ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Thursday, August 8, 2013

သတိမရတော့တဲ့ ဖေ့ဘုတ် password ကိုပြန်ယူနည်း

ကျွန်တော်ဒီနေ.တင်ဆက်ပေးမဲ့အကြောင်းအရာကတော့ (how to get facebook password with email)မေ့လျှော့နေတဲ့ facebook ရဲ့ password လေးတွေကိုပြန်ယူနည်းပဲဖြစ်ပါတယ်
ဒီနေရာမှာပြောချင်တာက ပြန်ယူတယ်ဆိုပေမဲ့ အကောင့်ကိုပဲပြန်ရမှာဖြစ်ပါတယ်။မေ့သွားတဲ့ password ကိုတော့ဒီတိုင်းပဲထားခဲ့လိုက်မယ်ဗျာ ကိုယ့်စိတ်ကြိုက် password အသစ်ပေးလိုက်မယ် ကဲ့စလိုက်ကြရအောင်-
ပထမဆုံးအနေနဲ. အဲ့ဒီဖေ့ဘုတ်လုပ်တုန်းက email အကောင့်လေးတော့ ရှိထားရပါမယ် အခုကျွန်တော်ပြောတာတွေကို သိပ်မရှင်းဘူးဆိုရင် အောက်ဆုံးက video ဖိုင်လေးကိုတစ်ချက်ပြန်လေ့လာလို.ရပါတယ် အားလုံးလဲလုပ်တက်ကြမယ်လို.မျှော်လင့်ပါတယ်

အရင်ဆုံး facebook.com ကိုသွားပါမယ်
username နဲ. password နေရာမှာဘာမှမထည်.ပါနဲ.
password ရိုက်မဲ့အကွက်အောက်မှာ forgot your password? ဆိုပြီးပေါ်နေမယ်ဗျာဒီလိုလေး

အဲ့ဒါလေးကိုနှိပ်ပါ။
ပြီးရင်တော့ find your account မှာ သင့်ရဲ့ email လိပ်စာအပြည်.အစုံထည်.ပေးလိုက်ပါ။သြော်  @gmail.com ကိုပါအောင်ထည်.ဖို.မမေ.နဲ.အုံးနော် :P
အဲ့ဒီအဆင့်မှာ သင့်ရဲ့ အကောင့်ကိုပြပေးလိမ့်မယ် မှန်တယ်ဆိုရင် အဆင့်ဆင့်ဆက်သွားလိုက်ပါ။
အောက်က video ဖိုင်လေးမှာ တော့အပြည်.အစုံလုပ်ပြထားပါတယ် အားလုံးပဲအဆင်ပြေကြပါစေဗျာ။


ဒီပို.စ်လေးဖြစ်မြောက်ဖို.အတွက် ယုံယုံကြည်ကြည် ဖြင့် facebook အကောင့်ရော email အကောင့်ပါ ငှားရမ်းအသုံးပြုခွင့်ပေးခဲ့သော မမိုးစက်အေး အားလဲအထူးကျေးဇူးတင်ပါတယ်


Wednesday, August 7, 2013

Skype account စဖွင့်မယ်.. how to create a skype account

ကျွန်တော်အခုတင်ဆက်ပေးမဲ့ အကြောင်းအရာက Skype အကောင့်ဖွင့်နည်းလေးပဲဖြစ်ပါတယ်
 ဒီပို.စ်လေးအတွက် email အသုံးပြုခွင့်ပေးခဲ့သောညီမငယ် ဟန်နီနဲ. ဖုန်းနံပါတ်အသုံးပြုခွင့်ပေးခဲ့သောကျွန်တော့သူငယ်ချင်းများအားအထူးကျေးဇူးတင်ရှိပါတယ် ကဲ့အောက်က video ဖိုင်လေးကို တစ်ချက်လေ့လာ ကြည်.ရအောင် ဒါလေးကိုမလေ့လာခင်မှာ ကျွန်တော် တစ်ခုလောက်ပြောချင်တာကတော့ password ပေးတဲ့ အခါ စာလုံးတစ်လုံး နံပါတ်တစ်လုံးပေးမယ်ဗျာ password ကလဲ အနည်းဆုံး ၆ လုံးတော့ပေးရတယ် ဥပမာ- k5k5k5k5 ပေါ့ အလွယ်ပြောတာပါ။video ဖိုင်လေးရဲ့နောက်ဆုံးမှာ စက်က နည်းနည်း ဟန်းသွားတဲ့အတွက်  singout လုပ်မပြလိုက်ရဘူး လွယ်လွယ်လေးမို.လုပ်တက်ကြမှာပါ ကျွန်တော် ငပျင်း လဲ နောက်တစ်ခေါက်ထပ်လုပ်ဖို. email အကောင့်မရှိတော့တာနဲ. ဒါလေးနဲ.ပဲကျေနပ်ကြမယ်ထင်ပါတယ် :P ကဲ့ဆက်လေ့လာလိုက်ရအောင်....


Internet Download Manager v6.17 build 7 Final(Aug-6)

Internet Download Manager လေးကို Version အသစ်ထွက်တာမို.တင်ပေးလိုက်ပါတယ်ဗျာ။
Full Version အနေနဲ.သုံးလို.ရအောင် အထဲမှာ Patch File ကိုပါထည်.ပြီးတင်ပေးထားပါတယ်။ IDM ကတော့လူတိုင်းသိပြီးသားမို.မရှင်းပြတော့ ဘူးနော်။version အသစ်ကြိုက်သူများ အောက်က လင့်မှာသာဒေါင်းသွားလိုက်ပါ။ ဒီပို.စ်အတွက် ကိုပြည်.ဖြိုး ကိုလဲ credit ပေးပါတယ်။




Internet Download Manager ဒီမှာဒေါင်းရန်

Tuesday, August 6, 2013

SKIP AD >> ကျော်နည်းလေးပါ

ဒါလေးကိုရေးဖို.တော်တော်လေး အလေးအနက်ထားစဉ်းစားပြီးမှတင်ပေးခဲ့တာပါ အရင်ဆုံးပြောချင်တာကတော့အချိန်လေးပေးပြီးသေချာလေးဖတ်ပြီးမှ ဘာလုပ်သင့်တယ်ဆိုတာဆုံးဖြတ်စေချင်ပါတယ်
ဒီပို.စ်လေးကို အိုင်တီမုဆိုး ဆိုဒ်မှတဆင့်ကူးယူဖေါ်ပြလိုက်ချင်းဖြစ်ပါတယ်
 
     
mail ထဲကို ၁၃ ယောက်လောက်စာပို.ပြီးမေးထားတာမို. ဖြေပေးလိုက်ပါတယ်
ဒါပေမဲ့...နည်းပညာတစ်ခုအဖြစ်သာ ဖြေဆိုပေးထားတာဖြစ်ပြီးဒီပို့စ်လေးကိုဆုံးအောင်ဖတ်ပြီးမှ အခုနည်းကိုသုံးသင့်မသုံးသင့်ဆုံးဖြတ်စေချင်ပါတယ်...
မေးထားတဲ့စာတွေအားလုံးရဲ့အနှစ်ချုပ်က.....

အခုနောက်ပိုင်းမှာဘလော့အချို.ကသူတို.တင်ပေးထားတဲ့ဖိုင်တွေကို တိုက်ရိုက်လင့်မပေးပဲ adfly လို short link တွေနဲ.တစ်ဆင့်ခံပြီးပေးလာတာကြောင့် Download ဆွဲတဲ့အခါမှာ အချိန်ကြန်.ကြာတာမျိုး စိတ်အနှောက်အယှက် ဖြစ်ရတာမျိုးတွေရှိလာတာကြောင့် အဲ့ဒီ short link ကိုကျော်နည်းလေးရှိရင်ပြောပြပေးဖို.ပါ...

ဟုတ်ကဲ့..နည်းလမ်းက လွယ်လွယ်လေးမှ တကယ်ကိုလွယ်လွယ်လေးပါ အဲ့ဒီနည်းမပြောပြခင် အရင်ဆုံး ကျွန်တော်လျှာနည်းနည်းရှည်ပါရစေ..    
ဘလော့ဂါတွေအားလုံးထဲမှာမြန်မာနိုင်ငံ က ဘလော့ဂါတွေဟာ တော်တော်ကြီးကို ပင်ပန်းဆင်းရဲခံပြီး ဘလော့ဂါ ဘ၀ကိုဖြတ်သန်းနေရတယ်ဆိုတာ ဘလော့ဂါ အချင်းချင်းပဲသိပါတယ်..
မြန်မာဘလော့ဂါတစ်ယောက်မှာကြုံတွေ.ရတဲ့အခက်အခဲတွေအများကြီးပါ..
အဲ့ဒါကိုနားလည်လွယ်တဲ့အချက်တစ်ချက်တည်းကိုပြောပြပါရစေ
အဲ့ဒါကတော့ အင်တာနက်ကွန်နရှင်နှေးကွေးမှုပါ
ဒါကတော့မြန်မာနိုင်ငံသားအားလုံးလက်ခံမှာပါ...
နိုင်ငံခြားဘလော့ဂါတွေကဖိုင်တွေကို Upload တင်တဲ့အခါမှာ အနည်းဆုံးအသုံးပြုရတဲ့နိုင်ငံက upload speed ဟာ100kb/sec နှုန်းရှိပါတယ်...
ကျွန်တော်တို.နိုင်ငံရဲ့အများဆုံး upload speed ဟာကျွန်တော်အသုံးပြုဖူးသလောက်ဆိုရင်50kb/secဖြစ်ပါတယ်...ဒါတောင် ဟိုတယ် ကြီးတစ်ခုမှာတစ်ခါပဲသုံးဖူးတာပါ

ကျွန်တော်နေတဲ့မြို.မှာတော့အများဆုံး upload speed ဟာ 8kb/sec ပဲဖြစ်ပါတယ်...
အဲ့ဒီနှုန်းဟာတစ်လမှာနှစ်ရက်သုံးရက်လောက်ပဲကြုံခွင့်ရတာဖြစ်ပြီးတစ်ရက်လုံးမှာလည်း သုံးနာရီဝန်းကျင်ပဲအဲ့ဒီလိုရဖြစ်ပြီး..ကျန်တဲ့အချိန်တွေနဲ.ကျန်တဲ့ရက်တွေမှာတော့ပုံမှန်အားဖြင့် 3kb/sec နှုန်းနဲ.ပဲဖိုင်တွေကို upload တင်နေရတာပါ..


အဲ့ဒီတော့ 10Mb ရှိတဲ့ဖိုင်တစ်ဖိုင်ကို နိုင်ငံခြားဘလော့ဂါတစ်ယောက်upload တင်မယ်ဆိုရင် ၄၀  စက္ကန့် ၀န်းကျင်ကြာမှာဖြစ်ပြီး အင်တာနက်အသုံးပြုခကိုမြန်မာနိုင်ငံနှုန်းနဲ.တွက်မယ်ဆိုရင် ၂ကျပ်နီးပါးကျပါတယ်..
အဲ့ဒီ 10Mb လောက်ဖိုင်ကိုကျွန်တော် upload တင်မယ်ဆိုရင် ၅၅ မိနစ်နဲ.အထက်ကြာမှာဖြစ်ပြီး အင်တာနက်အသုံးပြုခကတော့ ၁၁၀ ကျပ်နဲ.အထက်ကုန်ကျမှာဖြစ်ပါတယ်...

ဒါတောင်အဲ့ဒီဖိုင်ကို ရှာဖွေဖို.ကြာချိန် အဲ့ဒီဖိုင်ကို Download ယူတုန်းကကြာချိန်..
အဲ့ဒီဖိုင်အတွက် ပို.စ်ရေးတဲ့အခါကြာချိန်တွေကို ထည်.မတွက်ပြသေးပါဘူး...
ကဲ့ 10Mb လောက်ရှိတဲ့ဖိုင်လေးတစ်ဖိုင်အတွက်တောင် အဲ့ဒီလောက် ပေးဆပ်ရမှုတွေကွာဟပါတယ် နိုင်ငံခြားဘလော့ဂါတွေကဘလော့တွေရေးပြီးအဆင်ပြေပြေ အသက်မွေးဝမ်းကျောင်းပြုတယ်...
ကျွန်တော်တို.မြန်မာဘလော့ဂါတွေကတော့အဆင်ပြေသလိုအသက်မွေးဝမ်းကျောင်းပြုရင်း ဘလော့ရေးပါတယ်
အဲ့....အခုတော့ Paypal သုံးခွင့်ရှိလာတဲ့ဘလော့တွေက သူတို.ရဲ့အင်တာနက်အသုံးပြုခလေး ကာမိအောင် သူတို. upload တင်ပေးထားတဲ့ဖိုင်လေးတွေကို Short link လေးတွေနဲ.ချိတ်ပြီး ငွေရှာဖို.ကြိုးစားလာပါပြီ
သူတို.ချိတ်ထားတဲ့ Short link လေးကိုတစ်ဆင့်ခံနှိပ်လိုက်လို.ကြန်.ကြာသွားတဲ့အချိန်အတွက်ကုန်ကျသွားမဲ့အင်တာနက်အသုံးပြုခနဲ. အဲ့ဒီဖိုင်ရဲ့တန်ဖိုး တင်ပေးထားတဲ့ဘလော့ဂါရဲ.ပေးဆပ်မှုတွေနှိုင်းယှဉ်ကြည်.ပါ...ကျွန်တော်တို.အဲ့ဒီShort link ကို ကလစ်တစ်ချက် ပေးသင့်မပေးသင့် အဖြေထွက်လာပါမယ်

နိုင်ငံခြားဘလော့ဂါတွေတင်ထားတဲ့ဖိုင်တွေကို တစ်ခါလေ့လာကြည်.မယ်ဆိုရင်..သာမန်ဖိုင်တွေကို short link နဲ.ချိတ်ထားလေ့ရှိပြီးအဖိုးတန် နံမည်ကြီး အသုံးများတဲ့ဆော့ဝဲလ် တွေ ဖိုင်တွေမျိုးဆိုရင်တော့ Survery တွေခံထားပြီး ငွေရပေါက်ကြီးကြီးကြံထားကြတာကိုတွေ.ရပါလိမ့်မယ်...
ဒါကြောင့်ဖြစ်နိုင်ရင်မြန်မာဘလော့ဂါတွေရဲ့ short link လေးလောက်ကိုတော့မကျော်စေချင်ပါဘူး 
ကျွန်တော်ဆိုရင် ဘယ်နိုင်ငံက ဘလော့ထဲကို ပဲ ၀င်ဝင်..တကယ်နှစ်သက်တဲ့ဆော့ဝဲလ်ကို အမှန်အကန်လည်း တင်ပေးထားတယ် Full Version လည်းပေးထားတယ်ဆိုရင် အဲ့ဒီဆော့ဝဲလ်ကိုစမ်းသုံးကြည်.ပြီးတာနဲ.အဲ့ဒီဘလော့ဂါ ချိတ်ထားတဲ့ short link ကိုစိတ်ကူးပေါက်တိုင်းသွားသွားပြီးကလစ်ပေးလေ့ရှိပါတယ်..
ဒါက..ဆော့ဝဲလ်တင်ပေးတဲ့ဘလော့ဂါကိုကျွန်တော်တက်နိုင်သလောက်ပြန်ပြီးကျေးဇူးဆပ်တဲ့သဘောလို. ကျွန်တော်ခံယူထားလို.ပါ...
အဲ့...short link ကို နှစ်ဆင့်သုံးဆင့်ခံထားတာတွေ.ရင်တော့အောက်မှာပြောတဲ့နည်းနဲ.ပဲ သိနိုင်ပြီး အဲ့ဒီနည်းနဲ.ပဲကျော်သွားပါတယ်

မြန်မာဘလော့ဂါတွေဟာ အခုမှသူတို.ရေးတဲ့ပို.စ်တွေအပေါ် ငွေပြန်ရအောင်ကြိုးစားခွင့်လေးစရတာပါ
ဒါ့ကြောင့်...တက်နိုင်သလောက် အင်တာနက်အသုံးပြုခလေးပဲ ဖာဖာ ဆိုပြီးလုပ်ခွင့်ရတဲ့သူတွေလုပ်ကြတာဖြစ်ပါတယ်

ကျွန်တော်လည်း visa ကဒ်ဝယ်ဖို.အခြေအနေမပေးသေးလို.short link ချိတ်ပြီး ငွေမရှာသေးတာပါ...
ကျွန်တော်က ကျွန်တော်တို.မြို.မှာရှိတဲ့မိဘမဲ့ ကလေးတွေကိုစာသင်ပေးတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာတက်နိုင်သလောက် လုပ်အားဒါန ငွေဒါန ပြုနေတဲ့ကိုယ်ပိုင်ကျောင်းဆရာတစ်ယောက်ဖြစ်ပါတယ်..
ကျွန်တော်ဒီဘလော့လေးကို ရေးဖြစ်တဲ့ရည်ရွယ်ချက်ကလည်းနောက်ပိုင်း ဘလော့ရေးပြီးငွေရှာနိုင်တဲ့အချိန်ရောက်ရင် အဲ့ဒီဘလော့က၀င်တဲ့ငွေကို မိဘမဲ့ကလေးတွေရဲ့ ပညာရေးမှာ  ထောက်ပံ့သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ.ရေးနေတာဖြစ်ပါတယ်...
ကျွန်တော့အကြောင်းကိုသိတဲ့ထိုင်းနဲ.စင်္ကာပူက ကျွန်တော့သူငယ်ချင်းဟောင်းတွေဆို ကျွန်တော့ဆီ လစဉ်နီးပါးငွေလှမ်းပို.ပြီးလှူနေကြတာတွေရှိပါတယ်...
ဒါပေမဲ့ကျွန်တော်မတင်းတိမ်သေးပါဘူး...ကျွန်တော့မျက်စိရှေ.မှာနေ.စဉ်မြင်တွေ.နေရတဲ့ မိဘမဲ့ကလေးတွေရဲ့ပညာရေးအထောက်အပံ့ကောင်းကောင်းရအောင် အားထုတ်နေတာဖြစ်ပါတယ်..

တစ်နေ.  ကျွန်တော် visa ကဒ်လေးရှိလာလို. Paypal သုံးနိုင်လာတဲ့အခါ ကျွန်တော် upload တင်တဲ့ဖိုင်မှန်သမျှကို short link ချိတ်ပြီးငွေရှာမှာဖြစ်ပါတယ်..အဲ့ဒီအခါ..ဒီပို.စ်လေးကို သတိပြန်ရမယ်ဆိုရင်..
သူငယ်ချင်းအယောက်တစ်ထောင်ရဲ့ ကလစ်အချက်ပေါင်းတစ်ထောင်ဟာ မိဘမဲ့ကလေး ၁၀ ယောက်ကိုထမင်း တစ်နှပ်ကျွေးလိုက်သလိုကုသိုလ်ရမယ်ဆိုတာပြန်တွေးပေးစေချင်ပါတယ်..

ကဲ့...မေးထားတာကိုဖြေပေးပါ့မယ်...

ကျွန်တော်တို.ဟာဘလော့ဂါ တင်ပေးထားတဲ့ဖိုင်တစ်ခုဒေါင်းဖို.သူချိတ်ထားတဲ့ short link ကိုနှိပ်မယ်ပေါ့..
ဥပမာ.....adf.fly ပေါ့ဗျာ....
5 sec စောင့်ပြီး ညာဘက်အပေါ်ဒေါင့်မှာ skip add ဆိုတာလေးပေါ်လာမယ်..
အဲ့ဒါကိုအချက်တစ်ထောင်နှိပ်ရင် ၇ ဒေါ်လာတို. အချက်တစ်သောင်းနှိပ်ရင် ၅ ဒေါ်လာတို.အမျိုးမျိုးရကြတာဖြစ်ပါတယ် 
အဲ့ဒီတော့...အဲ့ဒီကလစ်ကို မနှိပ်ချင်ရင် အဲ့ဒီ skip add ရဲ့အပေါ်မှာ Right Click လေးနှိပ်လိုက်ပါ ကျလာတဲ့ Contect menu ထဲက copy link location ဆိုတာလေး ကိုနှိပ်ပေးပြီးအဲ့ဒါကိုပိတ်လိုက်လို.ရပါပြီ



ပြီးရင် Browser ရဲ့ Address bar မှာ Paste လုပ်လိုက်ရင်သက်ဆိုင်ရာဖိုင်ရဲ့ တိုက်ရိုက်လင့်လေးကျလာမှာဖြစ်ပြီး Enter နှိပ်ချင်နှိပ် Go နှိပ်ချင်နှိပ်..အဲ့ဒီဖိုင်ရှိတဲ့ဆီကို ရောက်သွားပါလိမ့်မယ်...

ကဲ့....အမေးရှိလို. ဖြေပြီးပြီ
Short link တစ်ခုတွေ.တိုင်း ကျွန်တော်အပေါ်ကပြောခဲတာလေးတွေကိုပြန်သတိရပေးပါလို. 

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ခင်းအားလုံးကို လေးစားခင်မင်လျှက်

Operating System ဆိုတာဘာလဲ ?

Operating System(or) OS ဆိုတာ Software Program တစ်ခုဖြစ်ပြီး Hardware တွေတစ်ခုနဲ.တစ်ခု ဆက်သွယ်ပေးပြီး ၄င်းHardware နဲ. Software တွေကိုချိတ်ဆက်ပေးခြင်း၊စီမံပေးခြင်း တို.ကိုလုပ်ဆောင်ပါတယ်။OS မရှိပဲ Computer နှင့် Sofrware တွေကိုအသုံးပြုလို.မရနိုင်ပါဘူး။OS ဆိုတာဥပမာအားဖြင့် လူကြိုက်အများဆုံးဖြစ်ခဲ့တဲ့
Microsoft Window XP ပဲဖြစ်ပါတယ်.....

Operating System အမျိုးအစား
1.GUI Operating System-System 7.x
Window 98
Window CE
2.Multi-user Operating Systim-Linux
Unix
Windows 2000
3.Multiptocessing Operating System-Linux
Unix
Windows 2000
4.Multitasking Operating System-Unix
Windows 2000
5.Multithereading Operaring System-Linux
unix
Windows 2000

List of Operaring System 
-Linux and Variants
-Mac OS
-IBM OS/2Warp
-Unix and Variants
-Windows CE
-Windows 3.x
-Windows 95
-Windows 98
-Windows 98 SE
-Windows ME
-Windows NT
-Windows 2000
-Windows XP
-Windows Vista
-Windows 7
-Windows 8

ကျွန်မရဲ့ မှတ်စုလေးထဲက ပြန်ပြီး မျှဝေခြင်းပါ.....

Credit to - မိုးစံပါယ်




Monday, August 5, 2013

အသုံးမပြုချင်တဲ့ facebook account ကိုသံယောဇဉ်လဲမပြတ်ဘူးဆိုရင်

ကျွန်တော်ဒီနေ.တင်ဆက်ပေးမဲ့အကြောင်းအရာကတော့ အသုံးမပြုချင်တဲ့ဖေ့ဘုတ်အကောင့်တွေ သံယောဇဉ်လဲမပြတ်ဘူးဆိုရင် တစ်ချိန်မှာပြန်သုံးချင်ရင်
လုံခြုံမှုလဲရှိစေချင်တယ်ဆိုရင် ဘာလုပ်ထားသင့်လဲဆိုတာပြောပြပါမယ် အရင်ဆုံး ကိုယ့် facebook ရဲ့ account settings ကိုသွားပါ account settings ထဲက security ထဲမှာ ဘယ်ဘက်အောက်နားလေးမှာ Deactivate your account ဆိုတာကိုဝင်ပါ။ပြီးရင် Reason for leaving (Required): မှာ ရွေးစရာအများကြီးပေးထားပါတယ် အဲ့ဒီထဲကမှ ကျွန်တော်တို.က i have another facebook account ဆိုတာကို ရွေးပေးပါမယ် တခြားဟာတွေရွေးမယ်ဆိုရင် ဆက်ရှင်းနေရ အုံးမယ် :P ပြီးရင်တော့ confirm နှိပ်ပေးလိုက်ပါ င်္ဒီနေရာမှာ password တစ်ခါတောင်းပါလိမ့်မယ် သင့်အကောင့်ကိုဝင်ခဲ့တဲ့ password ကိုပေးရမှာဖြစ်ပါတယ် ပြီင်္းသွားရင်တော့ deactivate now ကိုနှိပ်ပါ ပြီးသွားရင် security check အနေနဲ. သူပေးထားတဲ့စာလုံးလေးကိုမှန်အောင်ရိုက်ပြီး submit လုပ်ပေးလိုက်ပါ အကောင့်ပါ auto logout ဖြစ်သွားပြီး deactivate လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်။ဒီနေရာမှာ သတိထားရမှာက password ကိုမှတ်ထားရမှာဖြစ်ပါတယ် password အမှန်မထည်.မချင်း activate ပြန်လုပ်လို.မရတော့ပါဘူး user name ,password အမှန်နဲ.ပြန်ဝင်မယ်ဆိုရင် သင့်အကောင့်ဟာပုံမှန်အတိုင်းဆက်လက်လည်ပတ်နေမှာဖြစ်ပါတယ်။ ကျွန်တော်အခုတင်ဆက်ခဲ့တဲ့အကြောင်းအရာတွေကိုမရှင်းလင်းဘူးဆိုရင် အောက်က video ဖိုင်လေးမှာတစ်ချက်လေ့လာနိုင်ပါတယ် ကျွန်တော့အသံ မကောင်းတဲ့အတွက် စကားပြော ထည်.မပေးတာနားလည်ပေးကြပါ အားလုံးပဲအဆင်ပြေပါစေ။


Sunday, August 4, 2013

How to create free mediafire account

ကျွန်တော်ဒီနေ.တင်ဆက်ပေးမဲ့ အကြောင်းအရာကတော့ mediafire အကောင့်ဘယ်လိုဖွင့်မလဲ
ဆိုတာပါ ဒါကတော့လုပ်တက်တဲ့လူတိုင်းအတွက် ထမင်းစားရေသောက်လောက်တောင်မခက်ပါဘူး မလုပ်တက်သေးတဲ့ အခုမှစပြီးလုပ်ကြမဲ့ဝါသနာရှင်များအတွက်ကတော့ အောက်က video ဖိုင်လေးကိုလေ့လာပြီး လုပ်တက်ကြလိမ့်မယ်လို.လဲမျှော်လင့်ပါတယ် လိုင်းမကောင်းတဲ့ကြားကနေ လုပ်ပေးတာဖြစ်တဲ့အတွက် က တစ်ကြောင်း ဒီ video ဖိုင်လေးက ကျွန်တော့ရဲ့ ပထမဆုံးစလုပ်တဲ့ video ဖိုင်လေးဖြစ်တာမို. အဆင်မပြေမှုများ လိုအပ်ချက်များရှိခဲ့ပါက လဲ စိတ်မဆိုးကြဖို.တောင်းပန်ပါတယ်  :)


Maxthon Cloud Browser

ဒီနေ.တင်ပေးချင်တာကတော့ မိမိတို.ကွန်ပြူတာလေးမှာဘာဘလောက်ဇာသုံးရမှန်းမသိတဲ့အကိုအမများအတွက် တကယ်ကောင်းတဲ့
maxthon browser လေးပေးချင်ပါတယ် သုံးရတာတော်တော်လေးသွက်ပါတယ် သူ.မှာပါတယ်အပြင်အဆင်လေးကလဲ တကယ်ကောင်းပါတယ် သုံးကြည်.လိုက်ရင်ကြိုက်သွားမှာပါလိုချင်တယ်ဆိုရင်အောက်မှာဒေါင်းယူနိုင်ပါတယ် မူရင်းလင့်လေးပါတွဲတင်ပေးထားတဲ့အတွက် အားလုံးကျေနပ်မယ်တော့မျှော်လင့်ပါတယ်

rar ဖိုင်လေးကိုဒီမှာဒေါင်းမယ်
ဒီမှာမူရင်းလင့်လေးပါ

Saturday, August 3, 2013

တရုတ်တန်းကောင်းခန်.၏ android.apk

ဒီရက်ပိုင်း ဒီဘလော့လေးစလုပ်တာ လိုင်းကသိပ်မကောင်းတော့သိပ်ကြီးကြီးမားမားတွေမတင်ပေးနိုင်တာခွင့်လွှတ်ကြပါလို.တောင်းပန်ပါတယ် ဒီဘလော့လေးက မိမိတို.နဲ.ကိုက်ညီတယ် စိတ်တိုင်းကျတယ်ဆိုရင် အမြဲတမ်းအားပေးနိုင်အောင် ဖုန်း apk လေးလုပ်ပေးထားပါတယ် အင်တာနက်ရှိရုံနဲ. တရုတ်တန်းကောင်းခန်. ဆိုဒ်လေးအားလေ့လာနိုင်မှာဖြစ်ပါတယ်စိတ်ဝင်စားလို.ပဲဖြစ်ဖြစ် မရှိသုံးလေးပဲဖြစ်ဖြစ်ဆောင်ထားချင်ရင်အောက်မှာဒေါင်းထားလိုက်ပါ


တရုတ်တန်းကောင်းခန်.android.apk အားဒေါင်းရန်

kaspersky mobile security


kaspersky ဆို မြင်တာနဲ.သိကြမယ်လို.ထင်ပါတယ်
ဒါလေးကတော့ full version လေးပါ။အကိုတစ်ယောက်ပေးထားတာ ကြာတော့ကြာပါပြီ  သူ.ကိုဖုန်းထဲမှာ အရင်ဆုံး install လုပ်လိုက်ပါ
ပြီးရင် ativate လုပ်ပေးလိုက်ပါ အသေးစိတ်တော့မရှင်းပြတော့ဘူးနော်လုပ်တက်မှာပါ secret code ကိုတော့ပေးချင်တာပေးလို.ရပါတယ် လိုချင်တယ်ဆိုရင်အောက်မှာဒေါင်းယူနိုင်ပါတယ်

kasper mobile security ဒေါင်းရန်

ဖုန်းနဲ့ကွန်ပြူတာကိုထိန်းချုပ်ကြမယ်

ဒါလေးကတော့ android ဖုန်းပေါ်ကနေကွန်ပြူတာ Team Viewer သုံးပြီးထိန်းချုပ် မှာဖြစ်ပါတယ်။
အရင်ဆုံးအောက်မှာပေးထားတဲ့ rar ဖိုင်လေးဒေါင်းလိုက်ပါ ဒေါင်းလို.ပြီးသွားရင် အထဲမှာပါလာတဲ့ exe ဖိုင်လေးကိုကွန်ပြူတာမှာ install လုပ် ပါ apk ဖိုင်လေးကိုတော့ android ဖုန်းထဲကို install လုပ်ပါ။
ပြီးသွားရင်တော့ အောက်က video ဖိုင်လေးမှာ လုပ်နည်းလေးရှင်းပြပေးထားပါတယ် ဒီ video ဖိုင်လေးအားကူညီပေးသော ကိုကြီးဇာနည်ကိုလဲ အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျား...

Team Viewer.rar  ဒီမှာဒေါင်းပါ
                                                                                       

Thursday, August 1, 2013

Mobile Care


Android ဖုန်းကိုင်တဲ့အကို၊အမ များအတွက်အသုံးဝင်မဲ့ mobile care apk လေးပေးချင်ပါတယ် ဖုန်းနဲ.ပက်သက်ပြီးသုံးတက်သလိုအသုံးဝင်မဲ့ apk လေးပါလိုချင်တယ်ဆိုအောက်မှာဒေါင်းနိုင်ပါတယ် 
ကျွန်တော်လေ့လာမိသလောက်တော့

call black list
battery saver
app lock
game speed
task killer
တို.ပြုလုပ်နိုင်ပါတယ်။

Phishing ဟုတ်မဟုတ်စစ်ဆေးနည်း

phishing ဆိုတာဘာလဲ
   
phishing ဆိုတာဖေ့ဘုတ်အကောင်တွေကို hack လုပ်တာပါ login ၀င်မိရင်အကောင့်ပါသွားနိုင်သလို ပျက်သွားနိုင်ပါတယ် ကဲ့ပုံလေးမှာတစ်ချက်ကြည်.ပြီးလေ့လာကြည်.ပါ 


ဒါက facebook login ၀င်တဲ့စာမျက်နှာအစစ်ပါ
  




ဒါက phishing ပါအပေါ်က URL မှာကြည်.နိုင်ပါတယ်
 Link တွေ.တိုင်းမနှိပ်ကြဖို.လဲ သတိပေးလိုက်ပါရစေ

Download ဆွဲနည်းဒီမှာဖတ်ပေးပါ




                                                           Adf.ly
 Download လင့်တွေကို Adf.ly လေးနဲ့ခံထားတာကိုတော့အတော်များများသိပါတယ် SKIP နှိပ်ရတာလေးပါ

ဥပမာ http://adf.ly/someone လင့်မျိုးပေါ့အဲဒါဆိုရင် adf.ly ဆိုဒ်လေးပေါ်လာပါမယ် အဲဒီမှာ 
5 second လောက်စောင့်ပေးရမယ်


                               ပြီးမှအောက်ကပုံလေးလို SKIP  AD  ဆိုတာလေး ပေါ်လာရင်နှိပ်ပေးရုံပါပဲ

SKIP AD ကိုနှိပ်ပေးရုံနဲ. သူ.အလိုလိုdownloadmanager ပေါ်လာပါမယ်ဘာမှထပ်နှိပ်စရာမလိုတော့ပါဘူး
 တစ်ချို.လင့်တွေမှာ downloadmanager မပေါ်လာပါက download button ကို နှိပ်ပေးပါ...အဆင်ပြေပါစေဗျာ.................
ဒါက ADF.LY ကျော်နည်းလေးပါ။
Adfoc.us လည်းဒီအတိုင်းပါဘဲ... 6 စက္ကန့်စောင့်ပြီး SKIP နှိပ်လိုက်တာနဲ့ ဒေါင်းရမယ့်နေရာကို ရောက်ပါလိမ့်မယ်.. SKIP မပေါ်ဘူးဆိုရင် ထပ်မံပြီး Loading ပြန်လုပ်ပါပေါ်လာပါလိမ့်မယ်။

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ