ဒီဘလော့လေးသည် ဗုဒ္ဓမြတ်စွာ ဘုရား၏ အရိပ်အောက်တွင်ရှိသောကြောင့် ရောက်လာသူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်မာ ရွှင်လန်း ကြပါစေ။********************<>*<>....................ဆရာကြီးတစ်ယောက် မဟုတ်သိအတွက် အမှားပါလျှင် လည်းနားလည်ပေးကြပါ လိုအပ်တာရှိရင် ပြောပေးကြပါ အကြံဥာဏ်လေးပေးကြပါ အားလုံးကိုကျေးဇူးတင်ပါတယ်။ ကျွန်တော်ဘလော့တွင်ကျွန်တော်နှင့်အတူနည်းပညာများကိုမျှဝေချင်တယ်ဆိုရင် maungruper@gmail.com ကို mail ပို့ပြီးဝင်ရောက်မျှဝေလို့ရပါတယ်။ နည်းပညာ ညီကိုမောင်နှမ များကိုလည်း နွေးထွေးစွာကြိုဆိုလျှက်ပါ။

Friday, August 9, 2013

Security ပညာရှင်တစ်ယောက်မဖြစ်ချင်ဘူးလား

ကျွန်တော်ဒီဘလော့လေးကိုစလုပ်ထဲက သေးသေးလေးတွေပဲတင်ပေးလာတာပါ ဘာကြောင့်လဲဆိုရင် ဘယ်လိုလူမျိုးမဆို နားလည်နိုင်အောင်လို.ပါ
.... ပျင်းတာလဲပါတာပေါ့  :P
ကဲ့ဒီတစ်ခါတော့ ရည်ရွယ်ချက် အကြီးကြီးတွေထားကြမယ် ဒါလေးကိုဘယ်နားက ကူးခဲ့မိမှန်းမသိတော့ပါဘူး ဒါကြောင့် သက်ဆိုင်သူကို credit ပေးပါတယ်... အခုခေတ်လူငယ်တွေတော်တော်များများကတော့ Hacker ကြီးတွေဖြစ်ချင်ကြတယ်...ဟုတ်ပါတယ် နောက်ဆိုကျွန်တော်တို.နိုင်ငံမှာ Hacker တွေအများကြီးပေါ်ထွက်လာတော့မှာ အဲ့ဒီအတွက် ကြိုတင်ကာကွယ်ထားတဲ့အနေနဲ. ကျွန်တော်တို.က security ပညာရှင်ကြီးတွေ လုပ်ကြမယ် ဗျာ....:D






သင်ဟာ ကျွမ်းကျင်သော Security ပညာရှင် တစ်ယောက် ဖြစ်နိုင်ရန် အတွက် ယေဘုယျ အနေဖြင့် အောက်ပါ အချက်များ လိုအပ်ပါတယ်။

၁။ ကြိုးစားအားထုတ်ပါ။ ကြိုးစားအားထုတ်ခြင်းသည် ဗဟုသုတ တိုးပွားစေရန် အတွက် အောင်မြင်ခြင်း၏ လမ်းစ တစ်ခုပင်ဖြစ်ပါတယ်။

၂။ ကျင့်သားရအောင် လက်တွေ့ စမ်းသပ် လေ့ကျင်မှုများကို ပြုလုပ်ပါ။ အဲ့ဒီလို လေ့ကျင့်တဲ့အခါမှာ ကိုယ်ရဲ့ကျွမ်းကျင်တဲ့ အပိုင်းနဲ့ စိတ်ဝင်စားတဲ့ အပိုင်းကို ခွဲခြားပြီး လေ့ လာဖို့ လိုပါတယ်။ ဥပမာအနေနဲ့ : Trojan Horse လိုမျိုး ထိုးဖောက် ၀င်ရောက်လာတဲ့ Virus တွေကို ကာကွယ် ဖို့ရန်အတွက် သင်ဟာ လေ့လာတော့မယ် ဆိုရင် သင်ဟာ ပထမဆုံး အနေဖြင့် hacking/ cracking တွေကို ကာကွယ်ရန် အတွက် နည်းလမ်းများကို သင်ဟာရှာပြီး အရင်လေ့ လာဖို့လိုအပ်ပါတယ်။ အဲ့ဒီလို လေ့လာပြီးတော့ မှ သင်ဟာ ထပ်ပြီးတော့ ဒီ Virus တွေကို ကာကွယ် ဖို့ရန်အတွက် Software တွေ Tools တွေကိုလည်း ဆက်လက် လေ့လာရန် လိုအပ်ပါတယ်။

၃။ Hackerတွေ ကဲ့သို့တွေးပါ။ Hacker လိုမျိုး တွေးတဲ့အခါမှာ သင်ဟာ Hacker များမည်သို့မည်ပုံ တိုက်ခိုက် လာနိုင်သည်ကို သိရှိမှသာ မိမိတို့၏ system ကို တိုက်ခိုက်ခံရခြင်းမှ ကာကွယ် နိုင်မည်ဖြစ်သည်။ သူတစ်ပါးအား တိုက်ခိုက်ဖို့ ရန် ရည်ရွယ်ချက်ဖြင့် မဟုတ်ပဲ ခုခံကာကွယ် နိုင်ရန်အတွက် ရည်ရွယ်ချက် ဖြင့်သာ လုပ်ဆောင်ရမည်။

၎။ စာများများဖတ်ပါ။ သတင်းအချက်အလက် အမျိုးမျိုးက လာသော သတင်းတွေကို လေ့လာပြီး နားလည် သဘောပေါက်အောင် ဖတ်သင့်ပါတယ်။ သင်ဟာ master တစ်ယောက် ဖြစ်ဖို့ဆိုရင် ဗဟုသုတ တော်တော် များများကို လေ.လာ ဖတ်ထားရမယ်၊ ပြီးတော့ လက်တွေ စမ်းသပ်မှု့တွေ လုပ်ဖို့လည်း လိုအပ်ပါတယ်။အဲ့ဒီလို ဖတ်ပါများလာတဲ့ အခါမှာ သင်ဟာ တစ်ဖြည်းဖြည်းနဲ့ တွေးတတ်လာပြီး တစ်ကယ့် လက်တွေ့ အသုံးချနိုင်တဲ့ ဗဟုသုတတွေကို ရရှိလာမှာပါ။

၅။ အသိအမှတ်ပြု လက်မှတ်တွေ ကိုလည်းရယူပါ။အဲ့ဒီလို အသိအမှတ်ပြု လက်မှတ် ရယူထားခြင်းဟာ ကိုယ့်ရဲ့နည်းပညာ ကျွမ်းကျင်မှု့ အပိုင်းကို သက်သေ အထောက်အထား တစ်ခုဖြစ်တဲ့ အတွက်ကြောင့် လက်မှတ် ရယူထားခြင်းဟာ အလွန် အရေးကြီးပါတယ်။ လက်မှတ်ရထားတဲ့ တိုင်အောင်လည်း အဲ့ဒီလက်မှတ်နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကို သင်ဟာ ပိုင်ပိုင်နိုင်နိုင် သိနေရပါမယ်။ဥပမာ- SANS လက်မှတ်နဲ့ တူတဲ့ GCIA, GCIH, GPEN etc. လိုမျိုး လက်မှတ်တွေ ရယူရန်လည်း လိုအပ်ပါတယ်။

၆။ ပြည်တွင်း၊ ပြည်ပမှာရှိတဲ့ Security ပိုင်းဆိုင်ရာ အဖွဲ့အစည်းများ ဖြင့်လည်း အပြန်အလှန် ဆက်သွယ်မှု့ရှိပါ။ အဲ့ ဒီလိုဆက်သွယ်ဖို့ပထမဆုံးနည်း ကတော့ mailing-lists, IRC channels, web forums or blogs တွေပေါ်မှာ ဆွေးနွေးမှု တွေပြုလုပ်သင့်ပါတယ်။ member ၀င်ပြီးတော့ လည်း mail မှတစ်ဆင် Security နဲ့ ပတ်သက်ပြီးတော့ ပါဝင် ဆောင်ရွက်မှုတွေကို ပြုလုပ်သင့် ပါတယ်။

၇။ Seminars, Presentations, Tranings တွေကိုမျှဝေပါ။ သင်သိထားတဲ့ ပညာတွေကို အခြားသူ တစ်ယောက်နဲ့ အပြန်အလှန် ဆွေးနွေးမှု့ တွေပြုလုပ်သင့် ပါတယ်။

၈။ ဆောင်းပါးတွေ ကိုလည်းရေးပါ။ သင်ဟာ Security နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ၊ ဘယ်လိုမျိုး secure ဖြစ်အောင် လုပ်မလည်း ဆိုတာတွေကို tutorial ပုံစံနဲ့ ရေးပြီး online မှာပဲဖြစ်ဖြစ်၊ blog တစ်ခုခုမှာပဲဖြစ်ဖြစ် ပါဝင်နိုင်အောင် လုပ်ဆောင်သင့် ပါတယ်။ သင်၏ tutorial ဟာအနည်းဆုံးတော့ သင့်ကို တူညီတဲ့ အချိန်တစ်ခုမှာပဲ အားလုံးရဲ့  ဗဟုသုတ တွေကိုရရှိနိုင်တဲ့ အတွက် သင်ဟာအတွေ့ အကြုံ အများကြီးနဲ့ အကျိုးကျေးဇူး အများကြီးရရှိနိုင်ပါတယ်။ပြီးတော့ လူတွေဟာသင့်ကို သင်ရေးသားမှု့ပေါ်မှာ Idea တွေပေးမယ်၊ comments တွေပေးနိုင်ပါတယ်။

၉။ Codeတွေ၊ Program တွေကိုလည်း လေ့လာပါ။ Programming Languange တွေကိုအသုံးပြုနိုင်ဖို့ အတွက် Code တွေကိုအရင်လေ့ လာဖို့လိုအပ်ပါတယ်။ Coding ထဲမှာ လေ့လာချင်းအားဖြင့် သင်ဟာ အတွေ့အကြုံတွေ ရပြီးတော့ vulnerabilities တွေကိုလည်း ရှာတွေ့နိုင်မယ်၊ ပြီးတော့ Incident handling ကို နေ့ တိုင်းလိုလို စမ်းသပ်နိုင်ဖို့ အတွက် analysis tools တွေ နဲ့စမ်းသပ် ပြီးတော့လည်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။ သင်ဟာ နေ့စဉ်နေ့တိုင်းမှာ http://www.Google.com ကဲ့သို့သော Search Engine များ ကိုလည်း အသုံးပြု ရှာဖွေပြီးတော့ လေ့လာ စမ်းသပ်မှု့တွေကို ပြုလုပ်နိုင်ပါတယ်။

၁၀။ သင်ဟာ Security Tools တွေကိုအသုံးပြုတတ် ယုံတင်မဟုတ်ပဲ တီထွင်ကြံဆပါ။ အဲ့ ဒီလိုလုပ်တဲ့ အတွက်သင်ဟာ အထွေထွေ ဗဟုသုတ နဲ့ နည်းပညာပိုင်းဆိုင်ရာ ဗဟုသုတတွေ တိုးလားပြီးတော့ Security ပိုင်းဆိုင်ရာ အဆင့်မြင့်ပညာရှင် တစ်ယောက် ဖြစ်လာနိုင်ပါတယ်။

၁၁။ အဆင့်မြင့် နည်းပညာတွေကို အမီလိုက်နိုင်ဖို့ အတွက် အမြဲကြိုးစားနေပါ။သင်၏ ပညာအရည်အချင်းကို မြင့်မားဖို့ အတွက်ဆိုရင် သင်ဟာ အမြဲတမ်းလိုလို သုတေသန လုပ်ငန်းများနှင့် တီထွင် ဖန်တီးမှု့များကို လုပ်ဆောင်ရန် အလွန် အရေးကြီးပါတယ်။ Security နှင့် ပတ်သက်သော ဗဟုသုတများကို ရှာဖွေပြီး တိုးတက်အောင် လေ့လာနေရပါမယ်။ အဲ့ဒီလို သင်ဟာ လေ့လာမှုတွေ ၊ စမ်းသပ်မှုတွေကို လုပ်နေမယ် ဆိုရင်တော့ သင်၏အရည်အသွေးများ တစ်ဖြည်းဖြည်းနဲ့ တိုးတက်လာပြီး အဖိုးမဖြတ်နိုင်တဲ့  အတွေ့အကြုံတွေ အများကြီးရပြီးတော့ သင်ဟာကျွမ်းကျင်တဲ့ Security ပညာရှင် တစ်ယောက် ဖြစ်လာနိုင်ပါလိမ့်မယ်။

Unknown

Lorem ipsum dolor sit amet, consectetur adipisicing elit, sed do eiusmod tempor incididunt ut labore et dolore magna aliqua. Ut enim ad minim veniam, quis nostrud exercitation.

0 comments:

Post a Comment

Comment

linkwithin

Related Posts Plugin for WordPress, Blogger...

 

Copyright @ 2013 MAUNG RUPER.

Designed by M@UNG RUP3R , င/ရမ