ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။
Wednesday, October 16, 2013
Adobe Acrobat XI Pro ( Full Version )
PDF ဖိုင်တွေကိုဖန်တီးမယ်။
ဒါမှမဟုတ်မိမိကြိုက်ရာပုံစံကိုပြန်ပြောင်းယူမယ်။
ပြီးတော့ PDF တွေကို Word or Excel ကိုပြောင်းမယ်။
တကယ့်ကိုနည်းပညာသမားတွေအတွက်အသုံးဝင်ပြီး
စိတ်ချလွယ်ကူတဲ့ဆော့ဝဲပါ
နောက်ဆုံးထွက်ဗားရှင်းပါ
ဒေါ်လာ ၅၀၀ လောက်တန်ပါတယ်
လောလောဆယ်ဟက်လိုက်ပါပြီ
အင်စတောလုပ်နည်းအသေးစိတ်ကတော့...
၁။ trial Version ကိုဒီကနေဒေါင်းပါ
http://www.adobe.com/products/acrobatpro.html
ကျနော်ဒေါင်းပြီးသားကိုပြန်တင်ပြီးပါပြီ
ဒီမှာဒေါင်းပါ
၂။သင့်မှာ Adobe Account တခုတော့လုပ်ရပါမယ်။
Sign in လုပ်ဖို့လိုလို့ပါ။
၃။crack file ကို  ဒီမှာ  ဒေါင်းပါ။
၎။အရင်ဆုံးဒေါင်းထားတဲ့ Adobe Acrobat XI Pro ကို
Trial အနေနဲ့အင်စတောလုပ်ပါ။ ပြီးလျှင် Run ပါ။
မိမိ၏ Adobe Account နဲ့ Trail 30 days သုံးရန်
Activate လုပ်ပါ။ခရက်ထဲ့ရန် Exit လုပ်ပေးပါ။
၅။ပြီးလျှင်ကျနော်တင်ပေးထားသောခရက်ဖိုင်ကို
program file>>adobe>> adobe11.0 >> acrobat
မှာပေ့စ်လုပ်ပေးပါ။ရီစတတ်ချပေးပါ။
အောင်မြင်စွာဖြင့်သင်ဟာ
Adobe Acrobat XI Pro ( Full Version )
ကိုပိုင်ဆိုင်ပါပြီ။
အဆင်ပြေကြပါစေဗျား...
Credit & Post by ဦးအောင်သန်းဦး
Tuesday, October 15, 2013
အချက် ၉ ချက်နဲ့ သင့်ဖေ့ဘုတ်ကိုလုံခြုံအောင်လုပ်ကြမယ်
(9 Ways To Keep Hackers off Your Facebook Account)
မင်္ဂလာပါဗျာ ဒီနေ.စာအုပ်လေးတစ်အုပ်တင်ပေးချင်ပါတယ် facebook user တိုင်းဖတ်ထားသင့်တဲ့စာအုပ်လေးပါ မိမိတို.အကောင့်လုံခြုံရေးသည်မိမိနဲ.ပဲသက်ဆိုင်တဲ့အတွက် လေ့လာကြည်.စေချင်ပါတယ် ဒါလေးကိုတော့ ကျွန်တော့ရဲ.ဦးလေးဆရာ ဦးအောင်သန်းဦးဆီက ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် ပထမ အချက်ကို လေ့လာပြီး လိုအပ်မယ်ထင်ရင်တော့ဒေါင်းသွားလိုက်ပါကြည်.လိုက်ရအောင်ဗျာ..
1. Create Strong Password
Chances are,
you already have your password created for Facebook however it is advisable for you to make sure your Facebook password is one of a kind and different from your other online accounts e.g. email, blog, hosting etc.
သင့်မှာဖေ့ဘုတ်အတွက်ပတ်စပ်တခုကိုပေးထားပြီးသားဖြစ်နေပါမယ်။တကယ်တော့ဤပတ်စဝပ်ဟာအခြားသောအွန်းလိုင်းအကောင့်တွေမှာသုံးတာနဲ့မတူပါစေနဲ့။
To change your password, go to Account Settings > General > Password.The best passwords would have the combination of small and capital letters, numbers and symbols.
အကောင်းဆုံးသောပတ်စဝပ်ကတော့စာလုံးအကြီး၊အသေး၊နံပါတ်များနဲ့အမှတ်အသားတချို့ကိုပူးတွဲရေးသားထားခြင်းဖြစ်ပါတယ်။
Monday, October 14, 2013
Email အကောင့်တွေ ဟက်မခံရအောင် 2step နဲ.ကာထားကြမယ်
ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တာလေးက မိမိတို.အကောင့်တွေဟက်မခံရအောင် 2step Verificationလုပ်နည်းနဲ. google authenticator အသုံးပြုနည်း ပဲဖြစ်ပါတယ် ဒါကတော့လူတော်တော်များများလဲသိပြီးကြလိမ့်မယ်ထင်ပါတယ် သိပြီးသားလူတွေကတော့ကျော်သွားလိုက်ပေါ့နော်....အသေးစိတ်အချက်အလက်တွေကိုတော့ အောက်မှာရှင်းပြထားတာလေးကို သေချာလေးဖတ်ပေးပါ .... ဘာ့ကြောင့် 2step ကို အသုံးပြုကြလဲ ဆိုရင် မိမိဖုန်းလက်ထဲမှာမရှိရင် မိမိကိုယ်တိုင်တောင် အကောင့်ကို သုံးဖို.မဖြစ်နိုင်အောင်လုံခြုံမှုရှိပါတယ် ဒါဆိုရင် မိမိအကောင့် ဘယ်လောက်လုံခြုံမှုရှိသွားမလဲ ဆိုတာ ပြောပြနေစရာမလိုတော့ဘူးထင်ပါတယ် ကဲ့စလိုက်ကြရအောင်ဗျာ...
ပထမဆုံး https://accounts.google.com/ ကိုသွားပြီးသင့်အကောင့်ကိုဝင်ပါ။
ဘယ်ဘက်အခြမ်း (၆)ကြောင်းမြောက်က Security tab ကနေ 2-step verification မှ edit ကိုနှိပ်ပါ။
အကောင့် password ပြန်ရိုက်ခိုင်းရင်ထည့်ပေးပြီး see how it works ကိုနှိပ်ပြီး start setup ကိုနှိပ်ပါ။
ဒီအဆင့်မှာ phone no. ထည့်ပေးပြီး Text message(SMS) (or) Voice call   option နှစ်ခုမှာ Voice call ကိုရွေးပြီး send code နှိပ်ပါ။(မြန်မာနိုင်ငံမှာSMSကိုရွေးရင် မက်ဆေ့မပို.ပါဘူး)
သင့်ဖုန်းကို voice call ၀င်လာရင်သေချာမှတ်ပြီးရိုက်ထည့်ပေးပါ။
Next နှိပ်ပြီး confirm နှိပ်ပေးပါ။
What Is Google Authenticator
သင်တစ်ခြားကွန်ပြူတာကနေ သင့်အကောင့်ကို သုံးရမယ့်အခြေအနေမျိုး၊ သင့်ဖုန်းလိုင်းမမိတဲ့အခြေအနေမျိုး၊ Google server တွေအလုပ်များနေတဲ့အခြေအနေမျိုးမှာ Google verification code ကိုသင်မရရှိနိုင်တဲ့အတွက် သင့်အကောင့်ကိုသင်ဝင်လို့ မရနိုင်တော့ပါဘူး။မစိုးရိမ်ပါနဲ့ ။ Googel Authenticator ရှိပါတယ်။ Google Authenticator Application ကို Android Devices,Apple iphone,ipad,ipod touch , BlackBerry Devices တွေမှာသုံးလို့ ရပါတယ်။Google Authenticator Application ကို သင့်ဖုန်းမှာ install လုပ်ပြီးတာနဲ့ Google ကသင့်ဖုန်းကို code ပို့ ပေးမှာမဟုတ်တော့ပါဘူး။Google နဲ့ သင့်ဖုန်းအကြားမှာ ဘာ connection မှရှိစရာမလိုတော့ပါဘူး။ သင့်ဖုန်းက Google Authenticator Application ကို သုံးပြီး verify လုပ်လို့ ရပါပြီ။ Ios device တွေအတွက်တော့ play store ပါသော android ဖုန်းတွေအတွက်က ဒီမှာဒေါင်းပါ play store service မပါသောဖုန်းတွေအတွက်က ဒီမှာ ဒေါင်းယူနိုင်ပါတယ်..iso တွေအတွက်ကတော့ itune မှာရှာဒေါင်းနိုင်ပါတယ် 
Settingup Google Authenticator
2-step verification page ကိုသွားပြီး Mobile application မှာသင့် ဖုန်းအမျိုးအစားရွေးပေးပါ။ Barcode တစ်ခုကျလာပါလိမ့်မယ်။ သင့်ဖုန်းက google authenticator application ကို ဖွင့်ပြီး barcode ကို scan လုပ်ပါ။ Barcode scanner မရှိရင် download ဆွဲခိုင်းပါလိမ့်မယ်။ဆွဲပြီး scan လုပ်လိုက်ပါ။ သင့်ဖုန်းမှာ ကုတ်ကျလာရင်ကွန်ပြူတာမှာရိုက်ထည့်ပေးပြီး verify လုပ်ပြီး save လုပ်ပါ။ ဒါဆိုရင်သင့်ဖုန်းနဲ့  google နဲ့ ချိတ်မိသွားပါပြီ။ အဲဒီအတွက်သင် တစ်ခြားကွန်ပြူတာကနေသင့်အကောင့်ကို ၀င်တိုင်း သင့်ဖုန်းက google authenticator ကနေ ကုတ်ရိုက်ထည့်ရုံပါပဲ။ Google ကသင့်ဖုန်းကို verification code ပို့ စရာမလို တော့ပါဘူး။
How It Works?
Backup Codes
သင့်ဖုန်းလည်း သင့်အနားမှာမရှိတဲ့အချိန်ဆိုရင် Googel Authenticator လည်းသင်သုံးလို့ မရတော့ပါဘူး။ ဒီလို ဆိုရင် သင့်အကောင့်ကို ဘယ်လိုဝင်ရမလဲ? 2-step verification page မှာပဲ printable backup codesမှာShowbackupcodesကိုနှိပ်ပြီးကုတ်တွေကိုသိမ်းထားပြီးသင်ကြိုက်နှစ်သက်ရာကွန်ပြူတာမှာကြိုက်နှစ်သက်ရာ နေရာမှာအသုံးပြုနိုင်ပါတယ် ...............................................အားလုံးပဲအဆင်ပြေပါစေဗျာ
Credit to=>Windows,Internet,Browsers,Social Networks,Softwares
5 Best Free Web Hosting Service
အင်တာနက်မှာအကြောင်းအမျိုးမျိုးတွေကြောင့် Hosting လုပ်ဖို့လိုအပ်လာခဲ့ရင် ဒီ အလကားရတဲ့ hosting service တွေကိုရယူနိုင်ပါတယ်။ ဥပမာ Botnet တစ်ခုဖန်တီးမလား၊ pishing page
တစ်ခုဖန်တီးချင်လား။ ကြိုက်တာလုပ်ပေါ။ ပုံမှန်ဆို hosting အတွက် တစ်လကို $5 ကနေ $20 လောက်ကျသင့်မှာဖြစ်ပါတယ်။ အလကားရတယ်ဆိုပေမယ့် Newbie တွေအတွက်ကတော့
ဒီဟာတွေက အများကြီးအသုံးဝင်ပါလိမ့်မယ်။ ဒီကောင်တွေကလည်း php, FTP အစရှိတဲ့ Function တွေကိုကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်
1.My3GB Web Hosting
2007 ကတည်းက ဝန်ဆောင်မှုပေးနေတာပါ။ စစချင်း 3GB Space ရရှိမှာဖြစ်ပြီး တစ်လကို 30 GB Bandwigth ရရှိမှာဖြစ်ပါတယ်။ ပါဝင်တဲ့ Function တွေအနေနဲ့ MySQL Database, PHP Scripting,
နဲ့ 10 MB Maximum File Upload Size တွေပါ။ တကယ်လို့ ခင်ဗျားအနေနဲ့ upgrage လုပ်မယ်ဆိုရင်လည်း လုပ်နိုင်ပါတယ်။ သူလည်း FTP ကို Support လုပ်ပေးပါတယ်။ ကဲ အသုံးပြုမယ်ဆိုရင် http://www.my3gb.com/ မှာသွားပြီး Register လုပ်နိုင်ပါပြီ။
2. Drive HQ Web Hosting
ဒီကောင်ကလည်း ကျောင်းသားတွေအတွက် Credit Card တွေဘာတွေမလိုအပ်ဘဲ အလကား Register လုပ်နိုင်မှာဖြစ်ပါတယ် စစချင်းတော့ 1GB Space ကိုရရှိမှာဖြစ်ပါတယ်။ သူလည်း FTP,
PHP, HTML တွေကို ကောင်းကောင်း Support လုပ်ပေးပါတယ်။ အလကားရတာဆိုတော့ ဘာပြောပြောတန်ပါတယ်ဗျာ။ လိုချင်တယ်ဆိုရင် http://www.my3gb.com/http://www.drivehq.com/ မှာ Register လုပ်ပါ။
3. 110Mb Web Hosting
သူကတော့ နာမည်နဲ့လိုက်အောင်ပဲ 110MB Space ကိုပေးမှာပါ။ 110MB Space ကနည်းတယ်ဆိုပေမယ့် သူလည်း FTP, Free Domain စတာတွေကို Support လုပ်ပေးတဲ့အပြင် တစ်လကို
100 GB Bandwidth ပေးတယ်ဆိုတော့ မဆိုးဘူးပြောရမှပါပဲ။ သုံးမယ်ဆိုhttp://www.110mb.com/ ကိုသွားပါ။
4. 000WebHost
သူကတော့ စစချင်း 1.5GB space ပေးပါတယ်။ ဒီကောင်ကတော့ ကျွန်တော်လည်းစမ်းဖူးပါတယ်။ မဆိုးဘူးပြောရမှာပါပဲ။ Monthly Bandwidth ကတော့ 100GB ထိတောင်ပေးပါတယ်။
နောက်ထပ် features တွေအနေနဲ့ 5 Add-on Domains, 5 Sub Domain, 5 Email Addresses, 2 MySQL Database, 1 FTP Account, Server-side scripting အစရှသည်ဖြင့် စုံလင်ပါတယ်။
သုံးမယ်ဆိုရင် http://www.000webhost.com/ ကိုသွားလိုက်ပါ။
5. Zymic Web Hosting
ဒီကောင်ကိုတော့ ကျွန်တော်လည်း မသုံးဖူးပါဘူး။ ဒါပေမယ့် ကြည့်ရတာပိုမိုက်မလားမပြောတတ်ဘူး။ 5GB Free Disk Space တောင်ပေးပါတယ်။ တစ်လကို 50 GB Bandwidth တောင်ပေးပါသေးတယ်။
နောက်ထပ် features တွေကတော့ Free Domain Name,   SQL Buddy, Sub Domains, File Manager, FTP Access, cpanel တွေကိုကိုင်တွယ်ခွင့်ရမှာဖြစ်ပါတယ်။ လိပ်စာကတော့
http://www.zymic.com/ ပါ။
Free Hosting ပေးတဲ့အခြားဟာတွေလည်းအများကြီးရှိပါသေးတယ်။ ဥပမာ Edicy, Jimdo, uCoz, Lifeyo, Google Sites, Weebly, Yola and Webs စတာတွေပေါ့။ ဒါပေမယ့် အပေါ်က
5 ခုဟာ Beginner တွေအတွက် အကောင်းဆုံးဖြစ်မယ်ထင်တဲ့ဟာတွေပဲဖြစ်ပါတယ်.........
Credit to=>.::just for share::.
Sunday, October 13, 2013
Youtube Video Downloader for Android
Android
  • Android အသုံးပြုသူ သူငယ်များအတွက် အဆင်ပြေစေမယ့် Apps လေးဖြစ်ပါတယ်။ ဒီကောင်းလေးကက Youtube က ဗီဒီယိုတွေကို ကြည့်ရင် ကိုယ် သိမ်းထားချင်တဲ့ Video လေးတွေ ကို ဒေါင်းလော့ ဆွဲပြီး သိမ်းထားလို့ ရပါတယ်။ တခြားအလားတူ Apps လေးတော့ ရှိပါတယ်။ ဒီကောင်လေးလောက်တော့ အကြိုက် မတွေပါဘူး။ ဘာလို့လဲ ဆိုတော့ တခြား VDO Downloader တွေက Youtube ဗီဒီယိုတွေကို ရှာဖွေကြည့်ရှု ရာမှာ အပြည့်အဝ ရှာမပေးနိုင်တဲ့ အားနည်းချက်တွေ တွေ့ရပါတယ်။ ယ္ခု OG youtube လေးကတော့ Youtube Chanels အားလုံးမှာ ရှိတဲ့ VDO တွေကို ရှာဖွေကြည့်ရှု ဒေါင်းယူနိုင်တာကြောင့် အားလုံးအတွက်ပိုပြီး အဆင်ပြမယ်လို့ မျှော်လင့်ပါတယ်။ အရင်ကလဲ OG youtube ကိုတင်ပေးဖူးပါတယ် ..။ ဒီတစ်ခါတော့ ဗားရှင်း အသစ်လေး တွေ့တာကြောင့် မရှိသေးတဲ့ သူငယ်ချင်းတွေလဲ အသုံးပြုနိုင်အောင် ဗားရှင်း အသစ်ကို သုံးချင်သူများလဲ အသုံးပြုနိုင်အောင် အတွက် ထပ်တင်ပေးလိုက်ပါတယ်ခင်ဗျာ။
  • အခုတင်ပေးလိုက်တဲ့ဗားရှင်းလေးကတော့ 4.5.17 ဖြစ်ပါတယ်ခင်ဗျာ။ ဒေါင်းလော့ဖိုင်ဆိုဒ်ကတော့ 6.36MB ရှိပါတယ်။ zippyshare မှာ တင်ထားပေးပါတယ်ခင်ဗျာ။
  • အရင်ဆုံး OG Youtube ကို ဒေါင်းပီး မိမိ ဖုန်းမှာ Install လုပ်ပါ။ ဖုန်းမှာ OG youtube နှင့် OG Downloader ဆိုပြီး apps လေး ၂ ခု မိမိဖုန်းထဲကို ရောက်နေတာ တွေ့ရပါမယ်။
  • OG youtube ကို Run လိုက်ပါ...။ youtube မှာ မိမိကြည့်လိုသော ဗီဒီယိုများကို ရှာဖွေလိုက်ပါ။
  • မိမိ ဖွင့်ကြည့်နေတဲ့ Youtube ဗီဒီယို၏ အောက်နားလေးမှာ Download ဆိုသော Tab လေး ရှိနေတာကို တွေ့ရပါမယ်။ ကိုယ်သိမ်းထားချင်တဲ့ဗီဒီယိုလေး ဆိုရင်တော့ Download button လေးကို နှိုက်ပြီး ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ။ အားလုံးပဲ အဆင်ပြေကြပါစေခင်ဗျာ။
OG youtube 4.5.17 အားအောက်မှာ ဒေါင်းလော့ ယူနိုင်ပါတယ် ခင်ဗျာ။
ဒေါင်းလော့လင့်
Root Android Easily
ANDRIOD
  • Android ဖုန်းတော်တော် များများကို အလွယ်ကူဆုံး Root လုပ်နိုင်မယ် Apk လေးဖြစ်ပါတယ်။ ကျနော် စမ်းကြည့်ရတဲ့ ဖုန်းအမျိုးပေါင်းတော်တော် များများ ကို အောင်မြင်စွာ root နိုင်ပါတယ်။ ကျနော် စမ်းဖူးတဲ့ Android Devices တွေကတော့ Samsung အမျိုးအစားထဲမှ 
  • Tab p-1000
  • Note 2
  • Y GT-S5360
  • S3610 နှင့် ယိုးဒယားဖုန်း 
  • K-Touch W616 3G WCDMA
  • K-Touch W619 3G WCDMA
  • ယိုးဒယာဖုန်း I-mobile i-style 6,7 နှင့် IQ1,IQ3,IQ6 အားလုံးကို အဆင်ပြေပြေ root နိုင်ပါတယ်။
  • Root နိုင်တဲ့ Devices တွေ ကတော့ တော်တော် များများ ဖော်ပြထားပါတယ်ခင်ဗျာ XDA မှာ ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။ ဒီမှာတော့ မဖော်ပြလိုက်တော့ပါဘူး။ ဒီ Apps လေးကို သုံးပြီး root တဲ့ အားသာချက်လေးကို နည်းနည်းလောက် ပြောချင်ပါတယ်။ ကွန်ပူတာမှာ သက်ဆိုင်ရာ Android Devices တွေ အတွက် Driver မလိုပဲ အလွယ်တစ်ကူ Root နိုင်တာလေးဖြစ်ပါတယ်။ Root ပြီး မြန်မာဖောင့် ထည့်ချင်တယ်ဆိုရင်တော့ App လေး 2 ခုတည်းနဲ့ အဆင်ပြေနိုင်ပါတယ်။
  • အရင်ဆုံး အောက်မှာ ပေးထားတဲ့ Root App လေးကို ဒေါင်းလိုက်ပါ။ ပြီးရင်တော့ မိမိ ဖုန်း၏ SD ကဒ်မှာ ကူးထည့်လိုက်ပါ...။ ပြီးရင် မိမိဖုန်းမှာ App လေးကို Install လုပ်ပါ။
  • ပြီးရင်တော့ Apps လေးကို Run လိုက်ပါ။ သူက Supersu ကို Install လုပ်လိုက်ပါ။ 
  • ပြီးရင် Android Devices ကို Reboot အော်တို ကျသွားပါလိမ်မယ်။ ပြန်တက်ရင်တော့ မိမိ Android လေးဟာ Root လုပ်ခြင်းအောင်မြင်စွာပြီးစီးသွားပါပြီ။
Note ဒီနေရာမယ် မိမိ Android Devices ဟာ အော်တို Reboot မဖြစ်ပါကို
 manually အနေဖြင့် Reboot လုပ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ အဆင်ပြေလောက်ပါပြီ။
Apps လေးကို အောက်မှာ ဒေါင်းလော့ယူလိုက်ပါ။ Zippyshare မှာ တင်ပေးထားပါတယ်ခင်ဗျာ
Download Here
Saturday, October 12, 2013
Facebook အကောင့်ဖွင့်နည်း အသစ် သတိ ဖုန်းမလို...
မင်္ဂလာပါဗျာ...ကျွန်တော်ကောင်းခန်.ပါ ဒီနေ.မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် အထူးအစီအစဉ်အနေနဲ.တင်ပေးချင်တာကတော့ facebook အကောင့်ဖွင့်နည်းအသစ်ပဲဖြစ်ပါတယ် ကျန်ခဲ့တဲ့ ပို.စ်တွေမှာလဲ ကျွန်တော် တင်ပေးခဲ့ပြီးပါပြီ ဒီနည်းလေးကတော့ လူသိပ်မသိသေးတဲ့ နည်းလမ်းအသစ်လေးမို. ပါ ....ကဲ့စလိုက်ကြရအောင်ဗျာ
အရင်ဆုံး ဒီပို.စ်လေးအတွက် Computer and mobile 4 u မှ Sai Dai Hack ကိုဒီနေရာကနေကျေးဇူးတင်ကြောင်းပြောပါရစေဗျာ...ပထမဆုံးကျွန်တော်တို. facebook အကောင့်ဖွင့်ဖို.အတွက် email တစ်ခုလိုအပ်ပါမယ် အခု နည်းက google ကနေသွားပြီးတော့ google mail နဲ.ဖွင့်ရတာမဟုတ်ပါဘူး http://www.mail.com/int/ ဆိုတဲ့နေရာကိုအရင်ဝင်လိုက်ပါ...
                  အနီနဲ.၀ိုင်းပြထားတဲ့ Get your free account ဆိုတဲ့နေရာကို အရင်ဝင်ပါ
ပြီးရင်လိုအပ်တာလေးတွေအကုန်ဖြေပေးပါ ဒီနေရာမှာတစ်ခုပြောချင်တာက email လိပ်စာမှာ ရွေးချယ်ခွင့်အများကြီး သူကပေးထားပါတယ် ဥပမာ မိမိနံမည်@linuxmail.org တို. @cyberservices.com တို. @webname.com တို.လိုမျိုး နံမည် လန်းလန်းလေးတွေနဲ. ရမှာပါ မှတ်ရလွယ်တာတော့ ရွေးပေါ့နော်.... ပြီးသွားရင်တော့ I Accept.Create My Account ဆိုတဲ့ အစိမ်းရောင်လေးကို နှိပ်လိုက်ပါ မှားနေရင်တော့ မှားနေတဲ့နေရာပြန်သွားပြင်လိုက် ဒါဆို အိုကေပြီ နော် facebook က ခွင့်ပြုတဲ့ email တစ်ခု ပိုင်ဆိုင်ပြီလို.ယူဆလို.ရပါပြီ  အခု ဖွင့်တဲ့mail နဲ.ပက်သက်လို.တော့ ကျွန်တော်ကိုယ်တိုင်လဲလေ့လာဆဲ ဖြစ်လို. တခြား အားနည်းချက်အားသာချက်တွေတော့ဘာမှမသိသေးပါဘူးဆိုတာလဲ ကြိုတင်ဝန်ခံပါရစေဗျာ။ အားလုံးပြီးသွားရင်တော့ အကောင့်ကိုပြန်မထွက်ပဲ ပုံမှာပြထားတဲ့နေရာလေးကနေ facebook အကောင့်သစ်ဖွင့်မယ်ဗျာ sing up လုပ်လိုက်ပါ
အကောင့်စဖွင့်ဖို. facebook home page ကျလာလိမ့်မယ် ပုံမှန်ဖွင့်နေကြအတိုင်းပဲ ဖြည်.ပါ email နေရာမှာတော့ ခုန ဖွင့်ထားတဲ့ email လိပ်စာ နှစ်ခါရိုက်ထည်.ပေးရပါမယ် ပြီးသွားရင်တော့ Create My Account သာရဲရဲ နှိပ်ချလိုက်ပါ မွေးနေ.မွေးလ မွေးရက်ကိုတော့ facebook နဲ. email တူတူ ပဲထည်.ပေးပါ နံမည်ကို လဲ မြန်မာ အက္ခရာနဲ. အသုံးပြုခြင်း ရှောင်ကျဉ်ပါ facebook အကောင့်အသစ်တစ်ခု ဖုန်းနံပါတ်မလိုပဲပိုင်ဆိုင်နိုင်ပါပြီ။ပိုင်ဆိုင်နိုင်ပြီဆိုလို. မပြီးသေးပါဘူး ဆက်လျှာရှည်အုံးမှာပါ ..တကယ်လို. အကောင့်မပွင့်ပဲ ဖုန်းနံပါတ်တောင်းနေမယ်ဆိုပါက အစကနေပြန်စလိုက်ပါ အခုထိကျွန်တော်စမ်းသပ်ပြီးသလောက်တော့ ဘာ error မှမတွေ.သေးပါဘူး တကယ်လို. error တစ်စုံတစ်ခု တွေ.ရှိပါက အောက်က comment box မှာသာပြောခဲ့ပေးပါ တခြားစာဖတ်သူများလည်လေ့လာနိုင်အောင်ပါ ။facebook ဖွင့်တာအောင်မြင်သွားပြီဆိုပါစို. ပထမအဆင်အနေနဲ. email ထဲက fri ရှာခိုင်းတယ်ဗျာ skip နှိပ်ပြီးကျော်လိုက်ပါ ဒါဆိုရင် အောက်ကပုံလေးလို မြင်ရမယ်ဗျာ
ဒါဆိုရင် အကုန်သာဖြည်ပေးပါ အတက်နိုင်ဆုံးမကျော်တာအကောင်းဆုံးပါ email ထဲမှာတော့ fri မရှိတဲ့အတွက်ကျော်ပစ်တာပါ ပြီးသွားရင် save ကို နှိပ်ပါ သူငယ်ချင်းရှာတဲ့အဆင်ရောက်ပါပြီ
ပထမဆုံး အယောက် နှစ်ဆယ်လောက် default ရှာပြီး request လုပ်ပေးလိုက်ပါ ပြီးသွားရင် Like လုပ်ခိုင်းပါပြီ
                  အခုနှစ်ဆယ်လောက်လုပ်ပေးလိုက်ပါ တွေ.သမျှသာ Like လုပ်ပေးလိုက်ပါ
            ဒါဆိုပုံတင်ခိုင်းပါပြီ ပရိုဖိုင် ပုံအသုံးပြုမဲ့ပုံတစ်ပုံလောက် Upload a Photo ဆိုတာနှိပ်တင်လိုက်ပါ
ပြီးသွားရင်တော့ Save ပေါ့ ဒါဆိုအကောင့်ပွင့်သွားပါပြီ email ထဲမှာ facebook ကပို.လိုက်တဲ့ mail နှစ်စောင်ရောက်နေပါတယ် အောက်က ပုံမျိုးပါတဲ့မေးလ် ကိုရှာပါ ပြီးရင်တော့
Confirm Your Account ဆိုတာကို နှိပ်လိုက်ပါ ဒါဆိုရင် New Tab တစ်ခုနဲ. facebook အကောင့်ပွင့်လာပါမယ် ဒါဆို သင့်အကောင့်ဟာ Confirm ဖြစ်သွားပါပြီ ခုန request လုပ်ခဲ့သမျှ Like လုပ်ခဲ့သမျှ အလုပ်စလုပ်ပြီလို.ပြောလို.ရပါပြီ သင့်အကောင့်စသုံးလို.ရသွားပါပြီ .........အားလုံးပဲအဆင်ပြေပါစေဗျာ ..............................
ဒီနေရာမှာကျွန်တော်ပြောချင်တာလေးကတော့ အခုဖွင့်လိုက်တဲ့ email အကြောင်းကျွန်တော်ကောင်းကောင်းမသိသေးတဲ့အတွက် ဘယ်လိုerror မျိုးတွေကြုံလာမယ်ဆိုတာ မပြောနိုင်တဲ့အတွက် မိမိတို.facebook  အကောင့်တွေကို gmail တစ်ခုနဲ.ပါ ထပ်ချိတ်ထားစေချင်ပါတယ် 
Malwarebytes Anti Malware 1.75.0.1300
window အင်တာနက် အသုံးပြုနေစဉ်အတွင်း မိမိကွန်ပျူတာကို
  • ‎Trojan horse
  • Computer virus
  • ‎Spyware ‎
  • Adware
  • Keylogger
တို့ ရန်မှ ကာကွယ်နိုင်ရန် အတွက် အင်တာနက်သုံး ကွန်ပူတာတိုင်းဆောင်ထားသင့်တဲ့ Software လေးဖြစ်ပါတယ် ...။ နောက်ဆုံးထွက် Pro
ဗားရှင်း 1.75.0.1300  ဖြစ်ပါတယ်။ full version အဖြစ် အသုံးပြုနိုင်အောင် key လေးပါ ထည့်ပေးထားပါတယ်ခင်ဗျာ။ Pro Trial Version ကိုတော့ 14 ရက် free အနေနဲ့ Official Site မှာ ပေးထားပါတယ်။
Click hehe to see rar passwordrar
Full version with serial ကိုတော့ အောက်မှာ ဒေါင်းယူနိုင်ပါတယ်ခင်ဗျာ...။
ဒေါင်းလော့လင့်
window 8 ဗားရှင်းအားလုံးကို ကလစ်နှစ်ချက်နှင့် အက်တစ်လုပ်မယ်
Window ၈ ပရိုဖက်ရှင်နယ် ကို အက်တစ် မဖြစ်လို့ စိတ်ညစ်နေသူများအတွက် ကလစ်လေး
၂ ချက်နှိုက်တာနဲ့ အက်တစ်ဖြစ်သွားနိုင်မယ် Activator လေးဖြစ်ပါတယ်။ ကျနော် ကိုယ်တိုင် စမ်းပြီးတော့မှ တင်ပေးလိုက်တာပါ..။ ကျနော်စမ်းတဲ့ ဗားရှင်းကတော့ window 8 Pro ×64 bulid 9200 ဖြစ်ပါတယ်။
လုံးဝကို အက်တစ်ဖြစ်ပါတယ်ခင်ဗျာ။
  • Activator လေးကို မိမိ စက်မှာ Run နိုင်ဖို့ အတွက်တော့ .Net 3.5 ကို ထည့်ထားဖို့ လိုအပ်ပါမယ်။
  • Activator လေးကို အောက်မှာ ပေးထားတဲ့ ဒေါင်းလော့ လင့်မှာ ဒေါင်းလိုက်ပါ။ ပြီးရင်တော့ rar ဖိုင်ကို ဖြည်လိုက်ပါ...။ Rar ဖိုင်ဖြည်ရန် password ကိုတော့ အောက်က လင့်မှာ ကြည့်ရှုနိုင်ပါတယ်။
rar passwordrar ဖိုင်၏ password ကို အောက်မှာ ကလစ်ပြီး ကြည့်နိုင်ပါတယ်ချင်ဗျာ
ဒေါင်းလော့လင့်
Friday, October 11, 2013
100,000 Drivers For Windows Free Download
မင်္ဂလာပါဗျာ....ကျွန်တော်အခုတင်ပေးချင်တာလေးကတော့ Window အတွက်မရှိမဖြစ်လိုအပ်မဲ့ Driver လေးတွေ ကို စုံစုံလင်လင်နဲ.တစ်နေရာထဲမှာ စုစည်းပေးထားလို. 100000 driver လို.တောင်ခေါ်နိုင်ပါတယ် 
ဖိုင်ဆိုဒ်ကလဲ သိပ်မကြီးတာမို. အခုအသုံးမ၀င်ရင်တောင်နောင်တစ်ချိန်မှာအသုံးပြုခြင်ရင် အဆင်ပြေအောင်ဒေါင်းထားစေချင်ပါတယ်
အပိုင်းနှစ်ပိုင်းခွဲပြီးတင်ပေးထားပါတယ်...ကျွန်တော်လဲ အများကြီးဆိုတော့စမ်းပေးဖို.အချိန်မရှိတာကြောင့် အဆင်မပြေမှုများရှိပါက ပြောခဲ့နိုင်ပါတယ် လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါပြီ.............အားလုံးပဲအဆင်ပြေပါစေဗျာ
Download 100,000 drivers for windows. Now, not worry to install drivers for windows. Download this pack and forget to worry about drivers. This pack includes 100,000 drivers for different software, and hardware.
How to Download and install:
Download Both parts
Unextract both
Now Install and enjoy!!
Part 1:Download Now
Part 2:Download Now
ဖြစ်လေ့ဖြစ်ထရှိတဲ့ Browser Error များအကြောင်း
မင်္ဂလာပါဗျာ..အခုပြောပြမှာကတော့ Browser Error တွေနဲ့ပက်သတ်လို့ပါဒါက ကျွန်တော်လေ့လာမိသလောက် မှတ်စုများထဲက ပြန်လည်ကူးယူဝေမျှတာပါ  Browser ဆိုတာကတော့
Websiteတွေကိုအသုံးပြုတဲ့အခါမှာ အသုံးပြုတဲ့ Web Browser ကိုပြောတာပါ။ဥပမာ ... Internet
Explorer , Mozilla Firefox , Flock တို့စသဖြင့်ပေါ့။ ၎င်း Browser တွေအသုံးပြုတဲ့အခါမှာ
ဖြစ်တက်တဲ့ Error လေးတွေ အကြောင်းကိုပြောပြချင်ပါတယ်။Browser Error တွေကတော့
Browser တိုင်းမှာဖြစ်တက်ပါတယ်။ Browser Error Message ကို တကယ်တော့ HTTP Status
Codes လို့ခေါ်ပြီး Web Page တွေကို Loadingလုပ်တဲ့အခါမှာ တွေ့ရတဲ့ Error အမျိုးအစားတွေပါ။
အတွေ့များတဲ့ Browser Error တွေနဲ့ ဘယ်လိုဖြေရှင်းရမလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။
400: Bad Request Error
400 Bad Request browser error ကတော့ Website Server ဆီကို web page တွေ Load လုပ်ဖို့
Request တွေပေးပို့တဲ့အခါမှာ ၎င်း Server ကနေ request ကိုprocess မလုပ်တဲ့အခါ ၊ Request
ကိုနားမလည်တဲ့အခါတွေမှာ တွေ့ရလေ့ရှိတဲ့ Error ပါ။ ဒီ Error ဖြစ်ပြီဆိုရင်တော့
" 400: Bad Request " (or)
" HTTP Error 400 - Bad Request "
ဆိုပြီးခေါ်လေ့ရှိပါတယ်။ 400 Bad request Error က URL ကို မှားရိုက်လို့သော်လည်းကောင်း ၊ URL
ကို Point လုပ်ထားတဲ့ Link က မှားနေ၍သော်လည်းကောင်းဖြစ်တက်ပါတယ်။ ဆိုလိုတာက Web
Site မှားရိုက်လို့ (or) Web Site Link ကို Point လုပ်ထားတာ မှားနေလို့ ဖြစ်တက်ပါတယ်။ ဒါကြောင့်
မိမိကြည့်လိုတဲ့ Web Site ကိုသေချာမှန်ကန်စွာ ရိုက်ထည့်ပါ။
401: Unauthorized Error
401 Unauthorized Error ကတော့ Website တွေကို ၀င်ရောက်သုံးစွဲတဲ့အခါတွေမှာ ပထမဦးဆုံး
Log on ၀င်တဲ့အခါတွေမှာ ဖြစ်တက်တဲ့ Error မျိုးပါ။ အကယ်လို့ Log on၀င်ဝင်ချင်း 401 Error
ကိုရရှိတာဆိုရင်တော့ မိမိဝင်လိုက်တဲ့ Credential (မည်သူမည်ဝါဖြစ်ကြောင်း)
ကအကြောင်းတစ်ခုခုကြောင့် လွဲမှားနေလို့ပါ။ ဒါကြောင့် User name နဲ့Password ကို
သေချာစွာရိုက်ထည့်ပါ။ URL က Valid ဖြစ်တာသေချာတယ်ဆိုရင်တော့ Website ရဲ့ Main page
ကိုသွားပြီး Login (or) Secure Accessအကြောင်းကိုပေးထားတဲ့ Link ကိုရှာဖွေပါက ၎င်းနောက်
မိမိရဲ့ Credential နဲ့ တဖန်ပြန် try ကြည့်ပါ။
403: Forbidden Error
403: Forbidden Browser Error ကတော့ URL က Web page အစား directory ကို Point
လုပ်ထားတဲ့အခါမှာ ဖြစ်တက်ပါတယ်။ အကယ်၍ မိမိရောက်ရှိဖို့ ကြိုးစားနေတဲ့page က
မှန်ကန်တယ်ဆိုရင်တော့ ဒီ Error က အခြား mistake ဖြစ်ပါလိမ့်မယ်။
404: Not Found Error
ဒီ Error က တော်တော်များများမှာတွေ့ရလေ့ရှိတဲ့ Error မျိုးပါ။ 404 Error တွေ့ပြီဆိုရင်တော့
အောက်ပါအတိုင်း Error တွေပေါ်တက်ပါတယ်။
404 Error ကတော့ မိမိဝင်ရောက်အသုံးပြုဖို့ ကြိုးစားတဲ့ Web page က Website ရဲ့ Server
မှာမတွေ့လို့ပါ။ 404 Error တွေ့လို့ရှိရင်တော့ Refresh / Reload buttonကိုနှိပ်ပြီး web page ကို
Retry လုပ်ပါ။ ၎င်းနောက် address bar မှာ URL ကို ထပ်ရိုက်ပြီး ပြန်ဝင်ကြည့်ပါ။ ဥပမာ “
www.w.com/a/b/c.htm ဆိုပြီးဝင်လိုက်လို့ 404 Errornot found လို့ပြနေတယ်ဆိုရင်
www.w.com/a/b လို့ရိုက်ထည့်ပါ။ အဲဒါမှမရသေးရင် တစ်ဆင့်ပြန်လျော့ပြီး www.w.com/a
လို့ရိုက်ထည့်ပြီးပြန်ဝင်ကြည့်ပါ။
408: Request Timeout Error
408 Error ကတော့ web page တွေကို Loading လုပ်တဲ့အခါမှာ website ရဲ့ Server က
ပြင်ဖို့စောင့်ရတဲ့အချိန်ထက် အချိန်ကြာမြင့်စွာပိုယူလို့ဖြစ်ပေါ်တက်တဲ့ Error ပါ။ဆိုလိုတာက မိမိ
Website ရဲ့ Connection က timeout ဖြစ်သွားတာပါ။ Error ဖြေရှင်းဖို့ဆိုရင်တော့ Refresh ပြီးပြန်
try ပါ။ Address bar မှာ address ကို ပြန်ရိုက်ပြီးပြန်စစ်ကြည့်ပါ။ Slow connection
ခဏခဏဖြစ်ရင်လည်းပဲ တစ်ရံတစ်ခါမှာ ဒီလို Error မျိုးဖြစ်တက်ပါတယ်။ ဒါကြောင့် connection
ကိုလည်းစစ်ဆေးသင့်ပါတယ်။
500: Internal Server Error
500 Bad Server Error ကတော့ ယေဘုယျအားဖြင့် အတွေ့ရများပါတယ်။ ဒီ Error မျိုးကတော့
Website ရဲ့ Server က ချွတ်ယွင်းသွားတဲ့အခါတွေမှာ တွေရှိရပါတယ်။
Server ဘက်က Error ပါ။ မိမိရဲ့ PC (or) Internet Connection နဲ့မဆိုင်ပါဘူး။ ဒါကြောင့်
မကြာခဏ Refresh လုပ်ကြည့်ပြီးသုံးပါ။
502: Bad Gateway Error
502 Bad Gateway Error ကတော့ Server တစ်ခုကနေ web page တွေကို accessing
လုပ်ဖို့ကြိုးစားတဲ့အခါ အခြား Server ကနေ invalid response ကိုလက်ခံရရှိချိန်(or) Browser
ကအခြား request တွေကို ဖြည့်တဲ့အခါတွေမှာ ဖြစ်ပေါ်လေ့ရှိတာပါ။ 502 Error က Internet
ပေါ်မှာရှိတဲ့ Server တွေကြားက network ဖြစ်တာကြောင့် မိမိ PCတွေ ၊ Internet connection
တွေနဲ့မဆိုင်ပါဘူး။ ဒါက Server ဘက်ကဖြေရှင်းရမယ့် ကိစ္စပါ။ ဒါကြောင့်ခဏလောက်စောင့်ပြီး
မိမိလုပ်လို့ရတာကတော့ Refresh button ကိုခဏခဏနှိပ်ပြီး web page ကို ပြန် try ဖို့ပါ။
503: Service Unavailable Error
503 Error ကတော့ ခဏလောက်ပဲ Web Site Server ကိုမတွေ့ရှိခြင်းပါ။ ဒီ Error မျိုးဖြစ်ပါက
Server ကို Maintenance လုပ်နေချိန် (or) temporary overloading တွေကြောင့်ဖြစ်တာပါ။ ကဲ
အခုတော့ ဒီလောက်နှင့်ပဲကျေနပ်ပါဦးနော်။
Internet သုံးသော Computer များအတွက် Virus, Maleware, Keylogger ရန်တို့မှ ကင်းဝေးရန်
၁) ကျွန်မသုံးသော သုံးလေ့ရှိသော ... Virus, Keylogger, Malwarebytes, Hacking tool တွေ ရှာသော ကျွန်မရဲ့ အပေါင်းအသင်းများ
(1) Microsoft Security Essential
(2) Malwarebytes
(3) USB Disk Security
(4) CCleaner
(5) www.virustotal.com
(1) Microsoft Security Essential ကတော့ အများလက်ခံထားတဲ့
Virus တော်တော်များများကို သတ်ပေးနိုင်တယ်။ ဥပမာ (Win 32...)
 (2) Malwarebytes ကတော့ Internet မှာ ပါလာသော Trojan, Malware များ, Keylogger နှင့် Hacking tooll များကို Malwarebytes နဲ့ စစ်ရင် ပေါ်ပါတယ်။ မသင်္ကာဖွယ် Website တွေကိုလဲ ဖွင့်ခွင့်မပေးဘူး။
(3) USB Disk Security ကတော့ Computer သုံးသူတိုင်း USB Thumb Drive များ SD Card များကို မလွဲမသွေ သုံးရမှာပါ။ သူက Virus အားလုံးကို မသတ်နိုင်ပေမယ့် တကယ်ကို အသုံးဝင်ပါတယ်။ ကျွန်မတော့ Window တင်ပြီးတိုင်း သူ့ကို မပါမဖြစ်ကို ခေါ်ထားရတယ်။ တခုတော့ရှိတယ်နော် Activate လုပ်ထားမှ သူက သတ်ပေးတာပါ။
(4) CCleaner ကို Recent file များ၊ Temp File များ၊ Recycle Bin မှ File များ အားလုံးကို ရှင်းလင်းရန်၊ Registry Error များကို ရှင်းရန်၊ မိမိမလိုအပ်သော Program များကို Uninstall လုပ်ရန်အတွက် အဓိက သုံးပါတယ်။ ပုံမှန်ဆိုရင် ၂ရက်တခါ ၃ရက်တခါလောက် CCleaner လေးနဲ့ သန့်ရှင်းရေးလုပ်ဖြစ်တယ်။ Registry Error ကိုတော့ မိမိစက်မှာ Virus တွေ့ထားတဲ့အခါ Full Scan နဲ့ စစ်ပြီးရင်တော့ သုံးပါတယ်။ ဒီကောင်လေးက ကြည့်တော့သာဘာမှ မဟုတ်တာ တကယ့်ဆရာပဲနော်။
(5) www.virustotal.com ကို File များ Virus, Maleware, Keylogger, ... တို့ပါမပါစစ်ရန်၊ ခု ဒီဘက်ခေတ်မှာ အကောင့်ဟက်ချင်သူတွေရဲ့ လက်စွဲ RAT, Keylogger ကပ်ထားတဲ့ အမြင်ကပ်စရာကောင်းတဲ့ လင့်တွေကိုလဲ Download မလုပ်မီ အရင် စစ်သင့်ပါတယ်။ မစစ်ပဲ Download လုပ်ပီးပါလာရင် တယောက်နဲ့တယောက် မုန်းတာပဲရမယ်လေ။ ကြိုပြီးစစ်ပါလို့ ပြောချင်ပါတယ်ရှင်...
အကြံပြုချက်
အသုံးပြုနေရင်း စက်က ပုံမှန်ထက် ပိုလေးလာသည်ဖြစ်စေ၊ File တွေ Software တွေ ဖွင့်ရတာ အနှောက်အယှက် တခုခု ဖြစ်လာရင် MSD (or other antivirus) update ဖြစ်နေသော Software ဖြင့် Full Scan စစ်စေချင်ပါတယ်။ အချိန်ပေးရသလို တကယ်လဲ ထိထိရောက်ရောက် ရှာပေးပါတယ်။ နောက်တဆင့် Malwarebytes နဲ့လဲ Scan စစ်ပေးပါ။ အားလုံးစစ်လို့ပြီးရင် Compuer ကို Restart ချပေးပါ။ ပြီးရင် CCleaner နဲ့ Clean လုပ်ပေးပါ။ (Virus effect ကြောင့် error ဖြစ်နိုင်သဖြင့်) CCleaner နဲ့ Registry Error ကိုလဲ ရှင်းပေးပါ။ အားလုံးပြီးပြီဆိုရင် Computer ကို Restart ပြန်လုပ်ပေးပါ။
ကျွန်မရေးသားသော နည်းပညာအတွေ့အကြုံများကို နှစ်သက်သလို ဖြန့်ဝေနိုင်ပါတယ်
လေးစားစွာဖြင့်
မိုး
Thursday, October 10, 2013
Write Protected Error ဖြေရှင်းနည်း စာအုပ်
အကြောင်းအမျိုးမျိုးကြောင့် မိမိရဲ့ USB လေး Format ချတဲ့ အခါ Write Protected Error ဆိုတာလေးကို မြင်ဖူးကြမှာပါ။ ဒီစာအုပ်လေးထဲမှာ ဖြေရှင်းနည်းကို ပုံနှင့်တွက် ရှင်းပြထားပါတယ်။ အဆင်ပြေကြပါစေရှင်...
Blogger အားလုံးအား ထာဝရလေးစားလျှက်
မိုး
Download
Wednesday, October 9, 2013
Connectify pro 3.1.0.21402
မင်္ဂလာပါ မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးကို ကျွန်တော် အခုတင်ပေးမဲ့ ဆော့ဝဲလ်လေးကတော့ Connectify ဆိုတဲ့ဆော့ဝဲလ်လေးပါ ဒီကောင်လေးကိုဘယ် ကတော့မိမိတို.ကွန်ပြူတာ သို.မဟုတ် လက်တော့ကနေ Wifi ပြန်ရှယ်ချင်တဲ့အခါ အကောင်းဆုံး အသုံးပြုနိုင်မဲ့ဆော့ဝဲလ်လေးပါ အထဲမှာ crack ဖိုင်ပါထည်.ပေးထားတာကြောင့် full version ရမှာဖြစ်ပါတယ်
အရင်ဆုံးဒေါင်းလို.ရလာတဲ့ rar ဖိုင်ကိုဖြည်လိုက်ပြီး  connectify installer.exe လေးကို install လုပ်လိုက်ပြီး reboot လုပ်လိုက်ပါ စက်ပြန်တက်လာပြီဆိုရင် connectify.exe ကို copy ယူပြီး My Computer ထဲက C ထဲက Progam File ထဲကို paste လုပ်ပြီး replace ပါတာကိုရွေးပေးလိုက်ပါ...ဒါဆိုရင်အဆင်ပြေပါပြီ မိမိစိတ်ကြိုက် user name ,password ပေးထားလို.ရပါပြီ  window xp,window 7 နဲ. vista တွေမှာအသုံးပြုနိုင်ပါတယ်...လိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူနိုင်ပါပြီ...........အားလုံးပဲအဆင်ပြေပါစေဗျာ...........
                                               >>>DOWNLOAD NOW<<<
Private Firewall v7.0.30.2
မင်္ဂလာပါဗျာ...မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးကို ဒီနေ.ကျွန်တော်တင်ပေးချင်တာလေးက တော့ Private Firewall ဆိုတဲ့  ဆော့ဝဲလ် လေးပါ ဖိုင်ဆိုဒ်ကလဲသေးသေးလေး ပေမဲ့ ဒီကောင်လေးကို သုံးခြင်းအားဖြင့် မိမိတို.ကွန်ပြူတာရဲ.လုံခြုံရေးအတွက် အလွန်စိတ်ချရပါတယ် မိမိတို.အသုံးပြုနေတဲ့ Network အတွင်းကနေ ၀င်ရောက်လာမဲ့ malware,spyware,virus တွေနဲ. အခြားကွန်ပြူတာတစ်လုံးမှမိမိ ကွန်ပြူတာထဲကို ၀င်ရောက်လာမဲ့ Hacker တွေရန်မှကာကွယ်ပေးပါတယ်
စိတ်ဝင်စားလို. စမ်းသုံးချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူနိုင်ပါပြီ.........အားလုံးပဲအဆင်ပြေပါစေဗျာ
                                             >>>DOWNLOAD NOW<<<
How to create one click bat (for android)
အရင်ဆုံး command တွေကို
ဒီမှာဖတ်လိုက်ပါ
နာမူနာ အနေနဲ့ root ပြီးတဲ့ဖုန်းတွေကို mm font နဲ့ frozen keyboard ကို system app အနေနဲ့ သွင်းပေးမဲ့
One click bat လုပ်နည်းကိုပြောပြမှာပါ
အောက်က command တွေကိုတစ်ဆင့်ခြင်းသေသေချာချာဖတ်သွားရင်နားလည်မှာပါ
computer ပေါ်ကနေ font,busybox နဲ့ keyboard ကို ဖုန်းထဲက /data/local/tmp ထဲကိုထည့်မယ်
adb.exe push plt/DroidSansFallback.ttf /data/local/tmp/DroidSansFallback.ttf
push plt/FrozenKeyboard.apk /data/local/tmp/FrozenKeyboard.apk
push plt/busybox /data/local/tmp/busybox
ပြီးရင် ဖုန်းရဲ့ system ကို mount လုပ်မယ်
adb.exe shell su -c “mount -o rw,remount -t yaffs2 /dev/block/mtdblock3 /system”
busybox ကိုဖုန်းပေါ်မှာ အရင် install လုပ်မယ်
adb.exe shell su -c “dd if=/data/local/tmp/busybox of=/system/bin/busybox”
adb.exe shell su -c “chmod 0755 /system/bin/busybox
font ကို /data/local/tmp ထဲကနေ /system/fonts/ folder ထဲထည့်မယ်
adb.exe shell su -c “busybox dd if=/data/local/tmp/DroidSansFallback.ttf of=/system/fonts/DroidSansFallback.ttf”
/system/fonts/ folder ထဲက DroidSansFallback.ttf ကို permission ပေးမယ်
adb.exe shell su -c “busybox chmod 644 /system/fonts/DroidSansFallback.ttf”
/data/local/tmp folder ထဲက DroidSansFallback.ttf ကိုပြန်ဖြတ်မယ်
adb.exe shell su -c “busybox rm /data/local/tmp/DroidSansFallback.ttf”
frozen keyboard ကို /data/local/tmp ထဲကနေ /system/app/ folder ထဲထည့်မယ်
adb.exe shell su -c “busybox dd if=/data/local/tmp/FrozenKeyboard.apk of=/system/app/FrozenKeyboard.apk”
/system/app/ folder ထဲက Frozenkeyboard.apk ကို premission ပေးမယ်
adb.exe shell su -c “busybox chmod 644 /system/app/FrozenKeyboard.apk”
/data/local/tmp folder ထဲက Frozenkeyboard.apk ကိုပြန်ဖြတ်မယ်
adb.exe shell su -c “busybox rm /data/local/tmp/FrozenKeyboard.apk”
ဖုန်းကို reboot ပေးလိုက်ပေးတာပါ
adb.exe reboot
ပြန်တတ်လာရင် system keyboard နဲ့လန်းနိုင်ပါပြီ
ကျွန်တော်တို့ font နဲ့ app တင်မဟုတ်ပါဘူးမိမိစိတ်ကြိုက်သွင်းနိုင်ပါတယ်
ကွန်ပျူတာပေါ်က directory နဲ့ ဖုန်းထဲကို ထည့်မဲ့ directorမှန်ဖို့ပဲလိုတာပါ
ဥပမာ. fallback_fonts.xml ကိုသွင်းချင်ရင် /system/etc ထဲက folder ပေါ့
အောက်က command တွေကတော့ ကွန်ပျူတာပေါ်က plt ထဲက folder ပေါ်ကနေသွင်းပေးမဲ့ one click bat ပါ
@echo off
color 2A
echo========================================================================
echo. Myanmar Font Installer
echo.
echo. One click bat
echo.
echo. https://www.pinlonthar.com
echo.
echo. https://www.facebook.com/groups/pinlonthar
echo========================================================================
plt\adb.exe devices
plt\adb.exe push plt/DroidSansFallback.ttf /data/local/tmp/DroidSansFallback.ttf
plt\adb.exe push plt/FrozenKeyboard.apk /data/local/tmp/FrozenKeyboard.apk
plt\adb.exe push plt/busybox /data/local/tmp/busybox
plt\adb.exe shell su -c “mount -o rw,remount -t yaffs2 /dev/block/mtdblock3 /system”
plt\adb.exe shell su -c “dd if=/data/local/tmp/busybox of=/system/bin/busybox”
plt\adb.exe shell su -c “chmod 0755 /system/bin/busybox
plt\adb.exe shell su -c “busybox dd if=/data/local/tmp/DroidSansFallback.ttf of=/system/fonts/DroidSansFallback.ttf”
plt\adb.exe shell su -c “busybox chmod 644 /system/fonts/DroidSansFallback.ttf”
plt\adb.exe shell su -c “busybox rm /data/local/tmp/DroidSansFallback.ttf”
plt\adb.exe shell su -c “busybox dd if=/data/local/tmp/FrozenKeyboard.apk of=/system/app/FrozenKeyboard.apk”
plt\adb.exe shell su -c “busybox chmod 644 /system/app/FrozenKeyboard.apk”
plt\adb.exe shell su -c “busybox rm /data/local/tmp/FrozenKeyboard.apk”
plt\adb.exe reboot
pause
Download One Click Bat
အိုင်တီပင်လုံသား
Monday, October 7, 2013
word document သို့မဟုတ် webpage တွေကို pdf ဖိုင်အဖြစ်Online ကနေပြောင်းမယ်
ဒီပို့ခ်မှာတော့ Internet Tricks လေးတစ်ချို့ဖြစ်ပါတယ်။ ကျွန်တော်တို့အင်တာနက်သုံးတဲ့အခါမှာဟိုသွားဒီသွားနဲ့ဝက်ဆိုဒ်တစ်ခုခုကိုစိတ်ဝင်စားပြီး
အင်တာနက်မ၇ှိတဲ့ချိန်မှာ ဖတ်ချင်တယ်ဆိုရင် အဲ့ဒီ ၀က်ဆိုဒ်ကို PDF file အနေနဲ့ ပြောင်းပြီးသိမ်းထားလို့ရပါတယ် ။ကိုယ်ဖတ်ချင်တဲ့ချိန်ဖတ်လို့ရတာပေါ့ဗျာ ။
မိုက်တယ်ဗျ software သုံးဖို့မလိုဘူးပေါ့ :D ။
ကဲပထမနည်းလမ်းကတော့
http://pdfmyurl.com/ ဒီဝက်ဆိုဒ်ကိုသွားပြီး
Enter URL Location To PDF နေရာမှာ ကိုယ် ပြောင်းမယ့်URL ကိုထည့်ပြီး ဒီကSign မှာနိပ်လိုက်ရင် Download Auto လုပ်သွားပါလိမ့်မယ် ။
နောက်နည်းလမ်းတစ်ခုက
Word To PDF ပေါ့ဗျာ .. အောက်က Website ကိုသွားပြီး Convert ပြုနိုင်ပါတယ် ။
https://www.wordtopdf.com/
Word နေရာမှာ Microsoft word ကိုပြောင်းမှာလား Power point ဖိုင်ကိုပြောင်းမှာလားဆိုတာေ၇ွးပေးလိုက်ပါ ။ပြီးရင် Select file နေ၇ာမှာ
ကိုယ် Convert လုပ်မယ့်ဖိုင်ကိုသွားေ၇ွးပေးပီး ကိုယ့် Email PDF To နေရာမှာ ကိုယ့်အီးမေးကိုထည့်ပေးလိုက်ပါအဲ့ဆို PDF file အနေနဲ့ mail ထဲပို့ပေးမှာဖြစ်ပါတယ် ။
အားလုံးအဆင်ပြေပါစေ ။
အိုင်တီပင်လုံသား
Folder တွေကို Color လှလှလေးတွေနဲ့ထားမယ်
မင်္ဂလာပါ ။ကျွန်တော်အိုင်တီပင်လုံသားပါ ။ ပုံမှာမြင်တဲ့အတိုင်း ကျွန်တော်တို့ ဆောက်ထားတဲ့ folder တွေကို အရောင်လေးတွေနဲ့ထားတာပိုလှပါတယ်။
ဒီလို အေ၇ာင်တွေရှိအောင်လုပ်တဲ့ဆော့ဝဲကအများကြီးပါ ။ဒါပေမယ့် ဆော့ဝဲလ် ကောင်းကောင်းလေးတစ်ခုနဲ့ကျွန်တော့်အကြိုက်ဆုံးတစ်ခုကိုရှဲလ်ပေးလိုက်ပါတယ် ။
100 % Free ဖြစ်ပီး Virus ကင်းပါတယ် ။ အောက်မှာဒေါင်းလုပ်နိုင်ပါတယ် ။
Customize folders with colors
ဆော့ဝဲလ်ကို Install လုပ်ပီး အသုံးပြုနိုင်ပါပီ.
ကိုယ်color ပေးမယ့် folder ကို right click ထောက်ပီး ပြောင်းနိုင်ပါတယ် ပုံထဲကအတိုင်းပေါ့.
Download Here
အိုင်တီပင်လုံသား
Saturday, October 5, 2013
အကျော်အခွတွေလုပ်မယ် ခြေရာခံမရအောင်လုပ်မဲ့ Safe IP v2.0.0.977
မင်္ဂလာပါဗျာ........ကျွန်တော်ကောင်းခန်.ပါ လိုင်းမကောင်းလို. ဖုန်းနဲ.ပက်သက်တာတွေပဲဒီရက်ပိုင်းအတင်များနေလို. ခွင့်လွှတ်ပေးကြဖို.အရင်ဆုံးပြောပါရစေဗျာ ဒီနေ.ကျွန်တော်တင်ပေးချင်တာကတော့ Safe IP ဆိုတဲ့ဆော့ဝဲလ်လေးပါ.....တိုးတက်လာတဲ့အိုင်တီခေတ်ကြီးထဲမှာ လူတိုင်းက အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ရဲ.နေရပ်လိပ်စာ အမှန် တွေကို
အသိမခံချင်ကြပါဘူး....ဒီလိုပဲနည်းပညာထွန်းကားလာတဲ့နိုင်ငံတွေမှာ လူတစ်ယောက်ဘယ်နေရာကနေ အသုံးပြုနေတယ်ဆိုတာကို အလွယ်တကူရှာနိုင်လာပါပြီ....အခု ဒီကောင်လေးကတော့ ဖိုင်ဆိုဒ်သေးသေးလေးဆိုပေမဲ့ သင်တို.ရဲ. IP လိပ်စာအမှန်တွေကို အမှန်တကယ် ၀ှက်ထားပေး မှာပါ .....ကျော်ချင်ခွချင်သူတွေအတွက်လဲ အဆင်ပြေပြေနဲ.ကျော်လို.ခွလို.ရတယ်ဗျာ...လက်ရှိကျွန်တော်ကြုံတွေ.နေရတဲ့အခက်အခဲလေးတစ်ခု နဲ.နှိုင်းယှဉ်ပြရရင် ဒီလထဲမှာ ယူထားတဲ့လိုင်းက red link ပေါ့ဗျာ တခြား redlink လိုင်းသုံးနေတဲ့ အကိုအမများလဲ စမ်းသပ်နိုင်ပါတယ် http://crack.ms/ ဆိုတဲ့ဆိုဒ်လေးကတော့ ကျွန်တော်တို.ဆော့ဝဲလ်တွေအတွက် full version ရဖို.အတွက် များစွာအထောက်အကူပေးတဲ့ဆိုဒ်လေးပါ ပုံမှန်အားဖြင့် ၀င်လို.မရပါဘူး ၀င်ရင် အောက်ကပုံလေးလိုဖြစ်နေပါလိမ့်မယ်
 အဲ့ဒီလိုလေး လှရလှနဲ. Access has been denied ဆိုပြီးပြတယ်ဗျာ ကျွန်တော် web maderator ဆိုတဲ့အစိမ်းလေးနဲ.၀ိုင်းထားတာကို နှိပ်လိုက်တယ်ဗျာ 
ကဲ့တရားခံကတော့ တွေ.ပါပြီ redlink.net.mm တဲ့ ဒါလေးကို ဥပမာပေးတာပါ အောက်မှာကျွန်တော်ကျော်ထားတာလေးတစ်ချက်ကြည်.ပါအုံး
ကျွန်တော်ကတော့ စိတ်ချမ်းသာသွားပါပြီ ကျွန်တော့်လိုပဲ စိတ်ဆင်းရဲပြီး ဆိုဒ်တွေ ၀င်မရပြုမရဖြစ်နေတယ်ဆိုရင်တော့ အောက်ကပေးထားတဲ့ ဆော့ဝဲလ်လေးသာဒေါင်းလိုက်ပါ ပြီးရင် ကွန်ပြူတာမှာ install လုပ်လိုက်ပါ restart တောင်းပါလိမ့်မယ် လုပ်ပေးလိုက်ပါ စက်ပြန်ပွင့်လာရင် တော့ သင်တို.ကွန်ပြူတာမှာ Safe IP ဆိုတဲ့ အိုင်ကွန်လေးရောက်နေပါပြီ ....အသုံးပြုနည်းတော့ မရှင်းပြတော့ပါဘူး IP တောင်ဖျောက်တယ်ဆိုမှတော့ ရှင်းပြဖို.လိုမယ်မထင်တော့လို.ပါ 
အားလုံးပဲအဆင်ပြေပါစေဗျား...........
DOWNLOAD=>Link 1 /Link 2
Windows 7 သမားတွေ လန်းရအောင်
ဘာရယ်ညာရယ်ဟုတ်ပါဘူး
လူရှိန်တာပေါ့
ကျွန်တော်တို့ဟာ ၀င်းဒိုးတစ်ခုကို
ဖွင့်လိုက်ပြီဆိုတာနဲ့ Boot တက်လာပြီးရင်
Startup Sound လေး မြည်လာတာကို
သတိထားမိကြမှာပါ
ကြားရဖန်များတော့လည်း ရိုးလာတာပေါ့ဗျာ
ဒီတော့ အဲဒီ Startup Sound လေးကို ကိုယ်နှစ်သက်တဲ့ သီချင်းသံလေးဖြစ်ဖြစ်
တီးလုံးလေးတစ်ခုခုနဲ့ဖြစ်ဖြစ် အစားထိုးချင်စိတ် ပေါ်ဖူးပါသလား
ကျွန်တော်ကတော့ ၀င်းဒိုးကို ကလိနေကျလူဆိုတော့ အဲဒီလို တကယ်ပဲ တွေးဖူးပါတယ်
ဒါနဲ့ Googling လုပ်ရင်း အဲဒီ Startup Sound ကို ကျွန်တော်နှစ်သက်တဲ့ သီချင်းသံလေးနဲ့
အစားထိုးနိုင်ခဲ့ပါတယ် ...
သူငယ်ချင်းတို့တွေလည်း အဲဒီလို စိတ်ကူးရှိလို့ လုပ်ကြည့်ချင်တယ်ဆိုရင် လုပ်ကြည့်နိုင်အောင်
ဒီနည်းလေးကို မျှဝေပေးလိုက်တာပါ
ပထမဆုံး လိုအပ်တဲ့ ဆော့ဝဲကို ဒီမှာ ဒေါင်းပါ
ဒေါင်းပြီးရင် ကိုယ်အစားထိုးမယ့် Sound ကို wav ဖိုင် Format ဖြစ်အောင် ပြောင်းထားပါ
Format Factory လိုဆော့ဝဲမျိုးလေးရှိရင်ပဲ wav format ပြောင်းဖို့ အဆင်ပြေပါတယ်
အဆင်သင့်ဖြစ်ရင်တော့ ဒေါင်းယူထားတဲ့ထဲက .exe ဖိုင်လေးကို Run လိုက်ပါ
အောက်ကပုံအတိုင်း ပွင့်လာပါမယ်
အဲဒီထဲက Replace ကို နှိပ်ပေးလိုက်ပြီး ပွင့်လာတဲ့ Box ကနေတစ်ဆင့် ကိုယ်အစားထိုးချင်တဲ့ သီချင်းဖိုင် (wav ဖိုင်) ကိုရွေးပြီး Open ကိုနှိပ်ပေးလိုက်ပါ
ကိုယ့်ရဲ့ သီချင်းသံလေးဆုံးသွားရင်တော့ Exit ကိုနှိပ်ပေးလိုက်ပါ
ကွန်ပျူတာကို Restart ချလိုက်ပါ
ဝင်းဒိုးပြန်တက်လာတဲ့အခါ သူငယ်ချင်းတို့အစားထိုးလိုက်တဲ့ သီချင်းသံလေးနဲ့အတူ Windows 7 ဟာ လန်းလန်းလေးပွင့်လာပါလိမ့်မယ်
မူလအတိုင်း ပြန်သုံးချင်စိတ်ပေါ်လာခဲ့ရင်လည်း Restore ကို နှိပ်လိုက်ရုံပါပဲ
ဒီဆော့ဝဲက Windows 7 အတွက်ပဲဆိုတာလည်း သတိပေးပါရစေ
ကဲ .. အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Thursday, October 3, 2013
ကောင်းကင်ဘုံကဆော့ဝဲ Heaventools PE Explorer 1.99 R6
ဒီဆော့ဝဲလေးက တစ်ကယ်ဆိုရင်
သိပ်ကို ရှားပါးတဲ့အပြင်
Full Version အဖြစ်ရနိုင်ဖို့လည်း
တော်တော်လေး ခက်ခဲတဲ့
ဆော့ဝဲလေးဖြစ်ပါတယ်
Heaventools PE Explorer လို
ခေါ်ပါတယ်
Cracker တွေရဲ့လောကမှာတော့ Heaven Tool လို လူသိများပါတယ်
ကောင်းကင်ဘုံက ဆော့ဝဲပေါ့ဗျာ
ကဲ .. ဒီဆော့ဝဲလေးကို ဘယ်နေရာမှာသုံးတာလဲဆိုတော့
Trail Version ဆော့ဝဲတွေကို Full Version အဖြစ် အသုံးပြုနိုင်ဖို့
Cracking လုပ်တဲ့နေရာမှာ အဓိက အသုံးပြုပါတယ်
အသေးအမွှားကိစ္စတွေအနေနဲ့တော့ ဆော့ဝဲတွေရဲ့ Icon တွေကို ကိုယ်နှစ်သက်သလို
ပြောင်းလဲတာ ... ဆော့ဝဲထဲက Coding တွေကို လိုအပ်သလို ပြင်ဆင်တာတွေ ဖြည့်စွက်တာတွေ
စတဲ့နေရာတွေမှာ အံ့သြစရာကောင်းလောက်အောင် အစွမ်းထက်တဲ့ ဆော့ဝဲဖြစ်ပါတယ်
Software Developer တွေနဲ့ Software Cracker တွေအတွက်တော့ Resource Hacker ဆိုတဲ့
ဆော့ဝဲထက် အဆပေါင်းများစွာ အားကိုးလို့ရတဲ့ ဆော့ဝဲပဲ ဖြစ်ပါတယ်
ကဲ .. လိုချင်တဲ့ သူငယ်ချင်းများ ဒီမှာ ဒေါင်းယူနိုင်ပါတယ်
ဒေါင်းလို့ရလာတဲ့ထဲက Setup ဖိုင်ကို Run ပြီး Install လုပ်လိုက်ပါ
Install လုပ်လို့ ပြီးသွားရင်တော့ Crack ဆိုတဲ့ ဖိုလ်ဒါထဲက ဖိုင်တွေအားလုံးကို
C >> Program Files >> PE Explorer ဆိုတဲ့ ဖိုလ်ဒါထဲကို ကူးထည့်ပေးလိုက်ပါ
ပွင့်လာတဲ့ Message Box တွေမှာ Replace ပါတာကို ရွေးပေးလိုက်ပါ
ဒါဆိုရင်တော့ Full Version အဖြစ် အသုံးပြုလို့ ရသွားပါပြီ
ကဲ .. အဆင်ပြေကြပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး
Wednesday, October 2, 2013
Gmail အကောင့်နဲ. Facebook အကောင့်ဖွင့်နည်း
မင်္ဂလာပါဗျာ..... မြန်မာပြည်လူငယ်ပရိတ်သတ်ကြီးအတွက် ကျွန်တော်င်္ဒီနေ.တင်ဆက်ပေးချင်တာကတော့ gmail အကောင့် နဲ.facebook အကောင့်သစ်ဖွင့်နည်းလေးပါ အဓိက ကတော့ ကျွန်တော်တို.အားလုံး စွဲလမ်းစွာ အသုံးပြုနေတဲ့ ဖေ့ဘုတ်အကောင့် တွေ က အခုနောက်ပိုင်း ဖွင့်ဖို.အဆင်မပြေ ဖြစ်နေကြတဲ့ လူများနဲ. မသိသေးသူများအတွက်ရည်ရွယ်ပါတယ်....... ကျွန်တော်သိလို.တတ်လို.တော့မဟုတ်ပါဘူး သိတဲ့ တတ်တဲ့ အကိုအမ တွေဆီက လေ့လာခွင့်ရထားတာလေးတွေကို ကျွန်တော့လိုမသိမတတ်တဲ့ လူတွေ အတွက် ကိုယ်ချင်းစာလို.ပြန်လည်ဝေမျှခြင်းဖြစ်ပါတယ် .........အခုနည်းလေးကတော့ ၁၀၀% မဟုတ်တောင် ၉၀% သေချာတယ်
လို.ပြောလို.ရပါတယ် ...အောက်မှာ video ဖိုင်လေးပါထည်.ပေးထားတာကြောင့် အဆင်ပြေမယ်လို.လဲ မျှော်လင့်ပါတယ် လိုင်းအခြေအနေကြောင့် video ဖိုင်လေးက လိုအပ်တဲ့ အချိန်ထက်ပိုကြာသွားလို. နည်းနည်းသည်းခံပြီး ကြည်.ပေးကြပါ ....ဟီးးးးးးးးးဖုန်းစုတ်နေတာလဲ ပါတာပေါ့  ....:P
ကဲ.............ပွားတာများသွားပြီစလိုက်ကြရအောင်ဗျာ 
ဒီနည်းလေးက တော့ android ဖုန်းပေါ်က နေ gmail ရောfacebook ရောကို ဖွင့်မှာပါ မိမိ တို. ဖုန်းမှာတော့ google service ဖြစ်တဲ့ gapp ထည်.ထားဖို.တော့လိုပါတယ်။gapp ဆိုတာတော့ ထပ်မရှင်းပြတော့ဘူးနော် တော်ကြာလိုရင်းမရောက်မှာဆိုးလို. ဟီးးးးးးးးးးးးးးးးးးး
အရင်ဆုံး gmail အကောင့် အသစ်စဖွင့်ပါမယ် အရင်ဆုံး android ဖုန်း တွေမှာပါတဲ့ default browser နဲ.ပဲဖွင့်ပါမယ် ဖုန်းရဲ့browser မှာရှိတဲ့ cache တွေ history တွေ cookies တွေ data တွေ ကို အကုန်ရှင်းထားပါမယ် .........ဒါတွေကိုရှင်းလင်းဖို.အတွက် အောက်က ပုံလေးထဲက လို browser ရဲ.settings ကို အရင်ဝင်ပါမယ် 
settings ထဲက မှ privacy & security ကိုဝင် ပြီး အားလုံးရှင်းလိုက်ပါ ရှင်းပြီးသွားပြီဆိုတာနဲ. အောက်ကပုံလေးထဲမှာလိုenable location ကိုအမှန်ခြစ်ထားရင် ဖြုတ်ပေးလိုက်ပါ
ဒါဘာလို.အမှန်ခြစ်ဖြုတ်ရလဲ ဆိုရင် အကောင့်ဖွင့်ခ ပိုက်ပိုက်လာတောင်းမှာကြောက်လို.ပါ  ဟီးးးးးး  အလကားနောက်တာပါ ညန်မာကြည်က ခလေးတွေ ပညာရေးစိတ်မ၀င်စားမှာဆိုးလို. မြန်မာပြည်ကဆိုရင်အလွယ်တကူနဲ. အကောင့်တွေပေးမဖွင့်တက်ပါဘူး .....ကိုယ်ထင်တာကိုယ်ပြောတာနော် ဟီးးးးးးးးး ကဲဆက်ရအောင် ဗျာ အရင်ဆုံး gmail အကောင့်ဖွင့်ဖို. အတွက် ဖုန်းရဲ့ setting ထဲက add account ဆိုတာကို ၀င်လိုက်ပါ 
ပြီးရင်တော့ existing ကိုမနှိပ်ပဲ new ကို နှိပ် ပြီး လိုအပ်တာတွေဖြည်.ပြီ sing up ဆိုတာကို နှိပ်ပြီးဆက်သွားလိုက်ပါ အဆင်မပြေသေးရင်အောက်က ဗီဒီယိုဖိုင်လေးမှာတစ်ချက်လေ့လာနိုင်ပါတယ်
facebook ဖွင့်တာကတော့ အမှန်တိုင်းပြောရရင် m.facebook.com ကနေ သွားဖွင့်တဲ့ပုံစံပါ ဖုန်းရဲ့ browser က နေ facebook.com လို.ရိုက်ပြီး facebook page ခေါ်လိုက်ပါ ပြီးတာနဲ.အစိမ်းလေးနဲ.ပါတဲ့ create new account ကိုနှိပ်ပြီး လိုအပ်တာတွေဖြည်.ပေးပါ email နေရာမှာတော့ ခုနဖွင့်ထားတဲ့ အကောင့်လိပ်စာထည်.ပါ မွေးနေ.နေရာမှာ သူပေးထားတဲ့ default အတိုင်းမထားပါနဲ. ကိုယ်ကြိုက်သလိုပြောင်းထည်.ပါ ပြီးတာနဲ. sing up ကိုနှိပ်ပြီး ဖွင့်နိုင်ပါပြီ .... ကျွန်တော်စမ်းပြထားတာတော့ comfirm code မတောင်းပါဘူး တစ်ခါတစ်ခါတော့ တောင်းတက်ပါတယ် အဲ့ဒီလိုတောင်းခဲ့ရင် email ထဲ့မှာ code ရောက်နေပါလိမ့်မယ် သွားယူပြီးထည်.လိုက်ပါ ကျွန်တော်ကတော့ အကောင့်ပွင့်သွားတာတဲ့ အထိ ဖွင့်ပြထားပါတယ် လိုအပ်တဲ့ ကျောင်းတို. နေရာတို. video ဖိုင်မှာမဖြည်.ပြထားပါဘူး အားလုံးဖြည်.ပေးလိုက်ပါ သူလုပ်ခိုင်းတာသာအကုန်လုပ်ပေးလိုက်ပါ ဒါမှအကောင့်လော့မကျမှာပါ ....... ကဲ အားလုံးပဲ အဆင်ပြေပါစေဗျာ 
အဆင်မပြေပါက myanmarpyilunge.blog@gmail.com သို.ဆက်သွယ်နိုင် ပါတယ်။သို.ပေမဲ့ ကိုယ်ပိုင်အစွမ်းအစနဲ. သာအရင်ကြိုးစားကြည်.စေလိုပါတယ်။ကျွန်တော်ဆိုရင် အလုပ်တစ်ဖက်နဲ. ဒီဘလော့လေးလုပ်ပေးနေတာပါ .....
Tuesday, October 1, 2013
Microsoft Office မှာ .... Password လေး နဲ့ ထားထား လို့ ရပါတယ် .... :) :)
 အရင် ဆုံး ....ကျွန်တော် အပျင်းထူနေ တဲ့ အကြောင်း ကို မပြောတော့ဘူးနော် ... :)
ကဲ စလိုက် ရအောင် ဗျာ .... :)
အရင်ဆုံး ကို Password လေးနဲ့ ပိတ်ချင်တဲ့ ..... word (or) Excel ကို ဖွင့်လိုက်ပါ ဗျာ ..... :)
အဲ့ဒီ ကနေ မှာ မှ .... အပေါ်မှာ မြှားလေး ပြ ထားတဲ့ အတိုင်း File ကို နိုပ် လိုက်ပါ .... :)
ပြီးရင် .... အဲ့ဒီမှာ ... Save As ဆိုတာ လေး ကို တွေ့ ပါလိမ့်မယ် ..အဲ့ တာလေး ကို နိုပ်လိုက်ပါ .... :)
                     အဲ့တာ ဆိုရင် ကျွန်တော်တို့ Save လုပ်တဲ့ Tab လေး ကို ရောက်ပါ ပြီ ......:)
အဲ့ဒီ အောက် ဆုံး မှာ ရှိတဲ့ ….. Tools လေး ကို နိုပ် လိုက်ပါ … ကျွန်တော်တို့ တွေ …… Option တွေ လုပ်လို့ ရတဲ့ စာကြောင်းလေး ငါးကြောင်း ကို တွေ့ ရမှာ ဖြစ်ပါတယ် …. အဲ့ဒီ ထဲ မှ …. General Option လေး ကို ရွေး ပေးလိုက်ပါ ….
            ကဲ ကျွန်တော် တို့ …. Password ပေးချင်ရင်ပေးလို့ ရတဲ့ အပိုင်း ကို ရောက်ပါ ပြီ ဗျာ …..
အဲ့တာ ဆိုရင် ကိုပေးချင်တဲ့ Password ပေး ပြီးတော့ …. Ok လုပ် ပြီးတော့ ထွက် လို့ ရတယ် ဆိုတာ ကို ကျွန်တော် မပြောတော့ ဘူးနော် …
အဆင် ပြေ ကျ ပါစေ ဗျာ .... :) 
Comment
linkwithin
Related Posts Plugin for WordPress, Blogger...
Copyright @ 2013 MAUNG RUPER.
Designed by M@UNG RUP3R , င/ရမ