အဲဒါ ကျနော် ကွန်ပြူတာလောကကို စရောက်တော့ အသိခြင်းဆုံးမေးခွန်တစ်ခုပါ.. တကယ်လည် ကျနော် မသိဘူး ဘာအတွက်သုံးတာလည် ဘယ်နေရာမှာ သုံးရတာလည်ဆိုတာလည် မသိဘူး.. အဲဒီတော့
ကျနော်လို့ အခုမှကွန်ပြူတာစတင်လေ့လာတဲ့သူတွေ အခြေခံမပါခဲ့တဲ့ သူငယ်ချင်းတွေအတွက် အဓိကက ရည်ရွယ်လိုက်ပါတယ်.............
တကယ်တော့ notepad ဆိုတာ
windows ရဲ့ facility တစ်ခုဖြစ်ပြီး စာရေးဖို့ သုံးပါတယ်။ Start >> all programs>>accessories>>notepad ဆိုပြီးသွားဖွင့်လို့ရပါတယ်။ ဒါမှမဟုတ်ရင် windows ပုံလေးနဲ့ key ကို space bar ရဲ့ ဘယ်ဘက်တစ်လုံးကျော် alt key နဲ့ကပ်ရက်မှာတွေ့ပါလိမ့်မယ်။ အဲ့ဒီကီးနဲ့ R နဲ့ ကိုနှိပ်လိုက်ရင် run ဆိုတဲ့ box လေးတစ်ခုထွက်လာပါလိမ့်မယ်။ အဲ့မှာ notepad လို့ရိုက်ထည့်ပြီး enter ခေါက်ရင်ဖြစ်ဖြစ် OK ပေးရင်ဖြစ်ဖြစ် notepad ကိုရပါမယ်။
အဲ့ Notepad ကိုစာရေးဖို့သက်သက်အတွက်သာမက ကုဒ်တွေရေးကြမယ်...သုံးတတ်ရင်သုံးတတ် လို extension လေးတွေပြောင်းသုံးခြင်းဖြင့် system unit တစ်ခုလုံးကို ခြယ်လှယ်နိုင်တဲ့အထိ အသုံးတည့်ပါတယ်။ အဲသလောက် အသုံးတည့်တဲ့ notepad ပါ..
နောက်ပြီးတစ်ခါတည် ပြောပြပါအုန်မယ်.....Notepad မှာ မြန်မာလို ပေါ်အောင်.....
Notepad မှာ မြန်မာလိုရေးထားတာ တွေကို ပြန်ဖွင့်လိုက်တဲ့ အခါမှ ?????????????????? ဒီလိုပဲ တွေရတယ်လေ။အဲ့ဒီ့တော့ အဲ့ဒီလို မပေါ်ပဲ မိမိ အရင်ရေးထားတဲ့ မြန်မာစာ အတိုင်းပေါ်အောင်
1. ပထမဆုံးအနေနဲ့ မြန်မာ Font ချိန်းတာတော့အားလုံးသိပြီးသားပါဖြစ်မှာပါ....။
ဒီလိုလေ
Format >>> Font >>> Zawgyi-One ကို ရွေးပါ.....။
2. မိမိရေးထားတဲ့ Notepad ကို Save ရင်တော့ Encoding နေရာမှာ Unicode ပြောင်းပြီး save လိုက်ရင်ရပါပြီ....
ကဲကဲ.....စမ်းကြည့်လိုက်ပါအုံးနော်...
0 comments:
Post a Comment