွက် ကြိုးစားနေပါတယ်။
Thet Naing Soe (Myanmar Mobile App Store)]ကိုသက်နိုင်စိုးရဲ့အမှာစကားလေးပါ။လိုချင်သူများအောက်ပါလင့်တွင်ဒေါင်းယူနိုင်ပါတယ်...
ဒီမှာဒေါင်းမယ်
အင်္ဂလိပ်-မြန်မာစာရိုက်လေ့ကျင့်ခန်း (ရတနာပုံကွန်ပျူတာစင်တာသင်တန်းမှရေးထားသော)
မင်္ဂလာပါ ကျွန်တော် Myanmar IT Helper ဖြစ်ပါတယ်မြန်မာစာရိုက်လေ့ကျင့်ခန်းဖြစ်ပါတယ်
(ရတနာပုံကွန်ပျူတာစင်တာသင်တန်းမှရေးထားသော)။လေ့ကျင့်ခန်း ၁၆ ခန်းပါဝင်သည်။လက်ကွက်ပုံပါသဖြင့်ဆရာမလိုဘဲမိမိကိုယ်တိုင်လေ့ကျင့်နိုင်ပါသည်။သင်တန်းတွင်လက်တွေ့
အသုံး ချနေပါတယ်
Download => Dropbox / Solidfiles
ရယူလိုပါကအပ်ါကမျှားကိုနှိပ်ပြီးဒေါင်းပါ
မှတ်ချက်(window 7 တွင် Right=Click---> Run As Adminstrator)နှိပ်ပြီးသွင်းပါ
အဆင်ပြေပါစေ..
CPE 17 Autorun Killer With Myanmar Version ( 54 KB )
Software ရဲ့ ဆိုဒ်အရွယ်အစားကတော့ သေးသေးလေးဆိုမှ တကယ့်သေးသေးလေးပါ..သို့ပေမယ့် အစွမ်းထက်ပုံကတော့ Antivirus ကြီးတွေနဲ့ တွဲပေးလိုက်ရင် ကွန်ပျူတာတစ်ခုလုံးလုံခြုံရေးအတွက် အကောင်းဆုံး ကာကွယ်စောင့်ရှောက်ပေးမယ့် သက်တော်စောင့်ဖြစ်သွားပါလိမ့်မယ်..ဟုတ်ကဲ့..ရှင်းပြပါ့မယ်
Software ရဲ့နာမည်က CPE 17 Autorun Killer ထိုင်းနိုင်ငံက အထက်တန်းကျောင်းသားတွေထဲက Programmer တစ်ဦးကရေးဆွဲထားပါ...ဘယ်လောက်တောင်အသုံးဝင်လဲဆိုရင် USB Disk Security Software ထက် အဆပေါင်းများစွာ Virus ကို အသက်ဝင်အောင်မောင်းနှင်ပေးမယ့် Autorun ရဲ့ ရန်ကနေ
အကောင်းဆုံးကာကွယ်ပေးမှာပါ..ရှင်းပြပါဦးမယ် Virus တစ်ကောင် အသက်ဝင်နိုင်ဖို့ Autorun.inf ဆိုတဲ့
ဖိုင်လေးတစ်ဖိုင်ကနေ မောင်းနှင်ပေးပါတယ်...Autorun.inf ဆိုတဲ့ဖိုင်သာမရှိတော့ရင် Virus ဟာလည်း
အလုပ်လုပ်နိုင်တော့မှာမဟုတ်တော့ပါဘူး..ဒီ Software လေးက Memory Stick တွေထဲမှာပါလာတဲ့
Virus Autorun Files မှန်သမျှကို ချက်ချင်းကို သတ်ပစ်မှာဖြစ်တဲ့အတွက် Memory Stick ထဲမှ Virus များ
ကွန်ပျူတာအတွင်းသို့ဝင်ရောက်ခြင်းမှအကောင်းဆုံးကာကွယ်နိုင်မှာဖြစ်ပါတယ်..ဒါအပြင် Virus အကိုက်ခံ
နေရတဲ့ကွန်ပျူတာတွေအတွက်လည်း Registry , CMD တို့ကို ဒီ Software ကနေတစ်ဆင့်ဝင်ရောက်နိုင်ပြီး
ပြန်လည်ပြင်ဆင်နိုင်မှာဖြစ်ပါတယ်..Install လုပ်စရာမလို ..One Click ဖြစ်ပြီး ကွန်ပျူတာအတွက်အမြဲတမ်း
အလုပ်လုပ်ပေးနေမှာဖြစ်ပါတယ်...Memory Stick ထိုးတိုင်း Virus ကင်းရင် အစိမ်းရောင်စာသားနဲ့ပြပေးမှာ
ဖြစ်ပြီး Virus ရှိနေရင်တော့ အနီရောင်စာသားတွေနဲ့ ပြသမှာဖြစ်ပြီး အလိုအလျှောက် Virus အသက်ဝင်အောင် မောင်းနှင်ပေးမယ့် Autorun.inf ကိုသတ်ပစ်မှာဖြစ်ပါတယ်..CD/DVD အခွေတွေထဲက
Virus ၀င်ရောက်မှုကိုလည်း ကာကွယ်တားဆီးမှာဖြစ်ပါတယ်.ဒါ့အပြင် အခြားအသုံးဝင် Tools များစွာလည်း ပါဝင်တဲ့အတွက် ကွန်ပျူတာအသုံးပြုသူတိုင်း မရှိမဖြစ် ဆောင်ကိုဆောင်ထားရမယ့် အလွန်အစွမ်းထက် Software လေးဖြစ်ပါတယ်ခင်မျာ... Software ကို မြန်မာ နာမည်တွေနဲ့ ပြန်ကလိထားပါတယ်.. :-)
Download=> Solidfiles / Link 2
Sunday, September 8, 2013
ဘာကြောင့် Android Phone တွေမှာ Root လုပ်ရတာလဲ .....
ဒီပို.စ်လေးကိုတော့ ကျွန်တော်လေ့လာမိသလောက် လေးကိုဗဟုသုတ အနေနဲ. ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ဘာ့ကြောင့် Android ဖုန်းတွေမှာ root လုပ်သလဲ သိချင်နေကြတဲ့အကိုအမများ မသိသေးသူများအတွက်သာရည်ရွယ်ပါတယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.တောင်းပန်ပါတယ်......
 Root   ဆိုတာ ဘာလဲ ။ ဖုန်းတစ်လုံးရဲ့ အဓိကကျတဲ့ အရေးကြီးတဲ့ နေရာ ၊  တစ်ခုခု   မှားလုပ်မိရင် System တစ်ခုလုံး သုံးမရအောင် ဖြစ်သွားနိုင်တဲ့  နေရာမျိုးကို   ဖုန်းထုတ်လုပ်တဲ့ သူတွေက ကွယ်ဝှက်ထားပါတယ်။ အသုံးပြုသူ user  တွေ   မတွေ့အောင် ၊ အသုံးပြုလို့ မရအောင် လုပ်ထားပါတယ်။ ဘာကြောင့်လဲ ??    ဖုန်းနဲ့   အင်တာနက်လေးသုံးချင်တယ်။ website တွေ ၊ Forun တွေ  ၀င်ကြည့်ချင်တယ်။   Chatting ထိုင်ချင်တယ်။ အဲဒီအတွက် ဖုန်းမှာ မြန်မာလို  အသုံးပြုချင်တယ်။   မြန်မာလို စာရိုက်ချင်တယ်။ နောက်တစ်ခု ကိုယ့်ရဲ့  Android Version ကို   Update လုပ်ချင်တယ်။ အသစ်အသစ် လေးတွေကို  လူတိုင်းမက်မောတက်ကြတာပဲလေ။   ဖုန်းဝယ်ကတည်းက ပါလာတဲ့ Application တွေမှာ  ကိုယ့်အတွက် အသုံးမ၀င်တာတွေက   များနေတယ်။ ဖြုတ်ချလို့လဲ မရဘူး။ နောက်တစ်ခါ  Android Application တွေကလဲ   အစုံပဲ။ ပေါလိုက်တာ ။ game   တွေကလဲ  အစုံပဲ။    
စိတ်ကူးရှိတိုင်းထည့်နဲ့   ဖုန်းမှာပါတဲ့ Internal memory  မှာတစ်ဖြည်းဖြည်းများလာမယ်။ အဲဒီအခါ  ဖုန်းက  လေးလာတယ်။ SD Card  ထဲရွှေ့ထားချင်ပေမဲ့လည်း ရွှေ့လို့ မရဘူး။   နောက်ကိုယ့်ဖုန်းတစ်ခုလုံးကို  Backup လုပ်ထားချင်တယ်။ မတော်လို့   ဖုန်းကပျက်သွားရင် အထဲက မှတ်ထားတဲ့  Content တွေ ၊ Message တွေ စသည်ဖြင့်   အများကြီးပဲ။ ပျက်တာ သွားရင်တော့  ကြေကွဲပြီ။ အဲဒီလို ပြဿနာတွေ အများကြီးကို   ဖြေရှင်းဖို့အတွက်က တစ်နည်းပဲ  ရှိပါတယ်။ ဖုန်းထုတ်လုပ်သူတွေ   ကွယ်ဝှက်ထားတဲ့ Root နေရာ ၊ သူတို့တွေ  ဖျောက်ထားတဲ့ SuperUser ကို   ကျွန်တော်တို့က လုယူကြရမှာပေါ့။ SuperUser  ဆိုတာတစ်နည်းအားဖြင့် Windows   မှာလိုဆိုရင်တော့ Administrator  လိုမျိုးပါ။ Android OS တစ်ခုလုံးကို   စိတ်ကြိုက် မွှေနှောက်ခွင့်ရှိတဲ့  စက်ရုပ်တစ်ရုပ်ပေါ့။ အဲဒီလို System   တစ်ခုလုံးကို   စိတ်ကြိုက်မွှေနှောက်နိုင်ဖို့အတွက် ကျွန်တော်တို့ Android   ကို Root  လုပ်ရခြင်း ဖြစ်ပါတယ်။ အဲလောက်ဆို ဘာကြောင့် Root လုပ်တယ်ဆိုတာကို    သဘောပေါက်မယ်လို့ ထင်ပါတယ်။
မြန်မာပြည် ရဲ. ပထမဆုံး Hacking magzine
စိတ်ဝင်စား ရင်ဒေါင်းထားကြပါ။မြန်မာလို ရေးထားတာဗျာ ကျွန်တော်ကတော့ hacking ဆိုဘာမှမသိလို. ပြန်ရှယ်ပေးရုံသက်သက်ပဲ တက်နိုင်တယ်
ဒီစာအုပ်နဲ.ပက်သက်ပြီး( Ghost Area Editor Team မှ အခမဲ့ ဖြန့်ဝေသည် ။ မည်သူမဆို စိတ်ကြိုက် ကူးယူ မျှဝေ ပြင်ဆင်ခွင့်ရှိသည်) ဆိုပြီးအထဲမှာပါ ရေးပေးထားပါတယ် လိုချင်ရင်တော့အောက်မှာဒေါင်းသွားလိုက်ပါ.........အားလုံးပဲအဆင်ပြေပါစေဗျာ
ဒီမှာဒေါင်းယူနိုင်ပါတယ်
Saturday, September 7, 2013
wi-fi-talkie လာပါပြီ network မိရုံနဲ.ဖုန်းပြောမက်ဆေ့ပို.လို.ရမယ် အင်တာနက်လိုင်းမလို ဖုန်းလိုင်းမလို
အခုကျွန်တော်တင်ပေးမှာကတော့ wifi talkie ဆိုတဲ့ Android apk လေးပါ။သူကဘယ်လို အသုံးဝင်လဲပြောရရင် နည်းနည်းရွှီး မယ်နော် ဟီးးးးးးးးးးးး  Zapya apk နဲ. ပုံစံတူပါတယ် ဒါပေမဲ့ သူက ဖိုင်တစ်ခုနဲ.တစ်ခု လွှဲပြောင်းတဲ့နေရာမှာ သုံးတာမဟုတ်ပါဘူး ဖုန်းပြောလို.ရမယ် မက်ဆေ့ ပို.လို.ရမယ်ဗျာ စာသင်ခန်းထဲမှာ ဖြစ်ဖြစ် အလုပ်ထဲမှာဖြစ်ဖြစ် နီးနီးလေးနဲ. မက်ဆေ့ပို.နေရတဲ့ ကြူကြူစိန် ကိုကို မမ များအတွက် အသုံးဝင်ပါလိမ့်မယ် ဖုန်းဘေလ်မကုန်ပါဘူးအင်တာနက်မကုန်ပါဘူး (ကျွန်တော်ကြော်ငြာပေးတာပါ)
ဒါလေးကိုတော့ MMUG က ကိုမင်းမင်းဆီက မလာတာပါ။ပွားတာများသွားပြီထင်တယ်နော် ....ကဲစလိုက်ကြရအောင်
အသုံးပြုပုံအဆင့်ဆင့်ကို တက်နိုင်သလောက်နားလည်အောင်ပြောပြပေးပါမယ် လိုအပ်ချက်များရှိခဲ့ရင်လဲခွင့်လွှတ်ပေးကြဖို.ကြိုပြောထားပါရစေ နော်....
ဒီ apk လေးကို အသုံးပြုမဲ့ဖုန်းထဲကို အောက်မှာပေးထားတဲ့လင့်ကနေ ဒေါင်းပြီးအင်စတောလုပ်လိုက်ပါ ဆက်သွယ်ဖို.အတွက် ဖုန်းရဲ. setting>>portable Wlan hotspot ကိုအမှန်ခြစ်ပေးလိုက်ပါ။ရှင်းအောင်ပြောရရင်တော့ wifi ထောင်လိုက်ပေါ့ဗျာ မသိတဲ့လူတွေအတွက်သေချာရှင်းပြတာပါ။
အဲ့ဒီကမသွားခြင်ရင်လဲ အောက်က ပုံလေးအတိုင်းသွားလိုက်ပါ 
                                   wi-fi hotspot ဆိုတဲ့နေရာကနေသွားလို.ရပါတယ်
ပြီးသွားရင်တော့သူ.ကိုသွားချိတ်မဲ့ ဖုန်းကနေ Wlan ဖွင့်ပြီးရှာကြည်.လိုက်ပါ ဒီအဆင့်ကိုတော့လူတိုင်းလုပ်တက်မယ်လို.ထင်ပါတယ် ဘာ့ကြောင့်လဲဆိုတော့ coffee ဆိုင်တွေမှာ အင်တာနက်သုံးသလို သူထောင်ထားတာကို ၀င်ချိတ်ယုံပဲ.....password ခံထားရင်တော့ထည်.ပေးပေါ့
ကဲ့ဒါဆိုရင်တော့ အိုကေသွားပြီ နော် ဖုန်းနှစ်လုံး network ချိတ်ပြီးသွားပြီ......ဒီနေရာမှာပြောချင်တာက ဖုန်းနှစ်လုံးအတွက်ပဲရှင်းပြလို. နှစ်လုံးပဲသုံးလို.ရတာမဟုတ်ဘူးနော် 8 ယောက်လောက်အထိရှယ်သုံးလို.ရတယ်.... ပြီးတာနဲ.ဆော့ဝဲလ်လေး ဖွင့်လိုက်ဗျာ အောက်က ပုံလေးလိုဖုန်းအမျိုးအစားအလိုက်ပေါ်နေလိမ့်မယ်
အမျိုးအစားတွေတူနေလို.ရောကုန်မှာကြောက်ရင်လဲ အောက်မှာပြထားသလို setting ထဲမှာ နာမည်ပြန်ပြင်လိုက်ပေါ့
အားလုံးပြီးသွားရင်တော့ မက်ဆေ့လဲပို.လို.ရပါပြီ ကိုပို.ချင်တဲ့ ဖုန်းကို ထောက်ပြီး မက်ဆေ့ပို.ရုံပဲဗျာ 
မက်ဆေ့ပို.လို.အားမရရင် ဖုန်းပါပြောလို.ရတယ် ဗျာ ခေါ်ချင်တဲ့ ဖုန်းမှာဖိလိုက် call ဆိုတာလေးကိုနှိပ်လိုက် ဖုန်းခေါ်နေလိမ့်မယ် 
ခေါ်ထားပြီး ဖုန်းဝင်လာရင်တောင် ၀ိုင်ဖိုင်က ဆက်အလုပ်လုပ်နေတဲ့အတွက် ဖုန်းမကျသွားဘူးဗျာ လိုင်းအားကောင်းရင် သူဘယ်သူနဲ.ဖုန်းပြောနေလဲဆိုတာပါနားထောင်လို.ရသေးတယ် ဘယ်လောက်အဆင်ပြေမလဲ ဒီလောက်ဆိုရင်တော့ အဆင်ပြေပြေသုံးတက်သွားလောက်ပြီထင်တယ် အသံလဲ ကြည်လင်ပြတ်သားပါတယ် ....လိုချင်လာပြီဆိုရင်တော့အောက်ကပေးထားတဲ့လင့်မှာဒေါင်းယူနိုင်ပါတယ်။
(ထပ်ပြောမယ်နော် mpt ကိုလဲ လုပ်ကျွေးစရာမလိုဘူး အင်တာနက်လိုင်းလဲမကုန်ဘူး ချစ်သူနဲ.လဲအဆက်အသွယ်မပျက် ဘက်ထရီမကုန်မခြင်းသာကြူကြတောဗျာ ကျွန်တော့အတွက်တော့ Like လေးသာလုပ်ပေးခဲ့ ကြေနပ်ပါပြီ )
ဒီနေရာမှာဒေါင်းယူနိုင်ပါတယ်
Windows 8 .1 Pro Preview + Product Key
Windows 8 ထွက်လာပြီးမကြာခင်မှာပဲ Windows blue လို့ခေါ်တဲ့ Windows 8.1 Preview ဟာလည်း
Download လုပ်ပီးအသုံးပြုနိုင်ပါပီ။ Windows 8.1 ကိုအသုံးပြုခြင်းအားဖြင့် ဆော့လ်ဝဲလ်တွေကိုလွယ်
လွယ်ကူကူ app store ကနေ ရယူနိုင်ပါတယ်။Microsoft Account တော့လိုတာပေါ့။နောက်ပြီး Driver တွေအများအားဖြင့် auto သိပြီးသားဖြစ်ပါတယ်။ကျွန်တော်ကိုယ်တိုင်ဒေါင်းလုပ်ဆွဲ ပြီးစမ်း ပြီးပြီဖြစ်တဲ့အတွက် အားလုံးအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်။
ကျွန်တော့်စက်မှာတင်တာတော့ ဘာ  Driver မှ install ပြုလုပ်စရာမလိုပဲ အော်တိုသိနေပါတယ်။ Windows တင်နည်းကတော့ Windows 8 နဲ့တူတူပါပဲ။
CD သို့မဟုတ် USB နဲ့ boot တက်ပြီး ကိုယ်အသုံးပြုမယ့် Language ကိုရွေး Next လုပ် ပြီးရင်
Install Now  ဆိုတာကိုနိပ်လိုက်တာနဲ့  Product key လာတောင်းမှာဖြစ်ပါတယ်။အောက်မှာပေးထားတဲ့
Product key ကိုထည့်ပြီး Next လုပ် နောက်တစ်မျက်နှာမှာ Accept ရဲ့ရှေ့က box မှာ အမှန်ခြစ်ပြီး Next
ထပ်လုပ်လိုက်ရင် အေးဆေးထိုင်စောင့်နေလို့ရပါပီ Install ပြီးသွားပြီး restart ကျသွားမှာဖြစ်ပါတယ်။
စက်ပြန်တက်လာတာနဲ့ Windows 8.1 ကိုအသုံးပြုနိုင်ပါပီ။ ကျွန်တော်ဒေါင်းထားတဲ့ဖိုင်ကိုတင်ပေးချင်ပေမယ့် အားလုံးသိတဲ့အတိုင်း ဒီကကော်နက်ရှင်အခြေအနေမကောင်းတော့ တိုက်ရိုက်လင့်ကနေကျော်ပြီး ဒေါင်းလုပ်ယူနိုင်ရန်အတွက်
ကျွန်တော်ချိတ်ပေးထားပါတယ်။  
                           Product Key :
                                        NTTX3-RV7VB-T7X7F-WQYYY-9Y92F
Windows Activate မဖြစ်သေးရင် Cmd ကိုဖွင့်လိုက်ပါ။
    ဒီ slmgr -ipk MTWNQ-CKDHJ-3HXW9-Q2PFX-WB2HQ စာကို ကော်ပီယူပြီး cmd မျှ pasteချလိုက်ပီး Enter ခေါက်လိုက်ပါ ။ 
   Error ပြပါလိမ့်မယ်။ 
ဒီတော့ Microsoft Toolkit ကိုအသုံးပြုရမှာဖြစ်ပါတယ် ကိုယ့်စက်ထဲမရှိသေးရင် Download ယူလိုက်ပါ။
Toolkit ကို အင်စတော လုပ်ပီးသွားရင် ဖွင့်လိုက်ပါ။ 
 Window logo လေးတွေ့ပါလိမ့်မယ်။အဲ့မှာကလစ်တစ်ချက်နိပ်ပေးလိုက်ပါ။ ပြီးရင် Activation tab ကို နိပ်လိုက်ပါ ။ Activate ဆိုတာတွေ့ပါလိမ့်မယ်။ ကလစ်တစ်ချက်နိပ်ပေးလိုက်ပါ။ခနလေးစောင့်ပေးလိုက်ပါ  Activate Failed လို့လာမပြရင်တော့အောင်မြင်ပြီပေါ့ ။
အားလုံးအဆင်ပြေပါစေဗျာ ။
Friday, September 6, 2013
RAR Password Unlocker 4.2 (full version)+Crack
ကျွန်တော်ဒီနေ.တင်ပေးမဲ့ဆော့ဝဲလ်လေးကတော့ rar password unlocker 4.2 လေးပါ မူရင်းဆိုဒ်မှာ ၀ယ်ရင် 39.95 $ လောက်ကျပါမယ် ဒီနေရာမှာတော့အလကားပေးတာပေါ့
ဟဲဟဲ ရွှီးကြည်.တာပါ။ကျွန်တော်လဲ ဟိုရှာဒီရှာနဲ.တွေ.လာတာပါ ဘယ်လိုနေရာတွေမှာအသုံးဝင်လဲဆိုရင် တချို.ဆိုဒ်တွေမှာပေးထားတဲ့ဖိုင်တွေမှာ password ခံထားတက်ကြပါတယ် အချိန်ကုန်ခံဒေါင်းပြီးမှဖွင့်မရရင် စိတ်ဆင်းရဲရမှာပေါ့ ဗျာ ကဲဒါလေးနဲ.ဖွင့်လိုက်ပေါ့။စိတ်ဝင်စားရင်အောက်မှာဒေါင်းယူနိုင်ပါတယ် .........အားလုံးပဲအဆင်ပြေပါစေဗျာ
ဒီမှာဒေါင်းမယ်
ဒီင်္မှာဒေါင်းမယ်
Wednesday, September 4, 2013
Linux/Ubuntu အသုံးပြုနည်းစာအုပ်
ခုတင်ထားတဲ့စာအုပ်ကတော့ကျွန်တော်ကိုယ်တိုင်ရေးထားတဲ့စာအုပ်ဖြစ်ပါတယ်။ကျွန်တော်လည်းခုမှကြိုးစားနေတဲ့လူငယ်တစ်ယောက်ဖြစ်တဲ့အတွက်
အမှားပါရင်ခွင့်လွတ်ပေးကြပါ ။နားမလည်တာရှိရင်လည်း comment ပေးထားလို့ပါတယ်။ ထောက်ပြစရာရှိရင်လည်းထောက်ပြနိုင်ပါတယ်။
အောက်မှာဒေါင်းယူနိုင်ပါတယ်
Download here
Uniblue SpeedUpMyPC 2013 +Key
ကျွန်တော်တို့ကွန်ပျူတာမြန်အောင်လုပ်ပေးနိုင်မယ့် Software တစ်ခုပါ ။Window register error တွေကို
လည်းပြုပြင်ပေးမှာဖြစ်ပါတယ်။ဒီဆော့လ်ဝဲကို ဒေါ်လာ၃၀ကျော်ကျော်လောက်ပေးရမှာဖြစ်ပါတယ်။
ခုဒီကနေ ရယူရင်တော့ဝယ်ယူစရာမလိုတော့ပါဘူး။Download fileထဲက how to install ဆို့ဖိုင်ထဲမှာ Key ထည့်ပေးထားပါတယ်။
ဘယ်လို Active လုပ်ရမယ်ဆိုတာကလည်း အဲ့ဖိုင်ထဲမှာ ရေးထားပြီးသားဖြစ်ပါတယ်။ အသုံးပြုမယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါတယ်။
Download Link1  Link2
Tuesday, September 3, 2013
နေ့စဉ်သုံးလေ့ရှိသော command များ ( For Linux )
ကျွန်တော်ခုရှင်းပြမယ့် command တွေက အသုံးဝင်ပြီး command prompt သို့မဟုတ် Terminal
အသုံးပြုသူတိုင်း အသုံးများသော Command တွေဖြစ်ပါတယ်။command တွေကိုအသုံးပြုခြင်းအားဖြင့်
ကျွန်တော်တို့အလုပ်ကို မြန်မြန်ဆန်ဆန်နဲ့ပြီးမြောက်မှာဖြစ်ပါတယ်။ Terminal တစ်ခုကိုပဲဖွင့်ထားလိုက်
ရုံနဲ့ ဟိုသွားဒီသွားဟိုကလစ်ဒီကလစ်လုပ်စရာမလိုပဲ တစ်နေရာထဲမှာပဲစာထိုင်ရိုက်ယုံလေးပါ။
၁. cd =change directory
  cd ဆိုတာ ကိုယ်သွားချင်တဲ့နေရာတွေသွားဖို့အသုံးပြုတာဖြစ်ပါတယ်။သွားချင်တဲ့နေရာဆိုတာက
  folder တစ်ခုကနေ folder ကိုရောက်အောင်သွားတာကိုဆိုလိုတာပါ။ Window မှာတော့ folder
 လို့ခေါ်ပါတယ် ။ Linux မှာတော့ကျွန်တော်တို့ Directory လို့ပဲခေါ်ပါတယ်။ Folder ကနေ နောက်ဖိုတာ
တစ်ခုကိုပဲသွားလို့ရတာမဟုတ်ပါဘူး ရောက်ပတ်လည်နေလို့ရပါတယ်။ ဥပမာ ကိုယ်ခုသုံးနေတဲ့  user
အကောင့်နဲ့တစ်ခြား အသုံးပြုသူတွေအကောင့်ရဲ့ home folder တွေကိုဝင်ကြည့်တာတို့ ဖိုင်တွေသွားထည့်ပေးတာတို့လုပ်ဖို့အတွက် သူတို့ရဲ့ home folder ကိုအရင်သွားဖို့လိုပါတယ်။အဲ့ဒီကိုသွားဖို
အတွက်ဒီ command ကိုသုံးရမှာဖြစ်ပါတယ်။
Example ...
    $cd  /home/pinlonthar/
   လို့ရိုက်လိုက်ရင် home folder ထဲမှာရှိတဲ့ pinlonthar folder ထဲကိုရောက်သွားမှာဖြစ်ပါတယ်။
    ကဲခု pinlonthar ဆိုတဲ့ဖိုတာထဲကိုေ၇ာက်ပီပဲဆိုပါစို့ .ဒီ Pinlonthar ဖိုတာထဲမှာရှိတဲ့ Downloads
 ဆိုတဲ့ဖိုတာကိုထပ်သွားချင်တယ်ဆိုရင်
    $cd Downloads လို့ရိုက်ထည့်လိုက်တာနဲ့ Downloads ဖိုတာထဲကိုေ၇ာက်သွားမှာဖြစ်ပါတယ်။
၂. ls =list
    ls က ကိုယ်ရောက်နေတဲ့နေရာသို့မဟုတ် ဖိုတာတစ်ခုရဲ့အထဲမှာဘယ်ဖိုင်တွေရှိတယ်ဘယ်ဖိုတာတွေရှိ
    တယ်ဆိုတာကို ဖော်ပြမှာဖြစ်ပါတယ်။ ခုနကပြောသလို Downloads ဆိုတဲ့ဖိုတာလည်းရောက်ေ၇ာ
    ဖိုတာထဲမှာကိုယ်ဘာတွေဒေါင်းလုပ်ထားလည်း ဘာဖိုင်တွေထည့်ထားလည်းဆိုတာကြည့်ဖို့
    ls ကိုရိုက်ထည့်ပေး၇မှာဖြစ်ပါတယ်။ ls လို့ရိုက်ထည့်လိုက်တာနဲ့           ကအဲ့ဖိုတာထဲမှာရှိသမျှဖိုင်တွေဖိုတာတွေအားလုံး လာပြမှာဖြစ်ပါတယ်။ ဥပမာ
 $ ls /home/pinlonthar
   လို့ရိုက်လိုက်ရင် pinlonthar ဘာတွေရှိလည်းဆိုတာလာပြမှာဖြစ်ပါတယ်။
၃. rm =remove
    rm ဆိုတာကတော့ ဖြတ်တာပါ ။ဖိုင်တွေဖြတ်မယ်ဖိုတာတွေဖြတ်မယ်ပေါ့။ ဥပမာ
  $rm pinlonthar.txt
   လို့ရိုက်ထည့်လိုက်ရင် pinlonthar.txt ဆိုတဲ့ဖိုင်ကိုဖြတ်လိုက်မှာဖြစ်ပါတယ်။ ဖိုတာကိုတော့ဒီလိုလွယ်လွယ်နဲ့ဖြတ်လို့ရမှာမဟုတ်ပါဘူး။ ကြားမှာ option ခံရမှာဖြစ်ပါတယ်။
  $rm -rf pinlonthar (folder ဖြစ်သည်)
   ကြားမှာ -rf လို့ထည့်ပေးလိုက်ရင်ဖြတ်လို့ရပါပီ။ -rf ဆိုတာက recursive force ဖြစ်ပါတယ်။ဘာမှလာ
မေးတော့မှာမဟုတ်ပါဘူးတစ်ခါထည်းဖြတ်ဖြစ်လိုက်မယ်လို့ဆိုပါတယ်။
၎.mkdir=make directory
   ဒီ command ကတော့ ဖိုတာဆောက်ဖို့အတွက်ဖြစ်ပါတယ်။ဥပမာ
   $mkdir pinlonthar လို့ရိုက်ထည့်လိုက်ရင်
     pinlonthar ဆိုတဲ့နာမည်နဲ့ဖိုတာဆောက်ပေးမှာဖြစ်ပါတယ်။ ၀င်းဒိုးမှာတော့ right click >>>create new folder နဲ့တူတူပါပဲ ။
၅.touch= create file
   ဖိုင်ဆောက်ဖို့အတွက်အသုံးပြုရမယ့် command ဖြစ်ပါတယ်။ဥပမာ
  $touch pinlonthar.text
  ဆိုတာနဲ့ pinlonthar ဆိုတဲ့ text ဖိုင်ကိုဆောက်ပေးမှာဖြစ်ပါတယ်။ ၀င်းဒိုးမှာဆိုရင်တော့
  right click >> create new file နဲ့တူတူပါပဲ ။ကိုယ်ဆောက်ထားတဲ့ဖိုင်ရလားမရလားဆိုတာ
စစ်ဖို့အတွက် ls လို့ရိုက်ထည့်ကြည့်လိုက်ပါ ။pinlonthar.text ဆိုတာပေါ်နေမှာဖြစ်ပါတယ်။
၆.nano=create file or configure file
  nanoကတော့ touch နဲ့သိပ်မကွာပါဘူး ။ဖိုင်ဆောက်တာပါပဲ ။touch ကတော့ဆောက်ယုံသက်သက်ပါ
 စာပါဝင်ရေးလို့ပါတယ်။
  ဥပမာ ။ $nano pinlonthar.txt ဆိုတာနဲ့ အဲ့ဖိုင်ထဲမှဲာ့ကိုယ်ဘာတွေေ၇းမယ်ထည့်မယ်ဆိုတာအဆင်သင့်ဖြစ်ပီးသားပါ။ပြီးရင်အဲ့ထဲမှာ စာလေးသုံးလေးကြောင်း
လောက်ရေးလိုက်ပါ့ ။ဖိုင် save ဖို့အတွက် ctrl+o enter ctrl+x လို့နိပ်လိုက်ရင် ဖိုင်ကို save လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဖိုင်ထဲမှာကိုယ်ရေးထားတဲ့စာတွေပြန်ဖတ်ချင်တယ်ဆိုရင်ကော ဘယ်လိုလုပ်မှာလည်း ... လွယ်လွယ်လေးပါ ။
၇.cat=ကြောင်မဟုတ်ဘူးနော် :P
   cat ဆိုတဲ့ command ကတော့ ဖိုင်တစ်ခုထည်းမှာ ကိုယ်ရေးထားတဲ့စာတွေပြန်ဖတ်ဖို့အတွက်ဖြစ်ပါတယ်။
 $cat pinlonthar.txt လို့ရိုက်လိုက်ရင် ခုနက ဖိုင်ထဲမှာရေးထားတဲ့စာတွေ လာပြမှာဖြစ်ပါတယ် ။
ဆက်လက်ကြိုးစားနေပါသည်။
credit By ITpinlonthar
Sunday, September 1, 2013
Windows7 မှာ Harddisk Drive တွေကို group policy ဖြင့် ဖျောက်မယ်၊ဖွင့်မရအောင်လုပ်မယ်
ပထမဦးစွာ Runbox မှာ gpedit.msc ရိုက်ပါ ပြီးရင်
user configuration>administrative template>window component>window explorer
 ညာဘက် မှာ Hide thes specified my computer ကို click ပါ
 ပြီးရင် enable ကိုရွေးပြီး option နေရာမှာ down arrow ဆွဲပြီး
Restrict all drive ကိုရွှေးလိုက်ရင် my computer အောက်မှာရှိတဲ့ HD drive တွေအကုန်လုံးဖွင် လို့  ရမှာမဟုတ်ပါဘူး
မိမိပိတ်ချင်တဲ့ drive ကိုလိုရွှေးပြီးပိတ်လို့ ရပါတယ်
ဥပမာ - restrict c drive only ဆိုရင် c: drive ကိုဖွင့်လို့ရမှာမဟုက်ပါဘူး
ဖွင်လို့ မရအောင် drive တွေကိုလုပ်မယ်ဆိုရင်တော့ Runbox မှာ gpedit.msc ရိုက်ပါ ပြီးရင်
user configuration>administrative template>window component>window explorer
ညာဘက် မှာ prevent access to drive from my computer ကိုနှိပ်ပါ
ပေါ်လာတဲ box မှာ enable ရွှေး option နေရာမှာ down arrow ဆွဲပြီး restrict all drive
ကိုရွှေးပြီး ထွက်လိုက်ပါ my computer အောက်က drive တွေကို ဖွင်လို့ ရမှာမဟုက်ပါဘူး
ပြန်ပြီးတော့ မူလအခြေအနေပြန်ရောက်ချင်ရင်တော့ enable မရွေးပဲ not configured ကိုရွေးလိုက်မယ်ဆိုရင်တော့ အဆင်ပြေပါပြီ
တစ်ခြား နည်းလမ်းတွေ လဲ ရှိပါသေးတယ် ......
အဆင်ပြေ ပါစေ ဗျာ .......
Credit to => Ko Cho Lay
Revo Uninstaller Pro 3.0.7 (full version)+Patch
Uninstaller ကောင်းလေးတစ်ခုပေးချင်ပါတယ် စိတ်ဝင်စားတယ်ဆိုရင်တော့အောက်မှာဒေါင်းသွားလိုက်ပါ။
ဒေါင်းဖို.အဆင်ပြေအောင် mediafire နဲ. droup box ကနေတင်ပေးထားပါတယ်။ rar ဖိုင်ထဲမှာ patch ဖိုင်ကိုပါထည်.ပေးထားတဲ့အတွက် full version အနေနဲ.သုံးနိုင်ပါတယ် patch ဖိုင်က 32bit လို.ပြောထားပေမဲ့ 64bit လဲရတယ်လို.ပြောထားပါတယ်။
window :Vista,7and 8 အထိအသုံးပြုနိုင်ပါတယ် .......... အားလုံးပဲအဆင်ပြေပါစေဗျာ
DOWNLOAD NOW
                                အဆင်ပြေခဲ့တယ်ဆိုရင် Like လုပ်ခြင်းဖြင့်အားပေးနိုင်ပါတယ်
ကျွန်တော်သည် မသိသေးသောညီအကိုမောင်နှမများအတွက် ကျွန်တော် တွေ.ရှိထားတာလေးများတင်ပြခြင်းသာဖြစ်ပါသဖြင့် လိုအပ်ချက်များရှိခဲ့ရင် သွန်သင်ဆုံးမပေးလို.ရပါတယ်။
အားလုံးရဲ့ဝေဖန်မှုအောက်မှာပဲရှိပါတယ်ခင်ဗျား
Comment
linkwithin
Related Posts Plugin for WordPress, Blogger...
Copyright @ 2013 MAUNG RUPER.
Designed by M@UNG RUP3R , င/ရမ