ဒါလေးကိုရေးဖို.တော်တော်လေး အလေးအနက်ထားစဉ်းစားပြီးမှတင်ပေးခဲ့တာပါ အရင်ဆုံးပြောချင်တာကတော့အချိန်လေးပေးပြီးသေချာလေးဖတ်ပြီးမှ ဘာလုပ်သင့်တယ်ဆိုတာဆုံးဖြတ်စေချင်ပါတယ်
ဒီပို.စ်လေးကို အိုင်တီမုဆိုး ဆိုဒ်မှတဆင့်ကူးယူဖေါ်ပြလိုက်ချင်းဖြစ်ပါတယ်
mail ထဲကို ၁၃ ယောက်လောက်စာပို.ပြီးမေးထားတာမို. ဖြေပေးလိုက်ပါတယ်
ဒါပေမဲ့...နည်းပညာတစ်ခုအဖြစ်သာ ဖြေဆိုပေးထားတာဖြစ်ပြီးဒီပို့စ်လေးကိုဆုံးအောင်ဖတ်ပြီးမှ အခုနည်းကိုသုံးသင့်မသုံးသင့်ဆုံးဖြတ်စေချင်ပါတယ်...
မေးထားတဲ့စာတွေအားလုံးရဲ့အနှစ်ချုပ်က.....
အခုနောက်ပိုင်းမှာဘလော့အချို.ကသူတို.တင်ပေးထားတဲ့ဖိုင်တွေကို တိုက်ရိုက်လင့်မပေးပဲ adfly လို short link တွေနဲ.တစ်ဆင့်ခံပြီးပေးလာတာကြောင့် Download ဆွဲတဲ့အခါမှာ အချိန်ကြန်.ကြာတာမျိုး စိတ်အနှောက်အယှက် ဖြစ်ရတာမျိုးတွေရှိလာတာကြောင့် အဲ့ဒီ short link ကိုကျော်နည်းလေးရှိရင်ပြောပြပေးဖို.ပါ...
ဟုတ်ကဲ့..နည်းလမ်းက လွယ်လွယ်လေးမှ တကယ်ကိုလွယ်လွယ်လေးပါ အဲ့ဒီနည်းမပြောပြခင် အရင်ဆုံး ကျွန်တော်လျှာနည်းနည်းရှည်ပါရစေ..
ဘလော့ဂါတွေအားလုံးထဲမှာမြန်မာနိုင်ငံ က ဘလော့ဂါတွေဟာ တော်တော်ကြီးကို ပင်ပန်းဆင်းရဲခံပြီး ဘလော့ဂါ ဘ၀ကိုဖြတ်သန်းနေရတယ်ဆိုတာ ဘလော့ဂါ အချင်းချင်းပဲသိပါတယ်..
မြန်မာဘလော့ဂါတစ်ယောက်မှာကြုံတွေ.ရတဲ့အခက်အခဲတွေအများကြီးပါ..
အဲ့ဒါကိုနားလည်လွယ်တဲ့အချက်တစ်ချက်တည်းကိုပြောပြပါရစေ
အဲ့ဒါကတော့ အင်တာနက်ကွန်နရှင်နှေးကွေးမှုပါ
ဒါကတော့မြန်မာနိုင်ငံသားအားလုံးလက်ခံမှာပါ...
နိုင်ငံခြားဘလော့ဂါတွေကဖိုင်တွေကို Upload တင်တဲ့အခါမှာ အနည်းဆုံးအသုံးပြုရတဲ့နိုင်ငံက upload speed ဟာ100kb/sec နှုန်းရှိပါတယ်...
ကျွန်တော်တို.နိုင်ငံရဲ့အများဆုံး upload speed ဟာကျွန်တော်အသုံးပြုဖူးသလောက်ဆိုရင်50kb/secဖြစ်ပါတယ်...ဒါတောင် ဟိုတယ် ကြီးတစ်ခုမှာတစ်ခါပဲသုံးဖူးတာပါ
ကျွန်တော်နေတဲ့မြို.မှာတော့အများဆုံး upload speed ဟာ 8kb/sec ပဲဖြစ်ပါတယ်...
အဲ့ဒီနှုန်းဟာတစ်လမှာနှစ်ရက်သုံးရက်လောက်ပဲကြုံခွင့်ရတာဖြစ်ပြီးတစ်ရက်လုံးမှာလည်း သုံးနာရီဝန်းကျင်ပဲအဲ့ဒီလိုရဖြစ်ပြီး..ကျန်တဲ့အချိန်တွေနဲ.ကျန်တဲ့ရက်တွေမှာတော့ပုံမှန်အားဖြင့် 3kb/sec နှုန်းနဲ.ပဲဖိုင်တွေကို upload တင်နေရတာပါ..
အဲ့ဒီတော့ 10Mb ရှိတဲ့ဖိုင်တစ်ဖိုင်ကို နိုင်ငံခြားဘလော့ဂါတစ်ယောက်upload တင်မယ်ဆိုရင် ၄၀ စက္ကန့် ၀န်းကျင်ကြာမှာဖြစ်ပြီး အင်တာနက်အသုံးပြုခကိုမြန်မာနိုင်ငံနှုန်းနဲ.တွက်မယ်ဆိုရင် ၂ကျပ်နီးပါးကျပါတယ်..
အဲ့ဒီ 10Mb လောက်ဖိုင်ကိုကျွန်တော် upload တင်မယ်ဆိုရင် ၅၅ မိနစ်နဲ.အထက်ကြာမှာဖြစ်ပြီး အင်တာနက်အသုံးပြုခကတော့ ၁၁၀ ကျပ်နဲ.အထက်ကုန်ကျမှာဖြစ်ပါတယ်...
ဒါတောင်အဲ့ဒီဖိုင်ကို ရှာဖွေဖို.ကြာချိန် အဲ့ဒီဖိုင်ကို Download ယူတုန်းကကြာချိန်..
အဲ့ဒီဖိုင်အတွက် ပို.စ်ရေးတဲ့အခါကြာချိန်တွေကို ထည်.မတွက်ပြသေးပါဘူး...
ကဲ့ 10Mb လောက်ရှိတဲ့ဖိုင်လေးတစ်ဖိုင်အတွက်တောင် အဲ့ဒီလောက် ပေးဆပ်ရမှုတွေကွာဟပါတယ် နိုင်ငံခြားဘလော့ဂါတွေကဘလော့တွေရေးပြီးအဆင်ပြေပြေ အသက်မွေးဝမ်းကျောင်းပြုတယ်...
ကျွန်တော်တို.မြန်မာဘလော့ဂါတွေကတော့အဆင်ပြေသလိုအသက်မွေးဝမ်းကျောင်းပြုရင်း ဘလော့ရေးပါတယ်
အဲ့....အခုတော့ Paypal သုံးခွင့်ရှိလာတဲ့ဘလော့တွေက သူတို.ရဲ့အင်တာနက်အသုံးပြုခလေး ကာမိအောင် သူတို. upload တင်ပေးထားတဲ့ဖိုင်လေးတွေကို Short link လေးတွေနဲ.ချိတ်ပြီး ငွေရှာဖို.ကြိုးစားလာပါပြီ
သူတို.ချိတ်ထားတဲ့ Short link လေးကိုတစ်ဆင့်ခံနှိပ်လိုက်လို.ကြန်.ကြာသွားတဲ့အချိန်အတွက်ကုန်ကျသွားမဲ့အင်တာနက်အသုံးပြုခနဲ. အဲ့ဒီဖိုင်ရဲ့တန်ဖိုး တင်ပေးထားတဲ့ဘလော့ဂါရဲ.ပေးဆပ်မှုတွေနှိုင်းယှဉ်ကြည်.ပါ...ကျွန်တော်တို.အဲ့ဒီShort link ကို ကလစ်တစ်ချက် ပေးသင့်မပေးသင့် အဖြေထွက်လာပါမယ်
နိုင်ငံခြားဘလော့ဂါတွေတင်ထားတဲ့ဖိုင်တွေကို တစ်ခါလေ့လာကြည်.မယ်ဆိုရင်..သာမန်ဖိုင်တွေကို short link နဲ.ချိတ်ထားလေ့ရှိပြီးအဖိုးတန် နံမည်ကြီး အသုံးများတဲ့ဆော့ဝဲလ် တွေ ဖိုင်တွေမျိုးဆိုရင်တော့ Survery တွေခံထားပြီး ငွေရပေါက်ကြီးကြီးကြံထားကြတာကိုတွေ.ရပါလိမ့်မယ်...
ဒါကြောင့်ဖြစ်နိုင်ရင်မြန်မာဘလော့ဂါတွေရဲ့ short link လေးလောက်ကိုတော့မကျော်စေချင်ပါဘူး
ကျွန်တော်ဆိုရင် ဘယ်နိုင်ငံက ဘလော့ထဲကို ပဲ ၀င်ဝင်..တကယ်နှစ်သက်တဲ့ဆော့ဝဲလ်ကို အမှန်အကန်လည်း တင်ပေးထားတယ် Full Version လည်းပေးထားတယ်ဆိုရင် အဲ့ဒီဆော့ဝဲလ်ကိုစမ်းသုံးကြည်.ပြီးတာနဲ.အဲ့ဒီဘလော့ဂါ ချိတ်ထားတဲ့ short link ကိုစိတ်ကူးပေါက်တိုင်းသွားသွားပြီးကလစ်ပေးလေ့ရှိပါတယ်..
ဒါက..ဆော့ဝဲလ်တင်ပေးတဲ့ဘလော့ဂါကိုကျွန်တော်တက်နိုင်သလောက်ပြန်ပြီးကျေးဇူးဆပ်တဲ့သဘောလို. ကျွန်တော်ခံယူထားလို.ပါ...
အဲ့...short link ကို နှစ်ဆင့်သုံးဆင့်ခံထားတာတွေ.ရင်တော့အောက်မှာပြောတဲ့နည်းနဲ.ပဲ သိနိုင်ပြီး အဲ့ဒီနည်းနဲ.ပဲကျော်သွားပါတယ်
မြန်မာဘလော့ဂါတွေဟာ အခုမှသူတို.ရေးတဲ့ပို.စ်တွေအပေါ် ငွေပြန်ရအောင်ကြိုးစားခွင့်လေးစရတာပါ
ဒါ့ကြောင့်...တက်နိုင်သလောက် အင်တာနက်အသုံးပြုခလေးပဲ ဖာဖာ ဆိုပြီးလုပ်ခွင့်ရတဲ့သူတွေလုပ်ကြတာဖြစ်ပါတယ်
ကျွန်တော်လည်း visa ကဒ်ဝယ်ဖို.အခြေအနေမပေးသေးလို.short link ချိတ်ပြီး ငွေမရှာသေးတာပါ...
ကျွန်တော်က ကျွန်တော်တို.မြို.မှာရှိတဲ့မိဘမဲ့ ကလေးတွေကိုစာသင်ပေးတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာတက်နိုင်သလောက် လုပ်အားဒါန ငွေဒါန ပြုနေတဲ့ကိုယ်ပိုင်ကျောင်းဆရာတစ်ယောက်ဖြစ်ပါတယ်..
ကျွန်တော်ဒီဘလော့လေးကို ရေးဖြစ်တဲ့ရည်ရွယ်ချက်ကလည်းနောက်ပိုင်း ဘလော့ရေးပြီးငွေရှာနိုင်တဲ့အချိန်ရောက်ရင် အဲ့ဒီဘလော့က၀င်တဲ့ငွေကို မိဘမဲ့ကလေးတွေရဲ့ ပညာရေးမှာ ထောက်ပံ့သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ.ရေးနေတာဖြစ်ပါတယ်...
ကျွန်တော့အကြောင်းကိုသိတဲ့ထိုင်းနဲ.စင်္ကာပူက ကျွန်တော့သူငယ်ချင်းဟောင်းတွေဆို ကျွန်တော့ဆီ လစဉ်နီးပါးငွေလှမ်းပို.ပြီးလှူနေကြတာတွေရှိပါတယ်...
ဒါပေမဲ့ကျွန်တော်မတင်းတိမ်သေးပါဘူး...ကျွန်တော့မျက်စိရှေ.မှာနေ.စဉ်မြင်တွေ.နေရတဲ့ မိဘမဲ့ကလေးတွေရဲ့ပညာရေးအထောက်အပံ့ကောင်းကောင်းရအောင် အားထုတ်နေတာဖြစ်ပါတယ်..
တစ်နေ. ကျွန်တော် visa ကဒ်လေးရှိလာလို. Paypal သုံးနိုင်လာတဲ့အခါ ကျွန်တော် upload တင်တဲ့ဖိုင်မှန်သမျှကို short link ချိတ်ပြီးငွေရှာမှာဖြစ်ပါတယ်..အဲ့ဒီအခါ..ဒီပို.စ်လေးကို သတိပြန်ရမယ်ဆိုရင်..
သူငယ်ချင်းအယောက်တစ်ထောင်ရဲ့ ကလစ်အချက်ပေါင်းတစ်ထောင်ဟာ မိဘမဲ့ကလေး ၁၀ ယောက်ကိုထမင်း တစ်နှပ်ကျွေးလိုက်သလိုကုသိုလ်ရမယ်ဆိုတာပြန်တွေးပေးစေချင်ပါတယ်..
ကဲ့...မေးထားတာကိုဖြေပေးပါ့မယ်...
ကျွန်တော်တို.ဟာဘလော့ဂါ တင်ပေးထားတဲ့ဖိုင်တစ်ခုဒေါင်းဖို.သူချိတ်ထားတဲ့ short link ကိုနှိပ်မယ်ပေါ့..
ဥပမာ.....adf.fly ပေါ့ဗျာ....
5 sec စောင့်ပြီး ညာဘက်အပေါ်ဒေါင့်မှာ skip add ဆိုတာလေးပေါ်လာမယ်..
အဲ့ဒါကိုအချက်တစ်ထောင်နှိပ်ရင် ၇ ဒေါ်လာတို. အချက်တစ်သောင်းနှိပ်ရင် ၅ ဒေါ်လာတို.အမျိုးမျိုးရကြတာဖြစ်ပါတယ်
အဲ့ဒီတော့...အဲ့ဒီကလစ်ကို မနှိပ်ချင်ရင် အဲ့ဒီ skip add ရဲ့အပေါ်မှာ Right Click လေးနှိပ်လိုက်ပါ ကျလာတဲ့ Contect menu ထဲက copy link location ဆိုတာလေး ကိုနှိပ်ပေးပြီးအဲ့ဒါကိုပိတ်လိုက်လို.ရပါပြီ
ပြီးရင် Browser ရဲ့ Address bar မှာ Paste လုပ်လိုက်ရင်သက်ဆိုင်ရာဖိုင်ရဲ့ တိုက်ရိုက်လင့်လေးကျလာမှာဖြစ်ပြီး Enter နှိပ်ချင်နှိပ် Go နှိပ်ချင်နှိပ်..အဲ့ဒီဖိုင်ရှိတဲ့ဆီကို ရောက်သွားပါလိမ့်မယ်...
ကဲ့....အမေးရှိလို. ဖြေပြီးပြီ
Short link တစ်ခုတွေ.တိုင်း ကျွန်တော်အပေါ်ကပြောခဲတာလေးတွေကိုပြန်သတိရပေးပါလို.
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ခင်းအားလုံးကို လေးစားခင်မင်လျှက်
0 comments:
Post a Comment