ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Friday, August 23, 2013

LINUX Operation System


 လူတိုင်း ကိုယ့်ကွန်ပျူတာမှာ Opeation System ကိုတင်ရင် လွယ်လွယ်ကူကူ အခက် အခဲ မရှိ ကျေကျေ နပ်နပ် အောင်မြင်သွား တယ် ဆိုတာ မရှိသလောက်ပါပဲ။ ပြဿနာ တစ်ခုမှတစ်ခုနဲ့ အမြဲတမ်းကြုံတွေ့ရပါ တယ်။ များသောအားဖြင့် အိမ်သုံးကွန်ပျူတာ ဆိုတာကလည်း Microsoft Windows ကြောင့်ပဲ ဖွံ့ဖြိုးတိုးတက်လာတာ ဖြစ်ပြီး သူက ပဲ ဈေးကွက် တော်တော်များများကို ပိုင်ဆိုင်ထားတယ်လေ။ ဒါကြောင့်ပဲ ကွန်ပျူတာဆိုရင် လူတိုင်းက Windows နဲ့ တွဲမြင်ကြပါတယ်။

ဘာပဲဖြစ်ဖြစ်ပေါ့ အခုဆိုရင် တဖြည်းဖြည်းနဲ့ LINUX Operation System ကို ပြောင်းသုံး လာနေကြပါပြီ။ကဲ ဒါဆိုရင် ကျွန်တော်တို့ကော ပြောင်းသုံးဖို့ အဆင်မပြေနိုင် ဘူးလား။ ပြောင်း သုံး ဖို့ အချိန်တန်ပြီ လား ဆိုတာ ဆက်ကြည့်ရအောင်။



၁။ ဆော့ဝဲတွေ အတွက်ပိုက်ဆံပေးနေတာတွေက စိတ်ညစ်စရာပါ။
မနက်အိပ်ရာထတိုင်း Operation System အတွက်ပိုက်ဆံပေးထားရတယ်။ Antivirus အတွက် ပိုက်ဆံပေးထားရ တယ်။ ကိုယ့်စက်လေး အဆင်ပြေပြေ ချောချောမွေ့မွေ့ အလုပ်လုပ်နေဖို့ အတွက် Virus update ကို Install လုပ်ရပြီ။ အသုံးပြုရတာ အဆင်ပြေသလား စဉ်းစားကြည့် ပါ။ ကြာလာတာနဲ့အမျှ ဘာအတွက် ဘာကြောင့်ရယ် စက်ကလေးနေမှန်းမသိဘူး။ ဘာပြဿနာတွေကြောင့်လည်း အဖြေရှာမရဘူး။ အဲဒီအတွက် bugs တွေကို သက်ဆိုင် ရာ   ဆော့ဝဲကုမ္ပဏီတွေက အဖြေရှာပေးနေပါ တယ်။

ပြုပြင်ပေးနေပါတယ်။ဒါပေမဲ့ ဘယ်တော့ ရမယ်တော့မသိရပါဘူး။ Pirate တင်ထားတယ်ဆိုရင် လည်း ဘယ်အချိန် များ လူရှေ့သူရှေ့စက်ဖွင့်ရင် အဖမ်းခံရမလည်းပေါ့။ Linux ကျတော့ကော အချိန်နဲ့အမျှ ၁၀၀ ရာခိုင်နှုန်း အခမဲ့ ဆော့ဝဲလ် တွေကို မရေမတွက်နိုင်တဲ့ Developer တွေက ထုတ်လုပ်ပေးနေတယ်လေ။ ဘယ်နေရာဖွင့်သုံးသုံး အဆင်ပြေနိုင်တယ်။ ကိုယ့်ကိုကိုယ် ယုံကြည်   မှုရှိမယ်။ ကျီးလန့်စာစား မဖြစ်ဘူးပေါ့။

၂။ Hardware အသစ်တွေ အမြဲတမ်းလိုနေမယ်။ 
RAM များများမှ၊ CPU မြင့်မြင့်မှ ဆိုတာ မျိုးပေါ့။ Windows က Hardware ကောင်းကောင်း လိုချင်တယ်လေ။ ကြုံဖူးမှာပါ။ စာလေး တစ်ပုဒ်ရိုက်ဖို့ အရေး Microsoft word ကိုဖွင့်ထား ခဲ့ပြီး ကော်ဖီသွားဖျော်တာမျိုးလေ။ ပြန်လာတာနဲ့ အသင့်ပွင့်နေ မှာပေါ့။

၃။ Malware အတွက်စိတ်ညစ်နေတာလား။
p4 စက်အဟောင်းလေး တစ်လုံးရှိတယ်ပေါ့။ Xp နဲ့သုံးတယ်။ လေးလေးလာပြန်ပြီ။ ဘယ် သတ္တ၀ါတွေက စက်ထဲဝင်ပြီးနှိပ်စက်နေလည်း မသိဘူး။ ဆိုတဲ့အသံတွေ အမြဲကြားကြားနေရ တယ်မဟုတ်လား။ဒါပေမဲ့ စိတ်တော့သိပ်မပူပါနဲ့။ Microsoft က permissions system တွေက ပိုကောင်းအောင် လုပ်ထားတယ်လို့သိရပါတယ်။ Linux မှာတော့ Old hardware နဲ့အသုံးပြုလို့ ရမယ့် Hardware resource အများကြီးမလိုတဲ့ GUI (Graphical User Interface) တွေ နှစ်ခုသုံးခုရှိပါတယ်။

၎။ Service patch သွင်းပြီးလို့ ပျော်နေတာလား။
ကဲ.. အရင်တစ်ပတ်က Service patch ကို install လုပ်ပြီးလို့ စိတ်ချရပါပြီဆိုရင် အဲဒီဟာမတိုင် ခင် ဘယ်အချိန်ကတည်းက ကိုယ့်စက်ကို ဒုက္ခပေးနေတာလဲ။ ကိုယ့်စက်ထဲကို ဘယ်မသာ မာသူတွေက ဘယ်နှစ်ကြိမ်လောက် ၀င်ထွက်သွားလာပြီးပြီလဲ။

၅။ အချိန်တွေပိုနေလို့လား။
လူတော်တော်များများက virus scanning နဲ့ defragmenting တွေ အချိန်တွေအများကြီး ပေး ထား ရ တာကို မနှစ်မြို့ကြဘူးလေ။ အဲဒီတွေလုပ်နေတဲ့အချိန်မှာ ကျန်တာသုံးလို့မရ သလောက် ကို ထိုင်စောင့်နေရတယ်လေ။ တကယ်ပဲ ကျွန်တော်တို့ အဲဒီအချိန်မှာ တခြားလုပ်စရာတွေမရှိတာသေချာ ရဲ့လား။

၆။ မြန်မြန်ဆန်ဆန် အလုပ်ဖြစ်ချင်တယ်။
Windows boot speed ကမြန်လာပြီလို့ ပြောကြပါတယ်။ booting လုပ်နေတုန်းလေး   ကော်ဖီဖျော်ချိန် ရတယ်လေ။

၇။ ဖိုင်တွေတစ်ယောက်နဲ့တစ်ယောက်ဖြန့်ဝေမယ်
တကယ်လို့ ဘာလင်က စီးပွားရေးအဖွဲ့အစည်းတစ်ခုနဲ့ အလုပ်လုပ်လို့ သူတို့က .ODP format (နိုင်ငံတစ်ကာသုံး ဖိုင်အမျိုးအစား) ဖိုင် ကို ပို့ပြီဆိုပါတော့။ PowerPoint က အဲဒီဖိုင်ကိုဖွင့် ရင် ကောင်းကောင်း အလုပ်မလုပ်ပါ။

၈။ Internet Explorer (IE) ကို တကယ်မကြိုက်တာ သေချာတယ်။
အင်တာနက် သုံးမယ်ဆိုရင် Web browser တစ်ခုခုကို တော့တင်သုံးမယ်လေ။ IE ကိုတော့ အဲဒီ web browser ဒေါင်းလုပ်လုပ်တဲ့ အချိန်သုံးမယ်ပေါ့။

၉။ ကိုယ့်စက်ကို ကိုယ့်ကိုယ်တိုင် control လုပ်ချင်တယ်။
ကွန်ပျူတာ ပြဿနာ အသေးအမွှားလေးတွေကို ကိုယ့်ဘာသာကိုယ် ဖြေရှင်းချင်တယ်လေ။ Microsoft က နောက်ထွက်မယ့် Version မှာ ပြင်ပေးမှာကို စောင့်မနေချင်ဘူး။

၁၀။ အပေါ်ကအချက်တွေနဲ့ မကိုက်ညီတာတွေ ရှိပါသလား။
ရှိတယ်ဆိုရင်လည်း တစ်ခုနှစ်ခုပေါ့ဗျာ။ ဒါဆို ကျွန်တော်တို့ တစ်ခြားနည်းရွေးလို့မရနိုင်ဘူးလား။ Linux မှာ ချစ်စရာကောင်းတဲ့ ကိုယ်စိတ်ကြိုက် ပြုပြင်လို့ရတာတွေကို Windows က ဘယ်တော့မှာ လိုက်မှီမှာမဟုတ်ပါဘူး။ ဒါကိုလည်း လူတိုင်းနီးပါး သိပါတယ်။Linux က အကုန်လုံး အဆင်ပြေမှာ လားဆိုတော့လည်း အကုန်လုံးရယ်လို့တော့ အသေအချာမ ဟုတ်ပါဘူး။ ဒါပေမယ့် တော်တော်များ များကတော့ Windows မှာထက် ပိုကောင်းမှာပါ။

ကဲ ... ဒါဆိုရင် စာဖတ်သူတို့ရော Linux ပြောင်းသုံးကြည့်ဖို့ အချိန်ကျနေပြီလားဗျာ။
အခုဖော်ပြ အပ်သော Linux နှင့် သက်ဆိုင်သော Post များသည် End User များအတွက် သာဆို လိုပါသည်။ Professional များ (အထူးသဖြင့် မာတီမီဒီယာ) အတွက်မဟုတ်ပါ။

credit to => မြန်မာအိုင်တီလူငယ်

Maung Ruper

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ