ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။
Showing posts with label Home. Show all posts
Showing posts with label Home. Show all posts
Wednesday, October 2, 2013
Gmail အကောင့်နဲ. Facebook အကောင့်ဖွင့်နည်း
မင်္ဂလာပါဗျာ..... မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် ကျွန်တော်င်္ဒီနေ.တင်ဆက်ပေးချင်တာကတော့ gmail အကောင့် နဲ.facebook အကောင့်သစ်ဖွင့်နည်းလေးပါ အဓိက ကတော့ ကျွန်တော်တို.အားလုံး စွဲလမ်းစွာ အသုံးပြုနေတဲ့ ဖေ့ဘုတ်အကောင့် တွေ က အခုနောက်ပိုင်း ဖွင့်ဖို.အဆင်မပြေ ဖြစ်နေကြတဲ့ လူများနဲ. မသိသေးသူများအတွက်ရည်ရွယ်ပါတယ်....... ကျွန်တော်သိလို.တတ်လို.တော့မဟုတ်ပါဘူး သိတဲ့ တတ်တဲ့ အကိုအမ တွေဆီက လေ့လာခွင့်ရထားတာလေးတွေကို ကျွန်တော့လိုမသိမတတ်တဲ့ လူတွေ အတွက် ကိုယ်ချင်းစာလို.ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ် .........အခုနည်းလေးကတော့ ၁၀၀% မဟုတ်တောင် ၉၀% သေချာတယ်
လို.ပြောလို.ရပါတယ် ...အောက်မှာ video ဖိုင်လေးပါထည်.ပေးထားတာကြောင့် အဆင်ပြေမယ်လို.လဲ မျှော်လင့်ပါတယ် လိုင်းအခြေအနေကြောင့် video ဖိုင်လေးက လိုအပ်တဲ့ အချိန်ထက်ပိုကြာသွားလို. နည်းနည်းသည်းခံပြီး ကြည်.ပေးကြပါ ....ဟီးးးးးးးးးဖုန်းစုတ်နေတာလဲ ပါတာပေါ့  ....:P
ကဲ.............ပွားတာများသွားပြီစလိုက်ကြရအောင်ဗျာ 
ဒီနည်းလေးက တော့ android ဖုန်းပေါ်က နေ gmail ရောfacebook ရောကို ဖွင့်မှာပါ မိမိ တို. ဖုန်းမှာတော့ google service ဖြစ်တဲ့ gapp ထည်.ထားဖို.တော့လိုပါတယ်။gapp ဆိုတာတော့ ထပ်မရှင်းပြတော့ဘူးနော် တော်ကြာလိုရင်းမရောက်မှာဆိုးလို. ဟီးးးးးးးးးးးးးးးးးးး
အရင်ဆုံး gmail အကောင့် အသစ်စဖွင့်ပါမယ် အရင်ဆုံး android ဖုန်း တွေမှာပါတဲ့ default browser နဲ.ပဲဖွင့်ပါမယ် ဖုန်းရဲ့browser မှာရှိတဲ့ cache တွေ history တွေ cookies တွေ data တွေ ကို အကုန်ရှင်းထားပါမယ် .........ဒါတွေကိုရှင်းလင်းဖို.အတွက် အောက်က ပုံလေးထဲက လို browser ရဲ.settings ကို အရင်ဝင်ပါမယ် 
settings ထဲက မှ privacy & security ကိုဝင် ပြီး အားလုံးရှင်းလိုက်ပါ ရှင်းပြီးသွားပြီဆိုတာနဲ. အောက်ကပုံလေးထဲမှာလိုenable location ကိုအမှန်ခြစ်ထားရင် ဖြုတ်ပေးလိုက်ပါ
ဒါဘာလို.အမှန်ခြစ်ဖြုတ်ရလဲ ဆိုရင် အကောင့်ဖွင့်ခ ပိုက်ပိုက်လာတောင်းမှာကြောက်လို.ပါ  ဟီးးးးးး  အလကားနောက်တာပါ ညန်မာကြည်က ခလေးတွေ ပညာရေးစိတ်မ၀င်စားမှာဆိုးလို. မြန်မာပြည်ကဆိုရင်အလွယ်တကူနဲ. အကောင့်တွေပေးမဖွင့်တက်ပါဘူး .....ကိုယ်ထင်တာကိုယ်ပြောတာနော် ဟီးးးးးးးးး ကဲဆက်ရအောင် ဗျာ အရင်ဆုံး gmail အကောင့်ဖွင့်ဖို. အတွက် ဖုန်းရဲ့ setting ထဲက add account ဆိုတာကို ၀င်လိုက်ပါ 
ပြီးရင်တော့ existing ကိုမနှိပ်ပဲ new ကို နှိပ် ပြီး လိုအပ်တာတွေဖြည်.ပြီ sing up ဆိုတာကို နှိပ်ပြီးဆက်သွားလိုက်ပါ အဆင်မပြေသေးရင်အောက်က ဗီဒီယိုဖိုင်လေးမှာတစ်ချက်လေ့လာနိုင်ပါတယ်
facebook ဖွင့်တာကတော့ အမှန်တိုင်းပြောရရင် m.facebook.com ကနေ သွားဖွင့်တဲ့ပုံစံပါ ဖုန်းရဲ့ browser က နေ facebook.com လို.ရိုက်ပြီး facebook page ခေါ်လိုက်ပါ ပြီးတာနဲ.အစိမ်းလေးနဲ.ပါတဲ့ create new account ကိုနှိပ်ပြီး လိုအပ်တာတွေဖြည်.ပေးပါ email နေရာမှာတော့ ခုနဖွင့်ထားတဲ့ အကောင့်လိပ်စာထည်.ပါ မွေးနေ.နေရာမှာ သူပေးထားတဲ့ default အတိုင်းမထားပါနဲ. ကိုယ်ကြိုက်သလိုပြောင်းထည်.ပါ ပြီးတာနဲ. sing up ကိုနှိပ်ပြီး ဖွင့်နိုင်ပါပြီ .... ကျွန်တော်စမ်းပြထားတာတော့ comfirm code မတောင်းပါဘူး တစ်ခါတစ်ခါတော့ တောင်းတက်ပါတယ် အဲ့ဒီလိုတောင်းခဲ့ရင် email ထဲ့မှာ code ရောက်နေပါလိမ့်မယ် သွားယူပြီးထည်.လိုက်ပါ ကျွန်တော်ကတော့ အကောင့်ပွင့်သွားတာတဲ့ အထိ ဖွင့်ပြထားပါတယ် လိုအပ်တဲ့ ကျောင်းတို. နေရာတို. video ဖိုင်မှာမဖြည်.ပြထားပါဘူး အားလုံးဖြည်.ပေးလိုက်ပါ သူလုပ်ခိုင်းတာသာအကုန်လုပ်ပေးလိုက်ပါ ဒါမှအကောင့်လော့မကျမှာပါ ....... ကဲ အားလုံးပဲ အဆင်ပြေပါစေဗျာ 
အဆင်မပြေပါက myanmarpyilunge.blog@gmail.com သို.ဆက်သွယ်နိုင် ပါတယ်။သို.ပေမဲ့ ကိုယ်ပိုင်အစွမ်းအစနဲ. သာအရင်ကြိုးစားကြည်.စေလိုပါတယ်။ကျွန်တော်ဆိုရင် အလုပ်တစ်ဖက်နဲ. ဒီဘလော့လေးလုပ်ပေးနေတာပါ .....
Tuesday, September 24, 2013
Android ဖုန်းတွေမှာ ဗီဒီယို ဖိုင်တွေကို mp3 အဖြစ်ပြောင်းပေးမဲ့ video converter apk
မင်္ဂလာပါဗျာ မြန်မာပြည်လူငယ်များနည်းပညာဝေမျှခြင်း ဆိုဒ်လေးကိုအမြဲအားပေးနေတဲ့ ပရိတ်သတ်ကြီးအတွက် ဒီနေ.ကျွန်တော်တင်ပေးခြင်တာကတော့ ဖုန်းပေါ်က သီချင်းဗီဒီယိုဖိုင်တွေကို mp3 ပြောင်းပေးမဲ့ဆော့ဝဲလ်လေးပါ
သုံးလို.လဲ အရမ်းလွယ်ပါတယ် ပထမဆုံး ဆော့ဝဲလ်လေးကို ဖွင့်ပြီး format ပြောင်းမဲ့ ဖိုင်ကိုရွေး ရပါမယ်
           အဲ့ဒီလိုရွေးပြီးတဲ့နောက် Convert ဆိုတာလေးကို နှိပ်ပေးလိုက်ရင် အိုကေပါပြီ...
ဒါဆိုရင် format ပြောင်းနေပါပြီ ကွန်ပြူတာမှာ အပင်ပန်းခံပြီးပြောင်းနေစရာမလိုတော့ပါဘူး ကျွန်တော်စမ်းပေးထားတာတော့ mp4 မပြောနဲ. flv အထိကိုရပါတယ် အားလုံးအဆင်ပြေမယ်လို.လဲမျှော်လင့်ပါတယ် သြော် ပြောဖို.မေ့နေလို. settings လိုဂိုလေးမှာဝင်ပြီးတော့ Bitrate ပါရွေးပေးလို.ရသေးတယ်နော် အောက်ကပုံလေးလိုပေါ့ 
လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါပြီ ဒီပို.စ်လေးက ကျွန်တော့အတွက်ပထမဆုံးဝင်ရေးပေး
တဲ့ပို.စ်လေးဖြစ်လို. လိုအပ်ချက်များရှိခဲ့ရင်လဲတောင်းပန်ပါတယ်.....အားလုံးပဲအဆင်ပြေပါစေဗျာ 
                                         >>>>DOWNLOAD HERE<<<<
Thursday, September 19, 2013
Gtalk အကောင့်ဖွင့်နည်း
မင်္ဂလာပါဗျာ ဒီနေ.တင်ပေးမှာကတော့ gtalk အကောင့်ဖွင့်နည်းလေးဖြစ်ပါတယ် မသိသေးသူများ နဲ. gtalk အကောင့်ဖွင့်ဖို.အခက်အခဲရှိသူများအတွက်သာရည်ရွယ်ခြင်းဖြစ်ပါတယ် ဒီနည်းလေးအတိုင်းသာဖွင့်လိုက်ပါ ကျိန်းသေရပါတယ်
ဒီပို.စ်လေးကိုတော့ ကိုတော့ ကိုကြီးအိုင်တီမုဆိုးဆိုဒ်မှပြန်လည်ကူးယူဖေါ်ပြခြင်းဖြစ်ပါတယ် အပင်ပန်းခံရှင်းပြထားသောအကိုကြီးအိုင်တီမုဆိုးကိုလဲ အားလုံးကိုယ်စားကျေးဇူးတင်ပါတယ် ......
gmail အကောင့်သစ်ကို အလွယ်တကူဖွင့်နိုင်တဲ့နည်းလေး
ထပ်တွေ့လာလို့ တင်ပေးလိုက်ပါတယ် ..
ဒီနည်းလေးကတော့ ဘာWebsite ကိုမှသွားပြီး ဖုန်းနံပါတ်အတုတွေ
ယူနေစရာမလိုပဲ တော်တော်လေးလွယ်ကူပါတယ် ..
ဒါပေမယ် .. Android ဖုန်းလေးတစ်လုံးတော့ ရှိရပါမယ် ...
Andriod ဖုန်းသုံးတဲ့သူကလည်း တော်တော်များများတော့ လုပ်နိုင်ကြမယ်လို့လည်း
မျှော်လင့်ပါတယ် ...
Andriod ဆိုတဲ့နေရာမှာလည်း Android ဖုန်းတိုင်းမရပါဘူး ...
သူငယ်ချင်းတို့မှာရှိထားတဲ့ Android ဖုန်းထဲက Application တွေထဲမှာ
ရှာကြည့်လိုက်ပါ gmail ဆိုတဲ့ Application ကိုတွေ့ရင် အလုပ်ဖြစ်ပါပြီ
ဗားရှင်း 4 အောက် Android တွေမှာ သိပ်ပါလေ့မရှိသလို gmail apk ကို
Install လုပ်ပြီးစမ်းကြည့်တာလည်း ဗားရှင်း 4 အောက် Android ဖုန်းတွေမှာ
အဆင်မပြေတာကို တွေ့ရပါတယ် ...
ကျွန်တော်ကတော့ Huawei U8950 ကိုင်ပါတယ် Version 4.0.4 ဖြစ်ပြီး gmail application 
ပါပါတယ် ...
စမ်းသပ်ပြီးလုပ်ကြည့်ရသလောက်ကတော့ Android OS မဟုတ်တဲ့ဖုန်းတွေမှာ အဆင်မပြေမှုလေးတွေ
ရှိပါတယ် .. ( Handset အမြင့်ကြီးတွေတော့ လက်လှမ်းမမှီလို့ မသိပါဘူး)
ကဲ .. ကိုယ့်ဖုန်းနဲ့ကိုယ်ပဲဖြစ်ဖြစ် gmail application ပါတဲ့ Android ဖုန်းကိုင်ထားတဲ့သူငယ်ချင်းတစ်ယောက်ဆီက ခဏငှားပြီးပဲဖြစ်ဖြစ် gmail အကောင့်သစ်လေးတွေ ဖွင့်ကြည့်လိုက်ကြရအောင် ...
အရင်ဆုံး ဖုန်းရဲ့ Setting ထဲကနေ Accounts & sync ကို
                                အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကိုနှိပ်လိုက်ပါ ...
          sync ၀င်းဒိုးလေးတက်လာပြီဆိုရင် ဖုန်းရဲ့ menu လေးကိုနှိပ်ပြီး Remove account ကိုရွေးပါ
                   နောက်တက်လာတဲ့ Box ထဲမှာလည်း Remove account ကိုပဲ ရွေးပေးပါ
     ဖုန်းထဲမှာရှိနေတဲ့ gmail အကောင့်ကို remove မလုပ်ပဲ အကောင့်သစ်ဖွင့်ရင် error တက်ပြီး အကောင့်သစ် မရတာမျိုးဖြစ်တတ်လို့ပါ
ဖုန်းထဲက gmail အကောင့်ကို remove လုပ်ပြီးပြီဆိုရင်တော့ ဖုန်းထဲက gmail application ကိုဖွင့်လိုက်ပါ
                                             အောက်ကပုံအတိုင်း ပွင့်လာပါမယ် ..
                         အဲဒီထဲက New ကိုရွေးပေးပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်
                       Fast name နဲ့ Last name မှာ ကိုယ်နှစ်သက်ရာထည့်ပြီး Next ကိုနှိပ်ပါ
                နောက်ပွင့်လာတဲ့ထဲမှာ ကိုယ်လိုချင်တဲ့ email လိပ်စာကိုထည့်ပြီး Next ကိုနှိပ်ပါ
ကိုယ်ပေးလိုက်တဲ့ email လိပ်စာဟာ ရနိုင်မရနိုင်စစ်ဆေးပြီး အဆင်ပြေတယ်ဆိုရင် အောက်ကပုံအတိုင်း
ပွင့်လာပါမယ် ..
( ဒီနေရာမှာ ကိုယ်ထည့်လိုက်တဲ့ email လိပ်စာဟာ မရနိုင်ဘူးဆိုရင် ဒီအဆင့်မရောက်ခင် ၀င်းဒိုးတစ်ခုတက်လာပါဦးမယ် အဲဒီထဲမှာ သူ Suggest လုပ်ထားတဲ့ email ကိုရွေးပေးပြီး Try again ကိုနှိပ်လိုက်ရင် အခုအဆင့်ကို ရောက်လာပါလိမ့်မယ်)
အပေါ်ကအဆင့်မှာ Password နှစ်ခုတူအောင်ထည့်ပေးပြီး Next ကိုနှိပ်လိုက်ရင် အောက်ကပုံအတိုင်း ပွင့်လာပါမယ်
အဲဒီထဲက Choose a security question ဆိုတာရဲ့အပေါ်မှာ နှိပ်ပေးလိုက်ရင် အောက်ကပုံအတိုင်း Security question ရွေးစရာပေါ်လာပါမယ်
ကိုယ်ကြိုက်တဲ့တစ်ခုကိုရွေးပြီး အဲဒီ Question ရဲ့အောက်မှာ ကိုယ်ကြိုက်တာထည့်ရေးပေးလိုက်ပါ ( အဲဒါကို မှတ်မိထားရင်တော့ ကောင်းတာပေါ့)
ဥပမာ ကျွန်တော်က Childhood best friend's name လို့ ရွေးလိုက်ပြီး Answer မှာတော့ itmsoe လို့ထည့်ပေးလိုက်ပါတယ်
                   ပြီးရင်တော့ Next ကို နှိပ်လိုက်ပေါ့ .. အောက်ကပုံအတိုင်းပွင့်လာပါမယ်
                       အဲဒီထဲက I Accept ကိုနှိပ်လိုက်ပါ ... အောက်ကပုံအတိုင်းပွင့်လာပါမယ်
         အဲဒီထဲက သူပေးထားတဲ့ စာလုံးလေးတွေကို သေချာဖတ်ပြီး မှန်အောင်ရိုက်ထည့်ပေးပါ
ပြီးရင် Next ကိုနှိပ်ပါ အောက်ကပုံအတိုင်း ပွင့်လာပါမယ်
                                                Next ကို နှိပ်ပေးလိုက်ပါ .. 
ဒါဆိုရင်တော့ နောက်တစ်ဆင့်မှာ အကောင့်ကို ခဏလောက် Sync လုပ်ပြီး အောက်ကပုံအတိုင်း ကိုယ်ဖွင့်လိုက်တဲ့  gmail အကောင့်သစ်ကို ရသွားမှာဖြစ်ပါတယ် ..
ပြီးရင် အဲဒီဝင်းဒိုးကို နောက်ပြန်မထွက်ပဲ ဖုန်းပေါ်က Home ကိုနှိပ်လိုက်ပါ ..
ပြီးရင် အပေါ်ဆုံးပုံ ၅ ပုံမှာပြထားတဲ့အတိုင်း Setting >> Account & sync ကိုသွားပြီး အဲဒီထဲမှာရှိနေတဲ့ gmail အကောင့်ကို Remove account လုပ်ပါ .. ပြီးရင် နောက်အဆင့်တွေအတိုင်းပဲ အစအဆုံးပြန်လုပ်ရင်း နောက်ထပ် အကောင့်သစ်တွေကို အလွယ်တကူဖွင့်ယူလိုက်ပါ ...
အကောင့်ပေါင်း ဘယ်လောက်အထိဖွင့်လို့ရသလဲတော့ မသိဘူး ကျွန်တော်တော့ အကောင့် ၁၆ ခုလောက်ဆက်တိုက်လုပ်ပြီးတော့ ဖုန်း Hang သွားလို့ ဖုန်းဓာတ်ခဲကိုဖြုတ် ဖုန်းကိုပြန်ဖွင့်ပြီး Cache တွေ Junk file တွေကို ပြန်ရှင်းပစ်လိုက်ရပါတယ် ...
ဒါကြောင့် ဒီနည်းကိုသုံးပြီး အဲဒီဖုန်းထဲမှာ gmail အကောင့်ဘယ်နှခုလောက် လုပ်လို့ရတယ်ဆိုတာကို မပြောနိုင်တာခွင့်လွှတ်ပါ
ဒီနည်းကိုစမ်းသပ်ရင်းနဲ့ သေချာတဲ့အထိကျွန်တော် အကောင့်သစ်လုပ်ကြည့်တာ ဒီပို့စ်ကိုရေးတင်တဲ့အထိ အကောင့်ပေါင်း ၇၀ ကျော်နေပြီဖြစ်ပါတယ်
ကဲ .. အဆင်ပြေပါစေဗျာ
credit to - အိုင်တီမုဆိုး
Viber ဗားရှင်း 2.3.0.694
မင်္ဂလာပါခင်ဗျာ မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် အခုတင်ပေးမှာကတော့ Viber အဟောင်းလေးပါ အသစ်အသစ်တွေထွက်ထားပေမဲ့ နောက်ထွက်တဲ့ ဗားရှင်းတွေက တစ်ချို.ဖုန်းတွေနဲ.မကိုက်ညီပဲ
မက်ဆေ့ပဲရပြီးအသံမကြားရ တဲ့ error လေးတွေကြုံနေရပါတယ် ဥပမာပြောရရင် c8813 လိုဖုန်းမျိုးပေါ့ Version အသစ်နဲ.လုံးဝစကားပြောလို.မရသလောက်ပဲဗျာ ထားပါဒါတွေ အခုကျွန်တော်တင်ပေးတဲ့ ကောင်လေးကတော့ Android ဖုန်းတိုင်းလိုလိုနဲ.ကိုက်ညီမှုရှိပါတယ် အခုချိန်ထိလဲ ဘာ error မှမကြုံဖူးသေးပါဘူး ဒါ့ကြောင့် ဖုန်းအသစ်လေးသုံးပြီး viber ပြောမရလို.စိတ်ဆင်းရဲနေသူများ အောက်မှာဒေါင်းယူနိုင်ပါပြီ....................အားလုံးပဲအဆင်ပြေပါစေဗျာ
                                                  ဒီမှာဒေါင်းမယ်
Frozen Keyboard Pro Crack-Version 0.5.3
ဒီတစ်ခါကျွန်တော်တင်ဆက်ပေးမှာကတော့ frozen keyboard pro လေးပါ။ဒီကောင်လေးကတော့ အခုနောက်ဆုံးထွက်တဲ့
ဗားရှင်းမဟုတ်ပါဘူး ....ကျွန်တော့လက်ထဲမှာတင်တော်တော်ကြာနေပါပြီ ဒါပေမဲ့ crack ပြီးသားလေးဖြစ်တဲ့အတွက် အဆင်ပြေပြေသုံးနိုင်မယ်လို.လဲမျှော်လင့်ပါတယ် ပြည်ပရောက်နေပြီးဝယ်သုံးဖို.အဆင်မပြေသူများအတွက် ရည်ရွယ်ပြီးတင်ပေးခြင်းသာဖြစ်ပါတယ် လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူနိုင်ပါတယ်..............အားလုံးပဲအဆင်ပြေပါစေ ဗျာ။
ဒီမှာဒေါင်းမယ်
Monday, September 16, 2013
Magix Music Maker(full version)+Patch
မင်္ဂလာပါဗျာ...ကျွန်တော်ပို.စ်တွေလဲမတင်ဖြစ်တာကြာပြီဖြစ်လို.မတွေ.တာကြာပြီပေါ့နော် ဟီးးးးး မြန်မာပြည်လူငယ်ပရိတ်သတ်များကို ဒီနေ.ကျွန်တော် Music Maker လန်းလန်းလေးပေးချင်ပါတယ်....
သုံးဖူးတဲ့လူတိုင်းအကြိုက်တွေကြမယ်လို.ထင်ပါတယ် သူ.ရဲ.မူရင်းဆိုဒ်မှာဆိုရင် ပိုက်ပိုက် 139 $်လောက်ပေးရမှာဖြစ်ပေမဲ့ အထဲမှာpatch ဖိုင်ပါထည်.ပေးထားလို. full version ကို free သုံးရမှာဖြစ်ပါတယ် လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါတယ် ကွန်မကောင်းတဲ့ကြားက ကြိုးစားပြီးတင်ပေးထားတာဖြစ်ပါတယ်      လိုချင်သူများအောက်မှာဒေါင်းယူနိုင်ပါပြီ ...........အားလုံးပဲအဆင်ပြေပါစေဗျာ
                                                            ဒေါင်းရန်
Saturday, September 14, 2013
Jailbreak IOS ( Iphone,Ipad )
  မင်္ဂလာပါ ။ကျွန်တော် ပင်လုံသား ပါ။ ဒီနေ့ IOS ရဲ့ Jailbreak အကြောင်းလေးပြောပြချင်ပါတယ်။ Jailbreak ဆိုတာက Limit လုပ်ထားတဲ့အရာတွေကို ထိုးဖောက်ဖို့အတွက် root access ရဖို့အတွက်ဖြစ်ပါတယ်။  Jailbreak လုပ်ရင် အမျိုးအစားနှစ်ခုရှိတယ်ဆိုတာ သိထားဖို့လိုပါတယ်။ အဲ့ဒီအမျိုးအစားနှစ်ခုကတော့ Tethered နဲ့ Untethered Jailbreak ဆိုပြီးနှစ်မျိုးရှိပါတယ်။Tethered Jailbreak ကတော့ ကိုယ် Jailbreak လုပ်ပီး စက်ကို Restart ချလိုက်၇င် Jailbreak ပျောက်သွားမှာဖြစ်ပါတယ်။ Untethered ကတော့ စက်ကို restart ချသွားလည်း ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။ သင့်ဖုန်းကို restore ပြန်လုပ်တာ , IOS Version ကိုထပ် မြင့်တာ မျိုး   မလုပ်ဆောင်ရင်တော့ပျောက်သွားမှာမဟုတ်ဘူး။
 IOS ကို Jailbreak ကိုဘယ်လိုလုပ်နိုင်မယ် မပြောခင် သူ့ရဲ့အကျိုးကျေးဇူးကိုပြောပြချင်ပါတယ်။ Jailbreak လုပ်နည်းကတော့ အမျိုးမျိုးရှိတာပေါ့ ။Click တစ်ချက်ထဲနဲ့ Jailbreak
လုပ်နိုင်တာလဲရှိပါတယ်။ကဲ Jailbreak လုပ်လို့ရတဲ့အကျိုးကျေးဇူးတွေကတော့ Games or apps တွေကို free နဲ့ရနိုင်မယ် , ကိုယ့်စက်တစ်ခုလုံးကို ကြိုက်သလို Customize လုပ်လို့ရမယ် ဥပမာ iconတွေကို ပြောင်းတာတို့ shortcuts တွေဖန်တီးပြီး WiFi/mobile network တွေကို ပိတ်တာဖွင့်တာတို့အစရှိသဖြင့်ပေါ့ ။
သူ့အကျိုးကျေးဇူးကိုသိပြီဆိုတော့ Jailbreak ဘယ်လိုလုပ်မှာလည်း ?
သင့်ရဲ့ IOS ကို Jailbreak လုပ်ဖို့အတွက် software တွေအများကြီးရှိပါတယ် ဥပမာ Redsnow တို့ Evasion တို့လိုပေါ့ .။ဒါပေမယ့် ကျွန်တော်ရဲ့အကြိုက်ဆုံးကတော့ Evasion ဖြစ်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူကအသုံးပြု၇တာလည်းလွယ်တယ် ပြီးတော့ Safest Jail-breaking Software တစ်ခုလည်းဖြစ်ပါတယ်။ သတင်းကောင်းကတော့ Evasion software ကို IOS Version 7, 6.13 နှင့် older versionတွေ ကို Jailbreak လုပ်နိုင်ပါပီ။
 Jailbreak ဘယ်လိုလုပ်ရကြောင်းပြောပြပါ့မယ်။ Step by step ပေါ့ ။
၁.သင့် IOS version နှင့်အညီ Evasion software ကိုဒေါင်းလုပ်လုပ်ပါ။ ဒီကနေရယူနိုင်ပါသည်
၂.Passlock နဲ့တစ်ခြား ဖုန်းထဲက Locks လုပ်ထားတဲ့ဟာတွေအားလုံးဖြတ်ပစ်ပါ။
၃.စက်ကို Backup လုပ်ထားလိုက်ပါ ။ Itunes သို့မဟုတ်တစ်ခြား software နဲ့ပေါ့။ပိုပြီး Safe ဖြစ်ဖို့အတွက်ပါ :D ။
၎.Evasion softare ကို ဖွင့်ပြီး Jailbreak ပေါ်ကိုနိပ်လိုက်ပါ ။ ပြီးရင်သူ့ process ပြီးတဲ့အထိစောင့်ပေးလိုက်ပါ။ Congrats Your Device Has been jail-breaked လို့ Massage ပေးလာရင်တော့ တို့ Jailbreak လုပ်ဆောင်တာအောင်မြင်သွားပီလို့ယူဆလို့ရပါပီ ။ Jailbreak လုပ်ဆောင်ပြီးနောက် ဂိမ်းတွေဒေါင်းဖို့အတွက်နဲ့တစ်ခြား app တွေ ရရှိဖို့အတွက် app-cake and app-sync ကို install ပေးပါဖို့ အကြံပြုချင်ပါတယ်။
Warning! Jailbreak လုပ်ပြီးရင်တော့ Warranty ရတော့မှာမဟုတ်ပါဘူး။ Jail ဖျက်လိုက်၇င်တော့ ပြန်ရမှာပါ ။
စည်းလုံးခြင်းသံစဉ် ရေဒီယို Android apk
မင်္ဂလာပါခင်ဗျာ ဒီနေ. ကျွန်တော်တင်ဆက်ပေးမှာကတော့ ကျွန်တော်တို.ဆိုဒ်ရဲ့ ညာဖက်နားလေးမှာပါတဲ့ mumcrew radio(စည်းလုံးခြင်းသံစဉ်) ကို နားဆင်နေကြတဲ့ပရိတ်သတ်ကြီးအတွက် မိမိတို.ဖုန်းကနေတိုက်ရိုက်နားဆင်နိုင်သီချင်းများတောင်းဆိုနိုင်အောင်
ဖုန်းအတွက် apk လေးတင်ပေးချင်ပါတယ် စည်းလုံးခြင်းသံစဉ်ရေဒီယို က သီချင်းနားဆင်ရုံတင်မဟုတ်ပဲ မိမိနားဆင်လိုသောသီချင်းများလဲတောင်းယူနိုင်ပါတယ် လိုချင်တယ်ဆိုရင်တော့ အောက်မှာကျွန်တော်ပေးထားတဲ့လင့်လေးတွေမှာဒေါင်းယူ နားဆင်နိုင်ပါပြီ.....ဆက်လက်ပြီးကျွန်တော်ကြေငြာဝင်တာလေးကို လဲ ဆက်လက် ဖတ်ရှုပေးကြဖို.လဲ ပြောချင်ပါတယ် ...............ဟီးးးးးးးးးးးးးးးးးး
                                                droup box မှဒေါင်းရန်
မိမိဖုန်းနဲ.သက်ဆိုင်သောလင့်အသီးသီးမှာဒေါင်းယူနားဆင်နိုင်ပါတယ်။ဖုန်းapk သွင်းထားရင်သီချင်းများကို လဲတောင်းဆိုနိုင်ပါတယ်။gtalk မှတဆင့်တောင်းချင်ရင်တော့songrq4radio@mumcrew.net add ပြီးတောင်းဆိုနိုင်ပါတယ် မူရင်းဆိုဒ်ရဲ.လိပ်စာကတော့ http://mumcrew.net/ ပါခင်ဗျာ ဖေ့ဘုတ်ပေ့ကတော့https://www.facebook.com/MUMCREW ပါ မန်ဘာဝင်ရန်နှင့် ဘလော့ဂါများအတွက်ရေဒီယိုကုဒ်များယူရန်အတွက် တော့ http://www.dj.mumcrew.net/ ကိုသွားလိုက်ပါ။ကဲ့ဒီလောက်ဆိုရင် အကြောင်းစုံသိရပြီလို.ထင်ပါတယ် ဒီပို.စ်လေးကိုကြိုက်သလိုရှယ်နိုင်ပါတယ် credit ပေးရန်မလိုပါ လင့်မျာမှ လွဲပြီးဘလော့လိပ်စာများကိုလဲ ပြုပြင် ဝေမျှနိုင်ပါတယ် အားလုံးပဲအဆင်ပြေပါစေဗျာ...................
Friday, September 13, 2013
Facebookတွင်လက်ရှိ Passwordပြန်ထည့်စရာမလို့ဘဲPasswordအသစ်ပြောင်းနည်း
Educational Purpose Onlyပါခင်ဗျာအကယ်၍သာသင်ဟာ cookiesသုံးပြီးတော့တခြားသူရဲ့facebookအကောင့်ထဲကို
ဝင်ရောက်သွားတယ်ဆိုပါစို့ခုနည်းကမူရင်းpassword မထည့်ပဲနှင့်password ပြန်ပြောင်းနိုင်အောက်ကူညီပေးမှာပါ ဖတ်ကြည့်ပါဦး
၁.အရင်ဆုံး ဒီကို သွားပါ
continue ကိုနိတ်ပါ
၂.continue ကိုထက်နိတ်ပါ
ိခုဆိုရင်လက်ရှိpasswordကိုပြန်ထည့်စရာမလိုဘဲpasswordအသစ်ပြောင်းနိုင်ပါပြီ
IDM နောက်ဆုံးထွက် 6.17 Build 9 + Patch
IDM နောက်ဆုံးထွက် 6.17 Build 9 + Patch ပါ။လိုချင်သူများ အောက်မှာဒေါင်းသွားကြပါ
IDM ကတော့လူတိုင်းသိပြီးသားလေးမို. မရှင်းပြတော့ဘူးနော် အထဲမှာ patch ဖိုင်လေးပါထည်.ပေးထားလို.full version အဖြစ် ရမှာဖြစ်ပါတယ် လိုချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူနိုင်ပါတယ် .....
အားလုံးပဲအဆင်ပြေပါစေဗျာ................................................................ပဲခူးသား
ဒေါင်းရန်=>ဒီမှာဒေါင်းမယ်  / ဒီမှာဒေါင်းမယ်
Who Is On My WiFi Ultimate 2.1.9 Inc Keygen
Information
Who Is On My WiFi Ultimate 2.1.9
Torrent Name :- Who Is On My WiFi Ultimate 2.1.9 Including Keygen {Uploaded} @IGI
Size :- 5.19 MB
Who Is On My Wifi will help you detect any intruders on your corporate network.
Who Is On My Wifi will show you every computer on your network and notify you if it finds a
computer that it does not recognize. Is someone using my wireless?
Are employee’s plugging in home laptops on the corporate lan?
Find out now with Who Is On My Wifi. It is an ideal internal
security network monitoring system for your small to medium
sized business.
Install Notes :-
==========
1.UnRaR the app
2.Open mywifi219.exe from Setup folder
3.Install the app
4.Then use keygen to generate a new key
Then Enjoy………………..
Note :- UnRaR with using 7-Zip/WinRAR/Universal Extracter
Web Master တစ်ယောက်ရဲ့တာဝန်
                           webmaster-nepal
Web master တစ်ယောက်ရဲ့ အဓိက တာဝန်များကတော့ ကိုယ် ကိုင်ထားတဲ့ website ပုံမှန်အလုပ်လုပ်နေဖို့။ user တွေ အဆင်ပြေပြေ content တွေ ထည့်နေနိုင်ဖို့၊ ဆိုက် အပြင်အဆင် အမြဲတမ်း သပ်သပ်ရပ်ရပ်ဖြစ်နေဖို့။ ဘယ် browser နဲ့ ကြည့်ကြည့် အဆင်ပြေပြေ မြင်ရဖို့၊ လင့်တွေ အကုန်လုံး အလုပ်လုပ်ဖို့။ တွေ လိုအပ်ပါတယ်။ user တွေ တင်ထားတဲံ content တွေ နေရာတစ်ကျ
ရှိနေဖို့က web master တာဝန်ဖြစ်ပြီ။ content တွေ စာသားမှားနေတာကတော့ web master နဲ့ မဆိုင်ပါဘူး။
( တော်တော်များများက တော့ အဲဒါ web master လုပ်ရမယ်ဆိုတာပဲ ဇွတ်ပြောပြောနေကြတာပဲ။ )
အဲဒီတော့ web Server လည်း ကောင်းကောင်း ကိုင်တက်အောင် လုပ်ထားရပါမယ်။
Web design လည်းသိရပါမယ်။
Basic web programming တွေလည်း သိထားရပါမယ်။
Database အကြောင်းလည်း သိရပါ့မယ်။
ှServer Security အကြောင်းလည်း သိထားရပါမယ်။
နောက်ဆုံးပြောရရင် web master က web content ကလွဲရင် ကျန်တာ အကုန် သူ့မှာ တာဝန်ရှိပါတယ်။
BY Sir.Blade
system administrator တာဝန်များ
                           iStock_000011628047XSmall
                          system administrator ၏တာဝန်နှင့် ဝတ္တရားများ
သူ့ရဲ့တာဝန်တွေကတော့ တော်တော့်ကို များပါတယ်။ လုပ်တဲ့နေရာချင်း မတူရင်လည်း ကြွဲ
ပားမှုတွေရှိပါတယ်။ ဥပမာ ဂျာနယ်တိုက်မှာ လုပ်ရင် ဖိုင်သိမ်းတာတွေ ပြန်ရှာတာတွေပိုများမှာ ဖြစ်တဲ့အတွက် file server ကို သေသေချာချာ ကိုင်တွယ်ဖို့ လိုသလို၊ ဝယ်ရောင်း လုပ်တဲ့ အလုပ်မှာ ဆိုရင်တော့ store,POS တွေ ပါလာမှာ ဖြစ်တဲ့အတွက် Database server က ပိုအရေးပါလာမှာဖြစ်ပါတယ်။
ယေဘုယျအားဖြင့် sysadmin လုပ်ရမှာတွေကတော့ ဆော့ဝဲတွေ သွင်းမယ်။ ဘယ်လိုသုံးရလည်း သုံးမယ့်သူကို သင်ပေးရမယ်။ အခါအားလျှော်စွာ server က အလုပ်ပုံမှန်လုပ်နေရဲ့လား အကဲခပ်နေရမယ်။ ဆော့ဝဲ အသစ်တွေ ထွက်လာရင် update လုပ်ပေးရမယ်၊ စသည်ဖြင့်ပေါ့။ နောက်တစ်ခုက programming လည်း နည်းနည်းပါးပါး ရေးပေးရရင် ရေးပေးရမယ်။ ကိုယ့်အလုပ်နဲ့ သုံးနေတဲ့ ဆော့ဝဲက ကီးသိပ်မကိုက်လို့ နည်းနည်း ပြင်ပေးရတာမျိုးပေါ့။ ဥပမာ။ Free POS တစ်ခုကို ကိုယ့် အလုပ်က logo ပြောင်းပေးတာမျိုးပေါ့။ ဒါမှ မဟုတ်ရင်လည်း software company တွေဆိုရင် project manager ဝင်လုပ်ပေးရတာမျိုး၊ sys admin software ဖြစ်နေလို့ error checking လုပ်ပေးရတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
sysadmin တစ်ယောက်အနေနဲ့ အဓိက တာဝန်ရှိတာတွေကတော့
၁. ဆာဗာ ကို တစ်ခြား အလုပ်တူတူလုပ်တဲ့သူတွေ သုံးနိုင်အောင် user အသစ်တွေလုပ်ပေးတာမျိုး။ အလုပ်ထွက်သွားတဲ့သူတွေ အကောင့်တွေကို ရှင်းပစ်တာမျိုးတွေပါ။
၂. ဘယ်သူတွေပေါက်ကရလုပ်ထားလည်း။ ဘာတွေ ပြင်သင့်သလဲ၊ ဘယ်ဟာတွေ update လုပ်သင့်သလဲ၊ နေ့တိုင်း နီးပါးကြည့်နေဖို့ပါ။
၃. ဆာဗာ ပုံမှန် အလုပ်လုပ်နေသလား၊
4.့ ဟတ်ဝဲတွေ ပျက်နေတာနဲ့ အသစ်တစ်ခုနဲ့ အမြန်ပြန်လည် တပ်ဆင်အသုံးပြုနိုင်ရပါမယ်။
5. ဘယ်သူတွေ ဘာတွေ သုံးနေလည်း။ ဆာဗာက အဲလောက်သုံးနေတာကို ခံနိုင်ရည်ရှိရဲ့လား ဆိုတာလည်း စောင့်ကြည့်ရပါမယ်။
၆. အလုပ်က လိုအပ်မယ့် file systems ကို တည်ဆောက်ပေးရပါမယ်။ ဥပမာ၊ Departmnet တစ်ခုတိုးလာလို့ file server အတွက် folder အသစ်လုပ်ပေးတာမျိုး။
၇. အလုပ်က လိုအပ်မယ့် ဆော့ဝဲ အသစ်တွေ ထပ်ထည့်ပေးတာတွေလည်း လုပ်ရပါ့မယ်။
၈. ဆာဗာ တစ်ခုခုကြောင့် ပျက်စီးသွားရင်လည်း backup တွေ ပြန် restore လုပ်နိုင်အောင် ကိုယ့်ဘာကို ဘယ်လို backup လုပ်ထားမလည်း ဆိုတာလည်း စီစဉ်ထားရပါ့မယ်။
၉. ကိုယ့် ရုံးက networking ကရော ကောင်းကောင်း အလုပ်လုပ်နေရဲ့လား စောင့်ကြည့်ရပါမယ်။
10. ဆော့ဝဲတွေ OS တွေ အသစ်တွေထွက်တိုင်း အဖြစ်နိုင်ဆုံး အမြန်ဆုံး update လုပ်ပေးရပါ့မယ်။
11. ဆာဗာကို ရုံးက Network ကနေ ဘယ်လိုတွေ အသုံးချမယ်ဆိုတာတွေ၊ ရုံးကွန်ပြူတာတွေကို ဘယ်လိုအသုံးချရမယ်ဆိုတာတွေကိုလည်း အလုပ်အတူလုပ်တဲ့သူတွေကို ရှင်းလင်း ပြသထားရမှာ ဖြစ်ပါတယ်။
12. ရုံးက စက်တွေနဲ့ ဆာဗာ security တွေကိုလည်း နိုင်နိုင်နင်းနင်း စီမံ ခန့်ခွဲ ထားနိုင်ရပါမယ်။ firewall တွေ ခံထားတာမျိုး။
sys admin မလုပ်ရမယ့်ဟာတွေကတော့
ဆော့ဝဲ ရေးသားတာတွေ၊ ဒီဇိုင်းလုပ်တာတွေ dtp လုပ်ရတာတွေ ပေါ့။
ဒါပေမယ့် အဲဒါတွေကိုလည်း sys admin က သိထားသင့်ပါတယ်။ ကိုယ်က developer မဟုတ်ဘူးဆိုပြီးလည်း ဘေးကပ်နေလို့ မရပါဘူး။ software တွေ ဘယ်လို အလုပ်လုပ်သလည်း။ ဘယ်လို troubleshoot လုပ်မလည်း ဆိုတာကလည်း သိထားရပါမယ်။ အဲဒီအတွက် programming language သုံးလေးခုတော့ သိထားသင့်ပါတယ်။ shell, awk, perl, python etc
BY Sir.Blade
နေ့စဉ်နီးပါးသုံးရမယ့် Command 10 ခု ( Linux )
                             photo3
လူတိုင်းနီးပါ၊ Linux သုံးတဲ့သူမှမဟုတ်ပါဘူး၊ ဘယ် OS ကို သုံးတဲ့သူဖြစ်ဖြစ် command မရိုက်ချင်ကြပါဘူး။ ဒါပေမဲ့ Linux မှာ Command ကို သုံးတာ အလုပ်ကိုတွင်ကျယ်စေပါတယ်။ ရွေးချယ်စရာတွေများတယ်။ စိတ်ချရတယ်။
/usr/bin ထဲမှာ command ပေါင်း ၂၁၉၉ နီးပါး ရှိပါတယ်။ /usr/sbin ထဲမှာတော့ ၃၈၈ လောက် ရှိပါတယ် လို့ (Mandriva Spring 2008) တုန်းက မှတ်ချက်ပြုထားပါတယ်။ အဲဒီ Command တွေ အကုန်လုံးကို မသိတောင် အနည်းဆုံး ၁၀ ခုလောက်တော့ Linux ကို နေ့စဉ် အသုံးပြုနေတဲ့ သူတွေ သိသင့်ပါတယ်။
ကျွန်တော်တို့ အမြဲတမ်းအသုံးပြုနေတဲ့ command တွေရှိပါတယ်။ (cd,ls,rm,etc
… (etc က တော့ command မဟုတ်ဘူးနော်)) အဲလောက်တင်လားဆိုတော့ မဟုတ်သေးပါဘူး။ အရမ်း အသုံးဝင်တဲ့ command တွေ ရှိပါသေးတယ်။ ဘယ် linux မှာ ဖြစ်ဖြစ် အသုံးပြုလို့ရပါတယ်။ ကြည့်ကြည့်ပါအုံး။
၁၊ top
“top” ကတော့ အခုလက်ရှိဘာတွေ လုပ်နေလည်း၊ ဘယ် ပရိုဂရမ်တွေ ဖွင့်ထားလည်း၊ ဘယ်ဟာက RAM ဘယ်လောက်သုံးနေလည်း၊ စက်ရဲ့ RAM က ဘယ်လောက်ရှိလည်းဆိုတာတွေအကုန် ပြနေပါလိမ့်မယ်။ တစ်ခုခု အသစ် ဖွင့်လိုက်တိုင်းလည်း အဲဒီ list ထဲမှာ ပြနေမှာပဲ ဖြစ်ပါတယ်။
“top” က သင့်ကို အချိန်နဲ့ တစ်ပြေးညီ သင့်စက် ဘာတွေ လုပ်နေလည်း ဆိုတာကို ပြပေးမှာဖြစ်ပါတယ်။ (#top) ကိုရိုက်လိုက်ရင် အခု လက်ရှိ ကွန်ပြူတာက လုပ်နေတဲ့ အလုပ်တွေ အကုန်လုံးပြပါလိမ့်မယ်။ root က ဘာတွေ လုပ်နေလည်း၊ User က ဘာတွေလုပ်နေလည်း စသည်ဖြင့်။ ဘယ် user က ဘယ် ပရိုဂရမ်ကို အသုံးပြုနေလည်း ဆိုတာကိုလည်း (#top -u username) အားဖြင့် User တစ်ယောက်ချင်းစီ လုပ်ဆောင်ချက်တွေကိုလည်း ကြည့်နိုင်ပါတယ်။
GUI မှာတော့ System Monitor လို့ခေါ်ပါတယ်။ Windows မှာတော့ Task Manager ပါ။ GUI မှာတော့ အမြဲတမ်း အရှေ့ဆုံးမှာ focus ဖြစ်နေပါတယ်။ command မှာတော့ minimize လုပ်ထားနိုင်ပါတယ်။
၂၊ ln
bookmark လုပ်တာပါ။ Network ထဲက Folder ကို ဖြစ်ဖြစ်၊ Server က folder တစ်ခုတည်းကို User အများကြီးက သုံးချင်တယ်ဆိုရင်ပဲ ဖြစ်ဖြစ် ချိတ်ပေးထားနိုင်ပါတယ်။ Network ထဲမှာဆိုရင် လုံခြုံရေးပိုင်း အနေနဲ့လည်း ကာကွယ်ပြီးသားဖြစ်နေပါလိမ့်မယ်။ (ဥပမာ Group တစ်ခုလုပ်ထားပြီး အဲဒီ Group ထဲက user တွေကိုပဲ အဲဒီ Folder ကို read/write ပေးလုပ်မယ်ဆိုသလိုမျိုးပေါ့) GUI (nautilus) မှာ တော့ Bookmark ဆိုတာပါပါတယ်။ Windows မှာဆိုရင် Desktop shortcut လုပ်သလိုမျိုးပါ။
၃၊ tar/zip/gzip/unrar/unzip
ဖိုင်တွေကို ခြုံ့လို့ရမယ်။ ခြုံ့ထားတဲ့ ဖိုင်တွေကို ဖြည်မယ်။ Argument တွေ ပြောင်းလိုက်ယုံနဲ့ အလွယ်တကူ ကိုယ်လုပ်စေချင်တာ လုပ်သွားတဲ့ အတွက် အလုပ်ကို လွယ်ကူမြန်ဆန်စေပါတယ်။ GUI နဲ့ဆိုရင်တော့ Right click > Extract here ပေါ့။
၎၊ nano,vi,emacs
command line text editor ပါ။ nano လား၊ vi လား၊ emacs လား၊ အဲဒီစစ်ထဲတော့ ကျွန်တော်မပါချင်ပါဘူး။ ကြိုက်တာသုံးပါ။ ကျွန်တော်ကတော့ nano သုံးပါတယ်။ တော်တော်များများကတော့ ပြောပါတယ်။ nano က အသုံးသိပ်မတည့်ဘူးပေါ့။ လုပ်လို့ရတယ့် function နည်းတယ်လို့ ပြောကြပါတယ်။ အဲဒါကပဲ ကျွန်တော့်အတွက်တော့ အလွန်ရိုးရှင်းနေတာပါ။ Linux စက်တစ်လုံးကို Administration လုပ်မယ်ဆိုရင်တော့ command line text editor တစ်ခုခုကို မဖြစ်မနေ ကိုင်တွယ် အသုံးပြုတတ်နေရပါမယ်။ GUI မှာတော့ Gvim ဒါမှမဟုတ် gedit ရှိပါတယ်။
၅၊ grep
ဒီ command ကတော့ လူကြိုက်တော်တော်များပါတယ်။ ဖိုင်တစ်ဖိုင်ကို လိုချင်သလို ပိုင်းပိုင်း ဖတ်လို့ရတာပါပဲ။ ဥပမာ httpd.conf ဖိုင်ကို ဖတ်မယ် ဆိုပါဆို့။ အဲဒီဖိုင်က စာကြောင်းရေ ၁၀၀၀ ကျော်ရှိတယ်။ အဲဒီဖိုင်ထဲမှာ ဘယ်နေရမှာ “AccessFileName .htaccess” ဆိုတာရှိသလည်းသိချင်တယ်။
စာကြောင်း ၁၅၃ မှာ ရှိပါတယ်ဆိုပါဆို။ ရိုးရိုး ဖတ်မယ်ဆိုရင် ၁၅၃ ကိုရောက်အောင် down arrow ကို ဖိထားရပါတယ်။ ဖိထားယုံနဲ့တော့မရပါဘူး၊ လိုက်ဖတ်နေရအုံးပါမယ်။ grep သုံးကြည့်ရအောင်။ grep -n “AccessFileName .htaccess” /etc/apache2/apache2.conf ဒါဆို terminal မှာ “153:AccessFileName .htaccess” ဆိုပြီး တန်းပြပါလိ့မ်မယ်။ လွယ်ဘူးလားဗျာ။
GUI မှာ gedit နဲ့ဖွင့်ပြီး Search လုပ်လို့ရပါတယ်။
“grep” က တစ်ခြား command တွေနဲ့လည်း piping (|) နဲ့ခံပြီး တွဲသုံးလို့ရပါသေးတယ်။ ဥပမာ တစ်ခုအနေနဲ့ “ps”(လက်ရှိဘာတွေ run နေလည်းဆိုတာကြည့်တာပါ) နဲ့တွဲသုံးကြည့်ရအောင်။ firefox က အလုပ်ကောင်းကောင်းမလုပ်ပဲ hang နေတယ် ဆိုပါတော့။ firefox ရဲ့ PID ကို ကြည့်ပြီးတော့ firefox ကို ပိတ်ပစ်ချင်တယ်။ “ps aux” ရိုက်လိုက်ရင် Run ထားတာတွေ အကုန်ထွက်လာပါလိမ့်မယ်။ အများကြီးထဲကမှ firefox ကိုလိုက်ရှာနေမလား ကြာပါတယ်။ “ps aux|grep firefox” လို့ပြောင်းရိုက်လိုက်ပါ။ firefox’s process တစ်ခုတည်း မြင်ရပါလိမ့်မယ်။
GUI မှာ System monitor ကနေ ကြည့်လို့ရပါတယ်။
၆၊ chmod
File/folder တွေကို permissions ပြောင်းတာပါ။ Web tool တော်တော်များများမှာ တိကျတဲ့ permissions လိုပါတယ်။ chmod ကို မသုံးခင် w=write,r=read,နဲ့ x=execute ကို အမှတ်ရနေပါ။ ဘယ်ဖိုင်က ဘယ် permissions တွေလိုလည်း သေသေချာချာကြည့်ပါ။ rw- rw- rw- ဆိုရင်တော့ User, Group and Other User အကုန်လုံး read/write permissions ရနေပါလိမ့်မယ်။ အဆင်မပြေပါ။ Other user အတွက် အကန့်အသတ်နဲ့သာဖြစ်သင့်ပါတယ်။ read only ဒါမှမဟုတ် execute only. GUI (nautilus) မှာ တော့ right click > properties > Permissions
၇၊ dmesg
old-school လို့ ကျွန်တော့်ကို ခေါ်ချင်ခေါ်ပါ။ ဒါပေမယ့် device တစ်ခု Linux စက်မှာ တပ်လိုက်တာနဲ့ dmesg ကို အရင်ဆုံးရိုက်ပါတယ်။ သူက kernel buffer တွေအားလုံးကို ပြပါတယ်။ အရေးကြီးပါတယ်။ သိသင့်သိထိုက် တဲ့ information တွေ ဖြစ်တဲ့ system architecture, gpu, network device, kernel boot options used, RAM totals စသည်ဖြင့်ပါ။
နည်းနည်း trick လေးလုပ်ကြည့်ချင်လား။ tail ခံပြီး ရိုက်ကြည့်ရအောင်။ (dmesg | tail -f) ဒါဆိုရင် နောက် ဆုံး လေးငါးကြောင်း ပြပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခု ထူးခြားတိုင်း (စက်ကို အလုပ်တွေများကြီး ခိုင်းထားတဲ့အချိန် ဒါမှမဟုတ် debugging လုပ်နေတုန်းအချိန်) အဲဒီ လေးငါးကြောင်းမှာပဲ အသစ် အသစ်တွေကို မြင်နေရပါလိမ့်မယ်။
၈၊ kill/killall
အခုဆိုရင် Linux kernel က တော်တော့်ကို stability ဖြစ်နေပါပြီ။ kernel နဲ့ မသက်ဆိုင်တဲ့ တစ်ချို့ ဆော့ဝဲ တွေက တစ်ခါတစ်လေ ကြောင်တတ်ပါတယ်။ အဲဒီအတွက် သူ့ကို ဖျက်ထုတ်ပစ်ဖို့(အဲဒီ ဆော့ဝဲကို restart ပြန်လုပ်ပစ်ဖို့ ရပ်ပစ်ပြီး ပြန်စဖို့) လိုပါတယ်။ အဲဒီအတွက် အမြန်ဆုံးနည်းလမ်းကတော့ “kill” ဒါမှမဟုတ် “killall” နဲ့ လုပ်ပစ်တာပါပဲ။ “kill” နဲ့ “killall” ကွာတာကတော့ kill က PID(process ID number) လိုပြီး၊ killer ကတော့ ဆော့ဝဲ နာမည်လိုပါတယ်။
တစ်ခုလုပ်ကြည့်ရအောင်။ ဥပမာ၊ firefox က hang ဖြစ်နေတယ် ဆိုပါတော့။ firefox ကို ရပ်ပစ်ဖို့အတွက် kill ကို အသုံးပြုပါမယ်။ kill ကို အသုံးပြုမယ်ဆိုရင် PID လိုမယ်။ ဘယ်လိုရမလည်း ဆိုတော့ ps aux|grep firefox နဲ့ ကြည့်ရပါမယ်။ PID ကို ps နဲ့မကြည့်ချင်ဘူးဆိုရင်လည်း killall firefox ဆိုပြီး တန်းရိုက်လို့ရပါတယ်။ ဒါပေမယ့် killall က daemons process (Apache,Samba,etc) တွေကို အလုပ်လုပ်ချင်မှလုပ်ပါမယ်။ GUI မှာတော့ System monitor ကနေ kill process လုပ်လို့ရပါတယ်။
၉၊ man
RTFM “Read the Fine Manual” အဲဒီစကားလုံးကို ဘယ်လောက်များများ သင်တွေ့ဘူးပါသလဲ။ ကျွန်တော့်အတွက်တော့ Linux မှာ Manual ဖတ်နေတာထက် manpages ကို ဖတ်လိုက်တာ ပိုအလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။ “Read the fine Manpages” ပေါ့။ Manpage တွေက ပုံစံတစ်ခုတည်းနဲ့ ရေးထားတာပါ။ တစ်ခုကို နားလည်အောင် ဖတ်ကြည့်ပြီးသွားပြီဆိုရင် နောက် ဘယ်ဟာကို ဖတ်ဖတ် နားလည်လွယ်လာပါလိမ့်မယ်။ command တိုင်းရဲ argument တွေကလည်း ဆက်စပ်မှုတွေ ရှိနေပါတယ်။
အပေါ်ဆုံး နှစ်ကြောင်းသုံးကြောင်းဖတ်လို့နားမလည်းလည်း ကိစ္စမရှိပါဘူး။ ဆက်ကြည့်သွားပါ၊ detail ကို ရှင်းပြထားတာတွေ လည်း ပါပါတယ်။ Linux command တွေကို အလုပ်လုပ်ဖို့အတွက် အကုန်လုံး အလွတ်ကျက်နေစရာ မလိုပါဘူး။ ဘယ်နားရှိမယ်ဆိုတာပဲ သိယုံနဲ့ အလုပ်ဖြစ်ပါတယ်။ ဒါကြောင့်မို့ manpages တွေကို ဖတ်တတ်အောင် ကြိုးစားပါ။
၁၀၊ mount/umount
removable media တွေ တပ်မယ်၊ ဖြုတ်မယ်ဆိုရင် သုံးပါတယ်။ boot တက်တာနဲ့ တပ်ဆင်ထားတာတွေကိုတော့ /etc/fstab ဖိုင်မှာ ရေးထားပါတယ်။ mount/unmount ကတော့ root privileges(super user) လိုပါတယ်။ mount command ကို ဘာ arugument မှမထည့်ပဲလည်း ရိုက်ကြည့်နိုင်ပါတယ်။ စက်မှာ ဘယ် devices တွေတပ်ထားလည်း ပြလာမှာဖြစ်ပါတယ်။
အထက်ပါ ၁၀ ခုကတော့ Linux administration အတွက် မရှိမဖြစ်လိုတာတွေပါ။ အဲဒါလေးလောက်ပဲ သိထားတာကိုပဲ တော်တော် အကူအညီရနေပါပြီ။ အလုပ်လုပ်ရာမှာ လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြစ်စေပါတယ်။ ဒီ ၁၀ ခုတင်လားဆိုတော့လည်း မဟုတ်သေးပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် လိုအပ်ချက်ချင်းမတူသလိုပေါ့။ liux server ကိုင်နေတာလား၊ ဒါမှမဟုတ် Linux နဲ့ web developement လုပ်နေတာလား၊ တစ်ကိုယ်ရည် သုံးပဲလားဆိုတာမှာလည်း ကွဲပြားမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ကျွန်တော် နေ့တိုင်း အဲဒီ ၁၀ ခုထဲက တစ်ဝက် ကျော်ကျော် ကို အမြဲတမ်း အသုံးပြုရပါတယ်။
BY sir Blade
Wednesday, September 11, 2013
Facebook ပေါ်က Video တွေကို အလွယ်ဆုံး Download ပြုလုပ်နည်း
Facebook ပေါ်က Video တွေကို IDM နဲ့ Download ပြုလုပ်လို့ရပါတယ်..သို့ပေမယ့် IDM လည်းမရှိဘူး..ဘာနဲ့ဒေါင်းရမှန်းမသိဘူးဆိုရင်အခုဖော်ပြတဲ့နည်းနဲ့သာ Download ရယူလိုက်ပါ..အလွန်
အဆင်ပြေပါတယ်...ကဲ..ဘယ်လိုလုပ်ကြမလဲ.. အရင်ဆုံး
ဒီ Link ကိုသွားပါ..ရောက်ပြီဆိုတာနဲ့
အကွက်ထဲမှာ Facebook ရဲ့ Video Link ကိုထည့်လိုက်ပါ..
ပြီးရင် Download ကိုနှိပ်လိုက်ပါ... ဒါဆိုရင်အောက်ပါအတိုင်း Low Quality နဲ့ဒေါင်းချင်သလား High Quality နဲ့ဒေါင်းချင်သလား...ကြိုက်တာကိုရွေးပြီး Download ရယူနိုင်ပါပြီ..အဆင်ပြေကြပါစေခင်ဗျာ
credit to =>Myanmar IT Helper
        အဆင်ပြေခဲတယ်ဆိုရင် likeလုပ်ခြင်းဖြင့်အားပေးနိုင်ပါသည်
Power ISO 5.7 Full Version+Key
မင်္ဂလာပါ ကျွန်တော်ကောင်းခန်.ပါ မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် အခုတင်ပေးမှာကတော့ Power ISO 5.7 full version လေးပဲဖြစ်ပါတယ် ဒါလေးကဘယ်လိုနေရာမှာသုံးတာလဲလို.မေးရင်
Windows ခွေတွေကို .ISO အဖြစ် Burn ချင်ရင်ပဲဖြစ်ဖြစ်၊ CD, DVD တွေထဲက ဆော့ဝဲလ် ဂိမ်းတွေကို ISO ဖမ်းချင်ရင်ပဲဖြစ်ဖြစ် အလွန်အသုံးဝင်တဲ့ ဆော့ဝဲလ် လေးတစ်ခုပါပဲဗျာ။  ဒေါင်းလို.ရလာတဲ့ rar ဖိုင်ထဲမှာ key ဖိုင်လေးပါထည်.ပေးထားလို. full version အနေနဲ.သုံးလို.ရပါမယ် လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းယူနိုင်ပါတယ် .......အားလုံးပဲအဆင်ပြေပါစေဗျာ......
ဒီမှာဒေါင်းရန်
Pidgin ( Gtalk ) For Windows OS
ကျွန်တော် Pidgin ဆိုတဲ့ Opensource Software တစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။Gtalk နဲ့တူတဲ့ software တစ်ခုဖြစ်ပါတယ်။ Gtalk ကတော့ windows os မှာပဲသုံးလို့ရပါတယ်။ဒီဆော့လ်ဝဲကတော့ Linux Os မှာအသုံးပြုတာဖြစ်ပါတယ်။ ဒါပေမယ့် Wi့ndows Os မှာလည်းအသုံးပြုလို့ရအောင်လည်းပြုလုပ်ထားပါတယ်။သူ့ရဲ့Feature တွေကတော့ Gtalk ထက် ပိုများပါတယ်။ အသုံးပြုရတာလည်း ပေါ့ပေါ့ပါးပါးနဲ့ပါ။ ကျွန်တော်ကိုယ်တိုင်လည်းသုံးနေတဲ့ဆောလ်ဝဲလ်တစ်ခုဖြစ်ပါတယ် ။အားလုံးကြိုက်ကြမယ်လို့ထင်ပါတယ်။ သူ့ Feautre တွေကတော့ Profile ကို လွယ်လွယ်ကူကူနဲ့ပြောင်းလို့ရမယ် /background ကိုလည်းကိုယ်ကြိုက်တာထည့်လို့ရပါ။
ဆော့လ်ဝဲကိုဖွင့်ပြီး Add လို့နိပ်လိုက်ရင်အကောင့်ထည့်ခိုင်းမှာဖြစ်ပါတယ်။ Protocol မှာ ကိုယ်ဖွင့်ချင်တဲ့အကောင့်ကိုရွေးပေးလိုက်ပါ ။ဥပမာ Gtalk ကိုဖွင့်မယ်ဆို gtalk ကိုေ၇ွးလိုက်ပါ။ Facebook အကောင့်ကိုဖွင့်မယ်ဆိုရင်လည်း facebook ကို ရွေးလိုက်ပါ ။ပြီးရင် username and password ကိုထည့်ပြီး add နိပ်လိုက်တာနဲ့ အသုံးပြုလို့ရပါပီ ။Gtalk and facebook အကောင့်ပဲမဟုတ်ပါဘူး ။ Yahoo တို့ Microsoft account , ATM အစရှိသဖြင့် ဖွင့်သုံးလို့ပါတယ်။
အားလုံးအဆင်ပြေပါစေ
**ITpinlonthar**
Comment
linkwithin
Related Posts Plugin for WordPress, Blogger...
Copyright @ 2013 MAUNG RUPER.
Designed by M@UNG RUP3R , င/ရမ