ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Thursday, August 22, 2013

Computer အမြန်နှုန်းမြှင့်ကြည်.မယ်


ဒီပို.စ်လေး ကတော့ ကျွန်တော်လေ့လာမိသလောက် ပြန်လည်မျှဝေချင်းဖြစ်ပါတယ် သိလို.တက်လို.ရေးသားခြင်းမျိုးမဟုတ်ပါ သိတဲ့တက်တဲ့ အကို အမများရေးခဲ.တာလေးတွေကိုတဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါတယ် သိပြီးသားလူတွေအတွက်တော့မပါဘူးနော်  ....:P


ကျနော်တို့ရဲ့ ကွန်ပြူတာတွေဟာ သုံးတာ ကြာလာရင် လုပ်ဆောင်မှုတွေ နှေးလာတတ်ပါတယ် ၊ ဟိုးအရင်ကွန်ပြူတာလိုဘဲ မူလ အသစ်ကလေးတုန်းကနီးပါး အလုပ်လုပ်တာမြန်လာအောင် လုပ်လို့ရပါတယ် ၊

Basic computer user များ အတွက် ကျနော်ရှာဖွေပြီး ၊ ကိုယ်တိုယ်လည်း သုံးနေတဲ့ လုပ်ဆောင်နည်း လေးတွေကို မျှဝေလိုက်ပါတယ်-



၁. Anti-virus program ကို တစ်ပတ် တစ်ကြိမ်ခန့် run ပါ ( ဗိုင်းရပ်သတ်ပါ ) ။
ဗိုင်းရပ်တွေ ရှိနေရင် သင့်ကွန်ပြူတာ လုပ်ဆေင်မှုတွေ နှေးနေမှာပါ ၊ ဒါကြောင့် ဗိုင်းရပ် ကို ပုံမှန်သတ်ပေးပါ ။

၂. Spyware နဲ့ Adware တွေကို တစ်ပတ် တစ်ကြိမ်ခန့် Remove လုပ်ပါ ။
ဒါတွေရှိနေရင်လဲ နှေးနေမှာပါ ၊ spyware နဲ့ adware တွေဟာ virus နဲ့ သဘောသဘာဝချင်း မတူပါဘူး ၊ ဒါကြောင့် သူတို့ကို remove လုပ်ပေးတဲ့ သီးခြား program တစ်ခုရှိရင်ပိုကောင်းပါတယ် ၊ တစ်ချို့ Anti-virus program တွေကတော့ အားလုံးတွဲလျက်ပါတာတွေလဲ ရှိပါတယ် ။


၃. Internet browser မှာ pop up တွေကို block လုပ်ထားပါ ။

ဥပမာ အားဖြင့် adult website တွေလိုမျိုးကို မျက်စေ့လည်လမ်းမှားပြီး ရောက်သွားခဲ့ရင် ( တမင်တကာ သွား တယ်လို့ မပြောဘူးနော် ) အဲဒီက pop up တွေ ကိုယ့်ရဲ့ ကွန်ပြူတာထဲကို ၀င်လာပြီး မကြာမကြာ ပေါ်လာ တတ်ပါတယ် ၊ အမျိုးမျိုးဒုက္ခပေးတတ်ပါတယ် ၊ ကွန်ပြူတာရဲ့ လုပ်ဆောင်မှုတွေ နှေးတာ ကြောင်တာတွေ ဖြစ်တတ်ပါတယ် ၊ ဒါကြောင့် pop up တွေကို ပိတ်ထားသင့်ပါတယ် ၊
 အများအားဖြင့်တော့ tools tab ရဲ့ အောက်မှာရှိပါတယ်

Internet Explorer မှာ tools > pop-up blockers > turn on pop-up blocker
Firefox မှာတော့ tools > options > contents > block pop-up windows ဆိုပြီးရှိပါတယ်။
Windows ရဲ့ system ထဲကနေပြီးတော့လဲ block လုပ်လို့ရပါတယ် ၊ Windows ကနေလုပ်ချင်ရင်တော့ Start menu > control panel > Internet options > Privacy > Pop-up blocker > turn on pop-up blocker ဖြစ်ပါတယ် ။

အဲဒီလို block လုပ်ထားရင် Java script နဲ့ ရေးထားတဲ့ ၀က်ဆိုဒ်တွေကို ဖွင့်မရတာမျိုးဖြစ်တတ်ပါတယ် ၊ စိတ်ချရတဲ့ ၀က်ဆိုဒ်ဆိုရင် pop-up allow လုပ်လို့ရပါတယ် ။

IE မှာ tools > pop up blocker > pop up blocker setting > exceptions ဆိုပြီးရောက်သွားရင် Address of website to allow ဆိုပြီး box လေးတစ်ခုရှိပါမယ် ၊အဲဒီ အထဲမှာ ကိုယ်ခွင့်ပြုချင်တဲ့ ၀က်ဆိုဒ်ရဲ့ လိပ်စာကို ရိုက်ထည့်ပြီး add လုပ်လိုက်ရုံပါပဲ။

Firefox မှာတော့ tools > options > contents ဆိုပြီးရောက်သွားရင် block pop up windows ဆိုတဲ့ စာတန်းဘေးမှာ exceptions ဆိုတာ ရှိပါတယ် ၊ click လုပ်လိုက်ရင် address of website ဆိုတဲ့ box လေး ပေါ်လာပါတယ် ၊ ၀က်ဆိုဒ်လိပ်စာကို ရိုက်ပြီး add လုပ်လိုက်ရမှာပါ ။

Windows မှာ ဆိုရင် Start > control panel > Internet option > privacy > pop up blocker > settings > exception ဆိုပြီး သွားပါ address of website to allow ဆိုတဲ့ box လေးထဲမှာ ၀က်ဆိုဒ်လိပ်စာ ရိုက်ပြီး add လုပ်ရပါမယ် ။

ဒါဆိုရင် pop up ပိတ်ဖို့နဲ့ ဖွင့်ချင်တဲ့ ဆိုဒ်တွေကို ဖွင့်ပေးလို့ ရပြီပေါ့ ။      

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ